၀န်ကြီးဌာနရော၊ မိခင်ဌာနကပါ တာဝန်မဲ့တယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

LYL/ ဥပဒေ အကြံပေး ဦးခင်မောင်မြင့်

အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေ ပြည့်ကျပ်နေတဲ့ အခြေအနေ တွေ၊ ဝန်ထမ်းအင်အား မလုံလောက်မှုတွေ၊ အခြေအနေတွေ၊ နောက် တစ်ခါ လုံခြုံရေးစည်းအတွက် စနစ်တကျ စီမံနိုင်မှု မရှိတဲ့ အခြေအနေ တွေ …

စက်တင်ဘာ (၁၆) ရက်နေ့ မနက်က ကရင်ပြည်နယ် ဘားအံအကျဉ်း ထောင်မှ အကျဉ်းသားအချို့ သည် ထောင်မှ အသုံးပြုသည့်ကားကို လုယက်ပြီး ထောင်ဖောက် ထွက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ထောင်ဖောက်မှုကို နှစ်အကန့်အသတ်မရှိ ပြစ်ဒဏ်ကျခံနေရသူ ကျော်မိန်လ ဆိုသူက ဦးဆောင်ခဲ့ခြင်း ဖြစ်ပြီး အကျဉ်းသား (၄၁) ယောက် လွတ်မြောက်သွားခဲ့ရာ တာဝန်ရှိသူများ လိုက်လံ ဖမ်းဆီးခြင်းမှ (၁၄) ဦး ပြန်လည်ဖမ်းဆီးရမိထားပြီး လွတ်မြောက်နေသူများကို ဖမ်းဆီး ရမိရေး ရှာဖွေမှုများ ဆက်လက် လုပ်ဆောင် နေဆဲ ဖြစ်သည်။ ယင်းကဲ့သို့ ဘားအံထောင်ဖောက်မှုကိစ္စနှင့် စပ်လျဉ်း၍ အကျဉ်းဦးစီး ဌာနတွင် ထောင်မှူးကြီးအဆင့် အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဥပဒေ အကြံပေး ဦးခင်မောင်မြင့်ကို ငြမ်းမီဒီယာက မေးမြန်းထားသည် များကို ဖော်ပြလိုက်ပါသည်။

ငြမ်းမီဒီယာ – ဘားအံအကျဉ်းထောင်ကနေ လူ (၄၀) ကျော် ထောင်ဖောက်ထွက် ပြေးတဲ့ သတင်းအပေါ် ပြည်သူတွေကလည်း တော်တော် စိတ်ဝင်စားနေ ပါတယ်။ အကျဉ်းထောင်မှာ တာဝန်ယူ လုပ်ကိုင်ခဲ့သူ တစ်ယောက်အနေ နဲ့ ယခုကိစ္စကို ဘယ်လိုမြင်ပါသလဲ။

ဦးခင်မောင်မြင့် – ထောင်မှာ (၂၅) နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ဖူး တဲ့ အတွေ့အကြုံရယ်၊ ထောင်လုံခြုံရေးကို ကြီးကြပ်ခဲ့ရတဲ့ ထောင်မှူး ကြီး တစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ဆိုရင်တော့ ဒါဟာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘူးလို့ သုံးသပ်လို့ ရပါတယ်။ ဒီမှာ နောက်ကွယ်က မသမာမှု ပါနိုင်တယ်လို့ သုံးသပ်လို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖြစ်စဉ်မှာ (၄၁) ယောက် ထွက်ပြေးတယ်လို့ သိရ တယ်။ သတင်းတွေအရ ကား သမားကို တိုက်ခိုက်ပြီး ကားလုမောင်းတဲ့သူက ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်ကျထားတဲ့ ရာဇဝတ်ပြစ်မှုကြီးတွေ ကျူးလွန်ထားသူ ဖြစ်နေ တယ်။ အဲဒီလိုလူမျိုးက မနက် (၈) နာရီခွဲလောက်မှာ အမှိုက်ကားကို တိုက်ခိုက်လုယက်ပြီး ဒီဖြစ်စဉ်ကြီးကို ဦးဆောင်သွားရလောက် အောင် သူက ထောင်အပြင်မှာ ရှိနေရမယ့်လူ မဟုတ်ဘူး။ ဒီလိုပုဂ္ဂိုလ်တွေက အကျဉ်းထောင် စည်းမျဉ်းစည်းကမ်းတွေအရ ဆိုရင် သီးခြားတိုက်တွေ ထဲမှာ သေ့ာခတ်ပြီး ထိန်းသိမ်းထားရတဲ့ လူမျိုးတွေ ဖြစ်တယ်။ ဒါဆိုရင် သူက ဘာကြောင့် အပြင်ကို ရောက်နေသလဲ။ နောက်တစ်ခါ အဲဒီဖြစ်စဉ် ဖြစ်နေတဲ့အချိန်မှာ အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းထောင် လုံခြုံ ရေးအတွက် ဆောင်ရွက်နေရတဲ့ အကျဉ်းသား အရာရှိတွေပေါ့၊ ထောင် ဥပဒေအရ စည်းကမ်း ထိန်းသိမ်းရေးတွေ၊ ဘုတ်ကိုင်တွေ၊ အမှိုက်ကား မှာ အမှိုက်တွေတင်နေ ကျုံးနေကြတဲ့ အခြားအကျဉ်းသားတွေကရော ဘာကြောင့်ဒီဖြစ်စဉ်မှာ မပါရှိတာလဲ။ ဝန်ထမ်းတွေက ဘာကြောင့် ဒီဖြစ် စဉ်ကို အော်ဟစ်ပြီး သတိ မပေးတာလဲ ဆိုတာတွေရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ထောင်တံခါးတွေကို ကားနဲ့တိုက်ပြီး ထွက်ပြေးကြတယ်လို့ သတင်းတွေမှာ ဖော်ပြကြတယ်။ အဲဒါကရော ဖြစ်နိုင်ပါ့မလား။

