အစိုးရ သက်တမ်း တစ်ဝက်ကျော်လာတဲ့ အခါမှာ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာလိမ့်မယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MYNT / NLD ပါတီ ဗဟိုသုတေသနအဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်း

ကျွန်တော်တို့အစိုးရကို ဖြိုလှဲမယ့်အင်အားဆိုတာ ဒီအဖွဲ့ကို ကြို ပြီးသိထားတာ။ ၂၀၁၅ မတိုင် ခင်ကတည်းက ရှိနေတဲ့ အဖွဲ့အစည်းပါ။ ၂၀၁၅ မတိုင်ခင်တုန်းက သူတို့က တောက်လျောက် စောင့်ကြည့်တာပဲ လုပ်နေတာ။ တိုက် ခိုက်မှုတွေက မပြင်းထန်ခဲ့ဘူး။ ခုနောက်ပိုင်း တိုက်ခိုက်မှုတွေက သိသာလာတယ်။ ပြင်းထန်လာတယ်။ ရှေ့လျောက်…

NLD အစိုးရနှင့် ပါတီအပေါ် အင်အား (၃, ၀၀၀) ခန့်ရှိသည့် စနစ် တကျ လေ့ကျင့်ထားသော အဖွဲ့ အစည်းတစ်ခုက တိုက်ခိုက်နေ သည်ဟု NLD ပါတီ ဗဟိုသုတေသနအဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်း က ထုတ်ဖော်ပြောဆိုခဲ့ ပြီးနောက် နိုင်ငံရေးအင်အားစု များကြား ဝေဖန်မှုများ ပြင်းထန် ခဲ့သဖြင့် ယင်းအခြေအနေများနှင့် စပ်လျဉ်းပြီး ဦးမျိုးရန်နောင်သိမ်းကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – လူမှုကွန်ရက်ပေါ်မှာ ကိုမျိုးရန်နောင်သိမ်းနဲ့ ပတ်သက်ပြီး ဖြန့်နေတဲ့ သတင်းတွေအပေါ် ဘာများ ပြောချင်လဲ။

M – သတင်းမှားတွေ ဆိုရင်တောင် သေသေသပ်သပ် မရှိတဲ့ သတင်းမှားတွေပေါ့ဗျာ။ သတင်းမှား ဆိုတာ သိသာတယ်ပေါ့။ ကျွန်တော့်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲမယ်ပေါ့။ မိန်းမကလေး ပုံက ဖိလစ်ပိုင်က ကောင်မလေးပုံကို ယူသုံးထားတာ။ နောက်ထပ် တစ်ခုက ကျွန်တော်နဲ့ ကျွန်တော့် အမျိုးသမီးပုံကို တင်ထားပြီး ပါတီတွင်းမှာ အုပ်စုဖွဲ့တိုက်ခိုက်တဲ့ ပုံစံမျိုးရေးထားတာ။ ဝန်ကြီးဖြစ်ချင်တဲ့ သူတွေက ကျွန်တော့်ကို ဖြုတ်ချချင်တဲ့ ပုံစံရေးထားတယ်။ ဒါက ကျွန်တော်ပြောခဲ့တဲ့ အဖွဲ့ကြီးရဲ့ လက်ရာတော့ မဟုတ်ဘူး။ အဲဒီ အဖွဲ့ကြီးက ပရော်ဖက်ရှင်နယ် ဆန်တယ်။ အဲအဖွဲ့ကြီးနဲ့ ဆက်စပ်နေတဲ့ အဖွဲ့ငယ်လေးတွေရဲ့ လက်ရာဖြစ်မယ် ထင်တယ်။ လက်ရာ မသေသပ်ဘူး။ ပြည်သူအထင်လွဲရင် ပြီးရောဆိုတဲ့ ပုံစံမျိုးလုပ်တာ တွေ့ရတယ်။ ကျွန်တော့်အပေါ်ရော၊ ပါတီအပေါ်မှာပါ ယုံကြည်မှု ကင်းမဲ့ အောင် လုပ်တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နိုင်ငံရေး နားမလည် တော့ သူတို့ လုပ်ကြံတာ အရမ်းသိသာ လွန်းအားကြီး တယ်။ နိုင်ငံရေးသမားတွေ လုပ်ကြံမယ်ဆိုရင် ဒီထက်ပိုပြီး သိမ်မွေ့မယ်။ နိုင်ငံရေးနဲ့ မထိစပ်တဲ့ အဖွဲ့အစည်းဆိုတာ သေချာတယ်။ နိုင်ငံရေးသမား တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ …

