၂၀၂၀ မှာ ဒေါ်အောင်ဆန်းစုကြည် သည်လို ပြောခဲ့လား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နိုင်ငံရေးမှာ တပ်မတော် မပါဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖေ့စ်ဘွတ်မှာ ပြန်လည် မျှဝေနေသူတွေရှိပါတယ်။

သည်သတင်းကို သတင်းအမှန်သိ ဆိုတဲ့ Facebook Page တစ်ခုကနေ အောက်တိုဘာလ (၁၀) ရက်နေ့ က ဖော်ပြထားတာဖြစ်ပြီး သတင်းရင်းမြစ် ညွှန်းဆိုမှုမှာ အောက်တိုဘာလ(၁၀)ရက်၊၂၀၂၀ ၊ RFA လို့ ရေးသားထားပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။(web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။)

သည်သတင်း နဲ့ ပတ်သက်ပြီး အချက်အလက် စစ်ဆေးကြည့်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သည်သတင်းစကား ဟာ ၂၀၁၃ ခုနှစ် က ပြောခဲ့တဲ့ စကားဖြစ်ပြီး RFA သတင်းဌာန ကလည်း သည်သတင်းကို ၂၀၁၃၊ အောက်တိုဘာလ(၁)ရက် ရက်စွဲနဲ့ ဖော်ပြထားတာတွေ့ရပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SS /၂၀၁၃၊ အောက်တိုဘာလ(၁)ရက် ရက်စွဲနဲ့ ဖော်ပြထားတဲ့ RFA သတင်းအမှန်

သတင်းအမှန်သိ Facebook Page ဟာ သည် သတင်း ကို ဖော်ပြရာမှာ စာဖတ်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင်၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သည်စကားကို အခု ပြောသယောင်ယောင် ၊ RFA သတင်းဌာန က ၂၀၂၀၊ အောက်တိုဘာလ(၁၀) ရက်နေ့ မှာ ပဲ ဖော်ပြထားသလိုလို ဖန်တီးထားတဲ့ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း SNLD ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ စိုင်းညွန့်လွင် ၂၀၁၅ မှာ ပြောခဲ့တဲ့ စကားကို ၂၀၂၀ သြဂုတ်လမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ တွဲစပ်ပြီး သတင်းအမှား ဖြန့်ချိခဲ့ပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။

စာဖတ်သူများ အားလုံး ဘေးကင်း ကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,