အောက်လုံးထိုးတဲ့ ကိစ္စကို ပြည်သူလူထုကြီးက သိပြီးသား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမယ့်ရက်နီးကပ်လာတဲ့အမျှ လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုတွေ ကို သတင်းအတု၊ သတင်းအမှား တွေနဲ့ အပြင် အခြားနည်းလမ်း တွေနဲ့ ပုံသဏ္ဍန် အမျိုးမျိူး လုပ်ဆောင်နေတာတွေ့ရပါတယ်။

ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကျင်းပတဲ့နေ့နဲ့ ရွေးကောက်ပွဲကျင်းပပြီးတဲ့ နောက်ပိုင်းတွေကို အေးအေးချမ်းချမ်းဖြတ်သန်းနိုင်ဖို့အတွက် ဥပဒေကြောင်းအရ မည်သို့ဆောင်ရွက်ထားသင့် တယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ငြမ်းမီဒီယာက ဥပဒေပညာရှင်တွေကို ဆက်သွယ်မေးမြန်ထားပါတယ်။

သတိထားရမှာက ရွေးကောက်ပွဲကို ပျက်စေချင်တဲ့ပုံ ကြံမယ့်အနေအထားမျိုးရှိတယ်။အဲဒါ ပြီးရင် လှုံ့ဆော်မှုတွေ လာနိုင်တယ်။ဒါပေမယ့် ဗမာပြည်သူလူထု က ရိုးနေပါပြီ။ သူတို့ဒါတွေ …

 

ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေနေ)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဆရာတော်ဦးဝီရသူ လာအဖမ်းခံတယ်။ အဲဒီနေ့မှာလည်း ကြေညာချက်တွေ ထုတ်တယ်။ နောက်ရက်ကြတော့ မန္တလေးမှာ ဘာသာရေး၊ လူမျိုးရေးလှုံ့ဆော်တဲ့စာရွက်တွေဖြန့်တယ်။ မဲရုံးတွေမှာလည်း မဲမသမာမှုတွေမြင်နေရတယ်။ အဲ့ဒါကလည်း ဘာကိုပြလည်းဆိုရင် လက်ရှိရွေးကောက်ပွဲဟာ တချို့အင်အားစုတွေက တချို့မျှော်လင့်ချက် မရှိတော့ဘူးဆိုတာ လုံးလုံးသဘောပေါက်သွားတဲ့ အနေအထား ရှိတာကိုပြတာ။

ရွေးကောက်ပွဲနေ့မှာလည်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုကလည်း မအဘူး။ လူထုက အချဉ်မဟုတ်ဘူး။လန်းဆန်းတက်ကြွနေတာ၊ ကြိုတင်မဲတွေလည်းပေးလိုက်ကြတာ၊ ရွေးကောက်ပွဲနေ့မှာလည်း အသိနဲ့ပေးကြမှာပဲ။

သတိထားရမှာက ရွေးကောက်ပွဲကို ပျက်စေချင်တဲ့ပုံ ကြံမယ့်အနေအထားမျိုးရှိတယ်။အဲဒါ ပြီးရင် လှုံ့ဆော်မှုတွေ လာနိုင်တယ်။ဒါပေမယ့် ဗမာပြည်သူလူထု က ရိုးနေပါပြီ။ သူတို့ဒါတွေလုပ်လာတာ ၁၉၅၈ ခုနှစ်ကတည်းက စလုပ်လာတာ။ အဲဒီတုန်းကဆိုရင် ကျနော်တို့ ငါးနှစ်သားရှိသေးတယ်။ အစဉ်အဆက်လက်ဆင့်ကမ်း လုပ်လာတာ။ လက်တွေ့မှာလည်း ဖြစ်လာတာ မြင်တွေ့တွေရှိနေတာပဲ။ ဓမ္မ က အဓမ္မကို ဘယ်တော့မှ မရှုံးပါဘူး။ ယုတ်လို့တော့ မရဘူး။ ကျနော်တို့ သတိတော့ ထားရမှာ။

အခြေခံဥပဒေကြီးအောက်မှာ စစ်ဖိနပ်ကို ဟိုဘက်ကနမ်းလိုက်၊ ဒီဘက်ကနမ်းလိုက်၊ ဘယ်ဘက်ကနမ်းလိုက်၊ ညာဘက်ကနမ်းလိုက်ဖြစ်နေတဲ့ သဘောဗျာ။ အဲဒီအခြေအနေကြီး က …

ဦးခင်မောင်ဇော်(တရားလွှတ်တော်ရှေ့နေ)

