၀န်ကြီးချုပ်က မြင်းထိန်းငတာလည်းမဟုတ်ဘူးလေ။ မြင်းထိန်း ငတာဆိုရင် ခွင့်လွှတ်လို့ရတာပေါ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

လူထုကို မှားရင်မှားတယ်ဆိုတာ ရဲရဲဝံ့ဝံ့ ပြနိုင်တဲ့ လူမျိုး ကျနော်တို့လိုတာ။ အမှားကို ထပ်ခါ ထပ်ခါ ဖုံးကွယ်တဲ့လူကို ကျနော်တို့မလိုအပ်ဘူး။အဲဒါက ကျနော်တို့ ဒုက္ခရောက်ခဲ့ပြီးပြီ။ ကျနော်တို့ကို အဲဒီလူတွေက ဒုက္ခပေးခဲ့ပြီးပြီ။အခုကတော …

အောက်တိုဘာ(၁၇)၊၂၀၁၉၊ရန်ကုန်

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းအား လက်ရှိရာထူးမှ အမြန်ဆုံးဖယ်ရှားပြီး အရေးယူမှုများပြုလုပ်ပေးရန် အခြေခံနှင့်အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုေ ကာ်မတီက အောက်တိုဘာလ(၁၇)ရက်နေ့ တွင် ထုတ်ပြန်ကြေညာ လိုက်သည်။ပဲခူးတိုင်းဝန်ကြီးချုပ်၏ ပြောကြားခဲ့မှုနှင့်ပတ်သက်၍ အများပြည်သူနှင့် ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ များကြားတွင် ပြင်းပြင်းထန်ထန်ဝေဖန်မှုများလည်း ရှိနေဆဲ ဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရမှ တစ်စုံတစ်ရာ ပြုလုပ်ခြင်းကိုလည်း မတွေ့ရှိရေ သးပေ။ မကြာသေးမီရက်ပိုင်းအတွင်းက ပဲခူးတိုင်းဝန်ကြီးချုပ်၏ ပြောကြားမှုအား ခုခံကာကွယ်ရန်နှင့် ဒေသခံ ရွာသူ၊ရွာသားများ၏ ထောက်ခံမှုကို ရယူရန် ကြိုးစားနေသည့်ရုပ်သံဖိုင်တစ်ခု ဆိုရှယ် မီဒီယာတွင် ထွက်ပေါ်လာခဲ့သည်။အဆိုပါ အခြေအနေ များနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ်ဆရာ၊ဆရာမများ သမဂ္ဂ ဥက္ကဌ၊ ဒေါက်တာအာကာမိုးသူ အား အောက်တိုဘာလ(၁၆)ရက်နေ့က ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ငြမ်း – ပဲခူးတိုင်းဝန်ကြီးချုပ် ဒမငယ်သစ်ချိုခြံလူထုတွေ့ဆုံပွဲမှာ ဆရာမတွေကိုပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး လူတစ်ဦးက အဲဒီဒေသခံတချို့နဲ့တွေ့ဆုံပြီး ဝန်ကြီးချုပ်ပြောကြားမှုကို ထောက်ခံတဲ့သဘောရအောင် ကြိုးစားပြောဆိုနေတဲ့ ရုပ်သံဖိုင်တစ်ခုကို တွေ့ရပါတယ်ဆရာ။ ဆရာဘယ်လို မှတ်ချက်ပေးချင်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr.AKMT – အခုက အမှားက အသက်ဝင်လာတဲ့ပုံစံမျိုး။ပြောင်းပြန် ပြန်ဖြစ်လာတယ်။ အမှားကို ဖုံးကွယ်လိုက်ခြင်းတွေက ဒီမိုကရေစီဖြစ် စဉ်တွေကို နောက်ပြန်ဆုတ်သွားစေတယ်လို့ ကျနော်ယူဆတယ်။ သားသတ်သမားက