၀ရမ်းပြေး ဦးဝီရသူ ဒေါ်အောင်ဆန်းစုကြည် ကင်းထောက်အလေးပြု ဟန် ကို သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဝရမ်းပြေး ဦးဝီရသူ စကားပြောနောက်ခံနဲ့ ရုပ်သံဖိုင်တစ်ခုကို ၂၀၂၀ ရွေးကောက်ပွဲ ဘယ်ပါတီ ကို ရွေးမလဲ အမည်ရတဲ့ ဖေ့စ်ဘွတ်ပေ့ချ် က အောက်တိုဘာလ (၁၈) ရက်နေ့ မှာ ဖြန့်ချိခဲ့ပါတယ်။

ဝရမ်းပြေး ဦးဝီရသူနောက်ခံအသံ နဲ့ အခု ဖြန့်ချိထားတဲ့ ရုပ်သံဖိုင်မှာ ဒေါ်အောင်ဆန်းစုကြည် ကင်းထောက် အလေးပြုဟန်ကို အချက်အလက်အမှားတွေ၊ လုပ်ကြံလီဆယ်ထားတဲ့ ယူဆချက်အမှား တွေ နဲ့ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်ကြံဖန်တီးထားတာတွေ့ရပါတယ်။

” ကျယ်မ မိုဟာမက် သမီးပါရှင့် ” (မူရင်းအတိုင်း) စာသားနဲ့ ဒေါ်အောင်ဆန်းစုကြည် ကင်းထောက်ဟန် အလေးပြုနေတဲ့ ပုံကို လုပ်ကြံတိုက်ခိုက်ထားတာတွေ အပြင် DVB ၊ 7Day TV စတဲ့ သတင်းဌာန ဖော်ပြချက်တွေကို လိုသလို ပုံဖျက် အသုံးပြုထားတာကို လည်း တွေ့ရပါတယ်။ သည်နေရာမှာကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 

File SS /ရုပ်သံဖိုင်တွင် လုပ်ကြံဖန်တီးထားသည့် ပုံရိပ်တစ်ခု

သည်ရုပ်သံဖိုင် ကို ထပ်ဆင့်ဖြန့်ချိသူတွေ၊ မှတ်ချက်ပေးသူတွေ၊ React ပြုသူတွေ ရှိတာကိုလည်း တွေ့ရပါတယ်။

ဝရမ်းပြေး ဦးဝီရသူ ဟာ သည်ရုပ်သံဖိုင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အရူးမကြီး၊ စိတ်ပုံမှန်မရှိသူ စတဲ့ ဆိုးဆိုးဝါးဝါး ပြင်းပြင်းထန်ထန် စကားလုံးတွေ နဲ့ တိုက်ခိုက်ထားတာ ကိုလည်း တွေ့ရပါတယ်။

File SS / သီဟ ဖေ့စ်ဘွတ်အကောင့်မှ ထပ်ဆင့် ဖြန့်ချိထားသည့် ရုပ်သံဖိုင်

ရဲတွေက ဒီလူတွေဆီက မရှာနိုင်ဘူးလား။မဖမ်းနိုင်ဘူးလား။ကျောင်းသားတွေကြတော့ အသည်းအသန်၊ နေ့မအား ညမနားဖမ်းပြီး ဝီရသူတို့ ၊ဘူးလက်လှဆွေတို့၊အောင်ဝင်းခိုင်တို့ကို မရှာနိုင်တော့ဘူးလား …

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ကင်းထောက်ဟန် လက်သုံးချောင်းထောင် တာနဲ့ ပတ်သက်ပြီး လက်သုံးချောင်းထောင်တာ ဟာ မိုဟာမက်ရဲ့ သမီးတော် လို့ တစ်စုံတစ်ရာ ကို ပြသလိုက်ခြင်းလား ၊ သည်လို ပြသလိုက်ခြင်းအားဖြင့် ဘယ်လို အကျိုးအမြတ် ရရှိနိုင်လဲ စတဲ့ အခြေအမြစ်မရှိ တဲ့ စွပ်စွဲချက်တွေ ပါဝင်တာ ကိုလည်း တွေ့ရပါတယ်။