ရွေးကောက်ပွဲအနေနဲ့ကတော့ ဒါ ဒီမိုကရေစီရဲ့အနေအထားမှာ ရွေးကောက်ပွဲဆိုတာရှိမှာပေါ့။ ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန်နဲ့ တရားမျှတစွာယှဉ်ပြိုင်ဖို့လည်းလိုတာပေါ့။ အဲဒီလိုမှန်မှန်ကန်ကန်နဲ့ တရားမျှတစွာယှဉ်ပြိုင်နိုင် ဖို့အတွက် ပြဌာန်းထားတဲ့ ဥပဒေတွေက ၂၀၀၈ ဥပဒေနဲ့ မညီဘူးဘဲဖြစ်တယ်ဆိုသော်လည်း သူ့မှာ သတ်သတ် မှတ်မှတ်စည်းကမ်းတွေရှိတယ်။ အဲဒီစည်းကမ်းတွေအတိုင်းသွားရင် ဘာမှဖြစ်စရာမလိုပါဘူး။

အဲဒီစည်းကမ်းတွေအတိုင်း ထိန်းချုပ်မယ့်သူကလည်း ထိန်းချုပ်မယ်ဆိုရင်၊ ထိန်းချုပ်တာကိုခံပြီး နာခံတဲ့သူကနာခံမယ်ဆိုရင် ဘာပြဿနာ မှမရှိဘူး။ အခုက ဘာပြဿနာလဲဆိုရင် အောက်လုံးထိုးနေတဲ့ကိစ္စတွေရှိတာပေါ့ဗျာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တစ်ချို့ပါတီ တွေက အဲဒါကြောင့် ပြဿနာတွေတက်နေတာ။ အောက်လုံးထိုးတဲ့ကိစ္စကို ပြည်သူလူထုကြီးက ဘယ်သူတွေဘာ လုပ်နေတယ်ဆိုတာသိပြီးသား။ အစိုးရအနေနဲ့ရော၊ အုပ်ချုပ်ရေးအနေနဲ့ရော အာဏာပိုင်အဖွဲ့အစည်းတွေအနေ နဲ့ရော ခပ်ရဲရဲနဲ့ ဘာသာရေးလှုံ့ဆော်တာတွေ၊ အမုန်းတရားတွေ၊ နောက်တစ်ခါ ခု ဦးဝီရသူတို့ထွက်လာပြီး ခု တစ်စုံတရာနှောင့်ယှက်ဖို့ကြိုးစားနေတာ အဲဒါတွေကို ပြတ်ပြတ်သားသားကိုင်တွယ်ရင် ပြောစရာမရှိဘူး။

အဲဒီလို ပြတ်ပြတ်သားသား ကိုင်တွယ်တဲ့နေရာမှာ အဟန့်အတားနဲ့လုပ်နေကြတဲ့၊ အထူးသဖြင့် ကျနော်ပွင့်ပွင့်လင်း လင်းပြောရရင် ကာကွယ်ရေး ဦးစီးချုပ်ရဲ့စာမျိုးက ရွေးကောက်ပွဲကော်မရှင်ကို တစ်စုံတရာ ခြိမ်းခြောက်တဲ့ကိစ္စ ကြီးတွေပေါ်နေတယ်။ အဲဒါမျိုးတွေက မကောင်းဘူးပေါ့ဗျာ။ ဒါ ကျနော် မူအနေနဲ့ပြောတာ။

ကျနော်ခင်မောင်ဇော် ရဲ့ သဘောထားတစ်ခုကိုပြောရရင် ၂၀၂၀ ရွေးကောက်ပွဲကလည်း ၂၀၂၅ အထိ၊ ဘာမှ ထူးခြားတဲ့ကိစ္စပေါ်မယ်လို့ ကျနော်မထင်ဘူး။ သယ်ဆောင်ပေးနိုင်တယ်လို့ပဲမြင်တယ်။ ဆိုးဆိုးရွားရွားအခြေအနေနဲ့ သင့်တယ် ထင်တဲ့အနေနဲ့ ဒီမိုကရေစီဆန်တယ်ထင်တဲ့၊ ရိုးဖြောင့်မယ်ထင်တဲ့လူတွေ၊ ပါတီတွေကို မဲပေးဖို့ စိတ်ကူးတာဗျာ။ သာမန်အားဖြင့် အခြေခံဥပဒေကြီးအောက်မှာ စစ်ဖိနပ်ကို ဟိုဘက်ကနမ်းလိုက်၊ ဒီဘက်ကနမ်းလိုက်၊ ဘယ်ဘက်ကနမ်းလိုက်၊ ညာဘက်ကနမ်းလိုက်ဖြစ်နေတဲ့ သဘောဗျာ။ အဲဒီအခြေအနေကြီး က မဟုတ်ဘူးလေ။

(၈) ရက်နေ့မှာ လှုံ့ဆော်တာတို့၊ ဘာသာရေးလှုံ့ဆော်တာတို့က (၈) ရက်နေ့ မတိုင်မီနှောင့်ယှက်နိုင်တဲ့ အန္တရာယ်လို့ ခေါ်တာပေါ့။ (၈) ရက်နေ့မှာ ကိုဗစ်အကြောင်းပြပြီး ကျန်းမာရေးအယောင် ဆောင်ပြီး နှောင့်ယှက်မယ်။ …

ဦးတင်သန်းဦး(စီးပွားရေးနှင့်ဥပဒေလမ်းညွှန်)

ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲကိုနှောင့်ယှက်မယ်၊ ဖျက်ဆီးမယ်၊ မဖြစ်ဖြစ်အောင် လုပ်နိုင်တဲ့နည်းနဲ့ ကြို လုပ်မယ်ဆိုပြီး သတင်းတွေက ထွက်ပြီးသားပေါ့။ အဲဒါ နံပါတ်(၁) ပေါ့။ နံပါတ် (၂) ပြောချင်တာက ရွေးကောက် ပွဲအကြိုကာလမှာလည်း ဖျက်ဆီးခဲ့သလို မဲဆွယ်စည်းရုံးရေးကာလမှာလည်း ဒုစရိုက်မှုခင်းဆန်ဆန် ရိုက်နှက်မှု တွေအထိ ဖြစ်ပွားခဲ့တာတွေလည်းတွေ့ရတယ်။

ခုအဲဒီအချိန်လေးမှာပဲ စိုးရိမ်စရာကောင်းတာ က ကျန်တဲ့ (၈) ရက်နေ့ရွေးကောက်ပွဲမှာ ဘယ်လိုဖြစ်မလဲဆိုတာက လူတွေ အားလုံး စိုးရိမ်နေကြတယ်။ အကောင်းဆုံးက ကျန်ရှိနေတဲ့ရက်တွေမှာ သမ္မတ၊ နိုင်ငံတော်၊ ပြည်ထောင်စုအဆင့်ကနေ ဒေသန္တရ အသီးသီး၊ မဲဆန္ဒနယ်အသီးသီးကို ခုနပြောသလို ကြေညာချက်တစ်ခု ထုတ်ပြန်သင့်တယ်လို့ မြင်တယ်။ တရားဥပဒေအရ ကြေညာချက် ထုတ်ရမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဲဒီကြေညာချက်က ပြည်သူတွေအားလုံးကို အသိပညာပေးတာပေါ့။ မည်သူတစ်ဦးတစ်ယောက် ကမျှ ရွေးကောက်ပွဲဥပဒေမှာ ပြဌာန်းထားတဲ့ ဘာသာရေးလှုံ့ဆော်မှုနဲ့ နိုင်ငံရေးစည်းရုံးမှုတွေ မပြုလုပ်ရဘူး ဆိုတဲ့ ဥပဒေကိုထုတ်ပြန်ထားတယ်။ ရာဇသတ်ကြီးဥပဒေမှာလည်း ပုဒ်မ ၂၉၅ ပေါ့နော်။ ဘာသာ၊ သာသနာ ဆိုင်ရာ ဥပဒေပြဌာန်းထားတယ်။ ဒါကြောင့် ဥပဒေပုဒ်မနဲ့ဆန့်ကျင်ပြီး၊ ပြုမူပြောဆိုပြီး လှုံ့ဆော်သူတွေကို အားမပေးဖို့ရယ်၊ သက်ဆိုင်ရာကို သတင်းပေးပြီး ဖမ်းဆီးခိုင်းဖို့ရယ်၊ ကိုယ်ကိုယ်တိုင်လည်း မလုပ်ဖို့ရယ်ကို အသိပညာပေး သင့်တယ်လို့မြင်ပါတယ်။

အမိန့်ညွှန်ကြားချက်တွေ ထုတ်သင့်တယ်လို့မြင်ပါတယ်။ ဒါဆို ဒေသန္တရ အဆင့်ဆင့် ကို အမိန့်တွေထုတ်ပြန်လိုက်ရင်၊ ပြည်ထောင်စုအဆင့်ကထုတ်ပြန်လိုက်ရင် ပြည်နယ်နှင့်တိုင်းအားလုံးက လိုက်ထုတ်မယ်။ ကိုဗစ်လိုပေါ့။ လိုက်အော်လိုက်တယ်။ လိုက်အော်လိုက်ရင် (၈) ရက်နေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ ထိန်း သိမ်းသွားနိုင်မယ်။ ဒါကတစ်ချက်။

(၈) ရက်နေ့မှာ လှုံ့ဆော်တာတို့၊ ဘာသာရေးလှုံ့ဆော်တာတို့က (၈) ရက်နေ့ မတိုင်မီနှောင့်ယှက်နိုင်တဲ့ အန္တရာယ်လို့ ခေါ်တာပေါ့။ (၈) ရက်နေ့မှာ ကိုဗစ်အကြောင်းပြပြီး ကျန်းမာရေးအယောင် ဆောင်ပြီး နှောင့်ယှက်မယ်။ ကြိုတင်သတင်းရရှိမှုတို့ မဲရုံဧရိယာအတွင်းမှာ မစည်းရုံး နိုင်ဖို့နဲ့၊ မဲရုံအတွင်းမှာ မဲလိမ်မှုတွေ မဖြစ်ပွားဖို့ ၊ မဲရုံကနေ မဲကို သယ်သွားတဲ့နေရာမှာ အနှောင့်အယှက်တွေ မဖြစ်ပွားဖို့နဲ့ စတဲ့ အစီအမံတွေ လုပ်ထားဖို့လိုတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,