အသံချဲ့စက် ဆူညံမှုနဲ့ လူမှုပတ်ဝန်းကျင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အသံမဆူရရင် မကျေနပ်တာလားမသိဘူး။ ဘာပွဲလေးရှိရှိ အသံချဲ့စက်ပါမှ ဆိုတာမျိုးဖြစ်နေ တယ်။ တကယ်ရောနှ စ်သက်မြတ်နိုးမှုကောင်း ရဲ့လား။ နှစ်သက်ဖွယ်ကောင်းရဲ့လား။ မကောင်းဘူး။ ဘုန်းကြီးတို့ကျောင်းမှာ …

ဆူညံသံများနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဖိတ်ခေါ်ပါတယ်

အောက်တိုဘာ(၂၈)၊၂၀၁၉၊ရန်ကုန်

The Nyang News

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အလှူခံခြင်း၊အလှူဒါနပြုခြင်းသည် နှစ်သက်ကျေနပ်ဖွယ်ေ ကာင်းပေသည်။သို့သော် အလှူခံခြင်း၊ အလှူဒါနပြုခြင်းကို အကြောင်းပြု၍ အသံချဲ့စက်များ နားမခံသာအောင် ဖွင့်ခြင်း၊ အလှူခံမဏ္ဍပ်တစ်ခုနှင့်တစ်ခု ဆောင်းဘောက်စ်ကြီးငယ်များဖြင့် အပြိုင်အဆိုင်ဖွင့်ခြင်းကိုမူ အများစုက လက်မခံကြပေ။ထိုသို့ အလှူခံခြင်း၊ပွဲလမ်းသဘင်ကျင်းပခြင်းမှ ထွက်ပေါ်လာသော ဆူညံသံများသာမက အခြားသော အကြောင်းအမျိုးမျိုးဖြင့် ကြားနေရသော ဆူညံသံများသည် လူမှုပတ်ဝန်းကျင်အား များစွာအနှောင့်အယှက် ဖြစ်စေသည်။ထိုဆူညံသံများသည် အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ကလေးသူငယ်များ၏ ကျန်းမားရေးကို ကြီးစွာသော ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည်။ အမျိုးမျိုးသောအကြောင်းကိုပြု၍ ထွက်ပေါ်လာသည့် ဆူညံသံများနှင့်ပတ်သက်၍ ဆရာတော်များ၏မိန့်ကြားချက် များနှင့်လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အမြင်များကို ငြမ်းမီဒီယာ က စုစည်းဖော်ပြလိုက်ပါသည်။ စာဖတ်သူများအား လေးစားစွာ အသိပေးလိုသည်မှာ ပါချုပ်ဆရာတော်ကြီး မိန့်ကြားချက်သည် ငြမ်းမီဒီယာ၏ လျောက်ထားချက်အား ပြန်လည် မိန့်ကြားခြင်း မဟုတ်ဘဲ လူမှုကွန်ရက်စာမျက်နှာတွင် လူအများမျှဝေနေကြသည့် ဆရာတော်ကြီး၏ တရားတော် ရုပ်သံဖိုင်မှ မိန့်ကြားချက်အား ပြန်လည်ဖော်ပြခြင်းမျှသာဖြစ်ပေသည်။

ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

ဗမာပြည်မှာက ကိုယ်ကြားချင်လို့ဖွင့်တာ မဟုတ်ဘူး။ သူများကြားဖို့ဖွင့်ပေးတာတွေ အများကြီးပဲ။ ကျန်တဲ့ သူတွေကလည်း ဘယ်သူမှစောဒက မတက်ဘူး။ complaint မတက်ဘူး။ဗမာလူမျိုးတွေက ဒီဘက်မှာ သည်းခံတာလား ကြိုက်တာလားတောင် မပြောတတ်ဘူး။ တကယ် သည်းခံနေ တာလား။ကြိုက်တာလား မပြောတတ်ဘူး။ အသံမဆူရရင် မကျေနပ်တာလားမသိဘူး။ ဘာပွဲလေးရှိရှိ အသံချဲ့စက်ပါမှ ဆိုတာမျိုးဖြစ်နေ တယ်။ တကယ်ရောနှ စ်သက်မြတ်နိုးမှုကောင်း ရဲ့လား။ နှစ်သက်ဖွယ်ကောင်းရဲ့လား။မကောင်းဘူး။ ဘုန်းကြီးတို့ကျောင်းမှာ ကိုယ်လုပ်နိုင်တဲ့ နေရာမှာတော့ လုပ်တယ်။ ပွဲရှိရင် ဘာမှမဖွင့်ရဘူး။ ဘာအသံချဲ့စက်မှမဖွင့်နဲ့။ ဘုရားလည်း မဖွင့်နဲ့။တရားလည်းမဖွင့်နဲ့။ တရားကိုဖွင့်ထားရင်လည်း လူတွေကနာတာမဟုတ်ဘူးလေ။စကားပြောနေကြတာ။တရားနာတာမှ မဟုတ်တာဘဲ။အဲဒီတော့ တရားမနာဘဲ တရားဖွင့် ထားတာလည်း အဓိပ္ပာယ် မရှိဘူး။ပဌာန်းပွဲတွေ ရွတ်ကြတယ်။ သွားကြည့် ပဌာန်းနာတဲ့သူ တစ်ယောက်မှ မရှိဘူး။တစ်ယောက်မှ မရှိဘူး။တကယ် စဉ်းစားကြည့်မယ်ဆိုရင် အဓိပ္ပာယ်မဲ့တဲ့ အလုပ်တွေကိုပဲ လုပ်နေကြတယ်လို့ ဒီလိုပဲ ဘုန်းကြီးခံစားရတယ်။ သို့သော်ကိုယ်ဘာတတ်နိုင်မလဲ ဘာမှမတ်နိုင်ဘူး။ သူတို့ကြိုက်လို့ လုပ်တာလေ။သို့သော် အဲဒါကို မညှာမတာဝေဖန်ကြည့်စမ်းပါဆိုရင် အဓိပ္ပာယ် ရှိရဲ့လားဆိုတော့ အဓိပ္ပာယ် မရှိဘူး။တကယ် အဓိပ္ပာယ်မရှိယုံတင်မကဘူး။ ဘုရားအကြိုက် ဆန့်ကျင်နေတယ်လို့ ဘုန်းဘုန်း ဒီလိုပဲမြင်ရတယ်။ တိတ်ဆိတ်ငြိမ်သက်မှုဟာ မြတ်စွာဘုရားရဲ့ အကြိုက်ပဲဖြစ်တယ်။

မှတ်ချက် ။ ။ လူမှုကွန်ရက်တွင် လူအများမျှဝေနေကြသော ဆရာတော်၏မိန့်ကြားချက် ရုပ်သံဖိုင်မှ ပြန်လည်ဖော်ပြခြင်းဖြစ် ပါသည်။

ဓာတ်ပုံ – ပါချုပ်ဆရာတော်ကြီးတရားတော်များ စာမျက်နှာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။