၀န်ကြီးဌာနများနှင့်ဗဟိုအဖွဲ့အစည်းများအကောင်းကြိုက်ခြင်းလျှော့ချဖို့မေတ္တာရပ်ခံ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ပြည်သူ့လွှတ်တော်

ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ဗဟိုအဖွဲ့အစည်းများ အကောင်းကြိုက် ခြင်းလျှော့ချဖို့မေတ္တာရပ်ခံကြောင်း မန္တလေးတိုင်းဒေသကြီး၊အောင်မြေ သာစံ မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောသည်။

သြဂုတ်(၂၈)၊၂၀၁၉၊ရန်ကုန်

ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ဗဟိုအဖွဲ့အစည်းများ အကောင်းကြိုက် ခြင်းလျှော့ချဖို့မေတ္တာရပ်ခံကြောင်း မန္တလေးတိုင်းဒေသကြီး၊အောင်မြေ သာစံ မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောသည်။

၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် လုပ်ငန်းလိုအပ်ချက်အရသော်၎င်း၊e- Government အကြောင်းပြု၍သော်၎င်း ဝန်ကြီးဌာနများ၊ဗဟို အဖွဲ့အစည်းများအနေဖြင့် အိုင်စီတီပစ္စည်းများ ဝယ်ယူခြင်းတွင် အကောင်းဆုံး Branded ပစ္စည်းများသာတောင်းခံ ထားခြင်းနှင့် ပတ်သက်၍ ယနေ့ကျင်းပသည့်လွှတ်တော်တွင်ဒေါက်တာလှမိုးက ဆွေးနွေးသွားခြင်းဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် လုပ်ငန်းလိုအပ်ချက်အရသော်၎င်း e- Government အကြောင်းပြပြီးသော်လည်းကောင်း အိုင်စီတီပစ္စည်းများ ဝယ်ယူခြင်းခေါင်းစဉ်အောက်တွင် စုစုပေါင်းတန်ဖိုးငွေ ၄၁.၁ ဘီလျံ တောင်းခံခြင်းဖြစ်သည်။

ထိုသို့တောင်းခံရာတွင် ၁.၁ – ၁.၃၅ သန်း တန်ဖိုးရှိ ကွန်ပြူတာ (၂၆၇၈၉)လုံး၊ ၁.၃ -၁.၇၅ သန်း တန်ဖိုးရှိ လက်ပ်တော့(၂၃၉၄)လုံး၊၁.၉ – ၃၃.၅သန်း တန်ဖိုးရှိ မိတ္တူကူးစက်(၂၁၁၉)လုံး တို့ဖြစ်သည်။

“အကောင်းဆုံး Branded တွေချည်းပဲတောင်းတာ။ဒါပေမယ့် ဒီလုပ်ငန်းသုံးတွေကိုစီစစ်တဲ့အခါကျတော့ စာစီစာရိုက်၊Word၊ Excel၊ Photoshop လောက်သာသုံးမှာဖြစ်တာကိုတွေ့ရှိရတယ်” ဟု ဒေါက်တာလှမိုးကဆိုသည်။

စာစီစာရိုက်လောက်လုပ်မည်ဆိုလျင်ကျပ်လေးသိန်းခွဲ၊ငါးသိန်းတန် လောက်ဖြင့်ကောင်းကောင်း အသုံးပြုနိုင်ကြောင်း၊ယင်းအပြင် မိတ္တူကူးစက်များတွင်လည်း ကျပ်(၁၃)သိန်းကျပ် မှ (၁၉) သိန်းကျပ် အတွင်း ကောင်းကောင်းရနိုင်သော်လည်း ကျပ်(၃၃)သိန်းနှင့် အထက်သာတောင်းထားသည် ဟု၎င်းကပြောသည်။

ယခုတောင်းခံထားမှုများအားထက်ဝက်လျှော့ချနိုင်ပါက နိုင်ငံတော် အတွက် ဘီလျံ ၂၀ လောက် သက်သာသွားမည်ဖြစ်ကြောင်း ဒေါက်တာလှမိုးက ပြောသည်။

၂၀၁၉ -၂၀၂၀ ခု ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရသုံး ဆိုင်ရာဥပဒေကြမ်းတို့၏ မူနှင့်အခြေခံသဘောများနှင့်စပ်လျဉ်း၍ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးဆွေးနွေးနေစဉ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။