၀န်ကြီးဌာနက ပါမောက္ခချုပ်ဘက်ကိုလိုက်ပြီး အချိန်ဆွဲထားတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သူတို့ပြောတဲ့ လုပ်ထုံးလုပ်နည်းဆိုတာကလည်း လက်ရှိအနေ အထားအရ သူတို့လက်ထဲမှာ ရှည်ချင်ရင်ဆွဲဆန့်မယ်။ တိုချင်ရင်ချုံ့ပစ်လိုက်မယ်ဆိုတဲ့အနေအထားမျိုး ရောက်နေတယ်။ဒါကြောင့်မို့ …

အောက်တိုဘာ(၂၂)၊၂၀၁၉၊ရန်ကုန်

The Nyang News

မန္တလေးတက္ကသိုလ်ကျောင်းဝန်း အတွင်းတည်ဆောက်ထားသည့် Food Court ကိစ္စနှင့်ပတ်သက်၍ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်ဦးဆောင်ကော်မတီမှ မန္တလေးတက္ကသိုလ် ပင်မဆောင်တွင် သပိတ်စခန်းဖွင့်ကာ ၂၀၁၉၊စက်တင်ဘာလ(၂)ရက်နေ့မှ (၈)ရက်နေ့အထိ သပိတ်တိုက်ပွဲဆင်နွှဲခဲ့သည်။ ကျောင်းသားများ၏ တောင်းဆိုချက်များနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီး က ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်း တာဝန်ပေးအပ် ခဲ့သည်။အဆိုပါအခြေအနေများအပေါ်မူတည်၍ သပိတ်ဦးဆောင် ကော်မတီမှ သပိတ်တိုက်ပွဲအား ခေတ္တရပ်ဆိုင်းထားခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ဦးဆောင်သည့် ပညာရေးဒုဝန်ကြီးနှင့် အဖွဲ့၏ လုပ်ငန်း ဆောင်တာများ နှောင့်နှေးကြန့်ကြာမှုနှင့် ပတ်သက်၍ သပိတ် ဦးဆောင်ကော်မတီမှ ၂၀၁၉ ၊အောက်တိုဘာလ(၁၈)ရက်နေ့ က သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်။ယင်းအခြေအနေများနှင့် ပတ်သက်၍ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဝေယံထက် အား ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ ပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – သပိတ်မှောက်ခဲ့တဲ့ Food Court ကိစ္စမှာ ပညာရေးဝန်ကြီးနဲ့ တက္ကသိုလ်ကျောင်းသားတွေ တွေဆုံဆွေးနွေးခဲ့ကြတယ်။ အဲဒီမှာ ဆောင်ရွက်ရမယ့်အပိုင်းတွေ ရှိတယ်။ အခု နောက်ဆုံးအခြေအနေမှာ အဲဒီကိစ္စ က ဘယ်လိုအခြေအနေလဲ။

KWYH – အခုအခြေအနေက စုံစမ်းစစ်ဆေးရေးအပိုင်းမှာ ကျနော်တို့ ပါခဲ့တာ နှစ်ကြိမ်။သပိတ်အတွင်းမှာ နှစ်ရက်လာ စစ်ပေးသွားတယ်။ပြီးမှ အရင်လ(၂၈)ရက်နေ့က လိုအပ်ချက် ရှိသေးလို့ဆိုပြီးု့ နေပြည်တော်မှာ စစ်ဆေးတယ်။ဒါပေမယ့် အခု အခြေအနေက သမ္မတရုံးကို Report မတင်ရသေးဘူး။

ငြမ်း – သမ္မတရုံးကို Report မတင်ရသေးဘူးဆိုတာ ဘာကြောင့်မတင်ရသေးတာလဲ။အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာများသိထားလဲဗျ။

