ဦးဝှေ့တင်းရဲ့အသက်အန္တရာယ်ကို စိုးရိမ်တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဦးဝှေ့တင်းကို ထိန်းသိမ်းထားတဲ့ နေရာမှာ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ ဆက်ဆံဖို့အရေးကြီးတယ်။အခု ထိန်းသိမ်းထားတာ ကိုးရက်ရှိပြီ ။သူတို့ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့ မလုပ်ဘူးဆိုရင် ဒါက နိုင်ငံတကာ ရာဇဝတ်မှုဖြစ်နိုင်တယ်။သူတို့ကို နိုင်ငံတကာက …

နိုဝင်ဘာ(၁၃)၊၂၀၁၉၊ရန်ကုန်

AA မှ တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ဖမ်းဆီးထားသည့် ချင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင် အားချက်ချင်းလွှတ်ပေးရန် ချင်းအဖွဲ့အစည်း (၄၃)ဖွဲ့က နိုဝင်ဘာလ(၁၁)ရက်နေ့က ထုတ်ပြန်ကြေညာ တောင်းဆိုခဲ့သည်။ ယင်းအပြင် ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ လူ့ဂုဏ်သိက္ခာပြည့်ဝစွာ ဆက်ဆံရန် အေအေအဖွဲ့အားသတိပေးထားသည်။ ယခုထုတ်ပြန်ချက်နှင့် ဆက်စပ်၍ ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization) ၏ ဒါရိုက်တာ (ဦး) ဆလိုင်းလျန် အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။

ငြမ်း – ဦးဂှေ့တင်း ကိစ္စနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း (၄၃)ဖွဲ့က ကြေညာချက်ထုတ်တာ တွေ့ရပါတယ်။အဲဒီမတိုင်ခင် အရပ်ဘက်အဖွဲ့အစည်းအချို့နဲ့ ဘာသာရေးအဖွဲ့အစည်းတချို့လည်း ကြေညာချက်ထုတ်တာတွေ့ရပါတယ်။အဲဒီတော့ ဘာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားလဲဗျ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SL – ကျနော်တို့ ချင်းလူ့အခွင့်အရေး အဖွဲ့အစည်းအနေနဲ့ သုံးကြိမ်ေမြောက်ပေါ့.ဒါပေမယ့် ဒီတတိယအကြိမ်မှာ တခြား ချင်းအရပ်ဘက်အဖွဲ့အစည်းတွေ၊အသင်းတော်တွေ ၊နိုင်ငံတကာမှာ ရှိတဲ့ချင်းအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ထုတ်တာဖြစ်တယ်။ ကြေညာချက်အကြောင်းရင်းက ဖော်ပြထားပြီးပေမယ့် ထပ်ပြောရမယ်ဆိုရင် ဦးဝှေ့တင်း အမြန်ဆုံးလွတ်မြောက်လာဖို့ ကျနော်တို့ တောင်းဆိုတာဖြစ်တယ်။

ငြမ်း – ကြေညာချက်ထုတ်ပြီးချိန်မှာ ဘာထူးခြားတာရှိလဲ။

SL – သူတို့ကျနော်တို့ကို တိုက်ရိုက်ဆက်သွယ်တာတော့ မရှိဘူး။ ဒါပေမယ့် ဒီနေ့သတင်းမှာ တွေ့ရတာတော့ အေအေ က ကျနော်တို့ တောင်းဆိုမှုကို ငြင်းတာ တွေ့ရတယ်။ သူတို့ရဲ့စွပ်စွဲချက်ကတော့ စစ်တပ်နဲ့ ဆက်နွယ်မှုရှိတယ် ဆိုတဲ့ တစ်ဖက်သတ်စွပ်စွဲချက်နဲ့ ဦးဝှေ့တင်ကို ထိန်းချုပ်မေးမြန်းမှုတွေ လုပ်နေတယ်ဆိုတာကို သတင်းတွေမှာတွေ့ရတယ်။

