အေးအေးချမ်းချမ်းနဲ့အားလုံးကိုနေစေချင်ပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KM/နယ်စည်းမခြား(သီပေါ)ပရဟိတဥက္ကဌ ဦးကိုမျိုး

ကွတ်ခိုင်အဝင်နားမှာ တော့သေနတ်သံ လေး ငါး ဆယ်ချက် လောက်တော့ ကြားလိုက်တယ်။ အခုတော့ ဘာမှ မကြားဘူး။ အားလုံး ငြိမ်သက် သွားတယ် ဆိုတာ သူတို့ အနေအထားကိုတော့ ကျွန်တော်တို့ ဘာမှမသိရဘူးလေ။အခု …

မြန်မာစစ်တပ်နှင့်ညီနောင်မဟာမိတ်သုံးဖွဲတို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ တစ်ရက်ပြီးတစ်ရက် ပြင်းထန်လာနေပြီး တိုက်ပွဲနေရာမှာလည်းပိုမိုကျယ်ပြန့်လျက် ရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က သြဂုတ်လ(၂၅)ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။ သြဂုတ်လ(၂၆)ရက် နံနက်ပိုင်း၊ကွတ်ခိုင်မြိုက အဝင်နားတွင်သေနတ်သံ အချို့ကြားရသည်ဟုစစ်ဘေးဒုက္ခသည် ပြည်သူများကို ကူညီဆောင်ရွက် ပေးနေသည့် နယ်စည်းမခြား ပရဟိတ(သီပေါ) ဥက္ကဌ ဦးကိုမျိုးက ငြမ်းမီဒီယာသို့ ပြောသည်။ ရှမ်းမြောက် တိုက်ပွဲများ ကြားတွင် စစ်ဘေး ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ပရဟိတလူမှု ကူညီရေးအသင်းတွေ ဘာတွေ တွေ့ကြုံနေရသလဲ။ ဘယ်လို အခက်အခဲတွေရှိသလဲနယ်စည်းမခြား ပရဟိတ(သီပေါ) ဥက္ကဌ ဦးကိုမျိုး ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်ထားပါသည်။

ငြမ်းမီဒီယာ  -အခုတိုက်ပွဲဖြစ်နေတဲ့အချိန်မှာကူညီကယ်ဆယ်ရေးလုပ်နေကြတယ်လို့သိရပါတယ်။ဘယ်လို အတားအဆီးမျိုး တွေကို ကြုံတွေ့ရလဲခင်ဗျ။

UKM -ဘယ်လိုအခက်အခဲလဲဆိုတော့ အခုပိတ်မိနေတဲ့ ထွက်လို့မရတဲ့ ရွာတွေရှိတယ်။ အဲဒီလိုရွာတွေကို သွားရောက်ကူညီရတဲ့ အနေအထားရှိတယ်။ အဲဒီလိုအနေအထားမှာကျွန်တော်တို့ဥဒဟို သွားလို့အဆင်မပြေဘူး။ အဲဒီအခက်အခဲတွေ ရှိတယ်။ အခြေအနေအချိန်အခါကြည့်ပြီး သွားလာလှူဒါန်းနေရတယ်။ အဲဒီအခက်အခဲတွေတော့ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ  – အခုရှမ်းမြောက်တိုက်ပွဲမှာစစ်ဘေးဒုက္ခသည်ဘယ်လောက်ရှိလဲခင်ဗျ။

UKM –အခုကွတ်ခိုင်မြို့ပေါ်မှာတင်ထောင်ကျော်ရှိတယ်။ အစွန်အဖျားတွေမှာလည်းရှိတယ်။ အဲဒီအရေအတွက်ကလည်း ဟိုတစ်စု၊ ဒီတစ်စုပေါ့။နီးစပ်ရာမှာဟိုတစ်စုငါးဆယ်။ဒီတစ်စုသုံးဆယ်၊တစ်ရာ။အဲလိုအစုလေးတွေလည်းရှိတယ်။

အားလုံးငြိမ်းငြိမ်း ချမ်းချမ်းနဲ့ကိုယ်ရဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အားလုံးကိုယ့်စီးပွားကိုယ်လုပ်၊ ကိုယ့်တောင်ယာ ကိုယ်လုပ် ပြီးတော့ အေးအေးချမ်းချမ်းနဲ့ အားလုံးကို နေစေချင် ပါတယ်။ လက်ရှိဖြစ်နေတဲ့ …

ငြမ်းမီဒီယာ –  အဲဒီလူတွေကို သေသေချာချာ အကူအညီ သွားမပေးနိုင်ဘူးဆိုရင် သူတို့အနေနဲ့ ဘယ်လိုအခြေအနေ ဖြစ်သွားနိုင်လဲ။

