ဧပြီလ (၃၀) ရက်နေ့ အထိ လူစုလူဝေး ပွဲလမ်းသဘင်၊အခမ်းအနား များ မပြု လုပ်ရန် နှင့် လိုအပ်ပါက ရပ်ဆိုင်းကာလ ကို တိုးမြှင့်မည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ရန်ကုန်မြို့ရှိဈေးဝယ်စင်တာတစ်ခု တွင် ကိုယ်အပူချိန်တိုင်းတာနေစဉ်

သင်္ကြန်ပွဲတော်အပါအဝင် လူစုလူဝေးဖြင့် ကျင်းပပြုလုပ်သော ပွဲလမ်းသဘင်၊အခမ်းအနားများ ပြုလုပ်ခြင်းကို ဧပြီလ (၃၀) ရက်နေ့ အထိ ရပ်ဆိုင်းထားရန် သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားထားပြီး လိုအပ်ပါက ရပ်ဆိုင်းကာလ ကို တိုးမြှင့်သတ်မှတ် သွားမည် ဖြစ်ကြောင်း သမ္မတရုံး ၏ ပြည်သူသို့ ပန်ကြားလွှာတွင် ဖော်ပြထားသည်။

ယမန်နေ့ ညနေပိုင်းခန့်က “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြား သည်” ဆိုသော သတင်းမှားတစ်ခုကို လူမှုကွန်ရက် (Facebook messenger) မှတဆင့် ဖြန့်ချိခဲ့မှုကြောင့် ပြည်သူလူထုကြား စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။

ပြည်သူများစိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်ချက်ဖြင့် သတင်းမှား ထုတ်လုပ် ဖြန့်ချိနေသူများ ရှိနေပြီး ထိုကဲ့သို့ အများပြည်သူ ထိတ်လန့်စေရန် သတင်းမှား ထုတ်လုပ်ဖြန့်ချိနေသူများကို တည်ဆဲ ဥပဒေများ အတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ယမန်နေ့က ထုတ်ပြန်ကြေညာသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုသည် ယခုအခါ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့သော ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မတ် ၁၁ ရက်က ထုတ်ပြန် ကြေညာ ခဲ့သည်။

နိုင်ငံအများအပြားတွင် COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှုကြောင့် လူမှုစီးပွား အခြေအနေ ထိခိုက်မှုများ ရှိနေပြီး မြန်မာနိုင်ငံတွင် လည်း ထိုအခြေအနေများ၏ ရိုက်ခတ်မှုကြောင့် ပိတ်သိမ်းရသည့် စက်ရုံ များနှင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမားပေါင်း များစွာ ရှိနေသည်။

ယမန်နေ့ အထိ COVID-19 ရောဂါကူးစက်ပျံ့ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံ အနှံ့အပြားတွင် သေဆုံးသူ ၄၉၄၂ ဦးရှိပြီး၊ ရောဂါပိုးကူးစက်ခံရသူ ၁၃၃၈၈၉ ဦး ရှိပြီဖြစ်သည်။

အများပြည်သူအနေဖြင့် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ သတင်းအချက် အလက်များကို သေချာစိစစ်ရန် လိုအပ်ပေသည်။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိပညာပေး နိုးဆာ်ချက် များကို ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ကြ ပါရန်နှင့် မှန်ကန်သော ကျန်းမာရေးအသိပညာများကို ဝေမျှကြပါရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော် ထားသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,