သားခုတ်နေရင် ဘာပြဿနာမှ မရှိဘူး။ သူတော်စင်တစ်ယောက်က သားကို ခုတ်တယ်ဆိုရင် ဒီစကားက အန္တရာယ်ရှိတယ်။လောကနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ သူယူထား တဲ့တာဝန်က ဝန်ကြီးချုပ်တာဝန်။ပြောရမယ့်စကားက ဝန်ကြီးချုပ် စကားပဲပြောရမှာပေါ့။ တောင်းပန်ရင်ဝန်ကြီးချုပ်ကပဲ တောင်းပန် ရမယ်။ကလေးတွေနဲ့ ခြေထိုးစရာအကြောင်းမရှိဘူး။ ဒီမိုကရေစီ အစိုးရမှာ Responsibility က မြင့်ရမယ်လေ။ ကိုယ်ယူထားတဲ့ တာဝန်ကို အခြားတစ်ဖက်လှည့်နဲ့မှန်ကန်ကြောင်း သက်သေပြတယ် ဆိုတာက အမှားက ပိုပြီးအသက်ဝင်သလို ဖြစ်စေတယ်။ ဒါက ဟိုဘက်ခြမ်းကို ပိုပြီးဆွပေးသလိုလည်းဖြစ်တယ်။ မှန်လာ စရာလည်း အကြောင်းမရှိဘူး။ဂုဏ်သိက္ခာနဲ့ပတ်သက်တဲ့စကား၊ ဒီစကားက Sexual Harassment ကို အားပေးတဲ့စကားဖြစ်တယ်။ ပြောရမယ် ဆိုရင် ဝန်ကြီးချုပ်က မြင်းထိန်းငတာလည်းမဟုတ်ဘူးလေ။ မြင်းထိန်း ငတာဆိုရင် ခွင့်လွှတ်လို့ရတာပေါ့။ ဝန်ကြီးချုပ်ရာထူးမရှိဘဲနဲ့ ပြောတယ်ဆိုရင်လည်း ဒီစကားလုံးက ဟာသ ဆိုပြီး ယုံကြည်လို့ရေ သးတယ်။ဒီလိုမဟုတ်ဘဲ ဝန်ကြီးချုပ်တစ်ယောက်ကပြောတယ်ဆိုရင် ဝန်ကြီးချုပ် စကားလို့ပဲ ပြောရမှာပဲ။Activist လည်းမဟုတ်ဘူး။ အကြီးဆုံးတာဝန်ယူထားသူ။ ရယ်စရာ ပြောရအောင်လည်း ဒီစကားက အခမ်းအနားမှာပြောရမယ့်စကားမဟုတ်ဘူးလေ။ရယ်စရာပြောတဲ့နေရာ ကလည်း လွဲနေတယ်။ ဒီစကားလုံးပြောခဲ့တာမှာ ငါ့မှာထောက်ခံ တဲ့သူရှိတယ်လို့ ၊ တောင်းပန်စရာမလိုဘူးလို့ ဆိုရင် မှားတဲ့သဘောကို သက်ရောက်စေတာပေါ့။ ကျနော်တို့က အနိုင်၊အရှုံးပြောနေတာ မဟုတ်ဘူး။ ကျနော်တို့ပြောနေတဲ့ ဒီမိုကရေစီ တန်ဖိုးမှာ ဘယ်လိုမျိုးတာဝန်ယူနိုင်သလဲ၊တာဝန်ခံနိုင်လဲ။ကိုယ်ကျင့်တရားနဲ့လူအဖွဲ့အစည်းကို သွားနေတာ လေ။ကိုယ်ကျင့်တရားနဲ့လူ့အဖွဲ့အစည်းမှာ ငါ့ကို ထောက်ခံတဲ့သူရှိရင် ငါကြိုက်တာလုပ်လို့ရတယ် ဆိုတာ ကတော့ လွဲတာပေါ့။ မဟုတ်တာ လုပ်ထားပြီး ထောက်ခံတဲ့သူရှာပြီးတော့ မှန်နေတယ်လို့ အဓိပ္ပာယ်ထွက်ရင် အန္တရာယ်ရှိတယ်။ဒီမိုကရေစီ အစိုးရမှာ လာပြီးအန္တရာယ်လာရှိတာ။ဒါက သူ့ကိုချောက်ထဲတွန်းပို့တာ။ အဲဒါကို နားမလည်ဘဲ သူက မှန်ကန်တယ်လို့ ယူဆလိုက်ရင် ချောက်ထဲ လိမ့်ကျမယ့်သဘောပဲ။ ဝန်ကြီးချုပ်ရဲ့စကားသည် ဝန်ကြီးချုပ်နဲ့ပဲ ပတ်သက်တယ်။ ဒီလိုမျိုးထောက်ခံတဲ့သဘောပါလာရင် ပါတီရဲ့ ဂုဏ်သိက္ခာပါ ပါလာပြီ။အန္တရာယ်ကြီးလာပြီလို့မြင်တယ်။

