အာဏာရှင်ကို တိုက်ခဲ့တဲ့ ပါတီက အာဏာရှင်ပြန်ဖြစ်သွားပြီ လား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

GG / ကရင်နီလူငယ်ခေါင်းဆောင် ခူးကြူဖဲကေး

ကျနော်တို့ သမိုင်းကြောင်း ကို အသိအမှတ်ပြုပေးပါလို့ တောင်းဆိုတဲ့သူတွေကို ထောင်သွင်းအကျဉ်းချတာက နိုင်ငံရေး ရာဇဝတ်မှု ကျူးလွန်းတာ ပဲဖြစ်တယ်။ တရားမျှတမှုမရှိဘူး …

ကယားပြည်နယ် အစိုးရ ဝန်ကြီးချုပ်နှင့် ဝန်ကြီးတစ်ဦးကို ကြေညာချက်ထုတ် ဝေဖန်ခဲ့သည့် ကရင်နီ လူငယ်ခေါင်းဆောင် (၆) ဦးကို ပြည်နယ်အစိုးရက နိုင်လွတ်လုံ ပုဒ်မ (၁၀) ဖြင့် တရားစွဲကာ လွိုင်ကော်တရားရုံးက ထောင်ဒဏ် (၆) လ ချမှတ်ခဲ့သည်။ ထိုခြောက်ဦး မှ တစ်ဦးဖြစ်သည့် ခူးကြူဖဲကေးသည် နိုဝင်ဘာလ(၂၅)ရက်နေ့တွင် လွတ်ရက်စေ့သဖြင့် ပြန်လည် လွတ်မြောက် လာခဲ့ပြီဖြစ်သည်။ သို့သော် ခရိုင်တရားရုံးက ကရင်နီ လူငယ်ခေါင်းဆောင် ခြောက်ဦးအား ထောင်ဒဏ်ခြောက်လ ချမှတ်လိုက်မှု အပေါ် ကယား ပြည်နယ် အစိုးရ ကမကျေနပ်ဘဲ ပြစ်ဒဏ်တိုးမြင့်ချထားပေးရန် ခရိုင် တရားရုံးတွင် ပြင်ဆင်ချက် ထပ်တက် ထားသည် ။အဆိုပါ အခြေ အနေများနှင့်ပတ်သက်၍ ကရင်နီလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ခူးကြူဖဲကေး အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ထားသည်။

ငြမ်းမီဒီယာ – နိုဝင်ဘာလ(၂၅)ရက်နေ့က လွတ်လာတာဆိုတော့ ထောင်ထဲမှာ ဘယ်လောက်နေခဲ့ရလဲ။

ခူးကြူဖဲကေး – ထောင်ထဲမှာ ငါးလကျော်ကျော် လောက်နေလိုက်ရတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ထောင်ထဲမှာ ဘာတွေ တွေ့ကြုံခဲ့ရလဲ။လူ့အခွင့်အေရး ချိုးဖောက်ခံရမှုတွေ၊ ဖိနှိပ်ခံရမှုတွေ ရှိလားဗျ။

ခူးကြူဖဲကေး – ထောင်ထဲမှာတော့ ဥပမာ တောင်သူကိစ္စပေါ့။ တောင်သူတွေကို နိုင်ငံရေးအကျဉ်းသား တစ်ယောက်လို မဆက်ဆံ ဘူး။ ရာဇဝတ်အကျဉ်းသားလို ဆက်ဆံတာရှိတယ်။ တောင်သူတွေကို ရာဇဝတ်အကျဉ်းသားတွေနဲ့ရောထားတယ်။ သီးသန့် မထား ဘူး။ အကျဉ်းထောင်ထဲမှာ အဲလို အခြေအနေ မျိုးတော့ ရှိတယ်။

အစိုးရက ကျနော်တို့ကို ရွေးကောက်ပွဲ ပြီးတဲ့ ကာလ အထိ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရအောင် ကန့်သတ်ထားချင်တဲ့ အတွက် ကျနော်တို့ကို ထောင်ထဲမှာ ထပ်ပြီး ရှိစေချင်တယ် …

