ဦးကိုနီ ၊NLD နှင့် ဒေါ်အောင်ဆန်းစုကြည် အမည် သုံးပြီး သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နေလ / သတင်းအမှားတွင် ဖော်ပြထားသည့် ဓာတ်ပုံ

သတင်းမှား တစ်ပုဒ်အကြောင်း စာဖတ်ပရိတ်သတ်များကို ပြောပြလိုပါတယ်။

“ ဦးကိုနီ ကို ကျေးဇူးဆပ်သည့်အနေဖြင့် မွတ်ဆလင် ကိုယ်စားလှယ် လောင်းတွေ ဝင်ရောက် အရွေးခြယ်ခံစေခဲ့သည့် အတွက် ကန့်ကွက်မှုတွေ မလုပ်ကြဘို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ်ကို နေလ New media Facebook Page မှ ဇူလိုင်လ (၁၇)ရက်နေ့ က ရေးသား ဖြန့်ချိခဲ့ ပါတယ်။

 

သည် သတင်း ရေးသားသူနာမည်ကိုတော့ နေရီရီ Rgn လို့ ဖော်ပြ ထားတာတွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည် သတင်းကို မျှဝေသူ နှစ်ထောင်နီးပါး ရှိပြီး မှတ်ချက် ပေးသူ တစ်ထောင်ကျော်ခန့် ရှိတာ တွေ့ရပါတယ်။

သတင်းတု၊ သတင်းအမှားတွေဟာ အန္တရာယ်အရမ်းများပြီး အရမ်းလည်း ထိခိုက်နိုင်တဲ့ အတွက် ဒီအခြေအနေတွေကို မဖြစ်စေချင်ဘူး …

အထက်ဖော်ပြပါ ခေါင်းစဉ်နဲ့ သတင်းအချက်အလက်တွေကို ငြမ်းမီဒီယာ က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဆက်သွယ် မေးမြန်းပြီး သတင်း အမှား၊အမှန် စစ်ဆေးခဲ့ရာ ဖော်ပြပါ သတင်းသည် သတင်းအမှား သာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ငြမ်းမီဒီယာ ကို အတည်ပြု ပြောကြားပါတယ်။

“ မဟုတ်ပါဘူး။မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူးဆရာရေ။ အဲ့ဒါတွေက မဟုတ်ပါဘူး။ တမင်ကိုလုပ်နေတာ။ ကျွန်တော်တို့ကို ဘာသာရေးနဲ့ ပတ်သက်ပြီးထင်ယောင်ထင်မှား ဖြစ်အောင်လုပ်နေတာပါ။ မဟုတ်ပါဘူး။အဲ့ဒါ ကျနော်အတိအလင်းပြောပါတယ်။ မဟုတ်ပါ ဘူးလို့။ ဒါတွေက သတင်းတုတွေ၊ သတင်းမှားတွေ လုပ်ကြံ သတင်းတွေလို့ ပြောချင်ပါတယ်” လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ငြမ်းမီဒီယာ ကို ပြောပါတယ်။

ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်စာမျက်နှာ မှာ သတင်းတု၊ သတင်း အမှားတွေ ပုံမှန် တွေ့ရလေ့ ရှိပေမယ့် ၂၀၂၀ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရည်ရွယ်ချက်မျိုးစုံနဲ့ ဖြန့်ချိလာတဲ့ သတင်းတု ၊သတင်းအမှားတွေ ကို ခပ်စိတ်စိတ်တွေ့လာရပါတယ်။

သတင်းတု၊ သတင်းအမှားတွေဟာ အန္တရာယ်အရမ်းများပြီး အရမ်းလည်း ထိခိုက်နိုင်တဲ့ အတွက် ဒီအခြေအနေတွေကို မဖြစ်စေချင်ဘူးလို့ ကရင်အမျိုးသားပါတီ (Karen National Party) အထွေထွေအတွင်းရေးမှူး (ဦး) မန်းကျော်ငြိမ်းက ငြမ်းမီဒီယာ ကိုပြောပါတယ်။

နိုင်ငံရေးမတည်မငြိမ်မှုဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ငွေပုံအောပေးပြီး သတင်းအမှား ဖြန့်နေသူတွေ နေပြည်တော် အသိုင်းအဝိုင်း မှာရှိနေတယ်လို့လည်း နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇူလိုင်လ ၁၇ ရက်နေ့က ပြုလုပ်တဲ့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဘာသာရေးနဲ့ပက်သက်လို့ ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်အောင်ဘယ်တော့မှ မလုပ်ပါဘူး ဆိုတာ ကျွန်တော် အရင်ဆုံးပြောချင်တယ်။ နောက်တစ်ချက်က …

“ ကျနော်တို့ နိုင်ငံရေးပါတီတွေအကြားမှာ Code of Conduct လုပ်ထားတယ်။ လက်မှတ်ရေးထိုး ထားတယ်။အဲ့ဒါတွေက ဒီလိုဟာ မျိုးတွေ မလုပ်ဖြစ်အောင်တစ်ယောက်နဲ့ တစ်ယောက် စောင့်ထိန်း ပါမယ်ဆိုပြီး အဲ့လိုလုပ်ထားတာ။ ပါတီအချင်းချင်းမှာ ထိန်းတယ် ဆိုပေမယ့် ပါတီထဲက မဟုတ်တဲ့သူတွေလုပ်တာကြတော့ ဘယ်လို သွားထိန်းလို့ရမလဲ” လို့ ကရင်အမျိုးသားပါတီ (Karen National Party) အထွေထွေအတွင်းရေးမှူး (ဦး) မန်းကျော်ငြိမ်းက ပြောပါတယ်။

သတင်းအမှားတွေကို စနစ်တကျကွန်ရက်ဖွဲ့ပြီး ဖြန့်ချိနေတာတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သမ္မတရုံး က သတိပေးထားပါတယ်။

“ ပထမဆုံးပြောချင်တာက ဘာသာရေးနဲ့ပက်သက်လို့ ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်အောင်ဘယ်တော့မှ မလုပ်ပါဘူး ဆိုတာ ကျွန်တော်အရင်ဆုံးပြောချင်တယ်။ နောက်တစ်ချက်က ကျနော် တို့ဟာ ဒီမိုကရေစီစနစ်ကို စနစ်တကျဆွဲကိုင် ထားတဲ့ ပါတီ ဖြစ်တာကြောင့် ပွင့်ပွင့်လင်းလင်း လုပ်စရာရှိ လုပ်မယ်။ အသိပေးစရာရှင်လည်း ပွင့်ပွင့်လင်းလင်းအသိပေးမယ်။တာဝန်ယူ တာဝန်ခံစိတ်နဲ့လုပ်ပါမယ်ဆိုတာ ပြောပြပေးပါခင်ဗျာ” လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ငြမ်းမီဒီယာ ကို ပြောပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,