အသံချဲ့စက် ဆူညံမှုနဲ့ လူမှုပတ်ဝန်းကျင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဆောင်းဘောက်စ်တွေ၊ စပီကာတွေ ရဲ့အသံတွေက အသက်ကြီးတဲ့ အဘိုးကြီးအဘွားကြီးတွေဆို နှလုံးရောဂါ ရနိုင်ခြေရှိတယ်။တချို့ဆို နှလုံးရပ်ပြီး သေသွာတာမျိုး ဦးဇင်းတို့ ကြုံခဲ့ရတာရှိတယ်။
အဲဒီတော့ …

ဆူညံသံများနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါတယ်

အောက်တိုဘာ(၂၈)၊၂၀၁၉၊ရန်ကုန်

The Nyang News

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်(ရွှေဝါရောင်ဆရာတော်)

အသံချဲ့စက်တွေ၊ဆောင်းဘောက်စ်တွေက ခေတ်ကာလ အခြေအနေနဲ့ကြည့်မယ်ဆိုရင်တော့ ဒီလိုအကျယ်ကြီးတွေဖွင့်တာ ဒီခေတ် အခြေအနေမှာ မရှိသင့်၊မဖြစ်သင့်ဘူးလို့ ဦးဇင်းတော့ြ မင်တယ်။ ဟိုခေတ်၊ဟိုတစ်ချိန်က လူဦးရေ နည်းပါးမှု၊နေရာ ထိုင်ခင်းကျယ်ပြန့်မှုကြောင့် စပီကာတွေ ၊ဆောင်းဘောက်စ်တွေ ဖွင့်တာပြဿနာ မရှိဘူး။ဒီဘက်ခေတ်မှာ လူဦးရေ ထူထပ်လာတယ် ။မြို့ပြတွေမှာဆို တိုက်ခန်းကျဉ်းကျဉ်းလေးတွေထဲမှာ နေရတဲ့အခါ ဆောင်းဘောက်စ်တွေ၊ စပီကာတွေ ရဲ့အသံတွေက အသက်ကြီးတဲ့ အဘိုးကြီးအဘွားကြီးတွေဆို နှလုံးရောဂါ ရနိုင်ခြေရှိတယ်။တချို့ဆို နှလုံးရပ်ပြီး သေသွာတာမျိုး ဦးဇင်းတို့ ကြုံခဲ့ရတာရှိတယ်။အဲဒီတော့ ဆူဆူညံညံ ကျယ်ကျယ်လောင်မဖွင့်သင့်ဘူး။ဖွင့်တဲ့အခါမှာလည်း ပွဲကျင်းပတဲ့အပေါ်မူတည်ပြီးတော့ ဘာသီချင်းတွေဖွင့်သလဲ ဆိုတာ စက်ဖွင့်တဲ့ဆရာတွေ စဉ်းစား ချင့်ချိန်နိုင်စွမ်း ရှိဖို့လိုအပ်တယ်။ တိုင်းပြည်မှာ ဘာသာပေါင်းစုံ၊လူမျိုးပေါင်းစုံေနေကြတာ။ ဦးဇင်းတို့ ဘာသာရေးပွဲတွေမှာ ဟစ်ဟော့သီချင်းတွေဖွင့်တာမျိုး ဒါတွေ ကတော့ အဆင်မပြေဘူး။ မြန်မာသံစဉ်မှာ ရာသီအလိုက် သီချင်းတွေ၊ဘာသာရေးပွဲတွေမှာဖွင့်လို့ရတဲ့ သီချင်းတွေ ရှိတယ်။အဲဒီတော့ ဗုဒ္ဓဘာသာရေးပွဲမှာ ဘာသာရေးပွဲနဲ့အပ်စပ် တာမျိုးဖွင့်ရင်တော့ သင့်တော်တာပေါ့။ ယဉ်ကျေးမှုလည်းြ မင့်မားရာ ရောက်တယ်လို့ မြင်တယ်။သီရိလင်္ကာမှာဆို ဗုဒ္ဓဘာသာ ဘာသာရေးပွဲဆို အဲဒါနဲ့ဆိုင်တဲ့သီချင်းမျိုး စနစ်တကျဖွင့်ကြတာ။ ဦးဇင်းတို့တိုင်းပြည်မှာ လူတွေက ဘယ်ဟာမဆို အကုန်လုံး ပရမ်းပတာ တွေကြီးပဲ။ သို့သော်လည်း တချို့သောကိစ္စတွေမှာ သည်းခံစိတ်မွေးမြူရတာ ရှိတယ်။ လူတွေရဲ့စိတ်နေသဘာ၀ ဒီလိုမျိုး ပရမ်းပတာတွေဖြစ်အောင်၊စဉ်းစားဆင်ခြင်တွေးခေါ်မှုတွေ နိမ့်ပါးအောင် ဦးဇင်းတို့တိုင်းပြည်မှာ စစ်အုပ်ချုပ်မှုစနစ်က ယနေ့အချိန်ထိ ရှိနေဆဲ ကာလအပေါ်မှာ ဒီလိုပရမ်းပတာ ဖြစ်နေသေးတယ်လို့ ဦးဇင်းကတော့ အဲလိုပဲမြင်ပါတယ်။ေ နာက်တစ်ခုက ဓမ္မလမ်းစဉ်မှာတော့ ဒီလိုအသံချဲ့ စက်တွေ ဖွင့်တာ၊ပျော်ပွဲရွှင်ပွဲ တွေဟာ ဗုဒ္ဓလမ်းညွှန်တိုက်တွန်းခဲ့တာ မရှိဘူး။ဘာသာတရာအရဆိုရင် အသံချဲ့ စက်ဖွင့်တာတွေကတော့ ထည့်ဖို့မသင့်တော့ဘူး။ တရားဓမ္မဖွင့်မယ်ဆိုရင်လည်းထည့်ပေါ့။ အသံချဲ့စက်တွေ၊ စပီကာတေ ွဖွင့်ခြင်းက မိမိရဲ့ပျော်ရွှင်မှု၊မိမိရဲ့ အလှူခံဌာနရလိုမှု ကို ရှေးမရှုပဲ မိမိပတ်ဝန်းကျင်မှာ မိမိဖွင့်လိုက်တဲ့ အသံဟာ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိအောင် ဆောင်ရွက်သွားနိုင် ရင် အင်မတန် ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။

မှတ်ချက် ။ ။ဆရာတော်၏မိန့်ကြားချက်မှပြန်လည်ကောက်နုတ်ေ ဖာ်ပြပါသည်။

ဓာတ်ပုံ – Demo Han Fb
ဦးစန္ဒာသီရိ(ခ)ဦးဇင်းပုရစ်(ရွှေဝါရောင်ဆရာတော်)


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။