ငြမ်း – အေအေဘက်ကလည်း ဦးဝှေ့တင်း ဟာ မြန်မာစစ်တပ်နဲ့ ဆက်နွယ်ဆောင်ရွက်မှုတွေရှိတာ အထောက်အထား ရှိကြောင်းပြောထားတယ်။ အခုအရပ်ဘက်အဖွဲ့အစည်းတွေေ ကြညာချက်မှာတော့ အေအေက တစ်ဖက်သတ်စွပ်စွဲချက်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သုံးနှုန်းထားတာတွေ့ရပါတယ်။ အခုကြေညာချက်ထုတ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဦးဝှေ့တင်း ရဲ့ ဆောင်ရွက်ခဲ့မှုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘာတွေ ဘယ်လို သိထားလဲဗျ။

SL – ကျနော်တို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့အတိုင်းပေါ့ဗျာ။ ကျနော်တို့ ဘာဖြစ်လို့ ဒီဟာကို တစ်ဖက်သတ် စွပ်စွဲချက်လို့ ဖော်ပြထားတာလဲဆိုရင် အေအေ ကဖမ်းဆီးတဲ့ နိုဝင်ဘာ(၃)ရက်နေ့ မနက်မှာ ဘာအကြောင်းပြ ချက်မှ မဖော်ပြဘဲနဲ့ နောက်သံုံးလေး ရက်လောက် မှာ အေအေ က ဆက်ထိန်းသိမ်းချင်တဲ့ အခြေအနေမှာ ဒီဟာတွေတွေ့ရှိရတဲ့အကြောင်း ဖော်ပြတဲ့အတွက်ကြောင့် ဒီဟာကတော့ အရင်တုန်းက စစ်တပ်က ပုဒ်မတစ်ခုခု တပ်သလိုမျိုး သူတို့အကြောင်းမရှိအကြောင်းရှာပြီး ဖမ်းဆီးထားတာဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ တစ်ဖက်သတ်စွပ်စွဲချက်လို့ ပြောတာဖြစ် တယ်။ ကျနော်တို့ တောင်းဆိုချက်မှာ ဦးဝှေ့တင်းရဲ့ ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ ဆိုတာကို ကျနော်တို့ တောင်းဆို ထားတာရှိတယ်။အဲဒါကို အေအေက စာနဲ့ပဲ ဖော်ပြပြီးတော့ သူကျန်းမာပါတယ်၊အခြေအနေကောင်းပါတယ် ဆိုတာမျိုး မဟုတ်ဘဲနဲ့ သူကျန်းမာတယ် အသက်ရှင်နေပါတယ် ဆိုတာ ခိုင်လုံတဲ့အထောက်အထားနဲ့ ပြည်သူတွေ၊မိသားစုဝင်တွေ ကို ချပြဖို့ အရေးကြီးတယ်။ ပြီးတော့ အေအေက ဖော်ပြထားတဲ့အထဲမှာပါ တယ်။ ဦးဝှေ့တင်းက အမုန်းတရားတွေကို ခူမီးလူငယ်အဖွဲ့တွေကို သုံးပြီးတော့ ဆိုပြီး အေအေက စွပ်စွဲတာရှိတယ်။ တကယ်ဆိုရင် ခူမီးအဖွဲ့အစည်းဆိုတာ ပလက်ဝမှာ အေအေ မရှိခင်ကတည်းက ဖွဲ့စည်းထားပြီးသား။ ဦးဝှေ့တင်း ကိုယ်တိုင်က ခူမီးအဖွဲ့မှာ အရင်တုန်းက အထွေထွေအတွင်းရေးမှူး လုပ်ခဲ့တဲ့သူတစ်ယောက်။ အဲဒီတော့ အေအေ က Make up story သူတို့ဘာသာ လုပ်ပြီး ဦးဝှေ့တင်းကို ဆက်ပြီးထိန်းချုပ်နေမယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ သူ့ရဲ့ လူ့အခွင့်အရေး ကို ဆက်ပြီး မချိုးဖောက်အောင် တတ်နိုင်သလောက် တတ်နိုင်တဲ့နည်းလမ်းနဲ့ ဆက်လုပ်သွားမယ်လို့ စီစဉ်ထားတာရှိတယ်။