ငြမ်းမီဒီယာ – အင်အား (၃, ၀၀၀) လောက်ရှိတဲ့ အဖွဲ့ကြီးက ပါတီကို တိုက် ခိုက်နေတယ်လို့ ပြောခဲ့တယ်။ အဲဒီကိစ္စအတွက် ပြည်သူလူထု ကြားမှာ တော်တော်လေး ပြောဆိုနေကြတော့ ဘာများပြောချင်လဲ။

M – ပထမတစ်ချက်က၊ လုပ်တဲ့အဖွဲ့က နိုင်ငံရေးသဘော နား မလည်ဘူးဆိုတာ သိသာလွန်းအားကြီး တယ်။ ဒီလူတွေက နိုင်ငံ ရေးသမားတွေ မဟုတ်ဘူး၊ နိုင်ငံရေး နားမလည်ဘူး။ နိုင်ငံရေး နားမလည် တော့ သူတို့ လုပ်ကြံတာ အရမ်းသိသာ လွန်းအားကြီး တယ်။ နိုင်ငံရေးသမားတွေ လုပ်ကြံမယ်ဆိုရင် ဒီထက်ပိုပြီး သိမ်မွေ့မယ်။ နိုင်ငံရေးနဲ့ မထိစပ်တဲ့ အဖွဲ့အစည်းဆိုတာ သေချာတယ်။ နိုင်ငံရေးသမား တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေး ကို စိတ်ဝင်စားတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ မဟုတ်ဘူးဗျ။ နည်း ပညာကျွမ်းကျင်အောင် သင်တန်းတက်ခိုင်းထားပြီးတော့ ကျွန်တော် တို့ အစိုးရကို သော်လည်းကောင်း၊ ပါတီကိုသော်လည်းကောင်း၊ စောင့်ကြည့်ပြီး တိုက်ခိုက်နေတဲ့ အဖွဲ့အစည်း တွေဗျ။ လုပ်ပုံကိုင်ပုံက နိုင်ငံရေးအရ ကြည့်ရင်တော့ တော်တော် မသေသပ်တာကို တွေ့ရ တယ်။

ငြမ်းမီဒီယာ – ဘယ်လို အထောက်အထား ခိုင်ခိုင်မာမာတွေများ ရထားလို့ ခုလို ထုတ်ဖော် ပြောရတာလဲ။

