ဦးလှသိန်းသည် Fair မဖြစ်၊ ဦးတင်အေး ဘက်လိုက်ခဲ့လျင် NLD အစိုးရဖြစ်လာစရာအကြောင်းမရှိ ဟုဆို

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

USDP / ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်း၏ ဆောင်ရွက်ချက်များသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဟောင်း ဦးတင်အေး ကာလဖြင့် ယှဉ်လိုက်ပါက Fair မဖြစ်ဟု ပြည်ခိုင်ဖြိုးပါတီ၏ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့် က USDP ဖေ့စ်ဘွတ်စာမျက်နှာတွင် လွှင့်တင်ထားသည့် ရုပ်သံတွင် ပြောကြားထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း သက်တမ်းကာလအတွင်း ရွေးကောက်ပွဲအငြင်းပွားမှုများ စဉ်းစား ဆုံးဖြတ်သည့် ကိစ္စများ၊ထုတ်ပြန်သည့်စာများသည် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဟောင်း ဦးတင်အေး ကာလဖြင့် ယှဉ်လိုက် လျင် Fair မဖြစ်သည်ကို မြင်နေ၊တွေ့နေရကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

တစ်ချိန်တုန်းက NLD ပါတီရဲ့ ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနဲ့စာသားတွေ တောက်လျောက် NLD ရုံးမှာ ကပ်ခဲ့ တုန်းက ဒီကော်မရှင်က ဘာတစ်ခုမှ မပြောဘဲ …

နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ကိုယ်တိုင်ပင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးကို မယုံကြည် ကြောင်း မီဒီယာများကို ဟိုယခင်က ပြောကြားခဲ့ဖူးသည် ဟု ဒေါက်တာနန္ဒာလှမြင့် ကပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

” ဦးတင်အေး က ဘာမှ မတုံ့ပြန်ခဲ့ဘူး။ သူ့အလုပ်သူလုပ်သွားတယ်။ တကယ်တမ်း ဦးတင်အေး ဘက်လိုက် ခဲ့မယ်ဆိုရင် ဒီနေ့ NLD အစိုးရ ဖြစ်လာစရာအကြောင်းမရှိဘူး “ ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မှတ်ပုံတင်ထားသည့် ပါတီတံဆိပ်၊ စာသားပါသည့်ဆိုင်းဘုတ် မှလွဲ၍ လူပုဂ္ဂိုလ်ရုပ်ပုံ၊စာသား၊အမှန်ခြစ် စသည့် အရာများပါသည့် ဆိုင်းဘုတ် များကို မချိတ်ဆွဲရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က နိုင်ငံရေးပါတီများအားလုံးသို့ ဧပြီလ အစောပိုင်းက ညွှန်ကြားချက်တစ်စောင်ထုတ်ပြန်ခဲ့သည် ဟု ဒေါက်တာ နန္ဒာလှမြင့်၏ ပြောကြားချက် အရ သိရသည်။

အဆိုပါညွှန်ကြားချက်ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးလှသိန်းအား ဒေါက်တာနန္ဒာလှမြင့် က အထက်ပါ အတိုင်း ဝေဖန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြီးခဲ့သည့် လပိုင်းများတွင် ၎င်းတို့၏ခေါင်းဆောင် ပါတီဥက္ကဌ ဦးသန်းဌေး ၏ ရုပ်ပုံနှင့် ပြည်သူကို ပေးချင်သည့် ကတိကဝတ်များပါသည့် ဆိုင်းဘုတ်များကို ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းရုံး၊ခရိုင်ရုံးများ၏ ရုံးနယ်နိမိတ်အတွင်း စိုက်ထူ ခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ ပြုလုပ်ခြင်းသည်လည်း နိုင်ငံရေးပါတီတစ်ခု၏ လုပ်ရမည့် အလုပ်ဟု ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

” တစ်ချိန်တုန်းက NLD ပါတီရဲ့ ခေါင်းဆောင်နဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနဲ့စာသားတွေ တောက်လျောက် NLD ရုံးမှာ ကပ်ခဲ့ တုန်းက ဒီကော်မရှင်က ဘာတစ်ခုမှ မပြောဘဲနဲ့ အခု ပြည်ခိုင်ဖြိုးပါတီ က လုပ်လာတဲ့အခါကျတော့မှ ဒီညွှန်ကြားချက်ကြီး ထွက်လာတာ။ ပြောတာတော့ နိုင်ငံရေးပါတီအားလုံးသို့ ပြောသော်လည်း ပြောချင်တာက ကျနော်တို့စာကိုဖတ်လိုက်တာနဲ့သိတယ်။ ပြည်ခိုင်ဖြိုးပါတီ ကို အဓိက ဦးတည်ပြီးလုပ်လာတာ ကျနော်တို့ တွေ့ရတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,