၂၄ ရက်နေ့ Lockdown လား၊ စားစရာတွေ ဝယ်ထားရမလား စိုးရိမ်နေတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

စက်တင်ဘာ (၂၄) ရက်နေ့ နဲ့ ပတ်သက်ပြီး အများပြည်သူကြား ပျံ့နေတဲ့ သတင်းအမှားတစ်ပုဒ် အကြောင်းပြောပြလိုပါတယ်။

သည်သတင်းအမှား ဟာ စိုးရိမ်မှု တစ်ဝက်၊စိတ်ရှုပ်ထွေးမှု တစ်ဝက်နဲ့ ပြည်သူများကြားမှာ သို့လော၊သို့လောနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခု ဖြစ်ခဲ့ပါတယ်။

၂၄ ရက်နေ့ အပြင်ထွက်လို့ ရပါ့မလား။ စားစရာတွေ ဝယ်ထားရတော့မလား။ ဈေးတွေ အကုန် ပိတ်တော့ မှာ လားဆိုတဲ့ စိုးရိမ်စိတ်တွေ ၊ လူမှုကွန်ရက်မှာ အတည်မပြုနိုင်တဲ့ ယူဆချက်တွေ၊ သတင်းအတု၊သတင်းအမှားတွေ ကလည်း ဖေ့စ်ဘွတ် လူမှုကွန်ရက်တွေမှာ ပျံ့နှံ့ နေပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၂၄ ရက်နေ့ နောက်ပိုင်း အိမ်ပြင်ထွက်သူတွေ ထောင်ဒဏ်ကျခံရမယ်ဆိုတဲ့ သတင်းတွေ၊ ထောင်ဒဏ် (၁) နှစ်ကျမယ်၊ ဒဏ်ကြေး သုံးသိန်းပေးဆောင်ရမယ် ဆိုတဲ့ သတင်းကို ရပ်ကွက်ထဲ လော်နဲ့ လိုက်အော် နေပြီ ဆိုတာ သတင်းအမှား ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က အများပြည်သူသို့ သတင်းအမှန် ဖြေရှင်းပေးထားပါတယ်။ (သည်နေရာမှာ ကြည့်နိုင်ပါတယ်)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရဲ့ သတင်းအမှန် ရှင်းလင်းချက်အရ ၂၄ ရက်နေ့မှာ လုံးဝအပြင် ထွက်လို့မရဘူး ဆိုတာလည်း မဟုတ်ပါဘူး။ ဈေးတွေ လည်း အကုန် မပိတ်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ)မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ နေအိမ်တွင်နေထိုင်ရေး ( Stay at Home ) အစီအစဉ်မှာအကျုံးဝင်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ(၂၀) ရက်နေ့က ထုတ်ပြန်ထားတဲ့ ကြေညာချက် (သည်နေရာမှာ ကြည့်နိုင်ပါတယ်) က လွဲ ပြီး ဈေးတွေ အကုန် ပိတ်မယ် ဆိုတဲ့ သက်ဆိုင်ရာရဲ့ တရားဝင် ကြေညာချက် မရှိသလိုအပြင်ထွက်သူတွေကို ထောင်ဒဏ် တစ်နှစ်ချမယ် ဆိုတဲ့သတင်းတွေ ဟာ သတင်းအမှားတွေ သာ ဖြစ်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,