M – ကျွန်တော် ပြောချိန်တန်လို့ ပြောတာဗျ။ ကျွန်တော်သိတာက ကြာပြီ။ တဖြည်းဖြည်းချင်း သိလာ တာ။ ကျွန်တော့်ကိုလည်း သတင်းပေးတဲ့ လူတွေက အများကြီး ရှိတယ်လေ။ နောက်ပြီး သတင်း ပေးတဲ့လူတွေက အချက်နဲ့ အလက်နဲ့ ပေးတာဗျ။ အဲဒါကို ကြည့်လိုက်တော့လည်း မှန်နေတာကို တွေ့ရတယ်။ ဆိုလိုချင်တာက ဗျာ . . ဥပမာ တစ်ခုပြောပြမယ်။ ဆရာတို့မိဒီယာက ဖြစ်စေ၊ မီဒီယာ တစ်ခုခုက ဖြစ်စေ အစိုးရနဲ့ ပတ်သက်တဲ့ သတင်းတစ်ခု တက်လာလို့ရှိရင် စက္ကန့်ပိုင်းအတွင်းမှာ ကော်မန့်တွေ အများကြီးရေး လိမ့်မယ်။ အဲဒါတွေက ပရိုဖိုင်အတုတွေနဲ့၊ ပြီးရင် မှတ်ချက်တွေက အစိုးရနဲ့ ပတ်သက်ပြီး အဆိုးတွေပဲ ရေးလိမ့်မယ်။ စက္ကန့်ပိုင်း မိနစ် ပိုင်းအတွင်းမှာကို အများကြီးက စောင့်ပြီး ဒီမှတ်ချက်တွေ ရေးနေ တာ။ မှတ်ချက်တွေကို ကြည့်ပြီး သာမန် နားမလည်သူတွေဆို ထင်ယောင်ထင်မှား ဖြစ်သွားအောင်ပေါ့။ အဲဒီ မှတ်ချက်ရေးတဲ့ လူတွေရဲ့ တည်နေရာကို ကြည့် ကြည့် လိုက်၊ တစ်နေရာတည်းကဆိုတာ တွေ့ ရလိမ့်မယ်။ တစ်နေရာတည်းကလို့ ဘယ်လို တွေ့လဲဆိုရင် ဒါက နည်းပညာအရ သိရတာပါ။ မည်သူမဆို ဒီလူတွေ ဘယ်မှာ အခြေ စိုက်ထားတယ်ဆိုတာ မြင်နိုင် ပါတယ်။

ငြမ်းမီဒီယာ – လူမှုကွန်ရက်ကို စောင့်ကြည့်ဖို့ အစိုးရက ဘတ်ဂျက်တွေ သုံးထားတာ ရှိပါတယ်။ ဒါပေမယ့် အခုကိစ္စမှာ အစိုးရဘက်က ထုတ်ဖော် ပြောဆိုတာမျိုး မတွေ့ရဘူး။ ပါတီရဲ့ တာဝန်ရှိသူ တစ်ယောက် အနေနဲ့ ခုလိုတွေ ထုတ်ပြောတယ်ဆိုတော့ အစိုးရရဲ့ စောင့်ကြည့်ရေး လုပ်ငန်းနဲ့များ ချိတ်ဆက် လုပ် ဆောင်နေတာလား။

M – ကျွန်တော်တို့ အစိုးရနဲ့ ချိတ်ဆက်ထားတာ မရှိပါဘူး။ နောက်ပြီး ပါတီအနေနဲ့ အစိုးရကို ချိတ်ဆက်လို့ မရပါဘူး။ အစိုးရက အစိုးရ ယန္တရားပါ။ အစိုးရက မထုတ်ပြန်တာက သူရဲ့ confidential policy နဲ့ ဆိုင်မှာပေါ့။ ကျွန်တော်က နိုင်ငံရေးသမားလေ၊ နိုင်ငံရေး လိုအပ် ချက်အရ တိုင်ပင်အရ၊ လို အပ်ချက်အရ၊ ဒါကို ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်တို့ အစိုးရသက်တမ်းက သက် တမ်းတစ်ဝက် ကျော်လာပြီ။ အဲဒီတော့ ကျွန်တော်တို့အစိုးရကို ဖြိုလှဲမယ့်အင်အားဆိုတာ ဒီအဖွဲ့ကို ကြို ပြီးသိထားတာ။ ၂၀၁၅ မတိုင် ခင်ကတည်းက ရှိနေတဲ့ အဖွဲ့အစည်းပါ။ ၂၀၁၅ မတိုင်ခင်တုန်းက သူတို့က တောက်လျောက် စောင့်ကြည့်တာပဲ လုပ်နေတာ။ တိုက် ခိုက်မှုတွေက မပြင်းထန်ခဲ့ဘူး။ ခုနောက်ပိုင်း တိုက်ခိုက်မှုတွေက သိသာလာတယ်။ ပြင်းထန်လာတယ်။ ရှေ့လျောက်ပြီး တိုက်ခိုက်မှု တွေက ပိုပြင်းထန်လာမယ် ဆိုတာကို ကျွန်တော် နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ သိတယ်။ ဒီအချိန်မှာတော့ ပြည်သူကို တင်ပြရ တော့မယ်၊ ပြည်သူတွေ သိထားမှ ဖြစ်တော့မယ် ဆိုတာကို ကျွန်တော် သိတဲ့အတွက် တိုင်ပင်အရ၊ အချိန်အရ ပြောရတာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အစိုးရပြိုလဲအောင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေ ရှိနေ တယ်ဆိုတာ သိပြီဆိုတော့ ဘာတွေလုပ်ဖို့ ရှိလဲ။ ဒီကိစ္စတွေကို အစိုးရကိုသော်လည်းကောင်း၊ ပါတီတာဝန်ရှိသူတွေကို သော်လည်း ကောင်း တင်ပြထားတာ ရှိသလား။