ငြမ်း – အဲဒီပွဲမှာ စကားပြောနေတဲ့လူက ဝန်ကြီးချုပ်ရဲ့လူလား၊ ဒေသခံလား ဆိုတာတော့ ကျနော်တို့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် ဝန်ကြီးချုပ်ပြောခဲ့တဲ့စကားအပေါ်မှာ အခုထွက်ပေါ်နေတဲ့ ပြင်ပြင်းထန်းထန် ကန့်ကွက် ရှုတ်ချသံတွေကို ကာကွယ်ဖို့၊ ဝန်ကြီးချုပ်ရဲ့ ပြောစကားဟာ သာမန်သဘော၊ဘာမှ မဟုတ်ပါ ဘူးဆိုတဲ့ သဘော ဖြစ်လာအောင် ဒေသခံတချို့ကို ကြိုးစားပြောဆိုနေ တာတော့ တွေ့ရပါတယ်။ပဲခူးတိုင်ဝန်ကြီးချုပ်ကတော့ သူပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး သတင်းစာမျက်နှာတွေကနေ တဆင့် တောင်းပန်တယ်လို့ပြောတာတွေ့ရပါတယ်။ ဒါကိုရော ဆရာတို့ ဘယ်လိုပုံစံနဲ့ လက်ခံထားလဲခင်ဗျ။

Dr.AKMT – သူ့ Intention ကအရေးကြီးတယ်လေ။သာမန်ကာ လျှံမယ်ကာ မဟုတ်ဘဲ နဲ့ သူပြောခဲ့တဲ့ စကားအပေါ်မှာ လေးလေးနက်နက်တောင်းပန်ရင် ဒီဝန်ကြီးက တစ်ခုခုကို တာဝန်ယူလို့ရှိရင် သူ့အမှားကို လေးလေးနက်နက် တာဝန်ယူ တတ်တဲ့ဝန်ကြီးလို့သတ်မှတ်ရမှာပဲလေ။ တောင်းပန်တယ်ဆိုတဲ့ကိစ္စက ဒီမိုကရေစီ အမှတ်လက္ခဏာမှာ သိပ်ကောင်းတဲ့ယဉ်ကျေးမှုပဲလေ။ ကျနော်တို့ က တစ်ဖက်နဲ့ တစ်ဖက် ရန်သူလည်း မဟုတ်ဘူး။ပြဿနာ ရှာတာလည်း မဟုတ်ဘူး။ ပြောမယ်ဆိုရင် ဆရာ၊ဆရာမတွေ နစ်နာမှုတွေများနေတဲ့အခါမှာ နှိပ်ကွပ်မှုပိုဖြစ်သွားစေမှာစိုးလို့ ကျနော်တို့ က ထိန်းသိမ်းဖို့ပြောတာ။ ဒီစကားလုံးမျိုးကို ရယ်စရာ ၊ပြက်စရာအနေနဲ့လည်း မပြောဖို့ ။ဒီစကားလုံးက မိသားစုတောင်မှ မသုံးသင့်ဘူး။ မဟုတ်တဲ့ဘက်ကို ဦးစားပေးနေတဲ့ အနေအထား ထဲကိုရောက်နေတာကို။

ငြမ်း – ပညာရေးအဖွဲ့အစည်းတချို့ကတော့ ဝန်ကြီးချုပ်အနေနနဲ့ တရားဝင်စာထုတ်ပြီး တောင်းပန်ဖို့ တောင်းဆိုထားတာေ တွ့ရပါတယ်။ဆရာ့အနေနဲ့ ဒီတောင်းဆိုမှုအပေါ်မှာရော ဘယ်လိုထင်မြင်ချက်ပေးချင်လဲ။

