၀ ကိုယ်ပိုင်ပြည်နယ် ဝေဟင်ထဲ လေယာဉ် ပျံသန်းခြင်းခွင့်မပြု ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

၀ ကိုယ်ပိုင်ပြည်နယ်ရဲ့ ဝေဟင်ပိုင်နက်ထဲမှာ လေယာဉ်တွေ ပျံသန်းခွင့်ကို ၂၀၂၁၊ ဇန်နဝါရီ (၁) ရက်နေ့မှ စတင်ကာ ခွင့်မပြုတော့ဘဲ ခွင့်ပြုချက် မယူဘဲ ပျံသန်းပါက ပစ်ခတ်မယ်ဆိုတဲ့ သတင်းတစ်ပုဒ် ပျံ့ခဲ့ပါတယ်။

သည် သတင်းဟာ သတင်းအမှားသာ ဖြစ်တယ်လို့ ဝပြည် သွေးစည်းညီညွှတ်ရေး ပါတီ (UWSA) ရဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာ ကနေ တစ်ဆင့် ရှင်းလင်းထား (သည်နေရာမှာ ကြည့်နိုင်ပါတယ်) ပါတယ်။

၀ ကတော့ ပြတ်ပြတ်သားသား ပြောပြီ ဆိုတဲ့ သည်သတင်းအမှား ကို ပြန်လည် မျှဝေသူ တွေကိုလည်းတွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 

FB / မျှဝေထားကြတဲ့ သတင်းအမှား

၀ ပြည်နယ် နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၂၀၂၀၊ဇူလိုင်လ (၂၀) ရက်နေ့ကလည်း ၀ မှာ ငွေစက္ကူထုတ်နေပြီ ဆိုတဲ့ သတင်းအမှား တစ်ပုဒ် (သည်နေရာမှာကြည့်နိုင်ပါတယ်) ပျံ့နှံံ့ခဲ့ပါသေးတယ်။

၀ ကိုယ်ပိုင်ပြည်နယ် ဝေဟင်ထဲ လေယာဉ် ပျံသန်းခြင်းခွင့်မပြု ဆိုတဲ့ သတင်းအမှား နဲ့ ပတ်သက်ပြီး ဝပြည် သွေးစည်းညီညွှတ်ရေး ပါတီ (UWSA) ရဲ့ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်း ရဲ့ မှတ်ချက် ရယူဖို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ဦးညီရမ်းရဲ့ သီးခြား မှတ်ချက် တစ်ခုခု ရရှိပါကလည်း ဖြည့်စွက်  ဖော်ပြပေးသွား မှာဖြစ်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,