M – ကျွန်တော်လည်း တောက်လျောက် ခရီးထွက်နေတာပါ။ ကျွန်တော့်ခေါင်းဆောင်တွေဖြစ်တဲ့ အန်ကယ် ဦးဟံသာ ဆီကိုတော့ ဖုန်းနဲ့ သတင်း ပို့ထားပါတယ်။ ကျွန်တော်တို့ အစည်းအဝေး ထပ်မ လုပ် ရသေးပါဘူး။ ဒါကလည်း အင်တာဗျူးပြောရင်း ပြောဖြစ်သွား တာဆိုတော့၊ ဒါကလည်း ပျံ့သွားပြီဆို တော့ မလွဲမရှောင်သာ ဆွေးနွေးရတော့မှာပေါ့။ နောက် အစည်းအဝေးကျရင်တော့ ဆွေးနွေး ဖြစ်မှာပါ။ အဓိက အရေးကြီးတာက ပြည်သူဗျ။ ပြည်သူက လက်မခံ ရင် ဒီအဖွဲ့အစည်းတွေ ဘာပဲလုပ်နေ လုပ်နေ ဂရုစိုက်စရာ မလိုဘူး။ အဲဒီတော့ ဆရာတို့မီဒီယာတွေကို တင်ပြနေခြင်းသည်ပင် ပြည်သူကို မီဒီယာက တစ်ဆင့် တင်ပြနေခြင်းပါပဲ။ အကယ်၍ ပြည်သူတွေ နားလည်နေပြီဆိုရင် ဘယ်လောက် အင်အားကြီးတဲ့ အဖွဲ့အစည်း ဖြစ်ဖြစ် ပြည်သူက ကြောက်စရာမလိုပါဘူး။

တပ်မတော်လားလို့ မှတ်ချက်ပေးကြတယ်။ အဲဒီလိုလည်း ကျွန်တော် စွပ်စွဲပြောဆိုခြင်း မရှိပါဘူး။ ကျွန်တော်ပြောတာက စနစ်တကျ သင်တန်းပေးထားတဲ့ အဖွဲ့တစ်ခု၊ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့ တစ်ခုလို့ ပြောတာပါ။ ဒါသည် မည်သည့် အဖွဲ့ အစည်း ဆိုတာက တော့ ကျွန်တော်အနေနဲ့ ထုတ်ဖော် ပြောကြားလိုခြင်း မရှိပါဘူး။ အမှန်ဆိုရင် ကျွန်တော် …

လူသတ်လက်နက်နဲ့ ခြိမ်း ခြောက်တဲ့ ကိစ္စမဟုတ်ဘဲ အသိဉာဏ်ကို ခြိမ်းခြောက်နေတဲ့ ကိစ္စဆိုတော့ အသိဉာဏ်နဲ့ ကာကွယ် ပေးရမှာပေါ့။ ဆရာတို့ မီဒီယာလည်း အရမ်း အရေးကြီးပါတယ်။