Dr.AKMT – ပြောသွားတဲ့ဟာက Officially ဖြစ်တယ်။ ခရီးသွာ ဟန်လွှဲတောင်းပန်တာထက် Officially တောင်းပန်ရင် သူ့ရဲ့ ဂုဏ်သိက္ခာရော၊ပါတီရဲ့ ဂုဏ်သိက္ခာရော မြင့်တာပေါ့။ အရင်တုန်းက ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း အဲဒီလိုတောင်းပန်တာ ကျနော်တို့ မကြုံဖူးဘူး။အခုဒီမိုကရေစီ အစိုးရလက်ထက်မှာ အဲလိုပြနိုင်ရင် တာဝန်ယူမှုမြင့်တယ်ဆိုပြီးRoll တက်တာပေါ့။အဲဒါကို အထင်လွဲပြီး တခြားလူ မြှောက်ပေးတဲ့ ဟာလုပ်ရင် မွဲမှာ။ ကျနော် တို့ပြောတာ တောင်းပန်တယ်ဆိုတာက ဒူးထောက်ဖို့မဟုတ်ဘူးေ လ။တောင်းပန်တာနဲ့ ဒူးထောက်တာနဲ့မတူဘူး။တောင်းပန်တာနဲ့ အညံ့ခံတာ မတူဘူး။တောင်းပန်တာနဲ့ အရှုံးပေးတာ မတူဘူး။ တောင်းပန်တယ်ဆိုတာက တစ်ခုခုဖြစ်တဲ့ဟာမှာကျေအေးဖို့ တစ်ယောက်နဲ့တစ်ယောက်စိတ်ဆန္ဒအရ ကျေအေးဖို့ကို ကတိကဝတ်ပြုတာဆိုတဲ့အဓိပ္ပာယ်ဘက်ကိုရောက်တယ်။ ဒီမိုကရေစီ Principle ထဲမှာ သူက အလှတရားတစ်ခုပဲ။စာအရ ထုတ်လိုက်တယ် ဆိုရင်တော့ သူသည် ဆရာ၊ဆရာမတွေအပေါ်မှာ တကယ် ရည်ရွယ်ချက်မရှိဘဲ ပြောခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပိုမြင်တယ်ပေါ့။ စာထုတ်တောင်းပန်သင့်တယ်လို့ ကျနော်တို့ကတော့မြင်တယ်။ ပုံကြီးချဲ့တာမဟုတ်ဘူး။ဒီမိုကရေစီ လက်ထက်မှာ ဒါက အမှတ် လက္ခဏာတစ်ခုပဲ။ ဒါက အလုပ်တစ်ခုပဲလို့ မြင်တယ်။ လူထုကို မှားရင်မှားတယ်ဆိုတာ ရဲရဲဝံ့ဝံ့ ပြနိုင်တဲ့ လူမျိုး ကျနော်တို့လိုတာ။ အမှားကို ထပ်ခါ ထပ်ခါ ဖုံးကွယ်တဲ့လူကို ကျနော်တို့မလိုအပ်ဘူး ။အဲဒါက ကျနော်တို့ ဒုက္ခရောက်ခဲ့ပြီးပြီ။ ကျနော်တို့ကို အဲဒီလူတွေက ဒုက္ခပေးခဲ့ပြီးပြီ။အခုကတော့ ရဲရဲရင့်ရင့်ရှိတဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို ကျနော်တို့လိုတာ။ကိုယ်ပြောမိတယ်ဆိုရင် ကိုယ်ကတာဝန်ခံရဲတဲ့ လူမှုအဖွဲ့အစည်းကိုလိုတာ။ တာဝန်ခံလိုက်တဲ့ အတွက်လည်း ကျနော်တို့က အပြစ်ပေးမှာလည်း မဟုတ်ဘူး။တစ်ခုခု ဒုက္ခရောက်အောင်လည်း လုပ်မှာမဟုတ်ဘူး။ခွင့်လွှတ်မယ် ။တောင်းပန်တယ်ဆိုတာ နှစ်ခုကြားထဲမှာရှေ့ဆက်သွားလို့ရတဲ့ အဖုအထုံးလေးတွေကို ချေဖျက်တဲ့ သဘောသဘာဝလို့ နားလည်းရင်ပိုကောင်းမယ်။

