ဦးဌေးအောင်အခြေအနေ မကောင်း အစာအဆိပ်မိ ဆိုတဲ့ သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဒေါ်စု ဘာလဲ၊ဘယ်လဲ ခေါင်းစဉ်နဲ့ ဦးဌေးအောင် အခြေအနေ မကောင်း အစာအဆိပ်မိ ဆိုတဲ့ သတင်းတစ်ခုကို Ko Ko Ko Ko အမည်ရှိ ဖေ့စ်ဘွတ်အကောင့်ကနေ နိုဝင်ဘာလ(၁၆) ရက်နေ့ က ဖြန့်ချိခဲ့ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည် အကြောင်းအရာကို ထပ်ဆင့်ဖြန့်ချိသူ၊မှတ်ချက်ပေးသူ၊React ပြုသူတွေ ရှိတာလည်း တွေ့ရပါတယ်။

သည် အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အမှား၊အမှန် အချက်အလက် စစ်ဆေးခဲ့ရာမှာ သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ရေးသားဖော်ပြနေတဲ့ သတင်းဌာနတွေမှာ သည် လို သတင်းကို ဖော်ပြထားတာ မရှိပါဘူး။ ဒါ့အပြင် ဦးဌေးအောင် ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရန်ကုန်၊ အင်းစိန် အကျဉ်ထောင်ရဲ့ ထောင်ပိုင် က လည်း သည်သတင်းဟာ သတင်းအမှား သာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

” သတင်းအမှားပါ ခင်ဗျာ။ ဦးဌေးအောင် ကျန်းမာစွာ ရှိနေပါတယ်။အစာအဆိပ် သင့်တာလဲ မရှိပါဘူး။ဘာမှမဖြစ်ပါဘူး။ ရုံးထုတ်တာ မတွေ့ဘူးဆိုတာက ကိုဗစ်ကြောင့် Video Conferencing စနစ်နဲ့ပဲ ခုကဆောင်ရွက်နေပါတယ်” လို့ အင်းစိန်ထောင်ပိုင်ဖြစ်တဲ့ ဦးဇော်ဇော်က ပြောပါတယ်။

 

SS / Myanmar Now မှာ ဖော်ပြထားတဲ့ ဦးဌေးအောင် အား ဖမ်းဆီးပြီး အင်းစိန်ထောင်ပို့ သတင်း

ဦးဌေးအောင် ကို နိုင်ငံတော်အကြည်ညို ပျက်စေမှုနဲ့ ဖမ်းဆီး အရေးယူထားတာ ဖြစ်ပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည် အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Ko Ko Ko Ko အမည်ရ ဖေ့စ်ဘွတ်အကောင့် က နေဖြန့်ချိထားတဲ့ သည် သတင်းဟာ သတင်းအမှား သာ ဖြစ်ကြောင်း သိနိုင်ပါတယ်။

ဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,