ငြမ်း – အေအေအဖွဲ့ရဲ့ စွပ်စွဲချက်တွေဟာ မခိုင်လုံဘူး၊ အေအေ က ဦးဝှေ့တင်းအခုလို ဖမ်းဆီးထားတာဟာ လူ့အခွင့်အရေးချိုးဖောက် တယ်လို့ ဆိုလိုချင်တာလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SL – လူတစ်ယောက်ကို အကြောင်းမဲ့ ဆယ်ရက်နီးပါး၊ဆယ့်တစ်ရက် နီးပါး ချုပ်ထားတယ်။ အပြစ်မဲ့ပြည်သူ တစ်ယောက်၊ ဦးဝှေ့တင်းဟာ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ဒီလိုထိန်းချုပ်ထားတာဟာ ။ကျနော်တို့ ဖော်ပြထားတဲ့ ကြေညာချက်မှာလည်း ဒါဟာ နိုင်ငံတကာ ရာဇဝတ်မှု၊စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ ဖော်ပြထား တာရှိတယ်။ ဒါဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာဖြစ်တယ်။ ကျနော်တို့အနေနဲ့ ဦးဂှေ့တင် အမြန်ဆုံးလွတ်မြောက်လာဖို့ တောင်းဆိုတာ ဖြစ်တယ်။

ငြမ်း – အခု ပြောဆိုနေမှုတချို့မှာဘာတွေ့ရသလဲဆိုတော့ ရခိုင်ဘက် က ဒေါက်တာအေးမောင်ကို အစိုးရက ဖမ်းဆီး အရေးယူထောင်ချတဲ့ကိစ္စနဲ့ ဦးဝှေ့တင်း ကိစ္စမှာဖမ်းဆီးစစ်ဆေးတာ မဆန်းဘူးဆိုတဲ့ ပုံစံမျိုး နှိုင်းယှဉ်ပြောကြတာတွေ ဆိုရှယ်မီဒီယာမှာ ပြောဆိုနေတာတွေ ရှိပါတယ်။ အဲဒါကိုရော ဘာများ မှတ်ချက်ပေးချင်လဲ။

