မြစ်ဆုံဆည်က စာချုပ်ကြောင့် ဆိုတာထက် နိုင်ငံရေးကြောင့် လာဘ်ထိုးချင်တာဗျ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အင်မတန် ပါးနပ်ဖို့တော့ လိုတာပေါ့ဗျာ။ သူ မနိုင်တဲ့ ဟာကြီးကို အတင်းလုပ်ပြီး တော့ သူ့ဘဝကို အသေခံမလား၊ သမိုင်းမှာ အဆိုးခံ မလား။ အဲဒီ လိုပဲ ယာယီရပ်ဆိုင်းပြီးတော့ နောက်ထပ် တော်တဲ့သူတွေ တက်လာ လိမ့်မယ်၊ သူ့ထက် လုပ်ရဲတဲ့သူတွေ တက်လာလိမ့်မယ်။ အဲဒီလူတွေ …

ကန့်ကွက်မှု များပြားနေသည့် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက် ၍ NLD ထိပ်ပိုင်းခေါင်းဆောင် အချို့က ပြည်သူ့ ဆန္ဒအတိုင်း ဖြစ်သည်ဟု ပြောဆိုချက်များ ရှိခဲ့သော်လည်း ဆက်လုပ်မည်၊ ဆိုင်းငံ့မည်၊ ဖျက်သိမ်းမည်ကို NLD အစိုးရက ယတိပြတ် ထုတ်ပြန်ပြောဆိုမှု မရှိသေးပေ။ မြစ်ဆုံရေကာတာ စီမံကိန်းကို ဖျက်သိမ်းနိုင်သည့် ဥပဒေ ရှုထောင့် ဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေ အထောက်အကူပြုသူ များ အဖွဲ့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – မကြာသေးမီကပဲ မလေးရှားက တရုတ်ရဲ့ ရထားလမ်း စီမံ ကိန်းကို ဖျက်လိုက်တယ်။ ပြည်သူတွေ ကန့်ကွက်မှုများနေတဲ့ မြစ်ဆုံကိုရော အဲဒီလို ဖျက်ပစ်လို့ မရနိုင်ဘူးလား။

UKM – ရတာပေါ့ဗျ။ သူတို့က အဲဒီနည်းလမ်းကို သုံးဖို့ အကြံအစည် မရှိတာ။ ရှိလို့ရှိရင် တတ်ကျွမ်းတဲ့ ဥပဒေပညာရှင်တွေ ခေါ်လိုက်ပေါ့။ သူတို့ခန့်ထားတဲ့သူတွေက လခစား တွေ လေ။ ကျွန်တော်တို့လို ဘက် စုံမတော်ဘူး၊ ဘက်စုံ မပြောတော့ဘူး။ ခိုင်းတာ လုပ်တဲ့ လူတွေ။ အဲဒါ ကြောင့်မို့ ကျွန်တော်တို့ အပါအဝင် တတ်ကျွမ်းတဲ့ ဥပဒေပညာရှင် တွေခေါ်၊ ဆွေးနွေးလိုက်လို့ရှိရင် ကျွန်တော်တို့က ထွက်ပေါက်ပေးမှာ ပေါ့။ ဥပဒေရေးရာ ပြောမှာပေါ့။ ဖျက်လို့ရတာပေါ့ဗျ။ ဘယ်အခါမှာ ဥပဒေတစ်ရပ်က၊ ပဋိညာဉ်တစ်ရပ်က ပျက်သုဉ်းတယ်၊ အလိုအ လျောက် ပျက်သုဉ်းတယ်၊ ဖျက်လို့ရတယ်ဆိုတာ ဥပဒေတွေရှိတယ်။ အပြည်ပြည် ဆိုင်ရာ ဥပဒေတွေလည်း ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရှင်းရှင်းပြောရရင် လာဘ်ထိုးတဲ့နည်း ရယ်။ အရင်စစ်အာဏာရှင်တွေကို ကြောက်ပြီးတော့ အာဏာပြန်သိမ်းခံရမှာ စိုးပြီးတော့ အကျပ်အတည်းကြားမှာ ကြောက်ကြောက်နဲ့ လုပ်နေတယ်လို့ ထင်တယ်။ သြဇာစွက်ဖက်ခံရတာတွေ၊ ကြောက်လို့ လုပ်တာတွေက တရားမဝင်ဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည် …