ငြမ်းမီဒီယာ – အစိုးရကို ဝေဖန် ထောက်ပြနေတဲ့အထဲမှာ မီဒီယာတွေ အပါ အဝင် နိုင်ငံရေးအင်အားစု အသီး သီး ပါဝင်နေတယ်ဆိုတော့ အင် အား (၃, ၀၀၀) လောက် ရှိတယ်ဆိုတာ သီးသန့်အဖွဲ့အစည်းကို ပြော တာလား၊ အားလုံးကို ရောပြောတာလား၊ ဘယ်လိုမျိုး တွက် ထားတာလဲ။

M – ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတာ ရှိပါတယ်။ ဒီမိုကရေစီ အင်အားစု တွေပေါ့။ အဲဒီ အင်အားစုတွေ ဆိုတာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေ ပါတယ်။ ဥပမာအားဖြင့် ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းလို ဟာမျိုးပေါ့။ နောက်တခုက ကျတော့ အရပ်ဘက် အဖွဲ့အစည်းတွေ ပါတယ်။ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ပါ တယ်။ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါတယ်။ နောက်တစ်ခုက ဆရာတို့မီဒီယာတွေ ပါတယ်။ အဲလို အဖွဲ့အစည်း တွေက ကျွန်တော်တို့ကို ဝေဖန်သည်ဖြစ်စေ၊ ဆဲဆိုသည်ဖြစ်စေ၊ ဒါက ဒီမိုကရေစီ ကောင်းရာ ကောင်းကျိုးအတွက် ဝေဖန်ကြတာ။ ကျွန်တော်တို့ပါတီ ဒီမိုကရေစီက သွေဖယ်သွားပြီ ဆိုရင်၊ ဒီမိုကရေ စီလမ်းကြောင်း မတည့်တော့ဘူးဆိုရင် ထိန်းကြောင်းပေးတာ။ ဒါကို လက်ခံရမယ်။ ကျွန်တော်ပြောတာ အဲဒီအဖွဲ့တွေ မပါပါဘူး။ ဒီအဖွဲ့ တွေက ကျွန်တော်တို့ကို အစဉ်တစိုက် အားပေး ခဲ့တဲ့ အဖွဲ့တွေ၊ ကိုယ့်ထမင်း ကိုယ်စားပြီးတော့ ကျွန်တော်တို့ပါတီကို အနိုင်ရအောင် လုပ်ပေးခဲ့တာက ဒီအဖွဲ့တွေ ဖြစ်ပါတယ်။ အချို့တွေကလည်း ဒါဆို တပ်မတော်လားလို့ မှတ်ချက်ပေးကြတယ်။ အဲဒီလိုလည်း ကျွန်တော် စွပ်စွဲပြောဆိုခြင်း မရှိပါဘူး။ ကျွန်တော်ပြောတာက စနစ်တကျ သင်တန်းပေးထားတဲ့ အဖွဲ့တစ်ခု၊ စနစ်တကျ ဖွဲ့စည်းထားတဲ့ အဖွဲ့ တစ်ခုလို့ ပြောတာပါ။ ဒါသည် မည်သည့် အဖွဲ့ အစည်း ဆိုတာက တော့ ကျွန်တော်အနေနဲ့ ထုတ်ဖော် ပြောကြားလိုခြင်း မရှိပါဘူး။ အမှန်ဆိုရင် ကျွန်တော် ကိုယ်တိုင်သည်ပင် အချို့မှတ်ချက်တွေကို အတိအကျ သတင်းရရှိတဲ့အခါမှာ ယူဆချက် အလွဲတွေ ရှိသွားနိုင် ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် ဒါနဲ့ပတ်သက်လို့တော့ မပြောချင် ပါဘူး။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ မိတ်ဖက်အဖွဲ့အစည်းတွေ မဟုတ် ပါဘူးခင်ဗျ။