ဦးခင်မောင်မြင့် – ကားကြီးကို မောင်းပြီး ထောင်အပြင် ရောက်အောင် သွားဖို့ဆို အနည်းဆုံး တံခါး (၄) ခုကို ဖြတ်သန်းရမယ်။ နံပါတ်တစ်က ထောင်အခေါ် ကြက်တူရွေး တံခါးလို့ ခေါ်တယ်။ ထောင်ဗူး တံခါးမ ကြီးကို လူအုပ်စုနဲ့ အန္တရာယ်ပြု မစီးနင်းနိုင်အောင်လို့ သံတိုင်တံခါး ရှိတယ်။ ဒီကြက်တူရွေးတံခါးကို ကားနဲ့တိုက်ဖွင့် သွားတယ်ဆိုရင် အဲဒီ ကဝန်ထမ်းတွေ ဘာလုပ်နေသလဲ။ ကြက်တူရွေးတံခါးနဲ့ တံခါးမကြီးရဲ့ လုံခြုံရေးအတွက် တံခါးအပေါ်မှာ ဗဟိုကင်းရှိတယ်။ အဲဒီမှာ လက်နက် တိုက် ထားတယ်။ ဗဟိုကင်းမှာရှိနေတဲ့ ဝန်ထမ်းတွေကရော ဘာကြောင့် ပစ်ခတ်ပြီး ဟန့်တားမှု မလုပ်ခဲ့တာလဲ။ ကျွန်တော်တို့ အကျဉ်းထောင် ဥပဒေ ပုဒ်မ (၄၁၇) မှာ ပေးထားပြီးသားပါ။

ဒီနေ့ခေတ်မှာက တရားဥပဒေ စိုးမိုးရေးတို့၊ မူးယစ်ဆေးဝါး နှိမ်နှင်းရေးတို့အတွက် အပြင်မှာ စီမံချက် လုပ်တာနဲ့အမျှ ထောင်တွေမှာ လူတွေများလာတယ်။ ထောင်တွေမှာ လူတွေများလာတော့ ဒီလူတွေကို စနစ်တကျ ကိုင်တွယ်ဖို့အတွက် အကျဉ်းထောင်တွေလည်း တိုးဖွင့်ဖို့ လိုလာတာ …

ဒီလိုမျိုး ဖြစ်တယ်၊ အကျဉ်း ထောင် တံခါးမကြီးကို လူအုပ်စုနဲ့ တိုက်ခိုက်နေတယ်၊ အကျဉ်းသား အချင်းချင်း တိုက်ခိုက်နေတယ်၊ အဓိကရုန်းတွေ ဖြစ်နေတယ်ဆိုရင် ပစ်မိန့်တောင်းစရာ မလိုပါဘူး။ ဗဟိုကင်းမှာရှိနေတဲ့ ကင်းမှူးက တိုက်ရိုက် အမိန့်ပေးပြီး ပစ်ခတ်နှိမ်နှင်းလို့ ရပါတယ်။ ကြက်တူးရွေး တံခါးကို စပြီးတိုက်တဲ့ အချိန်မှာ ဘာကြောင့် ဗဟိုကင်းက ထိန်းဖို့မလုပ် တာလဲ။ ကြက်တူရွေးတံခါး ပွင့်သွားပြီဆို ဒုတိယအဆင့် မိန်းတံခါးမကြီး ရဲ့ အတွင်းတံခါး၊ ဒီတံခါးမကြီးကလည်း ပြောမယ်ဆိုရင် သံပြားကြီးတွေ နဲ့ လုပ်ထား တာ၊ အတွင်းထဲမှာလည်း ကျပ်လုံးသံတိုင်တွေ ပါတယ်။ ရိုးရိုးသော့တွေနဲ့ ခတ်တာမဟုတ်ဘူး။ အင်္ဂလန်ကလာတဲ့ အာမခံသော့ တွေနဲ့ ခတ်တာ၊ သော့တံ မောင်းတုံးတံကိုလည်း တစ်ကျပ်လုံးနဲ့ လုပ် ထားတာ။ ကားနဲ့ဝင်တိုက်တယ်ဆိုတော့ ပထမအကြိမ် ကြက်တူရွေး တံခါးကို တိုက်ကတည်းက ကားက တစ်စုံတစ်ရာတော့ အခက်အခဲရှိ ရမယ်။