ပြည်တွင်းဥပဒေတွေ လည်း ရှိတယ်လေ။ ဆိုကြပါစို့ဗျာ၊ မတရား သြဇာသုံးတယ်၊ လိမ် လည် လှည့်ဖျားတယ်၊ လာဘ်ပေးလာဘ်ယူ လုပ်တယ်၊ အဲဒါမျိုး တွေပေါ့။ မမှန်မကန် ချုပ်ဆိုထားတဲ့ စာချုပ်တွေက ဥပဒေနဲ့ မညီဘူး ဗျ။ အဲဒါတွေက ဖျက်ပစ် လို့ ရတယ်။ အလိုလိုကို ပျက်တယ်။ အဲဒီဟာ တွေကို ကျွန်တော်တို့က ပေးချင်တာ၊ ပြောချင် တာ။ သူတို့က အရမ်း တတ်နေတယ်၊ သူတို့ပဲသိ၊ သူတို့ပဲတတ်၊ သူတို့လူတွေနဲ့ သူတို့ပဲ။ ဘယ်သူတွေ ပြောတာကိုမှ မခံဘူး။ အခု မြစ်ဆုံဆည်က စာချုပ် ကြောင့် ဆိုတာထက် နိုင်ငံရေးကြောင့် လာဘ်ထိုးချင်တာဗျ။ အဲဒီလို ဖြစ်နေတယ်။ စာချုပ်ကြောင့် မဟုတ်ဘူး။ နိုင်ငံရေးအရ လာဘ်ထိုး တာပေါ့ဗျာ။ ဥပမာ ICC မရောက်အောင်၊ ပိတ်ဆို့မခံရအောင်၊ စသဖြင့်ပေါ့ဗျာ။ အဲဒီလို လာဘ်ထိုးတာ။ တပ်မတော်က လာဘ်ထိုးချင် တာ။ တက်နေတဲ့ အစိုးရကလည်း သိတယ်မို့ လားဗျာ၊ တပ်မတော်ရဲ့ မျက်နှာကို ကြည့်နေရတော့ အငြိုအငြင် မခံချင်တော့ သူကလည်း ရောလိုက်နေတာ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေက မနာဘူးလားဗျာ။ အဲဒါပါပဲဗျာ။

ငြမ်းမီဒီယာ – မြစ်ဆုံစီမံကိန်း အတွက် လျော်ကြေး က ဒေါ်လာသန်း (၁,၃၅၀) ကျော်တယ်လို့ သိရပါတယ်။ ဒီလျော်ကြေးကြောင့်ပဲ အစိုးရအနေနဲ့ အလုံးစုံဖျက်သိမ်းဖို့ ခက်ခဲနေတာ ဖြစ်နိုင်လား။

UKM – ဒီလောက် အကြွေးလောက်ကတော့ ပျင်းတယ်။ နိုင်ငံတကာ မှာ အကြွေးတွေ အများကြီး။ အစိုးရတိုင်း အစိုးရတိုင်းပဲ။ အမေရိကန် အစိုးရကိုယ်တိုင် အကြွေးပေါင်း မြောက်များစွာ ရှိတယ်။ အဲဒီလို လျော်ကြေးကြောင့် နိုင်ငံရေးအရ မလုပ်သင့်တာ လုပ်မယ် ဆိုရင်တော့ အဲဒါ ကြံရည်ဖန်ရည် အတော်ညံ့တာပဲ။ ကျွန်တော် ပြောချင်တာကတော့ ခင်ဗျားတို့ နုတ်ထွက်ပေးပါ၊ ကြံရည်ဖန်ရည်ရှိတဲ့ အစိုးရ တက်လာလိမ့်မယ်လို့ ပြောချင် တယ်ဗျာ။

