အသံချဲ့စက် ဆူညံမှုနဲ့ လူမှုပတ်ဝန်းကျင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အသံဆူညံမှုနဲ့ပတ်သက်ရင် တဖြည်းဖြည်းနဲ့ ဒါက အများပြည်သူရဲ့ ကျန်းမာရေးနဲ့ အေးချမ်း တည်ငြိမ်ရေးကို ထိပါးလာတဲ့အဆင့်ေ ရာက်လာတဲ့ အတွက် ဒါကို …

ဆူညံသံများနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါတယ်

အောက်တိုဘာ(၂၈)၊၂၀၁၉၊ရန်ကုန်

The Nyang News

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးခင်မောင်မြင့်(ဥပဒေအကြံပေး)

အသံချဲ့စက်နဲ့ပတ်သက်လို့ကတော့ ကျနော်တို့မှာ တိတိကျကျပြဌာန်းထားတာဆိုလို့ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေနဲ့ နည်းဥပဒေမှာပဲပါတယ်။ အဲဒီမှာလည်း တိတိကျကျရယ်လို့မပါဘူး။စည်ပင်သာယာ ဥပဒေမှာလည်း အသံဆူညံခြင်းနဲ့ပတ်သက်လို့ အနည်းအကျဉ်းပါတယ်။ဒါပေမယ့် တိတိကျကျ တော့မပါဘူး။ မပါတဲ့အခါကျတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက ဒေသန္တရအမိန့်တွေထုတ်ပြီးတော့ လုပ်ကြ တာတွေတော့ ရှိတယ်။ အဲဒီအနေအထားလောက်ပဲ ရှိတယ်။ကျန်တာကတော့ သိပ်ပြီး လုပ်တာကိုင်တာ မရှိဘူး။ ကျနော်တို့ဆွေးနွေးဖြစ်တာက အသံဆူညံမှုနဲ့ပတ်သက်ရင် တဖြည်းဖြည်းနဲ့ ဒါက အများပြည်သူရဲ့ ကျန်းမာရေးနဲ့ အေးချမ်း တည်ငြိမ်ရေးကို ထိပါးလာတဲ့အဆင့်ေ ရာက်လာတဲ့ အတွက် ဒါကို ဒီဆူညံသံတွေကို ဘယ်လိုလျှော့ချမလဲ။နောက်တစ်ခါ ဘယ်လို ထိန်းချုပ်မလဲ ဆိုတာကို အုပ်ချုပ်ရေးနဲ့ ဥပဒေပြု အာဏာပိုင်တွေ က ဒါကိုစဉ်းစားဖို့သင့်ပြီ။ဒီလိုအသံချဲ့စက်တွေ ကျယ်ကျယ်ေ လာင်လောင်ဖွင့်ကြတာကို ကျနော့်တစ်ဦးတည်း အမြင်အရဆို လက်မခံဘူးဗျ။ပြောမယ်ဟေ့ဆိုရင် ဘယ်ဘာသာပဲဖြစ်ဖြစ် ဘာသာတရားအားလုံးက ငြိမ်းချမ်းရေးကိုပဲ လိုလားကြတာ။ ဒီဆူညံသံတွေနဲ့ ဘာသာရေးနဲ့က တကယ်တမ်းပြောရရင် ဘာမှလည်း မအပ်စပ်ဘူး။ သို့ပေမယ့် လူတွေက ဘာသာရေးကို အကြောင်းပြပြီး ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် လုပ်နေကြတော့ တစ်ဦးချင်းစီရဲ့ စိတ်လွတ်လပ်ခွင့်က အများပြည်သူကို သွားထိပါး သလိုဖြစ်တယ်။ကျနော့်တစ်ဦးတည်းအနေနဲ့ ကျနော်လုံး၀ လက်မခံပါဘူး။ဒါတွေက ထိန်းချုပ်ရမယ်လို့ပဲမြင်ပါတယ်။

ဓာတ်ပုံ – (ဦး)LYL

ဦးခင်မောင်မြင့်(ဥပဒေအကြံပေး)


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။