ငြမ်းမီဒီယာ – အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ လိုအပ်ချက်တွေ၊ လွဲချော်မှုတွေ ရှိနေတာကို နိုင်ငံ တော် သမ္မတကလည်း တိုင်းနဲ့ပြည် နယ်တွေမှာ လိုက်ပြောနေသလို မီဒီယာသမားတွေကလည်း ထောက်ပြ ဝေဖန်ကြတယ်။ အဲဒီလိုပဲ တိုင်းဒေသကြီးအစိုးရ တစ်ချို့ ကလည်း တရားစွဲမှုတွေ ရှိလာ တယ်။ ဥပမာ ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ မီဒီယာသမားအချို့ကြားမှာ ဖြစ်နေကြတယ်။ အဲဒီ အပေါ်မှာ ရော ကိုမျိုးရန်နောင်သိမ်းအနေနဲ့ ဘယ်လို သုံးသပ်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

M – ကျွန်တော်ရဲ့ ပုဂ္ဂလိက အမြင်အရ မီဒီယာကို တရားစွဲတာ လက်မခံပါဘူး။ မီဒီယာကို နှိပ်ကွပ် ခြင်းက ပြည်သူ့မျက်စိကို ဖောက်ခြင်း၊ နားကို ပိတ်ခြင်းပါပဲ။ ကျွန်တော်တို့ သဘောမတူပါဘူး။ နောက်တစ်ခုက တိုင်းဒေသကြီး အစိုးရတွေ အမှားအယွင်းရှိတယ် လို့ ထောက်ပြနေကြတာ ပုံစံမျိုးစုံ ရှိပါတယ်။ အချို့ကလည်း တကယ့် အမှားအယွင်းပါ။ တစ်ချို့ကလည်း ပုံဖျက်ထားတဲ့ သတင်းစကား တွေက တစ်ဆင့် ပြောဆိုနေကြတာ များပါတယ်။ ဒါကိုတော့ သတိ ထား စေချင်ပါတယ်။ နိုင်ငံတော် သမ္မတကတော့ နိုင်ငံတော်အကြီးအကဲ တစ်ယောက် အနေနဲ့ လှည့်လည်ထိန်းကျောင်း နေတာပါ။ ဒါကတော့ သူ့အလုပ်ကို သူလုပ်နေတာပါ။ အဲဒီလို ထိန်းကျောင်းတဲ့ အခါမှာ အချို့ဟာတွေ မဖြစ်သင့် တာ မဖြစ်ရအောင် လိုက်လံ ထိန်းကျောင်းနေတာပါ။ အခုက ဝေဖန်မှုတွေ ပိုမြင့်လာတော့ ကျွန်တော် တို့ဘက်က ပိုဂရုစိုက်ရမယ်။ နိုင်ငံတော် အကြီးအကဲ တစ်ယောက်အနေနဲ့ ပိုဂရုစိုက်အောင်လို့ လိုက် ကြပ်မတ်နေတဲ့ သဘောမျိုးပါ။ အဲဒီလိုမျိုး လိုက်ကြပ်မတ်နေခြင်းက ပြည်နယ်နဲ့ တိုင်းအစိုးရ အဖွဲ့တွေ မှားနေပြီဆိုတဲ့ သဘောမျိုးတော့ သက်ရောက် မှု မရှိပါဘူး။

ငြမ်းမီဒီယာ – အစိုးရ ဒါမှမဟုတ် နိုင်ငံတော်အတိုင်ပင်ခံတို့ကို လူတစ် ယောက်ချင်းက ပုတ်ခတ် ပြောဆို မှုတွေအတွက် အမှုဖွင့် အရေး ယူတာမျိုးတွေ လုပ်ပြီး အခုလို အစိုးရကို အဖွဲ့လိုက်ကြီးက လုပ်နေ တာကို သိလျှက်နဲ့ ဥပဒေကြောင်းအရ ဖော်ထုတ် အရေးယူမှုတွေ ဘာကြောင့် မရှိတာလဲ။ အစ်ကိုတို့ အနေနဲ့ရော ဖော်ထုတ်ဖို့ မရှိ ဘူးလား။