KWYH – ကျနော်တို့ အသေအချာမသိဘူး။ကျနော်တို့ ဖုန်းဆက်ပြီးမေးတဲ့အခါမှာ ပညာရေး ဒုဝန်ကြီး ဒေါက်တာ ဝင်းမော်ထွန်း ပြောတာကတော့ စုံစမ်းစစ်ဆေးရေးအပိုင်းမှာ လိုအပ်ချက်တွေရှိသေးတယ်တဲ့။ လုပ်ငန်းရှင်ရယ်၊ စုံစမ်း စစ်ဆေးရေးအဖွဲ့ရယ်၊ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ရယ် သုံးပွင့်ဆိုင် စုံစမ်းစစ်ဆေးဖို့ရှိသေးတယ် အဲဒါကြောင့် Report မတင်ရသေးတာလို့ ကျနော်တို့ကိုပြောတယ်။ ဒါပေမယ့် အရင် ကျနော်တို့ ဖုန်းဆက်ပြောတာကတော့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးပြောတာက အခုလ ဒုတိယအပတ်မှာပဲ Report တင်ပြီးသွားပြီးလို့ ပြောတယ်။ဒါပေမယ့် ဒုဝန်ကြီး ပြောတာကျတော့ မတင်ရသေးဘူးပြောတယ်။

ငြမ်း – ဝန်းကြီးကတင်ပြီးပြီပြောတယ်။ဒုဝန်ကြီးက မတင်ရသေးဘူးပြောတယ်။အဲဒီတော့ ဝန်ကြီးဌာန တစ်ခုတည်းမှာ အလုပ်လုပ်နေတဲ့ ဝန်ကြီးနဲ့ဒုဝန်ကြီး ပြောဆိုချက်က ဘာကြောင့်အဲလိုကွဲလွဲနေတာလဲ။

KWYH – ကျနော့်အထင်တော့ ဒီကိစ္စမှာ ပါမောက္ခချုပ်နဲ့ ပတ်သက်မယ် ထင်တယ်။ သူ့အနေနဲ့ ပါမောက္ခချုပ်နဲ့ က ပါစင်နယ်အရ ရင်းနှီးမှု ရှိတယ်။ စုံစမ်းစစ်ဆေးရေး ကြာတယ် ဆိုတာကလည်း နောက်ပိုင်းမှာ အကြောင်းတွေ အများကြီး ရှိတယ်။ သူတို့ပုံစံက စုံစမ်းစစ်ဆေးရေးအပိုင်းမှာ Report ကိစ္စ ကို အချိန်ဆွဲနိုင်သလောက် ဆွဲထားမယ်ဆိုတဲ့ ပုံစံမျိုး။ ဒီကိစ္စမှာပါဝင်နေတဲ့ ဦးဆောင်ကော်မတီ ကျောင်းသားတွေက နောက်ဆုံးနှစ်တွေ ။ကျနော်တို့ တက္ကသိုလ်မှာ အမ်တူးတွေနဲ့နောက်ဆုံးနှစ်ဖိုင်နယ်တွေကို Result အစောကြီး ထွက်ပေး လိုက်တယ်။ သူတို့အနေအထားက ကျနော်တို့ကို လူစုခွဲပြီးတော့ ဒီကိစ္စကို ကိုင်တွယ်ဖို့အတွက် စဉ်းစားနေတာဖြစ်မယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – ပုဂ္ဂိုလ်ရေးအရ မန္တလေးတက္ကသိုလ်ပါချုပ်နဲ့ ရင်းနှီးတယ်ဆိုတာ ဝန်ကြီးနဲ့ပြောတာလား၊ ဒုဝန်ကြီးနဲ့ပြော တာလား။

KWYH – ဝန်ကြီးနဲ့ ပိုရင်းနှီးတယ်။

ငြမ်း – ဝန်ကြီးနဲ့ပါချုပ် ဒီလိုရင်းနှီးမှု ရှိလို့ ဒီလိုအခြေအနေ ဖြစ်နေတယ်လို့ ယူဆထားတာလား။