ကင်းထောက်အလေးပြုဟန်ကို နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်လည်း ပြုလုပ်ခဲ့ဖူးပါတယ်။ သည်ဟာကို MRTV က ၂၀၁၆၊ မတ်လ (၄) ရက်နေ့က လွှင့်တင်ထားတဲ့ (နိုင်ငံတော်သမ္မတဦးသိန်းစိန် ကင်းထောက်လူငယ်များစခန်းချနေသည့်(ပုပ္ပါးစခန်း)တွေ့ဆုံပွဲ သို့တက်ရောက်) ရုပ်သံဖိုင်  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

SS / ကင်းထောက်အကြောင်း သိကောင်းစရာ အချက်အလက် အချို့

ကင်းထောက်ဆိုတာဘာလဲ၊ ကင်းထောက်တွေ ဘာတွေ လုပ်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး  သည်နေရာမှာ ကြည့်နိုင်ပါတယ်။မြန်မာကင်းထောက်သိကောင်းစရာအခြေခံတွေကို လည်း  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဒီရက်ပိုင်းမှာဦးဝီရသူရဲ့ဗီဒီယိုဖိုင်တက်နေတာ တွေ့ရတယ်။တချို့လည်း ဦးဇင်းတို့အသိမိတ်ဆွေတွေကနေ လှမ်းပြတာရှိတယ်။တစ်ချို့လည်း ဒကာတော်ပြောတဲ့ ဒေါ်အောင်ဆန်းဆုကြည် လက်သုံးချောင်းထောင်နေတဲ့ ပုံရိပ်တွေကို ဒါအစ္စလာမ်ဘာသာရဲ့ သင်္ကေတလိုလို စသဖြင့် ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင် ဖွတာပေါ့။ ဒါအားလုံးလည်းသိနေပါပြီ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သူ့လို နာမည်ကျော်ကြားထင်ရှားတဲ့ရဟန်းတော်တစ်ပါးဟာ၊ သူက ရည်ရွယ်ချက်မကောင်းဘူး။ လမ်းကြောင်းမှားသွားရင်လည်းသူက လူအများကိုဒုက္ခပေးနိုင်တယ်။ အဲဒီလိုပဲ …

ဒေါ်အောင်ဆန်းဆုကြည်က ကင်းထောက်လူငယ်အဖွဲ့ ဥက္ကဌအနေနဲ့ သူဆောင်ရွက်တဲ့အခါမှာ လက်သုံးချောင်း သင်္ကေတအနေနဲ့ ထောင်ပြတာ။ ဒါအာလုံးလည်း သိပါတယ်။ ဦးသိန်းစိန်လက်ထက်တုန်းကလည်း ကင်းထောက်လုပ်ငန်းတွေလုပ်တုန်းက အဖွဲ့အစည်းတွေ စည်းရုံးလှုံ့ဆော်တုန်းက သူကိုယ်တိုင်လည်း လက်သုံးချောင်းထောင်ပြတဲ့ အမူအယာဓာတ်ပုံတွေနဲ့ လည်း တက်လာပြီဆိုတော့ အားလုံးကလည်း သဘောပေါက်ပါတယ်။ ဒီဟာပြဿနာ မဟုတ်တာကို ပြည်သူကိုဇဝေဇဝါဖြစ်အောင် ယုံမှားသံသယဖြစ်အောင်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ဘာသာရေးကိစ္စနဲ့ ထိုးနှက်တာပေါ့။

SS / ဦးဝီရသူ နောက်ခံအသံဖြင့် ဖြန့်ချိထားသည့် ရုပ်သံဖိုင်တွင် ပါဝင်သည့် ပုံရိပ်

အထူးသဖြင့်ရွေးကောက်ပွဲ နီးကပ်လာတဲ့ အခါမှာ ဦးဝီရသူပဲဖြစ်ဖြစ်၊ တစ်ဘက်က အတိုက်အခံ လူပုဂ္ဂိုလ်တွေ၊ ဘုန်းကြီးအကောင့်တွေ၊ ဒီလိုပုဂ္ဂိုလ်တွေက ဒေါ်အောင်ဆန်းစုကြည်က အစ္စလာမ်ဘာသာကိုပဲ လျှို့ဝှက်ဝင်ထားသလိုလိုနဲ့ ယုံမှားသံသယတွေဖြစ်အောင် တိုက်ခိုက်တာပေါ့။