ငြမ်းမီဒီယာ – အစိုးရသက်တမ်း တစ်ဝက်ကျော်လာတဲ့ အခုလိုအချိန်မှာ တောင် မြစ်ဆုံစာချုပ်ကို ဒေါက်တာ ဇော်မြင့်မောင်လို လူမျိုးကတောင် မဖတ်ရသေးဘူးဆိုတော့ ဘာဖြစ်လို့ နိုင်ငံတော်အဆင့် စာချုပ်ကို ချမပြတာလဲ။

UKM – အဲဒါပေါ့ဗျ။ ကျွန်တော့်မှာ ကော်မရှင်က ကျွန်တော်နဲ့ ရင်းနှီး တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ သူတို့တွေက တိုက်ရိုက်ပြောတာ။ အဲဒီ စာချုပ်ကို မိတ္တူတောင် ကူးခွင့်မရှိဘူးတဲ့။ သူတို့ကိုလည်း လျှပ်တပြက်ပဲ ပြတာ၊ ဒီလောက်များပြားတဲ့ဟာကို ခဏလေးပြပြီးတော့ ဘယ်လိုလုပ် ကျွန်တော်တို့ လုပ်လို့ရမှာလဲ၊ မိတ္တူလည်း ကူးခွင့်မရ ဘူး၊ အိမ်ကိုယူပြီး လေ့လာခွင့်လည်း မရဘူးတဲ့။ ပြန်ယူသွားရောတဲ့။ အဲဒီစာချုပ်က ဦးပိုင်လက်ထဲမှာပဲ ရှိတယ်ဆိုပဲဗျ။ ဒီမှာ မရှိဘူးတဲ့။ ကော်မရှင်မှာလည်း ပေးမထားဘူး တဲ့။ ဘယ်လောက် ဆန်းကြယ်လဲ ဆိုရင်။

ပြည်သူတွေက မလုပ်နဲ့၊ မလုပ်သင့်ဘူး၊ လျော်စရာရှိ လည်း ဝိုင်းလျော်မယ် ဆိုတဲ့စိတ်နဲ့ မဲပေးလိုက်ရင်လည်း အဲဒီဘက်ကို လိုက်လျောစေချင်တယ်။ ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒခံယူပွဲကြီးနဲ့ ရောပြီးတော့ ထွက်ပေါက်ယူတဲ့နည်းနဲ့ လုပ်စေချင်တယ်။ အဲဒီ …

ဘယ်သူမှ မဖတ်ရဘူးဆိုတာ ဟုတ်တယ်ဗျ။ အဲဒါ။ ကော်မ ရှင်ဖွဲ့ထားတဲ့ ကော်မရှင်ကကို သေချာမဖတ်ရဘူးတဲ့။ ပြီးရော။ အဲဒီကော်မရှင်က ဘယ်လိုလုပ်မလဲ၊ ဘာအကြံပေးမှာလဲ။ ဘာမှ လုပ်လို့မရဘူးတဲ့။ ခင်ဗျားတို့ အဲဒီလိုဆို ဘာအကြံပေးလဲဆိုတော့ ဘာမှ လုပ်မရဘူးတဲ့၊ ကျွန်တော်တို့ကိုယ်တိုင်က အထက်အမိန့်ကို စောင့်နေရတယ်တဲ့။ ကဲ . . . ပြီးရော။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မြစ်ဆုံကိစ္စအတွက် ဖွဲ့ထားတဲ့ စုံစမ်းရေးကော်မရှင်က ဘယ်လောက်အထိ အလုပ် ဖြစ်နိုင်လဲ။