ငြမ်း – ဆရာ့ယူဆချက်ကလည်း သတင်းစာမျက်နှာတွေကနေေ တာင်းပန်တာ ထက် တရားဝင်စာထုတ်တောင်းပန်ဖို့ ဆရာယူဆတာလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr.AKMT – အမှန်ပဲပေါ့။ စာအရ ဖော်ပြတာနဲ့ ဂျာနယ်က ဖော်ပြတာနဲ့ သဘောသဘာဝမတူဘူးပေါ့။စာအရ ထုတ်ရင် တရားဝင်တယ် လို့မြင်တယ်။ပိုလေးလေးနက်နက်ရှိတယ်လို့မြင်တယ်။

ငြမ်း – အခုပညာရေဝန်ထမ်းတွေကိစ္စမှာ ပညာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီး က တစ်စုံတစ်ရာပြောဆို ထားတာ မတွေ့ရသေးဘူး။

Dr.AKMT – ပြောတယ်ခင်ဗျ။ဝင်ပြောတော့လည်း တစ်လွဲကြီး။ အခြေခံညွှန်ချုပ်ပြောတာ။ဒါကဝန်ကြီးချုပ်ကိစ္စ သူတို့ပြောလို့ မရဘူး။ဘာဖြစ်တယ်၊ညာဖြစ်တယ်ဆိုပြီး။ ဆရာ၊ဆရာမတွေဘက်က နေရပ်တည်ပြီးတော့၊ အမှန်တရားဘက်ကနေရပ်တည်ပြီးတော့ ဒါတော့ မလုပ်သင့်ဘူး၊ဒါမျိုးမလုပ်သင့်ဘူးဆိုတာမျိုး ရှိခဲ့ရ မှာလေ။ထောက်ခံပေးရမယ်လေ။ဒီမိုကရေစီမှာ Check & Balance မှာ Balance အောက်နေတယ်။ အဲဒီတော့ အမှန်တရားက နောက်ပြန် ဆုတ်သွားတာ။အမှန်တရားကို အသက်သွင်းဖို့ သိပ်ခက်သွားတာ။ ဒီမိုကရေစီ အမှတ်သညာထဲမှာ လွဲမှားနေတဲ့အသိတရားပဲ။ နားလည်ဖို့လိုတာက အသားကျနေတဲ့ ဗျူရိုကရေစီ ယန္တရား သက်ဝင်မှုကို တွန်းလှန်ဖို့ဆိုတာကို နားလည်ဖို့လိုတာ။ ဒီမိုကရေစီ ပါတီနဲ့ဒီမိုကရေစီအစိုးရကို ဆန့်ကျင်နေတယ်လို့မမြင်ဘဲနဲ့ လူကိုဆန့်ကျင်တယ်လို့မြင်ရင် ဒီဟာက အရမ်းလှတယ်။အဲဒါမျိုးကို လူထုက ပိုပြီးအသိအမြင်ဖွင့်သင့်တယ်။ ဒီလိုမျိုးပြောနေတာသည် ဒီမိုကရေစီအစိုးရထဲမှာ ရှိနေတဲ့ ဒီမိုကရေစီအစိုးရနဲ့မထိုက်တန်တဲ့ လူ့အဖွဲ့အစည်း တစ်ခုကို ထောက်ပြဝေဖန်ညှိနှိုင်းနေတယ်ဆိုတဲ့ မက်ဆေ့လေးရရင်တော်တော်လေးကောင်းမယ်။အဲဒါက အရေးကြီးတယ်။

ငြမ်း – ပဲခူးတိုင်းဝန်ကြီးချုပ်ကိစ္စမှာ ဘယ်လောက်အတိုင်း အတာအထိ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ထင်သလဲ ဆရာ။

Dr.AKMT – အခုလောလောဆယ် ပုးပေါင်းညှိနှိုင်းရေးကော်မတီနဲ့ စာထုတ်ဖို့လုပ်နေတယ်။ အခြေခံနဲ့ အဆင့်မြင့် ပူးပေါင်းပြီး စာထုတ်ဖို့လုပ်နေတယ်။ နိုင်လွတ်လုံ(နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု အကာအကွယ်ပေးရေးဥပဒေ) ဥပဒေနဲ့ဆို လူတစ်ဦးတစ်ယောက်ရဲ့ လုံခြုံမှုကို ထိခိုက်တယ်။ ဆရာ၊ဆရာမတွေအားလုံးနဲ့ပတ်သက်တာမျိုးဖြစ်တယ်။လုံခြုံမှုကို ထိခိုက်တဲ့ သဘော လာဖြစ်တယ်။ဒီအတိုင်းဥပဒေအရ စကားပြောလာရဖို့ ကျနော်တို့မြင်တယ်။ထုတ်ပြန်ကြေညာချက်မှာ ဥပဒေနဲ့ဆိုင်တဲ့စကားလုံးတွေပါလာလိမ့်မယ်။လောလောဆယ် ဥပဒေအရ စကားလုံးတွေကို ကျနော်တို့ ဆွေးနွေးနေဆဲ ရှိသေးတယ်။