ပြန်မိတဲ့ လူစာရင်းထဲမှာ ဓာတ်ပုံထဲကြည့်ရင် ခြေကျင်းနဲ့ ဒေါက်နဲ့ ခတ်ထားတာ တစ်ယောက် ပါတယ်။ ခြေကျင်းနဲ့ ဒေါက်နဲ့ ခတ်ထားတဲ့သူက တိုက်ထဲမှာမရှိဘဲ ဒီအထိရောက် လာအောင်ဆိုတာ မလွယ်ဘူး။ ကျွန်တော်ပြောသလိုပါပဲ၊ အတွင်းသစ္စာဖောက်မှုတွေ၊ မသမာမှုတွေ ပါလိမ့်မယ်။ အထူးသဖြင့် …

စက်သေသွားတာ၊ ရပ်သွားတာ ဖြစ်ရမယ်။ ကြက်တူရွေးတံခါးနဲ့ ထောင်အတွင်းတံခါးက ပေ (၂၀) ပဲကွာတာ၊ ဒါကြီးကို အားနဲ့ ဝင်တိုက် လိုက် ရအောင် ကားမှာ အရှိန်ဘယ်လိုမှ မရနိုင်ဘူး။ တံခါးမကြီး ပွင့် ထွက်သွားလောက်အောင် ဘယ်လိုမှ အရှိန်မပါနိုင်ဘူး။ ဒါကတစ်ချက်။ တကယ်လို့ အဲဒီတံခါးပွင့်သွားတယ် ထားဦး၊ အဲဒီတံခါးနားမှာ ထောင်ပိုင် ရုံးခန်း ရှိမယ်။ ထောင်မှူးကြီး ရုံးခန်းရှိမယ်။ နောက်တစ်ခါ ထောင်မှူးတစ် ယောက်နဲ့ တံခါးမကြီး ဝန်ထမ်းတွေ ရှိမယ်။ အနည်းဆုံး ထောင်ပိုင်အပါ အဝင် ဝန်ထမ်း (၂၀) နဲ့ (၂၅) ယောက် ဝန်းကျင် အဲဒီနေရာမှာ ရှိတယ်။ အဲဒီဝန်ထမ်းတွေကရော ဘာကြောင့် မခုခံတာလဲ။ ဘာကြောင့် မတား ဆီးတာလဲ။

ထောင်တိုင်း ထောင်တိုင်းမှာ အန္တရာယ်ရှိနေတာ။ ဝန်ထမ်းက လုံခြုံရေး သတိ ပေါ့မယ်၊ ယုံကြည်မှု အရမ်းလွန်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ထောင်တိုင်း ထောင်တိုင်းမှာ အန္တရာယ်ရှိနေတယ်။ ဝန်ထမ်းတွေမှာ လည်း နားရက်မရှိဘူး။ အားရက်မရှိဘူး။ အဲဒါ တွေကို ဖြည့်ဆည်းပေးဖို့ ဝန်ကြီးဌာနရော၊ မိခင်ဌာနကပါ တာဝန်မဲ့တယ်။ အရေးယူရင် …

အဲဒီကားကပဲ ကြက်တူရွေးကိုလည်း တိုက်ပြီးပြီ၊ ပထမတံခါး ကိုလည်း တိုက်ပြီးပြီ၊ ပထမတံခါးနဲ့ အပြင်တံခါး အကွာအဝေးကလည်း ပေ (၅၀) ပဲရှိတာ။ အဲဒါကြီးကို အရှိန်နဲ့ ပြေးတိုက် လိုက်ရအောင် အရှိန် မရှိနိုင်ဘူး။ သို့သော် တံခါး (၃) ချပ်ပွင့်သွားပြီဆိုပေမယ့် အပြင်မှာ ဗူးတံခါးကြီးကို ထိန်းသိမ်းနိုင်ဖို့အတွက် တံခါးတစ်ချပ် ရှိသေးတယ်။ အဲဒီကျန်တဲ့ တံခါးကိုလည်း တိုက်ဖွင့်သွားတယ်။ အဲဒီ အပြင်တံခါးမှာ လည်း တပ်ရဲအပြင် ဝန်ထမ်းတွေရှိတယ်။ ထောင်ဝန်ထမ်းတွေကို စီမံခန့် ခွဲပေးရတဲ့ ဝန်ထမ်းအကြီးအမှူး ဂတ်စာရေးတို့၊ အရာခံတို့ရှိတယ်။ အရန် ဝန်ထမ်းလည်း ရှိတယ်။ ဘာကြောင့် သူတို့ မတားနိုင်တာလဲ။ အဲဒီကနေ ထွက်သွားပြီးတော့ ဝန်းရဲ့အပြင်မှာလည်း တံခါးမကြီး တစ်ချပ် ရှိသေး တယ်။ အဲဒီမှာလည်း တပ်ရဲတစ်ယောက်နဲ့ ဝန်ထမ်းတွေရှိတယ်။ ဒီဖြစ် နေတာကြီးကို အဆင့် ဆင့် ဘာလို့ မတားနိုင်၊ သတင်းမပို့နိုင် တာလဲ။ မဖြစ်နိုင်တဲ့ ဖြစ်စဉ်ကြီး ဖြစ်သွားတယ်။ ဒါသည် သမားရိုးကျ မဟုတ်ဘူး။

