အားငယ်ပြီး ထွက်ပြေးတဲ့ အနေအထားမှာရှိတယ် …

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KHLA / ထွက်ပြေးသွားတဲ့ ကိုဗစ်အတည်ပြုလူနာအမျိုးသမီး ပြန်လည်ခေါ်ဆောင်စဉ်

ပြောပုံအရ သူက သူ့အသိစိတ်ဓာတ်နဲ့ ဆေးရုံလာပြတာပေါ့နော်။ ဆေးရုံလာပြရင်းနဲ့ရောဂါပိုးတွေ့တယ်ပေါ့။ အရသာတွေလည်းပျက် အဲဒီလိုမျိုး ဖြစ်တယ်ပေါ့။ သူ့မှာ ဘာလဲဆိုတော့သူဆေးရုံတက်တဲ့အချိန်မှာ …

သင်္ဃန်းကျွန်း၊ စံပြဆေးရုံကနေ ထွက်ပြေးသွားတဲ့ ကိုဗစ်အတည်ပြုလူနာအမျိုးသမီးကို ကူညီခေါ်ဆောင်ပေးခဲ့တဲ့ ပုလဲမီးသတ်တပ်ဖွဲ့ တာဝန်ခံ ကိုထင်လင်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ– စံပြဆေးရုံကနေ ထွက်ပြေးသွားတဲ့ ပိုးတွေ့လူနာ အမျိုးသမီးကို အစ်ကိုတို့ ပုလဲမီးသတ်တပ်ဖွဲ့ကနေ ရှာတွေခဲ့ပုံလေးရှင်းပြပေးပါခင်ဗျာ။

KHLA -ကျနော်တို့ဆီကို ပြည်သူတစ်ယောက်၊ အစ်မတစ်ယောက်ကနေ အကူအညီတောင်းတာပါ။ စံပြဆေးရုံးကနေ ကောင်မလေးတစ်ယောက်ထွက်ပြေးသွားတာအစ်ကိုတို့ သိလားပေါ့။ မသိဘူး။ကြားတော့ကြားတယ်ပေါ့။ အဲ့ကောင်မလေးက ကိုးမိုင်အိုးရှင်းနားရောက်နေတယ်လို့ကြားတယ်ပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျမတို့ကရသလောက်တော့ ထိန်းထားတယ်ပေါ့။ သူ့ဖုန်း အစ်ကို့ကို ပေးမယ်ပေါ့။ နည်းနည်းပါးပါး ဖျောင်းဖျပေးပါဦးတဲ့။တခြားသူတွေလည်း ကူးစက်ခံရမှာ စိုးတယ်ပေါ့။ ဟုတ်ပြီ ကျနော်တို့လည်း နည်းနည်းအလုပ်တော့များတယ်။ ဖုန်းနံပါတ်ပို့လိုက်လို့ပြောပေးတယ်။ ကောင်မလေး ဖုန်းနံပါတ် ကျနော်ဆီရောက်တယ်။ ကျနော်လှမ်းဆက်သွယ်တယ်။ သူကိုင်တယ်။ ညီမလေး ဘယ်နားမှာလဲ ဆိုတော့ ကိုးမိုင်အိုးရှင်းနားမှာတဲ့။

ညီမလေး ဘာမှအားမငယ်နဲ့ ။အစ်ကိုတို့ ကူညီပေးမယ်လို့ပြောတယ်။ ညီမလေး ဘာဖြစ်ချင်လဲလို့မေးလိုက်တော့ အစ်ကိုတို့ လာခေါ်ပေးမှာလားလို့မေးတယ်။ အေးဟုတ်ပြီ။ အစ်ကိုတို့လာခေါ်ပေးမယ်။ အစ်ကိုတို့လည်းပြန်လည်ကူညီပေးဖို့ပြောလိုက်တယ်။

ကျနော်တို့ ထွက်သွားတဲ့အချိန်မှာ သူနဲ့ဘာတော်လဲတော့ မသိဘူး။အမျိုးသားတစ်ဦးကို သူနဲ့အတူတွေ့ရတယ်။ သူ့ရည်းစားလို့လဲ သိရတယ်ပေါ့ဗျာ။အဲဒီအမျိုးသားကတော့ ကျနော်တို့ရောက်ရောက်ချင်းမှာ အဲဒီ အမျိုးသားက ကောင်မလေး အနားမှာတွေ့တယ်။ ကောင်မလေးကို အားပေးနေတယ်ပေါ့။ ဒါပေမယ့် အဲဒီမှာ တွေ့တုန်းက အမျိုးသားက နှာခေါင်းစည်း မတပ်ထားဘူး။ နှာခေါင်းစည်းတော့ပါတယ်။

လူမှုကွန်ရက်မှာတင်ထားတဲ့ သူ့ပုံလေးကို ပြန်ဖျက်ပေးဖို့သူက တောင်းဆိုတယ်။လူတွေ တင်ထားတာရှိတယ်လို့ပြောတယ်။ သူ့အသိစိတ်ဓာတ်နဲ့ သူလုပ်ရမှာတွေ ပြန်လုပ်ပြီပေါ့နော်။ သူ့ပုံလေးတွေပြန်ဖျက်ပေးပါပေါ့။ သူအရမ်းစိတ်ညစ်နေတယ်လို့ …