ငြမ်း – ဆရာတို့ဘက်က မျှော်လင့်ချက်ကိုသိချင်ပါတယ်။ ဒီကိစ္စမှာ သမ္မတ၊နိုင်ငံတော်အတိုင်ပင်ခံထိ တင်မယ်ဆိုတော့ သူတို့ဘက်က အနည်းဆုံးအဆင့် ခေါ်ယူသတိပေးတာ မျိုးလောက်ပေါ့။ဆရာတို့ ဘယ်လောက်အထိ မျှော်လင့်ထားသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr.AKMT – လူတစ်ယောက်မှာ အဓိက က သူ့ရဲ့အသိစိတ်ပဲ။ ဘယ်လောက်ပဲ သတိပေးပေး သူကိုယ်၌က အသိစိတ်မဝင်ဘူးဆိုရင် ပြုပြင်ပြောင်းလဲလို့မရဘူး။ကျနော်တို့ ပြောင်းလဲချင်တာက လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရား၊လူတစ်ယောက်ရဲ့ ခံယူစိတ်၊ လူတစ်ယောက်ရဲ့ Responsibility နဲ့ Accountability ကို ဒီမိုကရေစီအစိုးရလက်ထက်မှာ မြှင့်စေချင်တာ။ဒီတန်ဖိုးကို ကျနော်တို့က ပြစေချင်တာ။ဒါက ဒီမိုကရေစီရဲ့ အမှတ် လက္ခဏာ ဆိုတာကို ထုတ်ပြစေချင်တာ။ သတိပေးမှုကြောင့်၊ အကြောက် တရားကြောင့်ဖြစ်လာတဲ့ဟာကို ကျနော်တို့မလိုဘူး။ကျနော်တို့ လူ့အဖွဲ့အစည်းက အကြောက်တရားနဲ့ သွားခဲ့တာ နှစ်ပေါင်းေြ ခာက်ဆယ်ကျော် နေပြီ။ အကြောက်တရားနဲ့လူ့အဖွဲ့အစည်းပဲ ပြန်ဖြစ်တယ်ဆိုရင် ကျနော်တို့ တိုက်ခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်း တစ်လျောက်က အလကားဖြစ်ကုန်ပြီ။ကျနော်တို့လိုချင်တာ အသိတရားရှိတဲ့လူမှုအဖွဲ့အစည်း။လူတွေကို လူလို မြင်တတ်တဲ့ လူ့အဖွဲ့အစည်း။လူတွေကို လူတွေနဲ့ အတူတူ ဘယ်လိုမျိုးရှင်သန်ရ မလဲဆိုတာကို နားလည်တဲ့ လူအဖွဲ့အစည်း ကျနော်တို့ အဲဒါမျိုးလို တယ်။အပေါ်စီးကနေ အာဏာရှင်စနစ်နဲ့ ငါကြိုက်သလိုပြောလို့ ရတယ်။ငါကြိုက်သလိုပုတ်ခတ်လို့ရတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းကို ကျနော်တို့ အလိုမရှိဘူး။ အဲဒါကိုထောက်ပြပြောနိုင်တဲ့၊အာမခံနိုင်တဲ့ တစ်ယောက်ဖြစ်ပြီဆိုရင် ကျနော်တို့ကျေနပ်ပြီ။

ငြမ်း – ကျေးဇူးတင်ပါတယ်ဆရာ။

ပုံ – (၁)၊ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်း

ဓာတ်ပုံ – ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး Fb

ပုံ – (၂)၊ ဒေါက်တာအာကာမိုးသူ( ရန်ကုန်တက္ကသိုလ်ဆရာ၊ဆရာမများ သမဂ္ဂ ဥက္ကဌ)

ဓာတ်ပုံ – (ဆရာ) AKMT Fb


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။