UKM -အခုလောလောဆယ်မှာ မနေ့ကတော့ မာန်စွယ်ရွာထိသွားရောက်ပြီး အကူအညီပေးနိုင်ခဲ့တယ်။ဒါပေမယ့် လုံလုံ လောက်လောက် အကူအညီ မပေးနိုင်ခဲ့ဘူး။မာန်စွယ်ရွာပတ်ချာလည်မှာဆို ကျေးရွာပေါင်း လေးရွာစုစည်းပြီးနေကြတာ။ လူဦးရေထောင်ကျော်ရှိတယ်။သူတို့ကိုအပြည့်အဝမထောက်ပံံ့ပေးနိုင်ခဲ့ဘူး။

ငြမ်းမီဒီယာ  – သိပ်မကြာသေးခင်က ပရဟိတ လုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦး ကျည်မှန် သေဆုံး ခဲ့တာရှိတယ်။ အခုလို စစ်ဘေးအတွင်းဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လာကူညီတဲ့ စေတနာ့ဝန်ထမ်းတွေ၊ လူနာတင်ယာဉ်တွေကို လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ က ဘယ်လိုပြုမူဆောင်ရွက်တာမျိုးတွေရှိလဲ။

UKM -လက်ရှိကူညီနေတဲ့အတိုင်းအတာမှာတော့ဘာမှမရှိပါဘူး။အားလုံးအဆင်ပြေချောမွေ့ပါတယ်။ အကုန်လုံးကလည်း ကျွန်တော် တို့ အပေါ်နားလည်ပြီးတော့ကျွန်တော်တို့တွေသွားတဲ့အပေါ်မှာ သူတို့တွေနားလည်ပေးကြတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။အခုသွားတဲ့နေရာမှာဘာအန္တရာယ်မှတော့မရှိပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ  -အခုတိုက်ပွဲတွေအခြေအနေကရောဘယ်လိုရှိသလဲဗျ။ဘာတွေမြင်ရကြားရသလဲ။

UKM – အခုလောလောဆယ်တော့သိပ်ဘာမှမဖြစ်သေးဘူး။မနက်ကတော့ ကွတ်ခိုင်အဝင်နားမှာ တော့သေနတ်သံ လေး ငါး ဆယ်ချက် လောက်တော့ ကြားလိုက်တယ်။ အခုတော့ ဘာမှ မကြားဘူး။ အားလုံး ငြိမ်သက် သွားတယ် ဆိုတာ သူတို့ အနေအထားကိုတော့ ကျွန်တော်တို့ ဘာမှမသိရဘူးလေ။အခုထိတော့သေနတ်သံ တွေ ဘာတွေတော့မကြားဘူးပေါ့နော်။

ငြမ်းမီဒီယာ  -အခုဖြစ်နေတဲ့ တိုက်ပွဲ အခြေအနေတွေနဲ့ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာချက် ထုတ်ထားတာ တွေ့ရပါတယ်။ အဲဒီကြေညာချက် အပေါ်ရော ဘာများပြောချင်လဲခင်ဗျ။

UKM – ကျွန်တော်တို့အနေနဲ့ကတော့ အဓိက က ပရဟိတ ညီအစ်ကိုမောင်နှမတွေ တကယ်ကိုလည်း ရိုးရိုးသားသားနဲ့ ဒီတိုက်ပွဲတွေ ကြားမှာ ပိတ်မိနေတဲ့ပြည်သူလူထုတွေကိုတကယ့်ကို စစ်စစ်မှန်မှန် သွားရောက်ကူညီ ပြီးတော့ လုပ်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ အပေါ်နားလည်ပေးစေချင်ပါတယ်။

ငြမ်းမီဒီယာ  – အခုဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံသားတစ်ယောက် အနေနဲ့ ပရဟိတ သမားတစ်ယောက် အနေနဲ့ ဘာများပြောချင်ပါသလဲခင်ဗျ။

UKM – ကျွန်တော်တို့အနေနဲ့၊ပရဟိတသမားတစ်ယောက်အနေနဲ့အားလုံးငြိမ်းငြိမ်း ချမ်းချမ်းနဲ့ကိုယ်ရဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အားလုံးကိုယ့်စီးပွားကိုယ်လုပ်၊ ကိုယ့်တောင်ယာကိုယ်လုပ်ပြီးတော့ အေးအေးချမ်းချမ်းနဲ့ အားလုံးကို နေစေချင် ပါတယ်။ လက်ရှိဖြစ်နေတဲ့ အရာတွေလည်း အားလုံးကိုလည်း ငြိမ်းချမ်းစေချင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ

 

 

 

 

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,