ကထိန်ပွဲတွေမှာ အသံချဲ့စက်အသုံးပြုတယ်။ နည်းနည်းေ သာက်စားပြီး ကခုန်နေတာတွေ တွေ့ရတယ်။ဒါက ကျနော်တို့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုအများကြီးထိခိုက်တယ်။ ရှင်းရှင်းပြောရရင် …
ဆူညံသံများနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါတယ်
အောက်တိုဘာ(၂၈)၊၂၀၁၉၊ရန်ကုန်
The Nyang News
ဦးမြတ်ကျော်(အဓမ္မဝါဒ ဆန့်ကျင်ရေးေ ကာ်မတီ/နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)
ကျနော်က နဂိုကတည်းက အသံချဲ့စက်တွေသုံးပြီး ပွဲလမ်း သဘင်တွေ လုပ်တာကို သဘောမတူခဲ့ဘူး။ သဘောမတူ ဘူးဆိုတဲ့နေရာမှာ ယုတ္တိမဲ့ သဘောမတူတာမဟုတ်ဘူး။ယုတ္တိရှိရှိ ကျနော်တို့ တွေးကြည့်တာပေါ့။ ဗုဒ္ဓကိုယ်တိုင်က ဆိတ်ငြိမ်ခြင်းကို နှစ်သက်တယ်။တိတ်ဆိတ်တာကိုနှစ်သက်တယ်။ဒီအလှူဒါနပြုတဲ့အချိန်မှာ အသံချဲ့စက်တွေကြောင့် ဖြစ်လာမယ့် ဘေးထွက် ဆိုးကျိုးတွေလည်း အများကြီးရှိတာကိုတွေ့ရတယ်။ အခုေ နာက်ပိုင်း ကထိန်ပွဲတွေမှာ အသံချဲ့စက်အသုံးပြုတယ်။ နည်းနည်းေ သာက်စားပြီး ကခုန်နေတာတွေ တွေ့ရတယ်။ဒါက ကျနော်တို့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုအများကြီးထိခိုက်တယ်။ ရှင်းရှင်းပြောရရင် အသံချဲ့စက်တွေနဲ့ နားမခံသာအောင်လုပ်တဲ့ စီတန်းလှည့်လည်တဲ့ ပွဲတွေကို ကျနော်သဘော မတူဘူးဗျာ။ဒါဟာ ဗုဒ္ဓဓမ္မအစစ်အမှန် သရုပ်သကန်မဟုတ်ဘူးလို့ တိတိကျကျယူဆတယ်။
ဓာတ်ပုံ – ငြမ်း
ဦးမြတ်ကျော်(အဓမ္မဝါဒ ဆန့်ကျင်ရေးေ ကာ်မတီ/နိုင်ငံရေး တက်ကြွလှုပ်ရှားသူ)