ဦးဇင်းပြောလိုတာက ဦးဇင်းတို့ပြည်သူတွေကသဘောပေါက်ရမှာက ရွေးကောက်ပွဲနီးကပ်လာတဲ့အချိန်မှာ တစ်ဘက်အတိုက်အခံအဖွဲ့အစည်းတွေ သူတို့က နည်းမှန်းလမ်းမှန်နဲ့ တရားနည်းလမ်းကျ ယှဉ်ပြိုင်နိုင်စွမ်း မရှိတဲ့အခါမှာ ယုတ်မာကောက်ကျစ်တဲ့နည်းလမ်းတွေနဲ့ ဘာသာရေးအရ၊ လူမျိုးရေးအရတိုက်ခိုက်တာတွေလုပ်လာတာပဲ။မြန်မာနိုင်ငံတစ်ဝှမ်း ပြဿနာအုပ်စုတွေက အတိုက်အခံဖြစ်အောင် တုတ်၊ဓား၊လက်နက်တွေနဲ့ ပစ်တာတွေခတ်တာတွေ၊ ရန်စတာတွေ၊ သတ်တာတွေဖြတ်တာတွေအထိ ရှိလာပြီပေါ့။ အဲ့တော့ ဦးဇင်းတို့ပြည်သူတွေက အင်မတန် အမြင်ကျယ်ကျယ်နဲ့ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့အောင်မြင်အောင်ကျင်းပလုပ်နိုင်ဖို့ အားလုံးက သတိဝီရိယ ကြီးကြီးနဲ့အားလုံးက သတိပြုရမယ်၊ စိတ်ရှည်ရမယ်၊ အမြင်ကျယ်ကြရမယ်။

ဦးဇင်းက ဦးဝီရသူက ပုန်းရှောင်တဲ့နေရာကနေ မကြာမကြာဗီဒီယိုဖိုင်တွေနဲ့ သူပြဿနာဖြစ်အောင် လှုံ့ဆော်တဲ့သဘောတွေ တွေ့ရတယ်။ ခုဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းက ဗီဒီယိုဖိုင်တွေကြည့်ရတယ်။ ရွေးကောက်ပွဲနီးလာတဲ့ နောက်ပိုင်းကြတော့ ဒါတမင်တကာဖွတာလို့ ဦးဇင်းကယူဆတယ်။ တိုင်းပြည်တည်ငြိမ်မှုပျက်အောင် ပြည်သူတွေဆူပူမှုတွေပျက်အောင် ဒါလုပ်လာတာပေါ့။သူ့နောက်ကနေ အဖွဲ့အစည်းတစုံတရာက ဗီဒီယိုဖိုင်တွေစုစည်းတာတို့၊ အချက်အလက်တွေစုစည်းတာတွေကိုနောက်ကွယ်ကအဖွဲ့အစည်းတစ်ခုခုက စည်းရုံးပြီး ဝိုင်းဝန်းပြီးလုပ်ဆောင်ပေးနေတယ်လို့မြင်တယ်။