SL – အဲဒါကတော့ သူတို့ရဲ့ တရားဝင်ကြေညာချက်တွေမှာ ကျနော်တို့ မတွေ့ရသေးဘူး။ ဆိုရှယ် မီဒီယာမှာတော့ တွေ့ရတယ်။ဒါပေမယ့် အဲဒါကတော့ ကျနော်တို့အနေနဲ့ မှတ်ချက်မပေးလိုပါဘူး။ ဒါပေမယ့် ပလက်ဝအခြေအနေကို ကြည့်မယ်ဆိုရင် ငြိမ်းချမ်းနေတဲ့ ကျနော်တို့ ချင်းပြည်ပလက်ဝကို ၂၀၁၅ မတ်လ ဝန်းကျင် အေအေ အခြေစိုက်လာတဲ့အချိန် စစ်ပွဲတွေဖြစ်လာတယ်။ ပထမ ပြင်စလူ ရွာမှာဖြစ်တယ်။ ဒီနေ့ ဒီအချိန်ထိဆို ဒုက္ခခံရတဲ့ သူတွေ ၊သေတဲ့သူတွေ အများကြီး ရှိလာပြီ။ ချင်းလူ့အခွင့်အရေး အဖွဲ့အစည်း အနေနဲ့ မှတ်တမ်းပြုစုထားတဲ့ အချက်အလက်အရ အခုလက်ရှိမှာ အနည်းဆုံး (၁၃)ယောက် ဘယ်သူက ဖမ်းဆီး ထားမှန်းမသိဘဲ ပျောက်နေတာ။ အဲလိုအခြေအနေမှာ ဦးဝှေ့တင်းရဲ့အသက်အန္တရာယ်ကို စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့အချိန်မှာ အိန္ဒိယနိုင်ငံသားသေတာ သိရတယ်။ အဲဒီ မတိုင်ခင်မှာလည်း မီးသတ်ဝန်ထမ်းသေဆုံးသွားတာသိရတယ်။အဲဒီတော့ အဲဒီလိုအခြေအနေမှာ သူတို့ အေအေ ကိုပဲ ဖော်ပြပြီး ကျနော်တို့ ရှုတ်ချနေတာမဟုတ်ဘူး။ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု လုပ်နေတာ အကုန်လုံး အကုန်လုံးအမြဲတမ်းဖော်ပြနေ တာဖြစ်တယ်။ဥပမာ ဒီနှစ်ဖေဖော်ဝါရီကနေ ဇွန်လအထိ စစ်တပ်က ပေါ်တာဆွဲတာတို့ ၊အတင်းအဓမ္မရိက္ခာတွေ သယ်ခိုင်းတာတို့ ၊ဒေသခံပြည်သူတွေကိုလမ်းပြအဖြစ် ခေါ်တာမျိုးတို့ ဒါမျိုးတွေ ကို ကျနော်တို့ လူ့အခွင့်အရေးအဖွဲ့အစည်းအနေနဲ့ ဖော်ပြနေတာဖြစ် တယ်။ ပဋိပက္ခမှာ၊တိုက်ပွဲတွေမှာ ဒုက္ခခံနေရတာ အပြစ်မဲ့ပြည်သူေ တွ ဖြစ်တဲ့အတွက်ကြောင့် ဒီဟာကို နှစ်ဖက်က အတတ်နိုင်ဆုံးေ လျှာ့ချဖို့ ကျနော်တို့ တောင်းဆိုတာဖြစ်တယ်။

ငြမ်း – ဦးဝှေ့တင်းမိသားစု ကရောဒီအခြေအနေမှာ ဘယ်လောက်ထိ စိုးရိမ်ပူပန်မှုရှိနေလဲ။သိလားဗျ။

SL – မိသားစုက တကယ့်ကို စိုးရိမ်ပူပန်နေပါတယ်။ဦးဝှေ့တင်း မိန်းမဆို တကယ့်ကို စိုးရိမ်နေပါတယ်။ သတင်းမီဒီယာတွေက ခဏခဏ ဖုန်းခေါ်တော့ သူလည်း စိုးရိမ်ပူပန်မှု traumatize ပိုဖြစ် တယ်။အဲဒါမဖြစ်အောင် ကျနော်တို့ ကြိုးစားထားတာ ရှိပါတယ်။ ကျနော်တို့ကြိုးစားနေပါတယ်။

ငြမ်း – အေအေ ရဲ့ထုတ်ပြန်ချက်တစ်ခုမှာတော့ ဦးဝှေ့တင်းကို စွပ်စွဲထားတဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်လုပ်နေတဲ့ မည်သူကိုမဆို လုပ်သင့်လုပ်ထိုက်တာတွေ လုပ်သွားမယ် လို့ပြောဆိုထားတာ တွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးရော ဘာပြောချင်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SL – အေအေရဲ့ အဲဒီထုတ်ပြန်ချက် ထုတ်ပြီးချိန်မှာ ကျနော်တို့ အရပ်ဘက်အဖွဲ့အစည်းလေးဆယ်ကျော်က ပူးပေါင်း ထုတ်ပြန်တာ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ထုတ်ပြန်ချက်မှာ ဦးဝှေ့တင်း တစ်ယောက်တည်း မဟုတ်ဘဲ အခြားသူတွေ ဒီလိုမျိုး လုပ်လာမယ်ဆိုရင် ဒီလိုမျိုးတွေ ကြုံလာနိုင်တယ်ဆိုတာ ခြိမ်းခြောက်တာတွေ ပါလာတယ်။တစ်ဖက်လှည့်တွေးရင် လူ့အခွင့်အရေးကာကွယ်တဲ့ သူတွေကို ခြိမ်းခြောက်တာနဲ့ တူတူပဲ။အဲဒီလိုမျိုးမဖြစ်သင့်ဘူးလို့ကျနော်တို့ ယူဆတယ်။ သူတို့ လုပ်ရပ်တွေကို ဆက်ပြီးတော့ လုပ်နေမယ်ဆိုရင် တကယ်တမ်း ကျတော့ နိုင်ငံတကာမှာ သူတို့ပုံရိပ် အမြင်တွေ စောင်းသွားနိုင်တယ်။