ငြမ်းမီဒီယာ – အခု ခူးကြူဖဲကေးရဲ့ ကျန်းမာရေးအခြေအနေနဲ့ ထောင်ထဲမှာ ကျန်ခဲ့တဲ့ ခူးကြူဖဲကေးတို့ ရဲဘော်တွေရဲ့ ကျန်းမာရေး အခြေအနေကရော ဘယ်လိုရှိလဲဗျ။

ခူးကြူဖဲကေး – ကျန်းမာရေးကတော့ ကောင်းမွန်စွာ ရှိနေကြ ပါတယ်။

ငြမ်းမီဒီယာ – ခူးကြူဖဲကေးတို့ ခြောက်ဦး က နိုင်လွတ်လုံ နဲ့ တရားစွဲခံ ရတယ်။ ထောင်ဒဏ် ခြောက်လကျတယ်။ ခူးကြူဖဲကေး က ဒီလ (၂၅)ရက်နေ့မှာလွတ်ရက်စေ့လို့ လွတ်လာတယ်။ ငါးယော က်ကတော့ ထောင်ထဲမှာ ရှိနေတုန်းပဲ။ခရိုင်တရားရုံးက အခု ခူးကြူဖဲကေးတို့ ခြောက်ဦးကို ထောင်ဒဏ်ခြောက်လ ချမှတ် လိုက်မှုအပေါ် မကျေနပ်လို့ ကယားပြည်နယ်အစိုးရ က ခရိုင် တရားရုံး ကို ပြင်ဆင်ချက်ထပ်တက်ထားတယ်လို့ ခူးကြူဖဲကေး ကပြောတယ်။ ကယားပြည်နယ် အစိုးရက ဒါကိုဘာကြောင့် လုပ်တာလဲဗျ။

ခူးကြူဖဲကေး – အစိုးရက ဘာကြောင့်လုပ်လဲလို့ပြောရရင် သူတို့က ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိ ကျနော်တို့ကို ထောင်ထဲမှာ ရှိစေ ချင်တယ်။ လွိုင်ကော်မြို့နယ်၊ တရားရုံးက ခြောက်လ အမိန့်ချခဲ့တယ်။ ဒါပေမယ့် အစိုးရက ကျနော်တို့ကို ရွေးကောက်ပွဲ ပြီးတဲ့ ကာလ အထိ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရအောင် ကန့်သတ်ထားချင်တဲ့ အတွက် ကျနော်တို့ကို ထောင်ထဲမှာ ထပ်ပြီး ရှိစေချင်တယ်။ အဲဒါကြောင့်သူတို့က ကျနော်တို့ ထောင်ခြောက်လ ပဲ အမိန့်ချတာ နည်းတယ်ဆိုပြီး မကျေနပ် နိုင်ဘူး။ ဒါကြောင့် ခရိုင်ကို ထပ်ပြီး ပြင်ဆင် ချက်ဝင်တယ်။ မနေ့ မနက် ကတော့ ထောင်ထဲမှာ ထောင်ပိုင်က ကျန်တဲ့ လူငယ်ခေါင်းဆောင် ငါးယောက်ကို ခေါ်ပြီး သိရှိ ကြောင်း လက်မှတ်ထိုးခိုင်းတာရှိတယ်။ ဒီနေ့ကတော့ ကျနော့်ကို ခရိုင်ရုံးမှာ လက်မှတ် ထိုးခိုင်းတာရှိတယ်။ ထူးခြားတာ တစ်ခုပေါ့လေ။ ပြည်ထောင်စုရှေ့နေက ညွှန်ကြားတဲ့ ဟာလည်း ရှိမယ်။ အကြောင်းကြား စာမှာ ဘာရေးထားလဲဆိုရင် (၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ (၂)ဦးသက်နောင်၊တရားလို ပြင်ဆင်ချက်ဝင်လိုသူ ဆိုတော့ နိုင်ငံတော်က ကျနော်တို့ကို တရားစွဲတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါက သိပ်တော့မကောင်းတဲ့ လက္ခဏာ တစ်ခုဖြစ်တယ်။ ဒါကို ဒီဇင်ဘာလ(၆) ရက်နေ့ကျရင် ကျနော်တို့ကို လွိုင်ကော်ခရိုင်တရားရုံးမှာကြားနာဖို့ ချိန်းဆို ထားတာရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေရေးရာကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးအကြံယူတာတွေ မရှိဘူးလား။ဘယ်လို တုံ့ပြန်ဆောင် ရွက်မလဲ။