နောက်တစ်ခုက ဦးဇင်း ပြောလိုတာကတော့ ဦးဝီရသူလိုနာမည်ကြီးထင်ရှားတဲ့ပုဂ္ဂိုလ်တွေ၊ ဒီလိုပုဂ္ဂိုလ်တွေက အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ဒါသတိဝီရိယ၊ သတိထားပြီးမှာ ပြောသင့်လုပ်သင့်တယ်။ဘာကြောင့်လဲဆိုတော့ ဦးဇင်းတို့တရားတော်မှာ အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်၊ ဉာတသုတ် ဆိုတာရှိတယ်။သူ့လို နာမည်ကျော်ကြားထင်ရှားတဲ့ရဟန်းတော်တစ်ပါးဟာ၊ သူက ရည်ရွယ်ချက်မကောင်းဘူး။ လမ်းကြောင်းမှားသွားရင်လည်းသူက လူအများကိုဒုက္ခပေးနိုင်တယ်။ အဲဒီလိုပဲ နာမည်ကျော်ကြားထင်ရှားတဲ့ ရဟန်းတစ်ပါးဟာ လမ်းကြောင်းမှန်နေရင်လည်း၊ ရည်ရွယ်ချက်ကောင်းနေတယ်ဆိုရင်လည်း သူက လူအများရဲ့ အကျိုးကို ဆောင်ရွက်နိုင်တယ်။ တိုင်းပြည်ရဲ့ အကျိုးကိုဆောင်ရွက်နိုင်တယ်။

ဘယ်လိုကိုယ်တော်တွေက တိုင်းပြည်ကိုဒုက္ခပေးနိုင်လဲဆိုရင် အဲဒီလိုပဲနာမည်ကျော်ကြားတဲ့ကိုယ်တော်တွေဟာ ဆိုကြပါစို့ သာသနာတော်နဲ့မလျော်တဲ့ ဒုစရိုက်လုပ်ငန်းတွေကို တိုက်တွန်းလှုံ့ဆော်တာမျိုး။(၂)မသင့်လျော်တဲ့ ဝစီကံမှုတွေမှာ လှုံ့ဆော်မယ်။(ဝစီဒုစရိုက်တွေ တိုက်တွန်းအားပေးမယ်)မကောင်းတဲ့စကားတွေပြောမယ်။လိမ်ဖို့ညာဖို့တိုက်တွန်းမယ်လှုံ့ဆော်မယ်။သူကိုယ်တိုင်းလည်းပြောမယ်။တတိယအချက်ကဘာလဲဆိုရင် ဦးဇင်းတို့မကောင်းတဲ့ မနောဒုစရိုက်တွေမှာတိုက်တွန်းတာ။မသင့်လျော်တဲ့ မနောကံမှုတွေမှာ လှုံ့ဆော်မယ်(မနောဒုစရိုက်တွေ တိုက်တွန်းအားပေးမယ်)မှားယွင်တဲ့ အယူအဆကို လက်ကိုင်ထားပြီး အများကို တိုက်တွန်းလှုံ့ဆော်တာမျိုး။ နာမည်ကြီးတဲ့ ရဟန်းဟာ သာသနာတော်နဲ့ မလျော်ညီတဲ့ကာယကံ၊ဝစီကံ၊မနောကံ အဲဒီ ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက်တွေကို လှုံ့ဆော်တာ။ လှုံ့ဆော်တဲ့အခါမှာ သူကနာမည်ကြီး ထင်ရှားတဲ့အတွက်ကြောင့် မသိနားမလည်တဲ့ ပြည်သူတွေ၊ ဗဟုသုတနည်းပါးတဲ့ပြည်သူတွေက အဟုတ်ထင်ပြီး ဒါကြီးလုပ်ဆောင်တတ်တယ်။သူဖန်တီးတဲ့ ခွင်ထဲကို ဝင်သွားနိုင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးဇင်းပြောလိုတာက ဦးဝီရသူဟာ နဂို ဦးဝီရသူ မဟုတ်တော့ပါဘူး။ သူသည် စာတတ်ပေတတ်တစ်ပါး ဖြစ်တာမှန်တယ်။ အရည်အချင်းလည်း ရှိတာမှန်တယ်။ သူသည်နောက်ပိုင်းမှာ လမ်းကြောင်းတွေ လွဲချော်ပြီးတော့ ပြည်သူရဲ့ရန်သူသဘော၊ ပြည်သူကို ဆန့်ကျင်ဘက်အနေနဲ့ ရပ်တည်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားပြီး။ဒီမိုကရေစီလမ်းကြောင်း သူနဂိုတုန်းကရပ်တည်ခဲ့တဲ့ နောက်ပိုင်းမှာ ဒီမိုကရေစီလမ်းကြောင်းက သွေဖယ်ပြီးအာဏာရှင်လမ်းကြောင်းနဲ့ ပုဂ္ဂိုလ်ဖြစ်နေပါပြီ။ဒါကြောင့် ဦးဇင်းတို့ပြောလိုတာကတော့ ရွေးကောက်ပွဲနီးကပ်လာချိန်မှာ သူဘာပဲပြောပြောပြည်သူလူထုက သတိ၊ဝီရိယနဲ့စစ်ဆေးဝေဖန်ပြီးမှ လက်ခံကြဖို့ သူပြောတဲ့အတိုင်းရမ်းပြီးမယုံကြဖို့ ဦိးဇင်းက သတိပေးချင်တာ လို့ ဦးပညိဿရာလင်္ကာရ (ပိဋကတ်နှစ်ပုံခွဲအာဂုံဆောင်) ရန်ကင်းတောင်ဆရာတော်က မိန့်ကြားပါတယ်။