KWYH – ကျနော်တို့အမြင်မှာ စုံစမ်းစစ်ဆေးရေးအပိုင်းမှာ ပွင့်ပွင့်လင်းလင်းပြောတယ်။ဒါပေမယ့် Report ကိစ္စမှာ လုံးဝပွင့်လင်းမြင်သာမှုမရှိဘူးဗျာ။ဘယ်အချက်အလက်တွေကို ဘယ်အချက်အလက်တွေကို Report ထဲရေးထားတယ်ဆိုတာ တရားဝင် မဖော်ပြဘူး။ သူတို့ပြောတဲ့၊သူတို့ကိုင်တဲ့ အပိုင်းက ဒါကလုပ်ထုံးလုပ်နည်း အရ ရုံးကိစ္စတွေက ကျနော်တို့နဲ့ မဆိုင်ဘူးဆိုတာမျိုး သူတို့က အဲဒီအချက်နဲ့ ကျနော်တို့ကို ကိုင်တယ်။ ဒါပေမယ့်အနေအထားတွေက ပွင့်လင်းမြင်သာမှု လည်းမရှိဘူး။ တကယ့်တကယ် သူတို့ပြောတဲ့ လုပ်ထုံးလုပ်နည်း ဆိုတာကလည်း လက်ရှိအနေအထားအရ သူတို့လက်ထဲမှာ ရှည်ချင်ရင်ဆွဲဆန့်မယ်။ တိုချင်ရင်ချုံ့ပစ်လိုက်မယ် ဆိုတဲ့ အနေအထားမျိုး ရောက်နေတယ်။ဒါကြောင့်မို့ ဒီကိစ္စက ပါစင်နယ် အရ ဖြစ်ဖြစ်၊အခြားကိစ္စကြောင့်ဖြစ်ဖြစ် ဘက်လိုက်နေတယ် ဆိုတာကျနော်တို့ ကောင်းကောင်းကြီး သိပါတယ်။

ငြမ်း – ဘက်လိုက်တယ်ဆိုတာ ဘယ်ဘက်ကိုလိုက်တာလဲ။

KWYH – ဘက်လိုက်တယ်ဆိုတာ ဒီကိစ္စမှာ အဓိက ဖြစ်တာက ပါမောက္ခချုပ်နဲ့ဖြစ်တဲ့ပြဿနာ။ ပါမောက္ခချုပ်ဆိုတာက တက္ကသိုလ်ကြီး တစ်ခုလုံးရဲ့ စီမံခန့်ခွဲမှုရေးအပိုင်းမှာ အဓိက တာဝန်ယူထားတဲ့သူ။ ဒီလိုမျိုးအချိန်ဆွဲပေးထားတယ်။ ပြီးတော့ ကျနော်တို့ဘက်ကိုလည်း လူစုခွဲဖို့ တွေလုပ်နေတယ်။ Report ကိစ္စကျပြန်တော့လည်း တင်ပြီးတာသလိုလို၊မတင်ရသေးတာ လိုလို၊ လိုအပ်ချက်တွေ ရှိနေတာလိုလို ကျနော်တို့ကို ပြတ်ပြတ်သားသားပွင့်ပွင့်လင်းလင်း မပြောဘူး။အဲဒီအထဲမှာ အဓိက ဘာတွေပြောထားတာလဲ ဆိုတာ ကျနော်တို့ကို တရားဝင်ပြောမပြဘူး။အဲဒီအချက်တွေကြောင့် ဝန်ကြီးဌာန ဘက်က ပါမောက္ခချုပ်ဘက်ကိုလိုက်ပြီး အချိန်သက်သက် ဆွဲထားတယ်လို့ ကျနော်ကတော့မြင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်း – စုံစမ်းစစ်ဆေးရေးကော်မတီမှာ သပိတ် ဦးဆောင် ကော်မတီက လူတွေပါတယ်မဟုတ်ဘူးလား။