ခူးကြူဖဲကေး – ကျနာ်တို့ အခုအစည်းအဝေးထိုင်နေကြတယ်။ ဥပဒေရေးရာ ကျွမ်ကျင်သူတွေနဲ့ ဒီကိစ္စကိုဆက်ပြီး ရင်ဆိုင်သွားပါမယ်။

ငြမ်းမီဒီယာ – အခုထောင်ဒဏ်ချမှတ်ခံရတဲ့ ခြောက်ယောက်မှာ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ဒါတွေမဖြစ်ခင်ကတည်းက စဉ်းစား ချက် ရှိတယ်လို့ သိထားရပါတယ်။ အဲဒီစဉ်းစားချက်ကို ဒီဖြစ်စဉ်က ဘာတွေ သက်ရောက်လာမလဲ။

ခူးကြူဖဲကေး – ရွေးကောက်ပွဲမှာ ဝင်ရေး၊မဝင်ရေးက တော့ ကျနော်တို့ မူမရှိသလို ဆုံးဖြတ်ထားတာလည်း မရှိပါဘူး။ ဒါပေမယ့် ၂၀၁၅ တုန်းက NLD အစိုးရဖြစ်လာတဲ့ အခုပြည်နယ်အစိုးရကို ကျနော်တို့ လူငယ်တွေကပခုံးထမ်းတင် ပေးခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ လူငယ်တွေကို ထောင်ထဲထားလိုက်ခြင်းအားဖြင့် အစိုးရက နိုင်ငံရေးအရ တစ်စုံတစ်ရာအမြတ်ထွက်လာမယ်လို့ ယူဆ ပြီးတော့ ကျနော်တို့ကို အခုလို ထပ်ပြီးထောင်သွင်းအကျဉ်းချဖို့ ကြိုးစားနေတာ ဖြစ်တယ်။ ဒီကိစ္စက အင်မတန်ေ အာက်တန်း ကျတဲ့ နိုင်ငံရေးလုပ်ရပ်တစ်ခုဖြစ်တယ်။ ဒါက child play ဆန်တဲ့ ကစားကွက်တစ်ခုဖြစ်ပါတယ်။ အစိုးရကိုယ်တိုင်က Mind Set ပြောင်းဖို့ လိုလာပြီ ဖြစ်တယ်။ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ကိုယ်တိုင်ကိုက ထောင်သွင်းအကျဉ်းချလိုက်ရုံနဲ့ ပြေလည်သွားမှာမဟုတ်ဘူးဆိုတာ သူကိုယ်တိုင်က သိရှိနားလည် ထားဖို့ လိုမယ်။

ငြမ်းမီဒီယာ – အခုဒီကိစ္စမှာ နိုင်ငံတော်က တရားစွဲတယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေ တယ်လို့ ခူးကြူဖဲကေး ပြောတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒီအပေါ်မှာ ဥပဒေအကြံပေးတွေကရော ဘယ်လို မှတ်ချက်ပေးလဲဗျ။

ခူးကြူဖဲကေး -အခုကတော့ ဒါနဲ့ပတ်သက်ပြီးအစည်းအဝေး ထိုင်နေတယ်။ လောလောဆယ်တော့ ကျနော်တို့ပြောလို့ မရသေးဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကြေးရုပ်ကိစ္စ အစပြုပြီး နိုင်လွတ်လုံပုဒ်မနဲ့တရားစွဲ ထောင်ဒဏ်ချမှတ်ခံရတယ်။ ခူးကြူဖဲကေးတို့ လူငယ် ခေါင်းဆောင်တွေက ဒီအပေါ်မှာ မတရားဘူးလို့ပြောခဲ့တယ်။ အခု တရားရုံးပြင်ဆင်ချက် ထပ်တက်လာတယ်။ အဲဒီတော့ ဒါနဲ့ပတ်သက်ပြီးတော့ ရောဘာပြောစရာရှိလဲ။