ငြမ်းမီဒီယာ – မြန်မာနိုင်ငံမှာ အခုလို လူအများကြီးနဲ့ ထောက်ဖောက်ပြေးလို့ လွတ်မြောက်တဲ့ ဖြစ်စဉ်မျိုး ရှိခဲ့ဖူးလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးခင်မောင်မြင့် – မဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းတွေ ပြောခဲ့သလို ဖြစ်နိုင် တာတွေလည်း ရှိတယ်။ ဒီလို ဖြစ်စဉ်မျိုး ဖြစ်ခဲ့တာတွေလည်း ရှိတယ်။ ၁၉၆၇ ခုနှစ်မှာ ကျိုင်းတုံထောင်ကနေ ဗကပ အကျဉ်းသား (၁၄၇) ယောက် ထွက်ပြေးတယ်။ အဲဒီတုန်းကတော့ ကားနဲ့မဟုတ်ဘူး။ ထောင်မှူးအပါအဝင် ဝန်ထမ်း တွေကို ဓားစာခံ လုပ်လိုက်တယ်။ အကုန်ဖမ်းပြီး ဓားစာခံ လုပ်လိုက်တော့ ကျန်တဲ့ဝန်ထမ်းတွေ ခုခံလို့ လည်း မရဘူး။ သတင်းပို့လို့လည်း မရဘဲ ထောင်သား (၁၄၇) ယောက် က အေးအေးဆေးဆေး လမ်းလျှောက် ထွက်သွားတယ်။ နောက်ဆုံး ထောင်နောက်ကျောကနေ တောထဲကို ဝင်ပြီဆိုတော့မှပဲ သတင်းပို့လို့ တပ်က လိုက်ရှင်းရတာမျိုး ရှိတယ်။

အကျဉ်းထောင်တွေ တိုးမဖွင့်နိုင်ရင် တရားရေး ဝန်ကြီးဌာန ထားမလား။ တရားရေး ဝန်ကြီး ဌာနထား မယ်ဆိုရင်တော့ အချုပ်တွေသည် ရဲလက်အောက် ရောက် သွားပြီး ထောင်တွေက ထောင်ကျတွေကိုပဲ အုပ်ချုပ်တာမျိုး ဆိုရင်တော့ လူဦးရေ အချိုးအစား မျှသွားမှာပေါ့။ ဒါသည် …

ဒီဘားအံဖြစ်စဉ်မှာ ဖြစ်နိုင်တာ (၂) ခုရှိတယ်။ ကျိုင်းတုံ ထောင်တုန်းကတော့ ထောင်ဝါဒါက သစ္စာဖောက် တာ။ သူက ဗူးတံခါးထဲကနေ သော့တွေ ဖွင့်ပေးပြီး သစ္စဖောက်လိုက် တဲ့အတွက် ကျိုင်းတုံအကျဉ်းထောင်က အကျဉ်းသား (၁၄၇) ဦး ထွက် ပြေးခဲ့ဖူးတယ်။ အဲဒီခေတ်အခါက ကမ္ဘာမှာ အကျဉ်းသား အများဆုံး ထွက်ပြေးတဲ့ မှတ်တမ်းဝင်ခဲ့ တယ်။ ဘားအံထောင် ကိစ္စမှာလည်း အကျဉ်းထောင်ဝန်ထမ်းတွေထဲက သစ္စာဖောက်မှုပါသလား တွေးလို့ရ တယ်။ နောက်တစ်ခုကတော့ အကျဉ်းထောင်အရာရှိတို့၊ ဝန်ထမ်းတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ထွက်ခွင့်ရအောင် တောင်းဆို ထွက်ပြေး သလား။ ဒါကတော့ ဖြစ်ဖို့ အကြောင်းတရား အများဆုံးပါပဲ။ ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့ ထောင်ဝန်ထမ်းတွေက လက်ထဲမှာ လက်နက် ပါတာမဟုတ်ဘဲ ထိတွေ့ဆက်ဆံ လုပ်ရတဲ့အခါမှာ အကျဉ်းသားဘက်က အကြံအစည်ရှိခဲ့ရင် ဒါမျိုး ဖြစ်စဉ်က ဖြစ်သွားနိုင်တယ်။ အကျဉ်းထောင် တွေမှာကလည်း ဝန်ထမ်းက နည်းပြီး အကျဉ်းသားတွေက များနေတယ်။ အခုဘားအံထောင် ဖြစ်စဉ်မှာ ခုခံတာမရှိဘူး။ သေနတ်တစ်ချက် ပစ် ဖောက်တာ မရှိ ဘူး။ လွယ်လွယ်ကူကူကြီး၊ ရုပ်ရှင်ထဲကအတိုင်း ဖြစ် သွားတာ။ ကျွန်တော်က ဖြစ်စဉ်အခြေအနေနဲ့ အကျဉ်းထောင်တိုင်းမှာ ရှိရမယ့် လုံခြုံရေး စနစ်ပေါ်ကနေ သုံးသပ်တာပါ။ နောက်ဆက်တွဲ သတင်း တွေကတော့ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။