KWYH – စုံစမ်းစစ်ဆေးရေားကော်မတီမှာ ဒုဝန်ကြီး ဒေါက်တာဝင်းမော်ထွန်း၊မြန်မာနိုင်ငံစာစစ်ဌာချုပ်က ဦးမျိုးညွှန့်၊ မော်လမြိုင်တက္ကသိုလ်က ပါမောက္ခချုပ်ရယ် သူတို့သုံးယောက်နဲ့ ဖွဲ့စည်းထားတာ။ ကျနော်တို့ အနေနဲ့ က စစ်ဆေးခံတဲ့ အပိုင်းမှာပဲပါတာဗျ။

ငြမ်း – စစ်ဆေးခံတယ်ဆိုတဲ့အပိုင်းမှာပါတဲ့အခါကျတော့ရော ဘာတွေဘယ်လိုလုပ်ဆောင်ရတာလဲ။

KWYH – ကျနော်တို့ကို စစ်ဆေးတဲ့အခါမှာ တရားရုံးတွေမှာ စစ်သလိုမျိုးတော့ မဟုတ်ဘူး။ ပထမဦးဆုံးမေးခွန်း ပုံစံတွေ ချပြတယ်။ ကျောင်းသားဘက်ဆိုလည်း ကျောင်းသား ကိုယ်စားလှယ်၊ စီမံခန့်ခွဲရေးအပိုင်းက ဆရာတွေဆိုလည်း ဆရာတွေ၊ညွှန်ချုပ်ဆိုလည်းညွှန်ချုပ်၊ပါမောက္ခချုပ်ဆိုလည်းပါမောက္ခချုပ် သူ့နေရာနဲ့သူမေးခွန်းတွေ ခွဲပြီးပေးထားတယ်။ အဲဒါတွေကို လက်ရေးနဲ့လိုက်ဖြည့်ရတယ်။လိုက်ဖြည့်ပြီးတော့ သူတို့ကိုတင်ပြရတယ်။တင်ပြတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့ ပါမောက္ခချုပ်က ကျနော်တို့ကို cross – question မေးလို့ရတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ သုံးယောက်ကလည်း ကျနော်တို့ကို မေးခွန်းမေးလို့ရတယ်။အဲဒါတွေကို သူတို့က Document အနေနဲ့ မှတ်တမ်းတင်ထားတာ။အဲလိုပုံစံမျိုး။

ငြမ်း – Food Court ကိစ္စမှာ ပါမောက္ခချုပ်အနေနဲ့ အဂတိရှိတယ်ဆိုတာ ကိုဝေယံထက်တို့ဘက်က ထင်မြင်ယူဆချက်လား၊ အချက်အလက်အရ အထောက်အထား အခိုင်အမာ ရှိတာလား။

KWYH – အဂတိအရကျတော့ ပထမဆုံးပြောချင်တာ ၁/၂၀၁၇ပေါ့။လုပ်ထုံးလုပ်နည်းနဲ့ နိုင်ငံတော် သမ္မတ ညွှန်ကြားချက် ကို ချိုးဖောက်ပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ပါမောက္ခချုပ်အနေနဲ့ ပြောတာကျတော့ ဒီဟာကို တကယ် မသိလို့ပေါ့။ ဥပဒေအရ ဒါကို မသိလို့ လုပ်လိုက်တယ်ဆိုတာ ဖြစ်လို့မရဘူး။အဂတိကြတာ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေမှာပါပြီးသား နိုင်ငံတော် သမ္မတညွှန်ကြားချက်ကို ချိုးဖောက်ပြီးတော့ နိုင်ငံတော်ပိုင်မြေပေါ်မှာ ဝန်ဆောင်မှုေ ပးတာဖြစ်စေ၊ နိုင်ငံတော်ရဲ့ မြေပေါ်မှာ ညွှန်ကြားချက်နဲ့ သွေဖည်ပြီးတော့ လုပ်လိုက်တာဆိုရင် ဒါက အဂတိ အမှုမြောက်တယ်ဆိုပြီး ဖော်ပြထားပြီးသား။အဲဒါကြောင့် ကျနော်တို့က အဂတိလိုက်စားမှုမြောက်ပါတယ်လို့ တင်ပြခြင်းဖြစ်ပါတယ်။