အဲဒီ အမျိုးသားကို စံပြဆေးရုံက Quarantine စင်တာပို့မယ်လို့ပြောတယ်ပေါ့နော်။ အဲဒါနဲ့ကောင်မလေးကို ကျနော်တို့ ရောက်ရောက်ချင်းမှာ သူ့ကို PPE ဝတ်စုံ ပေးဝတ်တယ်ပေါ့နော်။ကျနော်တို့ အသင့်ယူသွားတဲ့ PPE ဝတ်စုံပေးဝတ်တယ်။ နှာခေါင်းစည်းတွေ၊ Face Shield ပေးဝတ်တယ်။ ကျနော်တို့ပိုးသတ်ဆေးဖျန်းတယ်။ ဖျန်းပြီးတာနဲ့ကားပေါ်တင်ပြီး စံပြဆေးရုံကို ပို့ဆောင်တယ်။တာဝန်ရှိတဲ့ဆရာ၊ဆရာမတွေကို ပြန်အပ်ပေးခဲ့တယ်။

ငြမ်းမီဒီယာ– စံပြဆေးရုံကို ကောင်လေးနဲ့ကောင်မလေး နှစ်ဦးစလုံး ပို့ပေးခဲ့တာလား။

KHLA -ဟုတ်ပါတယ်။ကောင်မလေးရော၊ ကောင်လေးပါ နှစ်ဦးစလုံးကို ပို့ပေးခဲတာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– သူက ဘာလို့ စံပြဆေးရုံက ထွက်ပြေးသွားတဲ့အကြောင်းအရင်းကိုရော အစ်ကိုတို့သိရလား။

KHLA -ကောင်မလေးရဲ့ပြောပုံအရ သူက သူ့အသိစိတ်ဓာတ်နဲ့ ဆေးရုံလာပြတာပေါ့နော်။ ဆေးရုံလာပြရင်းနဲ့ရောဂါပိုးတွေ့တယ်ပေါ့။ အရသာတွေလည်းပျက် အဲဒီလိုမျိုး ဖြစ်တယ်ပေါ့။ သူ့မှာ ဘာလဲဆိုတော့သူဆေးရုံတက်တဲ့အချိန်မှာ လူနာစောင့်တွေဘာတွေလည်းမရှိဘူးပေါ့။ လူနာစောင့်မရှိလို့ စားဝတ်နေရေးလည်း အခက်အခဲရှိမှာပေါ့။ အားငယ်ပြီး ထွက်ပြေးတဲ့ အနေအထားမှာရှိတယ်လို့ သူကပြောပြတယ်။

လူမှုကွန်ရက်မှာတင်ထားတဲ့ သူ့ပုံလေးကို ပြန်ဖျက်ပေးဖို့သူက တောင်းဆိုတယ်။လူတွေ တင်ထားတာရှိတယ်လို့ပြောတယ်။ သူ့အသိစိတ်ဓာတ်နဲ့ သူလုပ်ရမှာတွေ ပြန်လုပ်ပြီပေါ့နော်။ သူ့ပုံလေးတွေပြန်ဖျက်ပေးပါပေါ့။ သူအရမ်းစိတ်ညစ်နေတယ်လို့သူပြောပါတယ်။

ငြမ်းမီဒီယာ- စံပြဆေးရုံကသူထွက်လာတဲ့အခါမှာ ဘယ်ကိုသွားခဲ့လဲ၊ ဘယ်သူတွေနဲ့ထိတွေ့ခဲ့လဲဆိုတာရော အစ်ကိုတို့သိရပါလားခင်ဗျာ။

KHLA -အဲ့ဒါတော့ကျနော်တို့အလုပ်မဟုတ်တော့ဘူးပေါ့။ဆေးရုံရဲ့အလုပ်ဖြစ်သွားပြီပေါ့နော်။ဆေးရုံကနေ ကျန်းမာရေးကိုပို့မယ်။ကျန်းမာရေးကနေ သတင်းထုတ်ပြန်မယ်ပေါ့။ကျနော်တို့က စေတနာ့ဝန်ထမ်းလေ။ ကျနော်တို့က ဒါကို ကူညီပေးမယ်။ကျနော်တို့အလုပ်က ဒါကိုကူညီပြီးရင် ပြီးပြီ။

ငြမ်းမီဒီယာ– လူမှုကယ်ဆယ်ရေးတွေလုပ်နေသူတစ်ဦးအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ ကပ်ရောဂါကာလမှာ လူထုကို ဘာများ အကြံပြုချင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KHLA – အကြံပြုစကားပြောချင်တာက လက်ရှိခံစားနေရတဲ့အချိန်မှာတော့ ဘယ်သူမဆိုအားငယ်မှာပဲ။နိုင်ငံတာကာမှာလည်းဖြစ်ရင် အရမ်းခံစားရတဲ့ ဝေဒနာတစ်ခု၊ ဗိုင်းရပ်စ်တစ်ခုဆိုတာသိနေတော့ အားမငယ်ကြဖို့နဲ့ကျနော်တို့နိုင်ငံက ဆရာဝန်၊ ဆရာဝန်မတွေရဲ့ဆေးဝါးစောင့်ရှောက်မှုကို ဂရုတစိုက်နဲ့ နေထိုင်ခဲ့မယ်ဆိုရင် ကောင်းမွန်သွားမှာပါ။ ကျနော်တို့အဲဒီလောက်လေးပဲ အကြံဉာဏ်ပေးချင်ပါတယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,