ငြမ်းမီဒီယာ – ကျိုင်းတုံထောင်ဖောက်မှုအပြင် အခြားလူအုပ်စုနဲ့ ထောင်ဖောက် တာမျိုးတွေရော ဖြစ်ခဲ့ဖူး သေးလား။

ဦးခင်မောင်မြင့် – ဖြစ်ခဲ့ဖူးသေးတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ကလေးအကျဉ်း ထောင်၊ ထောင်ပိုင် ဦးမြင့်အောင်လက်ထက်မှာ ဖြစ်တယ်။ ဒီပုံစံမျိုးပဲ။ အဲဒီတုန်းကတော့ အမှိုက်ကား မဟုတ်ဘူး။ ထောင်က ဖိုကြီးမှာ သုံးတဲ့ ဖွဲသယ်တဲ့ကား မောင်းတဲ့သူကို တိုက်ခိုက်ပြီး ထောင်တံခါးကို စီးနင်းဖို့ လုပ်တယ်။ အဲဒီတုန်းကတော့ ဖြစ်စဉ်က မအောင်မြင်ခဲ့ဘူး။ ကားမောင်း တာက လွတ်ရက်နီး အကျဉ်းသား ကိုအေးကြည်တဲ့၊ သူက သတိ ကောင်းတဲ့လူဆိုတော့ သော့ပိတ်ပြီးမှ အထိုးခံရတာ။ သော့ပိတ်လိုက် တော့ ကားကနှိုးရတာ ခက်တော့ ချက်ချင်း မမောင်းနိုင်ဘူး။ စည်းကမ်း ထိန်းတွေရယ်၊ တံခါးအဖွဲ့ ရယ်က ပြန်လည်ခုခံကြတဲ့အတွက် ပထမ စည်းဖြစ်တဲ့ ကြက်တူရွေးတံခါးကိုပဲ ဖွင့်နိုင်တယ်။ ဒါပေမယ့် အတွင်း တံခါးမှာ ထောင်မှူးတွေကရော၊ ဝန်ထမ်းတွေကရော တံခါးမကြီးအထိ အဝင်မခံပဲ ကြက်တူရွေးတံခါးနဲ့ အတွင်းတံခါးကြားမှာ အပြန်အလှန် သတ်ပုတ်ပြီး ခုခံကြတာ။

ဦးသိန်းစိန် အစိုးရလက်ထက်ကနေ ဒီဘက်ထိ လွတ်ငြိမ်းချမ်းသာ ပေးတဲ့ အပေါ်မှာ အစိုးရကိုယ်တိုင်ရော၊ ပြည်သူလူထုကိုယ်တိုင်ရောက နားလည်မှု လွဲမှားနေတာ ရှိတယ်။ လွတ်ငြိမ်း ချမ်းသာဆိုတာ ထောင် တွေမှာ လူဦးရေ အရမ်းများလို့ အန္တရာယ် ဖြစ်လာနိုင်တာတွေကို ကျွန်တော်တို့ လျော့ချ ရတာ။ အထူးသဖြင့် …

ဗဟိုကင်းကလည်း ပစ်ခတ် နှိမ်နှင်း လိုက်တဲ့ အတွက် တံခါးမကြီးအတွင်းမှာပဲ နှိမ်နှင်းလိုက်နိုင်တယ်။ ဒီဖြစ်စဉ်ဟာ ထူးထူးခြားခြား ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုပဲ။ ကလေးအကျဉ်းထောင် ဖြစ်စဉ် နဲ့ ဘားအံအကျဉ်းထောင် ဖြစ်စဉ်က ပုံစံတူ တယ်။ ကလေးထောင်မှာက ဝန်ထမ်းတွေက တပ်လှန့်နိုင်တယ်။ ပြောင်ပြောင်မြောက်မြောက် ခုခံနိုင် တဲ့အတွက် မအောင်မြင်ခဲ့ဘူး။ အခုဘားအံဖြစ်စဉ်ကတော့ ဘယ်လိုမှ ဘဝင်ကျစရာ မရှိဘူး။ အကျဉ်း သား (၄၁) ယောက် ထွက်ပြေးတယ်။ ဦးဆောင်သူကလည်း ထောင်ထဲမှာ တိုက်ထဲထည့် သော့ခတ်ပြီး ထိန်း သိမ်းထားရမယ့် လူမျိုးက ကားလုမောင်းပြီး၊ လူ (၄၁) ယောက်တင်ပြီး ထောင်ထဲကနေ တံခါး အဆင့်ဆင့်ကို ဘာခုခံမှုမှ မရှိဘဲ ထွက်သွား တယ် ဆိုတာက ယုတ္တိလည်း မရှိဘူး။ သဘာဝလည်းမကျဘူး။ ဖြစ်နိုင် တာကတော့ အတွင်းကနေ သစ္စာဖောက်တာ ဖြစ်သလား။ ဒါမှမဟုတ် တာဝန်ပေါ့လျော့ တာလား။