ငြမ်း – အခုလို Food Court ဖြစ်လာတဲ့အခြေအနေမှာ အခြာဘာတွေပြောင်းလဲသွားသလဲ။ ကျောင်းအတွက်၊ ကျောင်းသားတွေ အတွက်ဘာတွေနစ်နာမှုရှိသလဲ။

KWYH – ကျောင်းသားတွေအနေနဲ့ဆိုရင် ဒီဟာက အပေါ်ယံကြည့်လိုက်ရင် လုံးဝကောင်းပါတယ်။ ကျောင်းထဲမှာ Oriental House လို အဆောက်အဦ ကြီး လာပြီးဖွင့်ပေး တယ်ပေါ့။ တစ်ချက်ပြန်ကြည့်ရင် ကျနော်တို့ မန္တလေး တက္ကသိုလ်ထဲမှာ၊နိုင်ငံတော်ပိုင်မြေထဲမှာ ဆောက်ထား တယ်။ပြီးတော့ အဆောက်အဦ တစ်ခုတည်း။ Oriental House ကုမ္ပဏီက တစ်ခုတည်းပဲ ဆောက်ထားတယ်။ အဲဒါကို ကြည့်ခြင်းအားဖြင့် မြေနေရာကို monopoly လုပ်ထားတယ်။ သူတို့ရဲ့အဆောက်အဦ အနေအထားအရ အဲဒီနေရာမှာ ဆိုင်ခန်း နှစ်ဆိုင်၊သုံးဆိုင်အထိဆောက်လို့ရတဲ့အနေအထားမှာရှိတယ်။ အခုအနေအထားက Oriental House တစ်ခုတည်းက ဝင်လာတယ်။ဒီမှာဖွင့်တယ်။ဒါက ဘာပဲဖြစ်ဖြစ် ကျောင်းသားတွေ ရဲ့အကျိုးကို ထိခိုက်တာပဲ။ တကယ့်တကယ် အဲဒီနေရာမှာ နှစ်ဆိုင်လည်းဖြစ်သွားနိုင်တယ်၊သုံးဆိုင်လည်းဖြစ်သွားနိုင်တယ်။ အဲဒီလို အနေအထားမှာ ရှိလို့ ဒါက ကျနော်တို့ကျောင်းသားတွေ ရဲ့အကျိုးကိုထိခိုက်ပါတယ်။

ငြမ်း – ဒုဝန်ကြီး ကျောင်းသားတွေကို အခုနောက်ဆုံး ပေးထားတဲ့ မက်ဆေ့ ကဘာလဲ။

KWYH – အဓိက အကြောင်းပြန်တာကတော့ Report ကိစ္စပါပဲ။ သူ့အနေနဲ့ အခြားဆောင်ရွက်ချက်တွေ မပြီးသေးလို့ ။ကျနော်တို့ က ပညာရေးဝန်ကြီးဆီ ဖုန်းဆက်ကြည့်တော့ သူ့အနေနဲ့ တင်ပြီးပြီ။ ဒေါက်တာဝင်းမော်ထွန်း ဒုဝန်ကြီးကို ဖုန်းဆက်ကြည့် တော့ သူ့အနေနဲ့ လုံးဝမတင်ရသေးဘူး။ ဝန်ကြီးကပြောတာက တင်ပြီးပြီ။ အဲဒီကိစ္စတွေကိုဖွင့်မပြောဖို့ ဒါတွေကို အပြင်ချပြမယ် ဆို ငါတို့ဆီက ဘာသတင်းမှမကြားရတော့ဘူး အဲဒီလိုပုံစံမျိုးေ တွပြောလာတယ်။

ငြမ်း – ဒီအကြောင်းတွေကို အပြင်ကို၊မီဒီယာတွေကို ချပြရင် ကိုဝေယံထက်တို့ကို ဆက်သွယ်ပြောဆိုခြင်း မလုပ်တော့ဘူး လို့ပြောတာလား။