ဦးသိန်းစိန်တုန်းကလည်း ဒီအတိုင်းပဲ လက်သုံးချောင်ထောင်ခဲ့တာပဲ။ ဒီလိုဟာမျိုးက အစ္စလာမ်ဘက်က ဘာမှအထောက်အထားမရှိဘူး။ ဒါလုပ်ကြံဇာတ်တွေ သတ်သတ်ပါ။ ဒါတွေက …

ကျနော်တို့လည်းလက်သုံးချောင်းထောင်တယ်။ခင်ဗျာတို့ပြန်ပြီးကြည့်မယ်ဆိုရင် ၂၀၁၅ သာယာဝတီကျောင်းသားသပိတ်၊ တောက်လျှောက် လက်သုံးချောင်းထောင်ခဲ့တာ ကင်းထောက်မို့ ထောင်ခဲ့တာ မဟုတ်ဘူး။အဲ့ဒါ Hunger Games ဆိုတဲ့ရုပ်ရှင်က အာဏာရှင်ဆန့်ကျင့်ရေးသင်္ကေတပဲ။

ကျနော်တို့က အဲဒီလို ယူဆတယ်။အာဏာရှင် ဆန့်ကျင်ရင် လက်သုံးချောင်းထောင်တာပဲ။ hunger games ဆိုပြီး Series အကုန်ရိုက်ခဲ့ရတာပေါ့။အဲဒီကားရဲ့အဓိပ္ပာယ်ကတော့ အာဏာရှင်ကြီးကနေ ခရိုင်တွေ ၃၆ ခုလောက်ခွဲထားပြီး အဲဒီထဲက လူတွေကို သေတဲ့အထိတစ်ယောက်နဲ့ တစ်ယောက်တိုက်ခိုက်ခိုင်းတာပေါ့။ အဲဒီမှာ အားလုံးက စုပြီးလက်သုံးချောင်းထောင်ပြီးဆန့်ကျင်ကြတာ။အာဏာရှင်ကိုဆန့်ကျင်ကြတာ။ကျနော်တို့ထောင်ခဲ့တဲ့ လက်သုံးချောင်းက အာဏာရှင် ဆန့်ကျင်ရေးဗျ။

ဘာသာရေးလူမျိုးရေး မှိုင်းတိုက်တဲ့နည်းတွေနဲ့လူထုစိတ်ဝင်စားအောင်၊ လူထုထောက်ခံအောင်လုပ်လို့ရတဲ့နည်းပဲ ရှိတော့တယ်။သူတို့ကအဆင့်အတန်းမရှိတဲ့သူတွေပါ။တစ်လုံးချိုင့်နိုင်ငံရေးနည်းလမ်းတွေနဲ့ …

ဒေါ်အောင်ဆန်းစုကြည်က ကင်းထောက်တွေနဲ့တွေ့တုန်းလုပ်တာဆိုရင် ဒါကင်းထောက်သင်္ကေတပဲဖြစ်လိမ်မယ်။ကျနော်ငယ်ငယ်က ကင်းထောက်ဖြစ်ဖူးပါတယ်။ကျနော်တို့က Wolf ဝံပုလွေအဆင့်ရှိသေးတယ်။ကျနော်တို့က ငယ်သေးတော့ Boy Scout မဖြစ်သေးဘူး။ဒါသင်္ကေတပါ။ ကြီးကျယ်တဲ့ပြဿနာမဟုတ်ဘူး။ မိုဟာမက်ကလုပ်တဲ့ဟာ ဆိုတာမဟုတ်ဘူး။