ငြမ်းမီဒီယာ – ထောင်ဖောက်မှု ဖြစ်စဉ်က တနင်္ဂနွေနေ့ ဖြစ်နေတော့ ပိတ်ရက် ကြီးမှာ လူ (၄၀) ကျော်က စုစု စည်းစည်း ဖြစ်နေတာကိုလည်း ဝေဖန် ပြောဆိုနေကြပါတယ်။ အဲဒါကရော ဘာကြောင့် ဖြစ်နိုင်မလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးခင်မောင်မြင့် – ဖြစ်စဉ်ဖြစ်သွားတဲ့ အချိန် (၈) နာရီခွဲဆိုတာ ထောင် သဘာဝအရ တန်းဖွင့်ပြီးတော့မှ သန့်ရှင်းရေးတို့၊ အလုပ်ခွဲတာတို့၊ အလုပ်သွားတာတို့ ရှိတာပေါ့ဗျာ။ ထောင်ပိတ်ထားတယ် ဆိုပေမယ့် အတွင်းတောင်ယာတွေ ရှိတော့ လူက ရှိနေနိုင်တယ်။ ဒါက ကြိုတင် ကြံစည်ထားတဲ့ သဘောပါ။ နောက်တစ်ခုက ပြန်မိတဲ့ လူစာရင်းထဲမှာ ဓာတ်ပုံထဲကြည့်ရင် ခြေကျင်းနဲ့ ဒေါက်နဲ့ ခတ်ထားတာ တစ်ယောက် ပါတယ်။ ခြေကျင်းနဲ့ ဒေါက်နဲ့ ခတ်ထားတဲ့သူက တိုက်ထဲမှာမရှိဘဲ ဒီအထိရောက် လာအောင်ဆိုတာ မလွယ်ဘူး။ ကျွန်တော်ပြောသလိုပါပဲ၊ အတွင်းသစ္စာဖောက်မှုတွေ၊ မသမာမှုတွေ ပါလိမ့်မယ်။ အထူးသဖြင့် တိုက်ဝန်ထမ်းတွေ ပါ ပါလိမ့်မယ်။

ငြမ်းမီဒီယာ – ထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေအချိုး မမျှတဘူး ဖြစ်နေ တယ်။ ဒီအပေါ်မှာလည်း စိုးရိမ်မှုတွေ ရှိနေကြတယ်။ ဘာများ မှတ်ချက် ပေးချင်ပါသလဲ။

ဦးခင်မောင်မြင့် – ခေတ်အဆက်ဆက် ကြုံခဲ့ရတဲ့ ပြသနာပေါ့ဗျာ။ ဒီလို လုံခြုံရေး ကျိုးပေါက်မှု ဖြစ်စဉ် ဖြစ်တဲ့အခါမှာ တာဝန်ရှိသူတွေကို ဥပဒေ အတိုင်း တိတိကျကျ အရေးယူကြတာ။ သာမန် နေ့စဉ်ပုံမှန် တာဝန်ထမ်း တဲ့အခါမှာ ဝန်ထမ်းတွေကလည်း ပုံမှန်တာဝန်ထက် သုံးဆလောက် လုပ် နေရတယ်။ ဝန်ထမ်းအင်အား အရမ်းနည်းလို့။ ဘားအံအကျဉ်းထောင် ဆိုရင် (က) အဆင့် အကျဉ်းထောင် ဖြစ်တဲ့ အတွက် ဖွဲ့စည်းပုံအရဆိုရင် ဝန်ထမ်း (၁၆၃) ဦးရှိရမယ်။ လက်ရှိမှာက (၄၀) မပြည့်ဘူးလေ။ အကျဉ်း သားက ဥပဒေအရ (၁၀၀၀) ပဲ ထားရမှာလေ။ ဘားအံအကျဉ်းထောင် မှာက လက်ရှိ အကျဉ်း သားအင်အား (၂၀၀၀) နီးပါး ဖြစ်နေတယ်လေ။ ထောင်တိုင်း ထောင်တိုင်းမှာ အန္တရာယ်ရှိနေတာ။ ဝန်ထမ်းက လုံခြုံရေး သတိ ပေါ့မယ်၊ ယုံကြည်မှု အရမ်းလွန်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ထောင်တိုင်း ထောင်တိုင်းမှာ အန္တရာယ်ရှိနေတယ်။ ဝန်ထမ်းတွေမှာ လည်း နားရက်မရှိဘူး။ အားရက်မရှိဘူး။ အဲဒါ တွေကို ဖြည့်ဆည်းပေးဖို့ ဝန်ကြီးဌာနရော၊ မိခင်ဌာနကပါ တာဝန်မဲ့တယ်။ အရေးယူရင်တော့ ဥပဒေအရ တိတိကျကျ အရေးယူတယ်။ ခုလိုထောင်ဖောက်တဲ့ ကိစ္စ ဆိုရင် အကျဉ်းထောင် ဥပဒေ (၅၄) အရ တရားစွဲ ခံရတော့မယ်။ အသီး သီး ထောင်ကျတော့မယ်။ အလုပ်ပြုတ်မယ်။ ထောင်စနစ်တွေမှာ ထောင် တွေကို လုံလုံခြုံခြုံ ထိန်းသိမ်းနိုင်လောက်တဲ့ ဝန်ထမ်းအင်အား မရှိသလို၊ လုံလုံခြုံခြုံ လုံခြုံရေး စနစ် တည်ဆောက်ထားတာလည်း တော်တော့်ကို နည်းတယ်။ ကျွန်တော့်အတွေ့အကြုံအရ ပြောတာ ပါ။

