အိမ်ထောင်စု (၁၀၀၀၀) ကို ဆိုင်ကယ် တစ်စီး စီ အလှည့်ကျပေးမယ် ဆိုပြီး လိမ်လည်ထားတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကိုဗစ် ဒုတိယလှိုင်းမှာ အိမ်ထောင်စု (၁၀၀၀၀) ကို ဆိုင်ကယ် တစ်စီးစီ အလှည့်ကျ ပေးမယ် ဆိုတဲ့ လိမ်လည်ထားတဲ့ သတင်းအမှား တစ်ပုဒ် အကြောင်း ပြောပြလိုပါတယ်။

သည် လိမ်လည်ထားတဲ့ သတင်းအမှား ကို Minn Aungg လို့အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်က ဂရုတွေထဲ ဖြန့်ေ၀ ထားတာတွေ့ရပါတယ်။

သည် ဆိုင်ကယ် ပေးမယ်ဆိုတဲ့ လိမ်လည်ထားတဲ့ သတင်းအမှား ကို မျှဝေသူ တစ်သောင်းနီးပါး ရှိပြီး မှတ်ချက်ပေးသူ လေးထောင်နီးပါး၊ React ပြုသူ နှစ်ထောင့်လေးရာနီးပါး ရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုဗစ်လှိုင်း နဲ့ ပြည်သူတစ်ချို့ရဲ့ ခက်ခဲနေတဲ့ အခြေအနေ ကို အခွင့်ကောင်းယူပြီး ဘယ်သူကတော့ ထီဆုကြီးပေါက်လို့ ပိုက်ဆံလှူမယ် ဆိုတာတွေ၊ တစ်ယောက်ကို သုံးသောင်းပေးမယ်၊ တစ်ယောက်ကို တစ်သိန်း ဝေ့မန်းနီးနဲ့ လွှဲပေးမယ် စတဲ့ လိမ်လည်ထားတဲ့ နည်မျိုးစုံနဲ့ ဂရု တွေကို Join ခိုင်းပြီး ဂရုငါးခုလောက်ကို လုပ်ကြံလီဆယ်ထားတဲ့ ပို့စ်တွေ ရှယ်ဖို့ လည်း ခိုင်းပါသေးတယ်။ သည်လိုနည်းနဲ့ ဂရုတွေ ချက်ခြင်း လူများလာအောင် လုပ်ဆောင်နေတာ ကို တွေ့ရပါတယ်။

ဂုဏ်သိက္ခာ မရှိတဲ့သူတွေ လုပ်တာပါ။ အောက်တန်းစားနည်းနဲ့လုပ်တယ်လို့ကျနော်မြင်တယ်။ ဒါက ကျနော်တို့နဲ့ လည်း မဆိုင်ဘူး။ ကျနော်တို့ …

ကိုဗစ် ဒုတိယလှိုင်းမှာ အိမ်ထောင်စု (၁၀၀၀၀) ကို ဆိုင်ကယ် တစ်စီးစီ အလှည့်ကျ ပေးမယ် ဆိုတဲ့ လိမ်လည်ထားတဲ့ သတင်းအမှား မှာ ဆိုင်ကယ်ပေးသယောင်ယောင် ဖော်ပြထားတဲ့ဓာတ်ပုံတွေဟာ Rev Motors Myanmar လုပ်ငန်း Facebook Page မှာဖော်ပြထားတဲ့ ဓာတ်ပုံတွေကို ( သည်နေရာမှာကြည့်နိုင်ပါတယ်) အလွဲသုံးစား ပြုလုပ်ထားခြင်း ဖြစ်တာကို တွေ့ရပါတယ်။

” ဒီဓာတ်ပုံ က ဆိုင်ကယ်ဝယ်တဲ့ Customer ကို ကျနော် က မေတ္တာလက်ဆောင်ပစ္စည်း ပေးနေတဲ့ ပုံပါ။ နောက်တစ်ပုံကတော့ Rev Motors Myanmar ဆိုင်ရဲ့ ဖွင့်ပွဲ အခမ်းအနားပုံ( သည်နေရာမှာ ကြည့်နိုင်ပါတယ်)။ ဒီအခမ်းအနား ကလည်း လွန်ခဲ့တဲ့ ခုနှစ်လ ၊ ရှစ်လလောက်က ပုံပါ ” လို့ Rev Motors Myanmar ရဲ့ Digital Marketing တာဝန်ခံ ကိုစိုင်းကိုကို က ငြမ်းမီဒီယာ ကို ပြောပါတယ်။