တစ်ကယ်လို့သူ(ဦးဝီရသူ)တင်တယ်ဆိုရင် ခင်ဗျာတို့ အဲ့ဒါကို လိုက်သင့်တယ်။ဒီမှာ ဝီရသူက ဒီလိုတင်ထားပါတယ်ဆိုပြီး။CID မှာ Cyber Department ရှိတယ်ထင်တယ်။ အဲ့ဒါကို ပို့ရမှာ။ အရေးမယူတာ ယူတာ သူတို့အပိုင်းပဲ။ မီဒီယာအပိုင်းကတော့ ဒီမှာ ထွက်လော်နေပါပြီ။ လူမျိုးရေး၊ဘာသာရေးလှုံ့ဆော်တာတွေက သူက တစ်ကယ်တမ်းက ၅၀၅ (ခ)ပဲ။ နိုင်ငံတော်ကို မတည်မငြိမ် လုပ်တာပဲ။

အဲဒီထက်ပုံကြီးချဲ့ရင်ချဲ့လို့ရတာပဲ။ အဲ့ဒါမျိုး တမင်တကာလုပ်ကြံနေတဲ့အတွက် ရဲတွေက ဒီလူတွေဆီက မရှာနိုင်ဘူးလား။မဖမ်းနိုင်ဘူးလား။ကျောင်းသားတွေကြတော့ အသည်းအသန်၊ နေ့မအား ညမနားဖမ်းပြီး ဝီရသူတို့ ဘူးလက်လှဆွေတို့၊အောင်ဝင်းခိုင်တို့ကို မရှာနိုင်တော့ဘူးလား။ အဲဒီလိုအချက်အလက်တွေခင်ဗျာတို့ဘက်က ဖိအားပေးဖို့ လိုလိမ်မယ်ဗျ။ ဒါဦးဝီရသူ ပြစ်မှုကျူးလွန်တာပေါ့။

သမ္မတရုံးတို့ဘာတို့ဆိုတာကတော့ ရွေးကောက်ပွဲနဲ့ကိုဗစ်က အလုပ်ရှုပ်နေလို့ မလုပ်တာပေါ့။ ခွေးလေးခုန်လို့ ဖုန်မထပါဘူးလို့ သဘောထားမျိုးလည်း ဖြစ်ရင်ဖြစ်မယ်။ရွေးကောက်ပွဲနဲ့ကိုဗစ်က ခွေးလေးခုန်လို့ ဖုန်မထတော့ဘူးလို ဖြစ်နေတာပေါ့။ ဒီလိုငွေတွေ ပုံအောပြီး လူမျိုးရေး၊ ဘာသားရေး လုပ်နေတာကိုတော့ ခင်ဗျာတို့မီဒီယာတွေက ဖော်ပြဖို့လိုလိမ်မယ်။ ကျနော်အဲဒီလိုမှတ်ချက်ပြုချင်တယ်။

ဒါတမင် တိုင်းပြည်မတည်မငြိမ်ဖြစ်အောင် သူတို့မှာ ရိုးရိုးသားသား ရွေးကောက်ပွဲနိုင်င်စရာလမ်းလည်းမရှိဘူး။လူထုထောက်ခံစရာလမ်းလည်းမရှိဘူး။လုပ်ကြံထားတဲ့အောက်လမ်းနည်းတွေ၊ ဘာသာရေးလူမျိုးရေး မှိုင်းတိုက်တဲ့နည်းတွေနဲ့လူထုစိတ်ဝင်စားအောင်၊ လူထုထောက်ခံအောင်လုပ်လို့ရတဲ့နည်းပဲ ရှိတော့တယ်။သူတို့ကအဆင့်အတန်းမရှိတဲ့သူတွေပါ။တစ်လုံးချိုင့်နိုင်ငံရေးနည်းလမ်းတွေနဲ့လူထုကိုလှည့်စားဖို့လုပ်တာ။အဲ့ဒါမျိုးတွေကတော့ ခင်ဗျာတို့ မီဒီယာတွေဘက်က မပြတ်စောင့်ကြည့်ဖို့လိုမယ်လို့မှတ်ချက်ပေးချင်တယ် လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က ငြမ်းမီဒီယာကို ပြောပါတယ်။