KWYH – ဟုတ်တယ်ဗျ။” မင်းတို့ ငါ့ဆီက ဘာမှသိရမယ်မကြံနဲ့” ဆိုပြီး အဲလိုပုံစံမျိုးပြောတာ။

ငြမ်း – ကျနော်တို့ သိထားရတာ ဒီကိစ္စမှာ ပညာရေးဝန်ကြီး ဌာနက ဖြေရှင်းပေးမယ်ဆိုတဲ့အချိန်မှာ သပိတ်ဦးဆောင် ကော်မတီက သပိတ်ကို မလှန်သေးဘူး။ခဏရပ်မယ်ဆိုပြီး လုပ်ခဲ့ကြတာနော်။

KWYH – ဟုတ်တယ်ဗျ။

ငြမ်း – အဲဒီတော့ အခုရရှိထားတဲ့ ရလဒ်ကိုရော ကျေနပ်လား။

KWYH – အရင်တုန်းက စိစစ်ရေးကော်မတီဆိုပြီး ဖွဲ့စည်းတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်နေ တယ်ဆိုတာ မသိရဘူး။ဒီသပိတ်ကြီး စဖြစ်လာတယ်။သပိတ်ဖြစ် လာပြီးနောက်ပိုင်းမှာ စုံစမ်း စစ်ဆေးရေး အဖွဲ့ဆိုပြီးပေါ်လာတယ်။ စုံစမ်းစစ်ဆေးတဲ့ အပိုင်းတော့ ပြီးသွားပြီ။ဒါပေမယ့် Report တင်တဲ့အပိုင်းက ကြန့်ကြာနေတယ်။ လုပ်ငန်းစဉ်အရဆို ဒီဟာက ကျေနပ်စရာတော့ အရမ်းကြီး မရှိသေးဘူးဗျ။အဓိက ကျနော်တို့ လိုချင်တာက သေချာတဲ့အဖြေတစ်ခု။ အခု သူတို့က အချိန်ဆွဲပြီး ကြန့်ကြာအောင်လုပ်ထားတယ်။ ကျနော်တို့ကို လူစုခွဲဖို့ လုပ်နေတယ်။အဲဒီလိုဆိုတော့ ဒီဟာက သူတို့ရဲ့မသမာမှုကို ပိုပြီးပေါ်လွင်နေတဲ့ ပုံစံဖြစ်နေတယ်။ လက်ရှိအနေအထားအရ သပိတ်က ခဏရပ်နားထားတယ်။စုံစမ်းစစ်ဆေးရေးအဖွဲ့ ဆောင်ရွက်ချက်ကို ကျနော်တို့ကြည့်နေတယ်။

ငြမ်း – အခုအခြေအနေမှာ မျှော်လင့်ထားတဲ့စုံစမ်းစစ်ဆေးရေး အခြေအနေဖြစ်သလား။ပြီးတော့ ဘယ်လောက်ကြာသွားပြီလဲ ။ကြာလာခဲ့ရင်ရာ ဘာတွေ လုပ်သွားဖို့ ရှိလဲ။