M – ဖော်ထုတ်ဖို့အတွက်ကို လုံလောက်တဲ့ ဥပဒေဆိုင်ရာယန္တရား၊ နည်းပညာဆိုင်ရာ ယန္တရား၊ ငွေရေး ကြေးရေးဆိုင်ရာ ယန္တရားတွေ ဖော်ထုတ်နိုင်တယ် ဆိုတာက အစိုးရအဖွဲ့အစည်းယန္တရား တစ်ခုခုပေါ့။ ကျွန်တော်တို့ ကလည်း သတင်း အချက်အလက်နဲ့ ပတ်သက်ပြီး NLD ပါတီအစိုးရ က သတင်း အချက်အလက်ကို ကိုင်ထားတာ မဟုတ်ပါဘူး။ သတင်း အချက်အလက်ကို ကိုင်တဲ့ အစိုးရအဖွဲ့ သီးခြားရှိနေပါတယ်။ အဲဒီ အဖွဲ့အစည်းတွေက ဖော်ထုတ် ပေးရင်တော့ ရပါလိမ့်မယ်ခင်ဗျ။

ငြမ်းမီဒီယာ – ကိုမျိုးရန်နောင်သိမ်းတို့အနေနဲ့ ဒီအခြေအနေတွေကို အစိုးရဆီ သတင်းပေးပို့တာ မရှိဘူးလား။

M – ပါတီ ဗဟိုအလုပ်မှုဆောင် အဖွဲ့ကို တင်ပြပြီးတော့ ဗဟို အလုပ်မှုဆောင် ဆုံးဖြတ်ချက်အတိုင်း ဆော်ရွက်ရမှာပါ။ အစိုးရကို တင်ပြမလား၊ ဘယ်လို ဆက်လုပ်မလဲဆိုတာ ဗဟိုအလုပ်မှု ဆောင်အဖွဲ့ က ဆုံးဖြတ်ပါလိမ့်မယ်။

ငြမ်းမီဒီယာ – ဘာများ ထပ်ပြီး ဖြည့်စွက်ပြောချင်လဲ။

M – အချို့ထင်နေကြတာက ဒီ လူ (၃, ၀၀၀) က ငါတို့လားလို့၊ ကျွန်တော်တို့ မိတ်ဆွေတွေက ပြော ကြတာရှိတယ်။ ခုနက ပြော တာကိုပဲ ထပ်ပြောချင်ပါတယ်။ ဒီမိုကရေစီ မိတ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေ၊ အရပ်ဘက် လှုမှု အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအရေး နိုင်ငံရေး ပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ မီဒီယာတွေ လုံး၀ မဟုတ်ဘူးလို့ ပြောလိုပါတယ်။ နောက်တစ်ခုက ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ အစိုးရ သက်တမ်း တစ်ဝက်ကျော်လာတဲ့ အခါမှာ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာလိမ့်မယ်။ ဒါကို သတိထားကြဖို့ တင်ပြ လိုပါတယ်။ ကျွန်တော်တို့အစိုးရက ခုမှအစိုးရ ဖြစ်တာပါ။ သက်တမ်း တစ်ဝက်ကျော်လာတဲ့အခါမှာ ကျွန်တော်တို့ အတွေ့ အကြုံတွေ ပိုရလာပါတယ်။ လာမယ့် သက်တမ်းအတွင်းမှာ အကောင်းတွေ ပိုဖြစ်လာမှာပါ။ နိုင်ငံတော် သမ္မတကြီးကလည်း ထိန်းကျောင်းနေပါတယ်။ ဒီအခြေအနေကိုလည်း သိစေချင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,