ငြမ်း – အခုကိစ္စမှာ နိုင်ငံကြီးတချို့က သံရုံးတွေ ကကြေညာချက်တွေ၊ သဘောထားတွေ ထုတ်ပြန်တာ မတွေ့ရသေးဘူး။အရင်က တချို့ဖြစ်စဉ်တွေမှာတော့ သူတို့ထုတ်ပြန်ကြတယ်။ အဲဒီတော့ ဒါတွေနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်ထားတာရှိလဲ။

SL – ဒီဟာကတော့ အေအေ ဘက်က တုံ့ပြန်တာကိုစောင့်ပြီးတော့ လိုအပ်သလို ဆောင်ရွက်သွားမယ်။ ပြင်ဆင် ထားပြီးသားလည်း ရှိပါတယ်။ဒါပေမယ့် အခုအချိန်မှာ ပြောလို့မရသေးဘူး။ ဦးဝှေ့တင်း က သူတို့လက်ထဲမှာဆိုတော့ သူ့ရဲ့ အသက်အန္တရာယ် စိုးရိမ်နေရ တယ်ဆိုတော့ ကျနော်တို့ ဒါကိုတော့ နောက်မှပဲ ပြောပါ့မယ်။

ငြမ်း – အခုဒီလိုဖြစ်စဉ်တွေကြားမှာ သာမန်ဒေသခံပြည်သူတွေ ရဲ့အခြေအနေ၊သူတို့ရဲ့ စိုးရိမ်မှု ဘာတွေရှိသလဲဗျ။

SL – ပလက်ဝမြို့ တစ်ခုတည်း မဟုတ်တော့ဘဲ ဟားခါး ဘက်မှာလည်း သူတို့လှုပ်ရှားမှုတွေ ရှိနေတယ်ဆိုတာ ကြားရတော့ ကျနော်တို့ တော်တော်လေး စိုးရိမ်ပါတယ်။ပြည်သူတွေအတွက် တော်တော်လေး စိုးရိမ်ပါ တယ်။အစိုးရဝန်ထမ်းအကြီးအကဲမှာ ပြောဆိုတဲ့သူတွေ ရှိတော့ သူတို့အတွက်လည်း စိုးရိမ်ပါတယ်။ အထူးသဖြင့် ကျနော်တို့စိုးရိမ်တာက ပလက်ဝရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက် စိုးရိမ်ပါတယ်။ သူတို့လည်း စိုးရိမ်နေရတဲ့အကြောင်းကို ကျနော်တို့ကို လာအကြောင်းကြား တယ်။လာတွေ့တယ်။ ဒါကြောင့်ကျနော်တို့ လူ့အခွင့်အရေးရှုထောင့် ကနေအတတ်နိုင်ဆုံးကာကွယ်ပေးဖို့ ကြိုးစားလုပ်ဆောင်နေ တာဖြစ်တယ်။

ငြမ်း – အေအေ ရဲ့ အခုလုပ်ရပ်ဟာ လူမျိုးရေးပဋိပက္ခ အသွင်ဆောင်လာနိုင်တယ်လို့ မှတ်ချက်ပြုသူတွေလည်း ရှိပါတယ်။ဒါနဲ့ပတ်သက်ပြီး ရော ဘာမှတ်ချက်ပေးချင်လဲဗျ။