KWYH – အစောပိုင်းမှာ ကျနော်တို့ မြင်တာက စုံစမ်း စစ်ဆေးရေးအဖွဲ့ က အကုန်လုံးရှေ့မှာပဲ စစ်ဆေးရေးဝင်ခဲ့တယ်။ အကုန်လုံးကိုလည်း ပွင့်ပွင့်လင်းလင်းပြောခဲ့တယ်။ ဒါပေမယ့်စုံစမ်းစစ်ဆေးရေးမှာ မှတ်တမ်းလိုက်တဲ့ အပိုင်းက အားနည်းချက်ရှိတယ်။ cross – question တွေမေးကြတယ်။ ကျနော်တို့ ဖြေကြတယ်။ ဒါပေမယ့် နောက်ကနေ ဒီအမေးအဖြေတွေကို လိုက်မှတ်တဲ့သူမရှိဘူး တကယ့်တကယ် နောက်ကမှတ်တမ်း လိုက်တဲ့အချိန်မှာ အားနည်းချက် ရှိတယ်။နောက်ပြီးတော့ သူတို့ရဲ့ process တွေ၊report ကိစ္စနဲ့ပတ်သက်ပြီးအထဲမှာ ဘာတွေပါတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ချမပြဘူး။ဒါကြောင့်မို့ စုံစမ်း စစ်ဆေးရေး အပိုင်းကတော့ အရမ်းကြီးပွင့်လင်းမြင်သာမှု မရှိဘူးဗျ ။ကြန့်ကြာနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပါချုပ်အနေနဲ့ကလည်း လက်ရှိ ဒီမှာတာဝန်ထမ်းဆောင်ရဆဲပဲလေ။ဘာပဲဖြစ်ဖြစ် ဒီတက္ကသိုလ်ရဲ့ စီမံခန့်ခွဲမှုအပိုင်းမှာတာဝန်ယူ ထားရတယ်။ အဲဒါကြောင့် ကျနော်တို့ ကျောင်းသားကိစ္စပဲဖြစ်ဖြစ်၊ အခြား အဆောက်အဦ ပိုင်းတွေဖြစ်ဖြစ် သူကတာဝန်ခံထား၊ တာဝန်ယူ ထားတော့ အဲဒီအခြေအနေမှာ သူ့အနေနဲ့ အာဏာရှိတယ်။ သူ့အနေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်သွားနိုင် တယ်။ လက်ရှိအနေအထားအရ သူကလည်း တည်ငြိမ်နေတဲ့ပုံတော့ မဟုတ်ဘူးလေ။ အဲဒီတော့ ကျနော်တို့က ကြန့်ကြာမှုနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာမှာ စိုးလို့ ကျနော်တို့အနေနဲ့ သမ္မတကြီးရော၊နိုင်ငံတော် အတိုင်ပင်ခံ ဆီကိုရော ဒီကြန့်ကြာမှုတွေဖြစ်နေတဲ့အတွက် တတ်နိုင် သလောက်ဆောင်ရွက်ပေးဖို့၊ တောင်းဆိုဖို့ လောလောဆယ် စာရေးနေပါတယ်။

ငြမ်း – အဲဒီလိုစာထပ်ရေးပြီး တောင်ဆိုရင်ရော ကိုဝေယံထက် တို့ မျှော်လင့်သလိုဖြစ်ပါ့မလား။

KWYH – ရာခိုင်နှုန်းအပြည့်ကတော့ မဖြစ်လောက်ဘူး။ သူတို့အနေနဲ့ နည်းနည်းပါးပါး စိစစ်တဲ့အပိုင်းတော့ သူတို့ လုပ်လိမ့်မယ်။အဲဒါမှမရရင် ကျနော်တို့ သပိတ်ပြန်ထိုင်ရမှာပေါ့။

ငြမ်း – အခုအခြေအနေအပေါ်မှာရော မန္တလေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဘာတွေဆောင်ရွက်ဖို့ တည်ထားလဲ။

