အသံချဲ့စက် ဆူညံမှုနဲ့ လူမှုပတ်ဝန်းကျင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဆောင်းဘောက်စ်ငှားမယ့်ပိုက်ဆံတွေကိုသာ လှူလိုက်မယ်ဆိုရင် အများကြီး အကျိုးရှိပါတယ်။ အကျိုးမရှိမယ့်ေ နရာမှာ သုံးမယ့်အတူတူ ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်အနှောင့်အယှက်
ဖြစ်စေတယ်…

ဆူညံသံများနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါတယ်?

အောက်တိုဘာ(၂၈)၊၂၀၁၉၊ရန်ကုန်

The Nyang News

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုမင်းသွေးသစ်(အိုးဝေပညာဒါနသင်တန်းကျောင်း တည်ထောင်သူ)

သိပ္ပံပညာမှာလည်း လူတစ်ယောက်ရဲ့နား ဟာ ဘယ်လောက် အတိုင်းအတာ ဆိုရင် ဆူညံသံဖြစ်တယ်၊ စိတ်အနှောင့် အယှက်ဖြစ်စေတာမျိုး ရှိတယ်။ ဘာသာရေးဆိုပြီးတော့ လူတွေရဲ့ အပျော်သဘောမျိုး အရက်တွေမူးပြီး ကခုန်နေတာကတော့ ခွင့်ပြုပေးလို့မရဘူး။ကျနော်တို့လည်း အဲဒါကိုသဘော မကျဘူး။ ဘာသာရေးဆိုရင် တစ်ချိန်လုံး သီချင်းတွေဖွင့်ပြီး အလှူခံနေ တာမျိုးမဟုတ်ဘဲနဲ့ တရားခွေ အေးအေးဆေးဆေး ဖွင့်ထား ရင်တောင် ဒါက လက်ခံလို့ရတဲ့အခြေအနေမှာရှိတယ်။ အခုခေတ်အခြေအနေကတော့ ပဒေသာပင်ဆိုရင်လည်း ဆောင်းဘောက်စ်တွေ အများကြီးငှား၊ဆောင်းဘောက်စ်တွေ အများကြီးနဲ့ အုတ်အော်သောင်းနင်း ဖွင့်ကြတာတွေ့ရတယ်။ တကယ်တမ်း ဆောင်းဘောက်စ်ငှားမယ့်ပိုက်ဆံတွေကိုသာ လှူလိုက်မယ်ဆိုရင် အများကြီး အကျိုးရှိပါတယ်။ အကျိုးမရှိမယ့်ေ နရာမှာ သုံးမယ့်အတူတူ ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်အနှောင့်အယှက်ဖြစ်စေတယ်။ နာမကျန်းတွေ၊ သက်ကြီး ရွယ်အိုတွေ၊ကလေးတွေ ရှိတဲ့သူတွေဆိုရင် ထိခိုက်အနှောင့် အယှက်ဖြစ်စေတယ်။ ကျနော်တို့အားလုံးနာလည်ရမှာက အသံချဲ့စက်ယဉ်ကျေးမှုဆိုတာမျိုးက လူဦးရေသိပ်သည်းတဲ့ မြို့မှာ မရှိသင့်ဘူးထင်တယ်။ တောမှာဖွင့်တာ အကြောင်း မဟုတ်နိုင်ပေ မယ့် လူဦးရေသိပ်သည်းတဲ့ မြို့ပေါ်မှာ ဒါတွေက မဖြစ်သင့်ဘူး။ ကျနော်တို့ စာသင်နေတဲ့အချိန်မှာ ဒီလိုအသံချဲ့စက်ကြီးတွေကို သဘောမကျဘူး။

ဓာတ်ပုံ – KMTT Fb

ကိုမင်းသွေးသစ်(အိုးဝေပညာဒါနသင်တန်းကျောင်း တည်ထောင်သူ)


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။