အစ္စလာမ်မှာဆိုရင် ဘာခေါ်မလဲဆိုတော့ အထူးသဖြင့်ရှီယာဓမ္မသတ်ဘက်မှာပေါ့ တမန်တော်မြတ်ရယ်ရယ်၊ သူ့ရဲ့သမက်တော် ညီတစ်ဝမ်းကွဲလည်းတော်တဲ့အလီသခင်ရယ်၊ တမန်တော်မြတ်ရဲ့သမီးတော် ဖာသွိမှရယ်၊ နောက်သားတော်နှစ်ယောက်ပေါ့။အလီသခင်နဲ့ ဖာသွိမှသခင်မရဲ့သားတော် တမန်တော်မြတ်ရဲ့မြေးတော်တွေပေါ့။ အဲဒီငါးခုကို ပန်ချသန် ငါးပါးဆိုပြီ သူတို့က သင်္ကေတ လက်ငါးချောင်းထောင်တဲ့ ပုံလေးတွေသုံးတာ။မွတ်စလင်လောကမှာပုံလေးတွေသုံးတာ။

အထူးသဖြင့်တမန်တော်မြတ်နဲ့ အနီးကပ်အနွယ်တော်ငါးပါးကို လက်ငါးချောင်းထောင်တဲ့ ပုံလေးတွေရှိတယ်။ အလေးတယူပြုပြီးငါးချောင်းထောင်တဲ့ ပုံပဲရှိတယ်။ ကျန်တာ ဒီသုံးချောင်း ဆိုတာကမွတ်စလင်ကမ္ဘာမှာ သုံးကို မသုံးတာ။

နံပါတ်တစ် ဒေါ်စုထောင်သွားတာ Very Simple ပါ။ သူကင်းထောက်သွားတာ။ ကင်းထောက်သင်္ကေတဆိုတာ ငြင်းလို့မရဘူး။ လက်သုံးချောင်းထောင်တယ်။ လက်မနဲ့လက်သန်းကို ချိတ်ထားတယ်။ဒီဟာကြီးက Very Clear သူသွားတဲ့နေရာကလည်းကင်းထောက်နေရာ၊ သူတင်မကဘူး။ ဦးသိန်းစိန်တုန်းကလည်း သွားခဲ့တာပဲ။ ဦးသိန်းစိန်တုန်းကလည်း ဒီအတိုင်းပဲ လက်သုံးချောင်ထောင်ခဲ့တာပဲ။ ဒီလိုဟာမျိုးက အစ္စလာမ်ဘက်က ဘာမှအထောက်အထားမရှိဘူး။ ဒါလုပ်ကြံဇာတ်တွေ သတ်သတ်ပါ။ ဒါတွေက မဖြစ်သင့်တဲ့ကိစ္စပါ။နိုင်ငံရေးလုပ်ရင် ရိုးရိုးသားသားလုပ်ပါ။ အယူအဆကွဲတာ လက်ခံတယ်။ကိုယ်ကြိုက်တဲ့ဘက်ရပ်၊ ဒါကိုယ့်ကိစ္စ၊ ဒီလိုသတင်းအမှားတွေနဲ့ မဟုတ်မမှန်ပြည်သူလူထုကြားမှာ ထင်ယောင်ထင်မှားနဲ့ ပြဿနာတွေဖြစ်အောင် ကွဲအောင် မလုပ်သင့်ဘူး လို့ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) အစ္စလာမ် ဓမ္မသတ်မှူး က ငြမ်းမီဒီယာ ကိုပြောပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,