ငြမ်းမီဒီယာ – လက်ရှိမှာ မူးယစ်ဆေးဝါးကို အထူးစီမံချက်တွေနဲ့ နှိမ်နှင်းဖမ်းဆီး နေတာကြောင့် ဖမ်းဆီးမိ လူစာရင်းက နေစဉ်နဲ့အမျှ တိုးနေတယ်။ တစ်ဖက်မှာကလည်း ထောင်တွေက ထားရမယ့် လူဦးရေထက် ထက်ဝက်ကျော်တွေ ပိုထည့်ထားရတဲ့ အခြေအနေ ဖြစ်နေတယ်။ ဝန်ထမ်းနဲ့ အကျဉ်းသား အင်အား မမျှတာတွေ ဖြစ်နေတယ်။ ဒါနဲ့ ပတ်သက်လို့ လူအခွင့်ရေး ကော်မရှင်ကလည်း ထောင် တွေမှာ အကျဉ်းသားတွေ အရမ်းပြည့်နေလို့ လျော့ချသင့်တယ်ဆိုတဲ့ အကြံပြု စာတမ်းကို သမ္မတထံ ပေးပို့ခဲ့ရတဲ့ အခြေအနေမှာ ရှိနေတယ်။ အခု ထောင်ဖောက်တဲ့ ပြသနာ ဖြစ်လာတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ အစိုးရကို ထောင်နဲ့ ပတ်သက်ပြီး အကြံပြုပါဆိုရင် ဘယ်လို အကြံပြု မလဲ။

ဦးခင်မောင်မြင့် – အကျဉ်းထောင်စနစ် ပြုပြင်ရေးကို မြန်မြန်ဆန်ဆန် လုပ်ဖို့ လိုတာပေါ့ဗျာ။ ကျွန်တော် တို့ အကျဉ်းထောင်ဥပဒေနဲ့ အကျဉ်း ထောင်စနစ်က ကိုလိုနီခေတ်က ပြဌာန်းခဲ့တဲ့ ဥပဒေနဲ့ သွားနေရ တာ။ အဲဒီတုန်းကဖွဲ့စည်းပုံ၊ အဲဒီတုန်းက အင်အား၊ အဲဒီတုန်းက အခြေအနေ နဲ့က လိုက်လျောညီထွေ ဖြစ်ပေမယ့် ဒီနေ့ခေတ်မှာက တရားဥပဒေ စိုးမိုးရေးတို့၊ မူးယစ်ဆေးဝါး နှိမ်နှင်းရေးတို့အတွက် အပြင်မှာ စီမံချက် လုပ်တာနဲ့အမျှ ထောင်တွေမှာ လူတွေများလာတယ်။ ထောင်တွေမှာ လူတွေများလာတော့ ဒီလူတွေကို စနစ်တကျ ကိုင်တွယ်ဖို့အတွက် အကျဉ်းထောင်တွေလည်း တိုးဖွင့်ဖို့ လိုလာတာပေါ့။ အကျဉ်းထောင်တွေ တိုးမဖွင့်နိုင်ရင် တရားရေး ဝန်ကြီးဌာန ထားမလား။ တရားရေး ဝန်ကြီး ဌာနထား မယ်ဆိုရင်တော့ အချုပ်တွေသည် ရဲလက်အောက် ရောက် သွားပြီး ထောင်တွေက ထောင်ကျတွေကိုပဲ အုပ်ချုပ်တာမျိုး ဆိုရင်တော့ လူဦးရေ အချိုးအစား မျှသွားမှာပေါ့။

ဒီလူတွေက တိုင်းပြည်ကို ပြန်ပြီး ဆူပူအောင် လုပ်တယ် ဆိုတဲ့ အစွဲကြီးက လက်ရှိအစိုးရမှာ စွဲနေတဲ့အခါကျတော့ အခုလွတ်ငြိမ်း ချမ်းသာ မပေးတော့ ထောင်တွေမှာ လူဦးရေက အရမ်းပြည့်ကျပ် နေ တာပေါ့။ ဒီထောင်မှာတင် မကဘူး၊ အခြား ထောင်တွေမှာလည်း ဒါမျိုး ဖြစ်လာနိုင်သေးတယ်။ ကျွန်တော်တို့ အတွေ့အကြုံအရ ထောင်တစ် ထောင်မှာ …