ခူးကြူဖဲကေး – ကျနော်တို့ အမြဲတမ်းပြောလာတာတစ်ခုရှိပါတယ်။ အမျိုးသားတန်းတူရေးကို ဦးစွာပထမ ဖြေရှင်းပြီးမှပဲ တိုးတက်ရေး ကို သွားလို့ရမယ်လို့ ကျနော်တု့ိ ယတိပြတ်ပြောခဲ့တာ ရှိတယ်။ ကမ္ဘာ့နိုင်ငံတွေ အကုန်လုံးက အခုလိုမျိုးသွားခဲ့ကြတာဖြစ်တယ်။

အစိုးရအနေနဲ့ ရှင်းပြ ဖို့လိုပါတယ်။လူထုဟာ ဖြစ်စဉ် တစ်လျောက် လုံး မှာ သမိုင်းရေးလာခဲ့သူတွေဖြစ်တယ်။ သမိုင်း ဖန်တီးသူတွေဖြစ်ပါတယ် …

တရားရုံးမှာ ကျနော်တို့ ရင်ဆိုင်တဲ့နေရာမှာ မတရားခံ ရတယ်ဆိုတာ လူထုက အဆုံးအဖြတ်ပေးပြီး သားဖြစ်ပါ တယ်။ တစ်လက် စတည်း မှာပဲ ဘာပြောချင်သလဲ ဆိုရင် ဒီအပေါ်မှာ မတရားဘူးလို့ ဘာကြောင့်ပြောရလဲဆိုရင် အမျိုးသား တန်တူရေးနဲ့အမျိုးသား ရင်ကြားစေ့ရေးလို့ ပြောပြီး အာဏာရလာတာဖြစ်တယ်။ကျနော်တို့က ကျနော်တို့ လူနည်းစုတိုင်းရင်းသားတွေဖြစ်တဲ့အတွက် ကျနော် တို့ သမိုင်းကြောင်းကို အသိအမှတ်ပြုပေးပါ။ သမိုင်းကြောင်းကို အသိအမှတ်ပြုပေးပါလို့ တောင်းဆိုတဲ့သူတွေကို ထောင်သွင်း အကျဉ်းချတာက နိုင်ငံရေးရာဇဝတ်မှု ကျူးလွန်းတာပဲဖြစ်တယ်။ တရားမျှတမှုမရှိဘူး ။နိုင်ငံရေးရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်။

ငြမ်းမီဒီယာ – ထောင်ထဲမှာ ရှိနေတဲ့ ခူးကြူဖဲကေးတို့ ရဲဘော်တွေကရော တရားရုံးပြင်ဆင်ချက်ထပ်တက်တာနဲ့ ပတ်သက်ပြီး ဘယ်လို မှတ်ချက်ပြုကြလဲဗျ။

ခူးကြူဖဲကေး – ကျန်တဲ့လူငယ်ခေါင်းဆောင်တွေက ဒါကို မတရားဘူး လို့ပြောကြတယ်။ တလက်စတည်းမှာပဲ ကျနော်တို့အားလုံးက ဒီအပေါ်မှာ လူထုဝန်းရံမှုနဲ့ အတူ၊ လူထုရဲ့ပံ့ပိုးမှုနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မတရားဘူးဆိုတဲ့ မတရားမှုကြီးကိုပေါ်လွင်အောင် အမှုကို ဆက်လက်ပြီး ရင်ဆိုင်သွားမှာဖြစ်တယ်။

