ညကြီးမိုးချုပ်သန်းခေါင် အော်ကြီးဟစ်ကျယ်တွေ လုပ်နေ တာ၊ပဌာန်းတွေကိုအကျယ်ကြီးဖွင့်နေတာ၊ကျန်တဲ့သူ အိပ်မရအောင်ဖြစ်တာ၊အလှူခံတွေကို အကြီးအကျယ် အသံချဲ့ စက်တွေနဲ့ လုပ်တာ ဒါတွေက မလုပ်သင့်ပါဘူး …
ဆူညံသံများနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါတယ်?
အောက်တိုဘာ(၂၈)၊၂၀၁၉၊ရန်ကုန်
The Nyang News
?ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ)
▪️အသံချဲ့စက်က တကယ်တော့ ရပ်ကျေးအုပ်ချုပ်ရေး ဥပဒေနဲ့ သက်ဆိုင်တယ်။ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ခွင့်ပြုချက် တောင်းရ တာတွေ ရှိတယ်။ တကယ်က အသံချဲ့စက်က တော်ရုံသင့်ရုံပဲေ ကာင်းပါတယ်။သူများ အနှောင့်အယှက်ဖြစ်လောက်အောင် မဖြစ်သင့်ပါဘူး။ညကြီးမိုးချုပ်သန်းခေါင် အော်ကြီးဟစ်ကျယ်တွေ လုပ်နေ တာ၊ပဌာန်းတွေကိုအကျယ်ကြီးဖွင့်နေတာ၊ကျန်တဲ့သူ အိပ်မရအောင်ဖြစ်တာ၊အလှူခံတွေကို အကြီးအကျယ် အသံချဲ့ စက်တွေနဲ့ လုပ်တာ ဒါတွေက မလုပ်သင့်ပါဘူး။ အများ သူငှာရဲ့ လွတ်လပ်ခွင့်ကိုထိပါးရာ ကျပါတယ်။ကျနော်တော့ သဘောမတူပါဘူး။
ဓာတ်ပုံ – UTTO Fb
ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ)