(၃) ရက်နဲ့ ဆုံးဖြတ်ချက်ချဖို့ ကော်မရှင်အနေနဲ့ အချိန် လုံလောက်တယ်လို့ မယူဆဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း/ ဒေါက်တာညိုညိုသင်း

အစိုးရကို အကျပ်တွေ့အောင် လုပ်တာ မဟုတ်ဘူး။ အစဉ်အဆက် စား မကုန်အောင်ရှိတဲ့ ပုဂ္ဂလိက လုပ်ငန်း ရှင် လေးဦး (သို့) ငါးဦး ထံကနေ ပြည်သူ လူထုရဲ့ နစ်နာမှုဖြစ်တဲ့ ဘီလီယံ (၆၀) ခန့်ကို ပြန်လည် တောင်းခံတဲ့ သဘောပဲ …

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ဖို့ မရှိသေးကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ သတင်းထုတ်ပြန်မှုအပေါ် တိုင်ကြားခဲ့သူဒေါက်တာညိုညိုသင်းရဲ့ သဘောထား အမြင်ကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ – အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ‘အရေးယူ ဆောင်ရွက်ရန် မရှိသေးကြောင်း’ ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။

Dr NNT – ထုတ်ပြန်ချက်မှာ ကျွန်မရဲ့တိုင်ကြားချက်ကို (၃) ရက် အတွင်း စိစစ်ပြီးတော့ သတင်း ထုတ်ပြန်ပေးတဲ့အတွက် အဓိက ကြိုဆိုတယ်။ ဒါပေမယ့် (၃) ရက်အတွင်း ဆောင်ရွက်ရတာဖြစ်လို့ ဒီအပေါ်မှာ (၃) ရက်နဲ့ ဆုံးဖြတ်ချက်ချဖို့ ကော်မရှင်အနေနဲ့ အချိန် လုံလောက်တယ်လို့ မယူဆပါဘူး။ အမှန်က တင်ပြတဲ့ အချက်တွေ အပေါ်မှာ ဒီထက်ပိုပြီး တိကျလေးနက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ ဆုံးဖြတ်ချက်တွေကို အချိန် ယူပြီးလုပ်ရင် ပိုပြီးကောင်းမယ်လို့ ယူဆတယ်။ ပြီးတော့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ကျွန်မရဲ့ တိုင်ကြားစာကို အရေးမယူဘူးလို့ ပြောတာ မဟုတ်ဘူး။ (၁၈) ရက်နေ့ အစည်းအဝေးအရ သူတို့ဆီမှာရှိတဲ့ သတင်း အချက် အ လက်တွေအပေါ် မူတည်ပြီး အရေးမယူသေးကြောင်း ပြန်ကြားတာ ဖြစ်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တိုင်းပြည် အတွက် နစ်နာမှုတွေကို အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူလို့ မရဘူးလို့ ပြောလို့ မရ ဘူးပေါ့။ ဥပဒေကို ကျင့်သုံးမယ့် အဖွဲ့အစည်းက ဥပဒေကို ကိုယ်အလို ရှိသလို အဓိပ္ပာယ် ဖွင့်ဆိုခွင့် မရှိဘူးပေါ့။ အဲဒါကြောင့် …

ဒီထုတ်ပြန်ချက်ထဲမှာ အထူးသဖြင့် အပိုဒ် (၄) က ကြိုဆို ရမယ့် ကိစ္စဖြစ်တယ်။ ဒီတိုင်ကြားစာကို တိုင်ကြားကတည်းက လူ ပုဂ္ဂိုလ်တစ်ယောက်၊ အဖွဲ့အစည်း တစ်ခုကို မဟုတ်ဘူး။ ပြည်သူ လူထုအတွက် ဆုံးရှုံးနေတဲ့ ဘီလီယံ (၆၀) ခန့်ရှိတဲ့ ငွေတွေပြန်ရဖို့ တိုင်တာဖြစ်လို့ ကော်မရှင် ထုတ်ပြန်ချက် အပိုဒ် (၄) အရဆို အစိုးရ အနေနဲ့ ပြန်လည် စိစစ်မယ်၊ ပြင်ဆင်မယ် ဆိုတာ ကို သိရတယ်။ အဲဒီလို ပြင်ဆင်ပြီး စာရင်းစစ်ချုပ်ရုံးကလည်း လက်ခံနိုင်ဖွယ် ရှိ/မရှိ ဆက်လက် စိစစ် နိုင်ဖွယ် တွေ့ရတဲ့ အတွက် ကျွန်မတို့ရဲ့ ဆုံးရှုံးမှု တွေက ပြန်လည် ရနိုင်ဖို့ အလားအလာ ရှိပါတယ်။ ထုတ်ပြန်ချက် ထဲမှာ ပါတဲ့ အပိုဒ် (၄) ကို ကြိုဆိုတယ်။ အပိုဒ် (၄) ကလည်း စာရင်း စစ်ချုပ် ဥပဒေနဲ့ အညီ ထုတ် ထားတာပဲ ဖြစ်တဲ့အတွက် ကျွန်မက ဒီအချက်အပေါ်မှာ အငြင်းပွားဖွယ်ရာ မရှိဘူး။

ငြမ်းမီဒီယာ – တိုင်ကြားမှုအပေါ်မှာ လူထုက မျှော်လင့်ချက်တစ်ခုခု ရှိနေနိုင် တော့ အရေး မယူဘူးလို့ ထုတ်ပြန်လိုက်တဲ့အခါ အကျိုးဆက်အနေနဲ့ ဘာတွေ ဖြစ်လာနိုင်မလဲ။

Dr NNT – ကော်မရှင်အနေနဲ့ အရေးမယူသေးဘူးလို့ ပြောတဲ့အခါ ကျတော့ ဘာ အပေါ် အခြေခံလဲဆို တော့ နောက်ဆုံး ထွက်ထားတဲ့ ၂၀၁၈ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အပေါ်မှာ ကော်မ ရှင် အနေနဲ့ ကိုယ်ပိုင် အဓိပ္ပာယ် ဖွင့်ဆို ချက်တစ်ခု လုပ်ထားတာ တွေ့ရတယ်။ အဲဒီ အဓိပ္ပာယ် ဖွင့်ဆိုချက် က ကျွန်မနဲ့ ကွဲလွဲတယ်။ ကော်မ ရှင်ပြောချင်တာက ၂၀၁၈ ဇွန်လ (၂၁) ရက် မတိုင်မီက တိုင်းပြည်ရဲ့ နစ်နာမှုတွေဟာ ဒီဥပဒေနဲ့ မဆိုင်ဘူးလို့ ပြောချင်ပုံ ရတယ်။ အဲဒီ ဥပဒေမှာ အဲဒီလို ပြဌာန်းချက် ပါမ ထားဘူး။ အဲဒီလို ဥပဒေ ပြဌာန်းချက်မပါဘဲ ကော်မရှင်က ကိုယ့်သဘောနဲ့ကိုယ် ၂၀၁၈ ဇွန်လ မတိုင်မီက တိုင်းပြည် အတွက် နစ်နာမှုတွေကို အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူလို့ မရဘူးလို့ ပြောလို့ မရ ဘူးပေါ့။ ဥပဒေကို ကျင့်သုံးမယ့် အဖွဲ့အစည်းက ဥပဒေကို ကိုယ်အလို ရှိသလို အဓိပ္ပာယ် ဖွင့်ဆိုခွင့် မရှိဘူးပေါ့။ အဲဒါကြောင့် ကျွန်မ အနေနဲ့ ဒီဥပဒေ အပေါ်မှာ အဓိပ္ပာယ် ဖွင့်ဆိုတာဟာ တားမြစ်ထားတဲ့ ပြဌာန်းချက် မရှိတဲ့အတွက် ပြည်သူ လူထု နစ်နာထားတဲ့ ဘီလီယံ (၆၀) သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အကျုံးဝင်တယ်လို့ ကျွန်မက အဓိပ္ပာယ် ဖွင့်ဆိုချင်တယ်။ အဲဒီအပေါ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက အခုလို အငြင်းပွား ဖွယ်ရာတွေ ပေါ်ပေါက် လာရင် အဓိပ္ပာယ် ဖွင့်ဆိုပေးသင့်တာပေါ့။

ငြမ်းမီဒီယာ – ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာဆက်လုပ်သွားဖို့ ရှိပါသလဲ။

Dr NNT – အပိုဒ် (၄) မှာ ပြောထားတာကတော့ အစိုးရက ပြန်လည် ပြင်ဆင်မယ် လို့ပြောထားတဲ့အတွက် အစိုးရကို အချိန် ပေးထားတယ်။ စာရင်းစစ်ချူပ်ကို အချိန် ပေးထားတယ်။ သူတို့ရဲ့ ဆောင်ရွက်မှုတွေ၊ ပြည်သူလူထုရဲ့ နစ်နာမှုတွေကို ကုစားဖို့ သူတု့ိရဲ့ ဆောင်ရွက်မှုတွေကို ကျွန်မက စောင့်ကြည့်သွားရမှာ ဖြစ်တယ်။  ဘီလီယံ(၆၀) မှာ အနည်းဆုံး ဘီလီယံ (၄၀) လောက် ပြန်ရရင် ကျွန်မ တိုင်ကြားရကျိုးနပ် တာပေါ့။။

ငြမ်းမီဒီယာ – ခုလို တိုင်ကြားမှုဟာ အစိုးကို အကျပ်အတည်း တွေ့အောင် လုပ်တယ်လို့ စွပ်စွဲမှုတွေလည်း ရှိတော့ အဲဒီအပေါ်မှာ ဘာများ ပြော ချင်ပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr NNT – ကျွန်မတို့က စတင် တိုင်ကြားကတည်းက လူပုဂ္ဂိုလ် တစ် ယောက်ယောက်၊ အဖွဲ့အစည်း တစ်ခုခုကို ဒုက္ခရောက်စေတဲ့၊ အကျပ်တွေ့စေတဲ့ ရည်ရွယ် ချက်နဲ့ တိုင်ကြားတာ မဟုတ်ဘူး။ ပြည်သူလူထု အတွက် နစ်နာထားတဲ့ ဘီလီယံ (၆၀) ကို ပြန်လည် ပေးဆပ်ရန် တာဝန် ရှိတဲ့ သူကလည်း အစိုးရ မဟုတ်သော ပုဂ္ဂလိက လုပ်ငန်းရှင် လေးဦး ငါးဦးထက် မပိုတာဖြစ်လို့ အခုလို တိုင်ကြားခဲ့ တာ ဖြစ်တယ်။ ကျွန်မ တိုင်ကြားရတဲ့ ရည်ရွယ်ချက်ကို သဲသဲကွဲကွဲ သိဖို့လိုတယ်။ ကျွန်မက အစိုးရကို အကျပ်တွေ့အောင် လုပ်တာ မဟုတ်ဘူး။ အစဉ်အဆက် စား မကုန်အောင်ရှိတဲ့ ပုဂ္ဂလိက လုပ်ငန်း ရှင် လေးဦး (သို့) ငါးဦး ထံကနေ ပြည်သူ လူထုရဲ့ နစ်နာမှုဖြစ်တဲ့ ဘီလီယံ (၆၀) ခန့်ကို ပြန်လည် တောင်းခံတဲ့ သဘောပဲ ဖြစ်တယ်။ ဒါဟာ အစိုးရကို အကျပ်တွေ့အောင် လုပ်တာ မဟုတ်ဘူး၊ အစိုးရကို ကူညီခြင်းသာ ဖြစ်တယ်။ အဲဒါကို နိုင်ငံရေး နားလည်တဲ့ လူတိုင်း သိမယ်လို့ ကျွန်မမျှော်လင့်တယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,