SL – ကျနော်တို့ လူမျိုးရေးပဋိပက္ခတွေ မဖြစ်စေချင်ဘူး။ တိုင်းရင်းသား အချင်းချင်းကြားမှာ မဖြစ်စေချင်ဘူး။ ဒါကြောင့်ကျနော်တို့ ဒီလိုမျိုးအနုနည်းနဲ့ လုပ်နေကြတာ။ ငြိမ်းချမ်းနေ တဲ့ ချင်းပြည်ကို ပဋိပက္ခတေ ွ၊ပြဿနာတွေဖြစ်လာနိုင်မလား ဆိုတာ မပြောနိုင်ဘူးပေါ့။ဒါပေမယ့် လူမျိုးရေးပြဿနာတော့ မဖြစ်ပေါ်စေချင် ဘူး။ ချင်းနဲ့ရခိုင်ကြားမှာ ဘာမှ ပြဿနာမဖြစ်စေချင်ဘူး။ အပြစ်မဲ့ပြည်သူတွေကို မထိခိုက်စေချင်ဘူး။

ငြမ်း – ချင်းပြည်နယ်က ဖွံ့ဖြိုးမှုနောက်ကျတဲ့အထဲမှာ ပါပါတယ်။အခု တချို့ဖွံ့ဖြိုးမှုစီမံကိန်းတွေလည်း ချင်းပြည်မှာ လုပ်လာတာတွေ ရှိနေပါပြီ။ ဒါပေမယ့် အခုဖြစ်ပျက်နေတဲ့ ဒီအခြေအနေတွေက ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ ချင်းပြည်နယ်ကို ဘယ်လောက်ထိသက်ေ ရာက်မလဲဗျ။

SL – စိုးရိမ်နေရတာပေါ့။ခုနက မေးခွန်းထဲမှာလည်းပါ ပါတယ်။ချင်းပြည်နယ်ဟာလွန်ခဲ့တဲ့ နှစ် ခုနှစ်ဆယ် ကတည်းက အဆင်းရဲဆုံး သတ်မှတ်ခံရတယ်။လူဦးရေလည်း အနည်းဆုံးဖြစ် တယ်။ ဖွံ့ဖြိုးတိုးတက်မှုမှာလည်း တကယ်လည်း တော်တော်နောက် ကျတဲ့ပြည်နယ်ဖြစ်တယ်။အဲဒီအချိန်မှာ ဒီလိုပြဿနာတွေ ဖြစ်တယ်ဆိုတော့ တော်တော်လေး စိုးရိမ်ရတယ်။ အဓိကက ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်မှာ လူဦးရေ အထူထပ်ဆုံး နေရာဖြစ်တယ်။ ချင်းပြည်နယ်အစိုးရအနေနဲ့ ဒီဒေသဖွံ့ဖြိုးရေး အတွက်အဓိကထားပြီး ဆောင်ရွက်တဲ့ နေရာတွေဖြစ်တယ်။ ဒီလိုပြဿနာတွေကြောင့် လုပ်ငန်းအကောင်အထည်ေ ဖာ်တဲ့နေရာမှာ အနှောင့်အယှက်တွေဖြစ်နေပါတယ်။ပြီးတော့ အိန္ဒိယနိုင်ငံကလည်း စီမံကိန်းတွေ လုပ်နေတာတွေရှိတယ်။ အဲဒါလည်း ထိခိုက်မှုတွေရှိတယ်။

ငြမ်း – အခုလို ဦးဝှေ့တင်း ကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေအပေါ် အေအေ အနေနဲ့ သဘောကျ မယ် မထင်ဘူး။အဲဒီတော့ ဒီအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးအခြေအနေကရော။