Rev Motors Myanmar Facebook Page ရဲ့ဓာတ်ပုံတွေကို တလွဲသုံးပြီး ကိုဗစ် ဒုတိယလှိုင်းမှာ အိမ်ထောင်စု (၁၀၀၀၀) ကို ဆိုင်ကယ် တစ်စီးစီ အလှည့်ကျ ပေးမယ် ဆိုတဲ့ ဖော်ပြချက်ဟာ Rev Motors Myanmar နဲ့ လုံး၀ (လုံးဝ) သက်ဆိုင်ခြင်း မရှိပါဘူးလို့ Rev Motors Myanmar ရဲ့ Digital Marketing တာဝန်ခံ ကိုစိုင်းကိုကို က ငြမ်းမီဒီယာ ကို အတည်ပြု ပြောကြားပါတယ်။

ကိုဗစ် ဒုတိယလှိုင်းမှာ အိမ်ထောင်စု (၁၀၀၀၀) ကို ဆိုင်ကယ် တစ်စီးစီ အလှည့်ကျ ပေးမယ် ဆိုတဲ့ လိမ်လည်ထားတဲ့ သတင်းအမှား မှာ Rev Motors Myanmar Facebook Page မှာ ဖော်ပြထားတဲ့ ဓာတ်ပုံတွေ အပြင် မြနှင်းဆီ ဆိုင်ကယ် Show Room Facebook Page က ဓာတ်ပုံတွေကို( သည်နေရာမှာမှာ ကြည့်နိုင်ပါတယ်) လည်း အလွဲသုံးစား ပြုလုပ်ထားတာတွေ့ရပါတယ်။

” ဒါ က ဂုဏ်သိက္ခာ မရှိတဲ့သူတွေ လုပ်တာပါ။ အောက်တန်းစားနည်းနဲ့လုပ်တယ်လို့ကျနော်မြင်တယ်။ ဒါက ကျနော်တို့နဲ့ လည်း မဆိုင်ဘူး။ ကျနော်တို့ မြနှင်းဆီ ဆိုင်ကယ် Show Room က တစ်လတစ်ကြိမ် ဆိုင်ကယ် မဲ ဖောက်တယ်။ မဲဖောက်တဲ့ အခါလူတွေ ကို မလာခိုင်းဘူး။ ပေါက်တဲ့ အခါ ခေါ် ပေးလိုက်တယ်။ မဲဖောက်မယ့် အစီအစဉ်ကို လည်း တရားဝင်ပြောတယ် ” လို့ မြနှင်းဆီ ဆိုင်ကယ် Show Room ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာဝင်း က ငြမ်းမီဒီယာ ကို ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုဗစ်ဒုတိယလှိုင်းမှာ အိမ်ထောင်စု (၁၀၀၀၀) ကို ဆိုင်ကယ် တစ်စီး စီ အလှည့်ကျပေးမယ် ဆိုပြီး တကယ်ပဲ ဆိုင်ကယ်တွေ ပေးနေသယောင် ဖော်ပြ အသုံးပြုထားတဲ့ ဓာတ်ပုံများဟာ Rev Motors Myanmar Facebook Page နဲ့ မြနှင်းဆီ ဆိုင်ကယ် Show Room Facebook Page(သည်နေရာမှာ ကြည့်နိုင်ပါတယ်) တို့ကနေ အလွဲသုံးစား ယူငင် ဖော်ပြထားတဲ့ ဓာတ်ပုံတွေသာ ဖြစ်ပါတယ်။

အများပြည်သူထင်ယောင်ထင်မှား ဖြစ်အောင် ဒီလိုမျိူးတွေ ကို မလုပ်စေချင်ဘူး လို့ အိမ်ထောင်စု (၁၀၀၀၀) ကို ဆိုင်ကယ် တစ်စီး စီ အလှည့်ကျပေးမယ် ဆိုတဲ့ ဖော်ပြမှုမှာ ဓာတ်ပုံတွေ အလွဲသုံးစားပြုတာနဲ့ ပတ်သက်ပြီး မြနှင်းဆီ ဆိုင်ကယ် Show Room ရဲ့ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာဝင်း က မှတ်ချက် ပြုပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,