အေအေ အရာရှိများအတွက် လိင်အဖျော်ဖြေခံ ဘဝကိုရောက်သွားတဲ့ ရခိုင်မိန်းမပျို လေးများ ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သတင်းဆိုတာ လူတွေကို အသိဉာဏ်အမှန် ပေးဖို့ လူထုကို ဝန်ဆောင်မှုပေးဖို့ပါ။ သတင်းအတု၊သတင်းအမှား တွေကတော့ လူတွေအတွက် အဆိပ်အတောက်တွေပဲ …

ရခိုင့်တပ်တော်ရဲ့ ဗိုလ်ကြီး အဆင့် ရှိသူတစ်ဦး က AA လူထုစည်းရုံးဆက်ဆံရေး ရုံးစာရေးမ တစ်ဦး ကို အလိုမတူဘဲ အဓမ္မ ပြုကျင့် ခဲ့ပြီး အဓမ္မ ပြုကျင့်ခံခဲ့ရသူ အမျိုးသမီး က ရခိုင်အမျိုးသမီးများအစည်းအရုံးထံ ဖုန်းဆက် အကူအညီ တောင်းထားတယ်ဆိုတဲ့ သတင်း အမှား တစ်ပုဒ်အကြောင်း ပြောပြလိုပါတယ်။

သည် သတင်းအမှား ရုပ်သံကို Myanmar Top News လို့အမည်ရတဲ့ YouTube ကနေ ဖြန့်ချိခဲ့တာ( သည်နေရာမှာ ကြည့်နိုင်ပါတယ်) တွေ့ရပါတယ်။

သည် သတင်းအမှား ရုပ်သံကို ဝင်ရောက် ကြည့်ရှုသူ သုံးသောင်းခွဲ နီးပါးရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်သတင်းအမှား မှာ အသုံးပြုထားတဲ့ ရုပ်သံပါ ဖော်ပြချက် များဟာ ၂၀၁၉ ၊ ဧပြီလ (၁၂) ရက်နေ့က လွတ်လပ်တဲ့ အာရှအသံ Radio Free Asia (RFA) သတင်းဌာန က ရိုက်ကူးထုတ်လွှင့်ထားတဲ့ ” AA ရခိုင်စစ်သမီးတွေရဲ့ ခံယူချက် ” ဆိုတဲ့ ရုပ်သံသတင်း ပါ ဖော်ပြချက်တွေ ကို Myanmar Top News က ဖြတ်တောက် ခိုးယူပြီး သတင်းအမှားအဖြစ် လုပ်ကြံ ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။

သည် ရုပ်သံသတင်းအမှား မှာ ပြောဆိုထားတဲ့ အဓမ္မ ပြုကျင့်ခံရသူ အမျိုးသမီး က ရခိုင်အမျိုးသမီး များ အစည်း အရုံး ထံ ဖုန်းဆက် အကူအညီ တောင်းခံထားတယ်ဆိုတဲ့ အချက်နဲ့ ရခိုင်အမျိုးသမီး အစည်းအရုံး တာဝန်ရှိသူရဲ့ ပြောကြားခဲ့တယ် ဆိုတဲ့ အချက်အလက်များနဲ့ ပတ်သက်ပြီး သတင်း အမှား၊အမှန် အချက်အလက် စစ်ဆေးရန် ရခိုင်အမျိုးသမီးများ အစည်းအရုံး တာဝန် ရှိသူ ဒေါ်စောမြရာဇာလင်း ထံ ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ရာ ဒီလို တိုင်ကြားထားတာမျိူး၊ ရခိုင်အမျိုးသမီးအစည်းအရုံး အနေနဲ့ Myanmr Top News ကို မှတ်ချက်ပေး ပြောဆိုခဲ့တာမျိုး မရှိဘူးလို့ အတည်ပြု ပြောကြားပါတယ်။

RFA သတင်းဌာန ကဖော်ပြထားတဲ့ မူရင်းရုပ်သံဖိုင် အမှန်မှာ AA ရခိုင်စစ်သမီးတွေက သူတို့ခံယူချက်၊ သူတို့ယုံကြည်ချက်တွေ အကြောင်းကို ပြောဆိုထားတာပါ။

သည် မူရင်း ရုပ်သံသတင်းရဲ့ အသံတွေကို Myanmar Top News က ဖျောက်ဖျက်ပစ်ပြီး AA စစ်သမီးတွေက Myanmar Top News ကို ပြောသယောင်ယောင် လုပ်ကြံဖန်တီးထားတာပါ။

” သတင်းအမှားတွေ မလုပ်ကြဖို့ ကျမ မေတ္တာရပ်ခံပါတယ် ” လို့ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

Myanmar Top News YouTube မှာဖော်ပြထားတဲ့ သတင်းများမှာ ပုံဖျက်ထားတဲ့ သတင်းအချက်အလက်များ၊ မရေရာသော အချက်အလက်များ၊ လူထုထင်ယောင်ထင်မှား ဖြစ်စေနိုင်သော တင်ပြမှုများ ၊သတင်းရင်းမြစ် ကာယကံရှင်တွေနဲ့ ဆက်သွယ် မေးမြန်းမှု မရှိဘဲ ဆက်သွယ်မေးမြန်းထားသယောင် လိမ်လည် ဖော်ပြမှုတွေ ကို တွေ့ရှိရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

” သတင်းဆိုတာ လူတွေကို အသိဉာဏ်အမှန် ပေးဖို့ လူထုကို ဝန်ဆောင်မှုပေးဖို့ပါ။ သတင်းအတု၊သတင်းအမှား တွေကတော့ လူတွေအတွက် အဆိပ်အတောက်တွေပဲ ” လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ က ပြောပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,