SL – ကျနော်တို့ ဒီဟာကိုလည်း ထည့်သွင်းစဉ်းစား ထားပါတယ်။ ဒါပေမယ့် လက်ရှိကြုံတွေ့နေရတဲ့လူတွေ အသက်နဲ့အန္တရာယ်ကို အဓိကထားပြီး ကျနော်တို့ ဒီလိုလုပ်ရခြင်းဖြစ်တယ်။ဒါပေမယ့် ကျနော်တို့လည်း ပိုပြီးတော့ သတိထားဖို့တော့လိုတာပေါ့။ အရင်ကတည်းက တံဆိပ် တပ်ခံရတယ်။ ကျနော်က ချင်းလူ့အခွင့်အရေးအဖွဲ့(Chin Human Rights Organazations)မှာတာဝန် ထမ်းဆောင် သူတစ်ယောက် ပါ။ ဥပမာ တိုက်ပွဲဖြစ်ခါစမှာ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျနော်တို့ ဖော်ပြထားတာ အများကြီးရှိတယ်။ အဲဒီဖော်ပြတဲ့အချိန်မှာ စစ်တပ်က ကျနော်တို့ကို အေအေနဲ့ ပူးပေါင်းပြီးလုပ်နေတယ်လို့ တံဆိပ်ကပ်တယ်။ အေေအေ က ချိုးဖောက်တဲ့ ဟာတွေပြန်ပြီး တင်ပြတဲ့အချိန်မှာ အေအေက CHRO က တပ်မတော်ဘက် ပါတယ်ဆိုပြီ တံဆိပ်ကပ်တယ်။ အဲလို နှစ်ခုကြားမှာ ကျနော်တို့ ညပ်နေတယ်။တော်တော် ခက်တဲ့ အခြေအနေဖြစ်တယ်။ ၂၀၁၅ မတ်လလောက်တည်းက တတ်နိုင်သလောက် လက်လှမ်းမီ သလောက် မှတ်တမ်းတွေပြုစုတယ်။ လက်မိုင်းပေါ့ မြေမြှုပ် မိုင်းကြောင့် ဘယ်နှဦးသေတယ်ဆိုတာ ကျနော်တို့ စုဆောင်းထား တာရှိတယ်။ဒါပေမယ့် ဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာ Verified တော့ လုပ်လို့မရဘူးပေါ့။ အေအေက ကြိမ်တလီရွာသား (၅၂)ဦးခေါ်သွားတဲ့အချိန်မှာ ကျနော်တို့ တတ်နိုင်သလောက် နိုင်ငံတကာ အသိုင်းအဝန်းကိုပြောပြီး သူတို့လွတ်မြောက် လာဖို့ကြိုးစားခဲ့တယ်။အဲဒီအချိန်မှာ အေအေက ကျနော်တို့ကို မြင်တယ် ။ချင်းလူ့အခွင့်အရေးအဖွဲ့ွှစည်း CHRO ကိုသူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားတာကိုတွေ့ရတယ်။ အဲဒါတွေကြောင့် ကျနော်တို့စိုးရိမ်မှု နည်းနည်းတော့ ရှိပါတယ်။ကျနော်တို့ သတိထားရမှာပေါ့။

ငြမ်း – လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ တစ်ယောက် အနေနဲ့ အခု အေအေ က ဖမ်းဆီးထားတဲ့ ဦးဝှေ့တင်းကိစ္စနဲ့ ပတ်သက်ပြီး သီးခြားမှတ်ချက်ပေးဖို့ရှိလား။

SL – ဦးဝှေ့တင်းကို ထိန်းသိမ်းထားတဲ့ နေရာမှာ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ ဆက်ဆံဖို့အရေးကြီးတယ်။အခု ထိန်းသိမ်းထားတာ ကိုးရက်ရှိပြီ ။သူတို့ နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံညွှန်းနဲ့ မလုပ်ဘူးဆိုရင် ဒါက နိုင်ငံတကာ ရာဇဝတ်မှုဖြစ်နိုင်တယ်။သူတို့ကို နိုင်ငံတကာက အမြင်စောင်းမှာကိုလည်း စိုးရိမ်တယ်။

ငြမ်း – ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။

ဓာတ်ပုံ – ပြည်ထောင်စုလွှတ်တော်

ချင်းပြည်နယ် ဒေသခံပြည်သူများ မဲပေးရွေးချယ်ထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။