ဒါသည် လက်တွေ့လုပ်နိုင်တာကို ပြောတာ။ ရဲအချုပ်တွေ တိုးဆောက်မယ်။ အမိန့် မချသေးတာတွေကို ထောင်မပို့သေးပဲ ရဲလက်အောက်မှာ ထားမယ်။ ထောင်ကျတွေကိုပဲ ထောင်က တာဝန်ယူ အုပ်ချုပ်ရရင်တော့ ထောင်တွေမှာ ဝန်နည်းနည်း ပေါ့သွားမှာပေါ့။ အခုက အပြင်မှာဖမ်းသမျှကို နီးစပ်ရာထောင်ပို့တော့ ဘယ်ထောင်မဆို အနည်းဆုံး လူအင်အားက နှစ်ဆ၊ သုံးဆ ဖြစ်နေပြီး ဝန်ထမ်းက မရှိဘူး ဖြစ်နေတယ်။ ဝန်ထမ်းကလည်း စုဆောင်းလို့ မရဘူး။ ကိုယ့်ထောင်ဝန်ထမ်း မျိုးဆက်ထဲကပဲ ပြန်ပြီး စည်းရုံးခန့်ထားရတာမျိုး များတယ်။ အပြင်ကနေ ခန့်ထား တာဝန်ပေးရတာ နည်းပါးတဲ့ အခါကျ တော့ ဝန်ထမ်းသိပ်နည်းပြီး အကျဉ်းသားက သိပ်များနေတယ်။ ဒါကို နိုင်ငံတော် အစိုးရက ဘယ်လိုလုပ်မလဲ။ အရေးကြီးဆုံး အချက်ကတော့ ဦးသိန်းစိန် အစိုးရလက်ထက်ကနေ ဒီဘက်ထိ လွတ်ငြိမ်းချမ်းသာ ပေးတဲ့ အပေါ်မှာ အစိုးရကိုယ်တိုင်ရော၊ ပြည်သူလူထုကိုယ်တိုင်ရောက နားလည်မှု လွဲမှားနေတာ ရှိတယ်။ လွတ်ငြိမ်း ချမ်းသာဆိုတာ ထောင် တွေမှာ လူဦးရေ အရမ်းများလို့ အန္တရာယ် ဖြစ်လာနိုင်တာတွေကို ကျွန်တော်တို့ လျော့ချ ရတာ။ အထူးသဖြင့် အကန့်အသတ်နဲ့ ဥပမာ ပြစ်ဒဏ်သုံးပုံနှစ်ပုံ ချခံပြီးပြီ၊ တစ်ပုံကျန်တဲ့ သူတွေကို လွတ်ငြိမ်းချမ်းသာ ပေးလိုက်မယ်ဆိုရင် သူတို့လည်း လူ့ဘောင်ထဲကို ပြန်ရောက်မယ်။ အကျဉ်းထောင်ထဲမှာလည်း လူဦးရေ လျော့သွားမယ်။ အရင်က ဒီလို သွားခဲ့တာကို။ အခုနောက်ပိုင်း ကျတော့ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာ ပေးခဲ့တယ်။ ဒီလူတွေက တိုင်းပြည်ကို ပြန်ပြီး ဆူပူအောင် လုပ်တယ် ဆိုတဲ့ အစွဲကြီးက လက်ရှိအစိုးရမှာ စွဲနေတဲ့အခါကျတော့ အခုလွတ်ငြိမ်း ချမ်းသာ မပေးတော့ ထောင်တွေမှာ လူဦးရေက အရမ်းပြည့်ကျပ် နေ တာပေါ့။ ဒီထောင်မှာတင် မကဘူး၊ အခြား ထောင်တွေမှာလည်း ဒါမျိုး ဖြစ်လာနိုင်သေးတယ်။ ကျွန်တော်တို့ အတွေ့အကြုံအရ ထောင်တစ် ထောင်မှာ ဖြစ်လိုက်ပြီဆိုရင် နောက်ထပ် နှစ်ထောင်၊ သုံးထောင်လောက် ဆက်တိုက်ဖြစ်တတ်တဲ့ သဘာဝရှိတယ်။

ငြမ်းမီဒီယာ – ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။

ဦးခင်မောင်မြင့် – ဖြစ်စဉ်တစ်ခုလုံးက ဘာကြောင့်လို့တော့ တိတိကျကျ မသိသေးဘူး။ ကနဦး သတင်းအရ မှတ်ချက်ပေးရတော့ ဥပဒေအမြင်၊ လုံခြုံရေးအမြင်နဲ့တင် မကြည့်ဘဲ၊ လက်ရှိ ပကတိ အခြေအနေအပေါ်မှာ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေ ပြည့်ကျပ်နေတဲ့ အခြေအနေ တွေ၊ ဝန်ထမ်းအင်အား မလုံလောက်မှုတွေ၊ အခြေအနေတွေ၊ နောက် တစ်ခါ လုံခြုံရေးစည်းအတွက် စနစ်တကျ စီမံနိုင်မှု မရှိတဲ့ အခြေအနေ တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ သင့်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,