ငြမ်းမီဒီယာ – ဒီကိစ္စနဲ့ပတ်သက်ပြီး ကယန်းအမျိုးသားပါတီ အပါအဝင်ပေါ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီစတဲ့ ဒေသခံပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖြစ်တာရှိလား။သူတို့ကရော ဒီအပေါ် ဘယ်လို သဘောထားရှိလဲ။

ခူးကြူဖဲကေး – တွေ့ဆုံဆွေးနွေးမှုကတော့ မရှိဘူး။ပါတီ နှစ်ခုလုံးရဲ့ သဘောထားကို ကျနော်မပြောနိုင်ဘူး။

ငြမ်းမီဒီယာ – ပြည်နယ်မှာရှိတဲ့ နိုင်ငံရေး မျိုးဆက်အသီးသီးကရော ဒီအပေါ် ဘယ်လို သဘောထားလဲ။

ခူးကြူဖဲကေး – ဒီကိစ္စက အားလုံးက မတရားဘူးလို့ မှတ်ချက်ပြုကြတယ်။ တလက်စတည်းမှာပဲ NLD ဆိုတဲ့ပါတီကြီး တစ်ရပ် ဖြစ်လာဖို့ ဆိုတာ ၁၉၈၈ လူထုလှုပ်ရှားမှုကြီးကနေ ပေါ်ပေါက်လာမှုဖြစ်တယ်။ အာဏာရှင်ကို တိုက်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ပြည်နယ်အတွင်းမှာ လူငယ်တွေကို အခုလို ထပ်မံပြီးဖမ်းဆီးဖို့ ၊ထပ်မံပြီး ချုပ်နှောင်ဖို့ လုပ်တဲ့ ကိစ္စ ကတော့ နိုင်ငံရေးအရ အနိုင်ကျင့်မှုလို့ သူတို့က မှတ်ချက်ပြုကြပါတယ်။ အာဏာရှင်ကို တိုက်ခဲ့တဲ့ ပါတီက အာဏာရှင် ပြန်ဖြစ်သွားပြီ လား ဆိုတဲ့ မေးခွန်းတွေလည်း ရှိပါတယ်။

ငြမ်းမီဒီယာ – ဘာများဖြည့်စွက်ပြောချင်လဲဗျ။

ခူးကြူဖဲကေး – အဓိကပြောချင်တာက ဒီဇင်ဘာလ(၆) ရက်နေ့ကျရင် ကျနော်တို့ ကို ရုံးထုတ်ပါလိမ့်မယ်။ အမှုကြားနာဖို့ ကျနော်တို့ သွားရပါလိမ့်မယ်။လူထုက ဒီကိစ္စအပေါ်မှာ ဖြစ်စဉ် တစ်လျောက်လုံးမှာ မကျေလည်မှုတွေ ရှိနေတယ်။ အစိုးရအနေနဲ့ ရှင်းပြ ဖို့လိုပါတယ်။လူထုဟာ ဖြစ်စဉ် တစ်လျောက် လုံး မှာ သမိုင်းရေးလာခဲ့သူတွေဖြစ်တယ်။ သမိုင်း ဖန်တီးသူတွေ ဖြစ်ပါတယ်။ ဒီဇင်ဘာလ(၆)ရက်နေ့မှာလည်း လူထုက သမိုင်းအဆုံးအဖြတ်ကိုပေးပါလိမ့်မယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ဆက်စပ်ဖတ်ရှုရန်

တိုင်းရင်းသားတွေရဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု မရှိတော့ ဘာဖြစ်သွားမှာမို့လို့လဲ

အရင်က ဗမာလို့ပြောရင် စစ်တပ်လို့ပဲ ကျမတို့မြင်တာ

ဧပရယ်မှာ ပြေလည်မှာလား ကြေးရုပ်အရေး

ကျွန်တော်တို့ ကန့်ကွက်တာ ဗိုလ်ချုပ်အောင်ဆန်းကို မုန်းလို့ မဟုတ်ဘူးဗျ

မဟာလူမျိုးကြီး ဝါဒ ကို ကျင့်သုံးချင်တဲ့ NLD အစိုးရလို့ ပြောချင်ပါတယ်

 

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,