KWYH – ဒီဟာက သပိတ်နဲ့တော့မဆိုင်ဘူးပေါ့။ကျနော်တို့သမဂ္ဂက လက်ရှိအနေအထားပေါ့။ကျနော်တို့ သမဂ္ဂက နောက်အမှူဆောင်အသစ်တက်လာတယ်။တက်လာပြီးတော့ ကျမ်းသစ္စာ ကျိမ်ဆိုပွဲက သောကြာနေ့မှာဖြစ်သွားတယ်။ သပိတ်က တနလာၤနေ့မှာဆက်ထိုင်လိုက်တယ်။ နောက်ပိုင်းမှာ စာမေးပွဲနဲ့ အရမ်းနီးသွားတယ်။ ဒီကြားထဲမှာ အလုပ် အမှူဆောင်ကို အချိန်မနည်းယူပြီးဖွဲ့ထားလိုက်ရတယ်။ လက်ရှိအနေအထားအရ အက်ရှင်ပလန် တော့ ကျနော်တို့မဆွဲရသေးဘူး။နောက်စာသင်နှစ်စစခြင်းမှာ အလုပ်အမှူဆောင်တွေ အကုန်ဖွဲ့ပြီးတော့ အက်ရှင် ပလန်ဆွဲရမှာဗျ။လောလောဆယ် ကျနော်တို့ အဆောင် ကိစ္စနဲ့လုပ်ထားတယ်။ သပိတ်ကိစ္စကလည်းမပြီးသေးတော့ အဲဒီအပိုင်းကလည်း လှည့်နေရသေးတယ်။အခု ကျောင်းပိတ်ရက် တာဝန်ခံက လေးယောက်ပဲရှိတာလေ။

ငြမ်း – မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ကို ဒီလိုလုပ်တာ ပုဂ္ဂိုလ်ရေးအရ မကျေနပ်လို့ အခြားကိစ္စတစ်ခုခုမှာမကျေလည်လို့ ဒီလိုမျိုး လုပ်တာလား။

KWYH – အဲလိုတော့မရှိဘူးဗျ။ ၁/၂၀၁၇ အရ နိုင်ငံတော်က ချမှတ်ထားတဲ့ညွှန်ကြားချက်တွေကို သွေဖည်ပြီးလုပ်တယ်။ ဒီကိစ္စကို လုပ်စဉ်က ပါချုပ်အနေနဲ့ ပွင်ပွင့်လင်းလင်း လုပ်တာမရှိဘူး။ ဒါကြောင့် ကျနော်တို့ သပိတ်ထိုင်တာ။ ပုဂ္ဂိုလ်ရေးအရတော့ ဘာမှ ချိတ်တော့ မရှိဘူး။ ပုဂ္ဂိုလ်ရေးအရဆို ပြေလည်ပြီးသားပါ။

ငြမ်း – ဒုဝန်ကြီးက မီဒီယာတွေကိုပြောရင် ဘာမျှမပြောတော့ ဘူး ဆိုတော့ ဒီအခြေအနေနဲ့ပတ်သက်လို့ ဘယ်လိုသိနိုင်အောင် လုပ်မလဲ။

KWYH – ဖုန်းတော့ ပြန်ဆက်ကြည့်ရမှာပဲ။ဒုဝန်ကြီးနဲ့ ကျနော်တို့ကြားက ဆက်ဆံရေးကလည်း သူက တစ်ခါတစ်လေ အဲလိုတော့ပြောတတ်တယ်။ စုံစမ်းစစ်ဆေးရေးတဲ့အခါမှာေ တာင်ကျနော်တို့ကို နောက်တာလိုလို ဘာလိုလိုနဲ့ ငါနောက်နေ့ဆက်မလုပ်တော့ဘူး။မင်းတို့ကို လက်သီးနဲ့ ထိုးချင်ထိုးလို့ရတယ် ဆိုပြီး အဲလိုပြောတာမျိုးလည်း ရှိတယ်။ဒါကတော့ထားလိုက်ပါတော့။အဲလိုကိစ္စတွေရှိတော့ ကျနော်တို့အနေနဲ့ သူ့ကို တတ်နိုင်သလောက်တော့ လှမ်းမေးရမှာပေါ့။

ငြမ်း – ဘာများဖြည့်စွက်ပြောချင်တာရှိလဲဗျ။

KWYH – ပြောစရာတော့မရှိပါဘူး။ရှေ့လုပ်ငန်းစဉ်တွေအတွက် ကျနော်တို့ အစည်းအဝေးပြန်ထိုင်နေကြတယ်။

ငြမ်း – ကျေးဇူးတင်ပါတယ်ဗျာ။

ဓာတ်ပုံ – mustudent

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဝေယံထက်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။