UKM – အဲဒီကော်မရှင်ကို အခု ကျွန်တော်ပြောနေတာလေ။ ကော် မရှင်ဆိုတာက။ ဘယ် အလုပ်ဖြစ်မလဲ။ ရှင်းရှင်းပြောရရင် လူတစ် ယောက်ရဲ့ အမိန့်ကို နားထောင်ပြီးတော့ သူကြိုက်တဲ့လူနဲ့ ဖွဲ့တယ်။ သူကြိုက်တဲ့ဟာကို ရေးပေးရမှာဗျာ။ အဲဒါကြောင့် တချို့ Facebook မှာရေးတာ။ အဲဒီလိုကော်မရှင်မျိုး ဆိုရင်တော့ နောင် သမိုင်းတရားခံ ဖြစ်လိမ့်မယ်၊ ထွက်သင့်တယ်လို့ အကြံပေးထားတာတွေ ရှိတယ်ဗျ။

ငြမ်းမီဒီယာ – အဲဒီကော်မရှင်က ဖွဲ့ထားတာ နှစ်ချီကြာပြီဆိုတော့ အစိုးရ အဖွဲ့ကိုရော မြစ်ဆုံ အစီရင်ခံစာ တင်ပြီးပြီလား။

UKM – မတင်ရသေးပါဘူးဗျာ၊ လုံးဝပဲ။ သူတို့က အပေါ်က မီးကိုပဲ ကြည့်နေရတယ်တဲ့၊ လိုသလို ရေးပေးရမယ်တဲ့။

ငြမ်းမီဒီယာ – ရှေ့အစိုးရလက်ထက်က လုပ်ခဲ့တာတွေကို နောက်အစိုးရက ရုတ်တရက် ဖျက်လို့ မရဘူးလို့ ပြောဆိုနေတာလည်း တွေ့ရပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

UKM – အဲဒါ နမူနာရှိပါတယ်ဗျာ။ ဖိလစ်ပိုင်တို့။ မလေးရှားဆိုရင် ပူပူနွေးနွေးကြီး။ ပီကင်းသွားဖျက်ပစ်တာလေ။ ဒါ ခင်ဗျားတို့လည်း အား လုံးသိတယ်ဗျာ။ ပြောလို့ရှိရင် ကျွန်တော်တို့ က ကံမကောင်းဘူးဗျ။ ဘယ်လို ကံမကောင်းဘူးလဲဆိုတော့ ကျွန်တော်တို့က တက်လာတဲ့ အစိုးရနဲ့ ပေါင်းသင်းပြီး လုပ်စားရမယ့်အစား တက်လာတဲ့အစိုးရကို မှန်မှန်ကန်ကန် ထောက်ပြတဲ့အခါမှာ ကျွန်တော်တို့က အတိုက်အခံကြီးတွေ ဖြစ်ပြီးတော့ NLD ပုဂ္ဂိုလ်တွေကလည်း ကျွန်တော်တို့ဆို ငြိုငြင်ပေါ့ဗျာ။ ကျွန်တော်တို့က တော်တော် ကံဆိုးတယ်။ တစ်ပြား တစ်ချပ်မှလည်း ရတာမဟုတ်ဘူး။ အဲဒီလို မရပေမယ့်လို့ တိုင်းပြည် မျက်နှာမူပြီး၊ ပြည်သူ့မျက်နှာမူပြီး ကျွန်တော်တို့ ပြောနေတာပါ။ အဲဒီလို ဖျက်မရဘူး၊ ဘာညာဆိုတာတွေက သတ္တိနည်းတဲ့သူတွေ ပြော တာဗျ။ အဲဒါတွေက လျောက်ပြောနေတာ။ ဆင်ခြေတွေ ပေးနေတာ။ နိုင်ငံရေးဆင်ခြေတွေ ဖုံးဖိနေတာ။ မကောင်းဘူးဗျာ အဲဒါတော့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ -တရားဝင် ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ မဟုတ်တဲ့ အစိုးရတရပ်က ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းလို့ရတယ်လို့ ပြောနေတာရှိတယ်။ မြစ်ဆုံ စီမံကိန်းက အဲလို ဖျက်သိမ်းလို့ ရလား။ ဥပဒေ ပညာရှင်တစ်ယောက် အနေနဲ့ ဘယ်လိုမြင်လဲ။

UKM – အဲဒါကလည်း de facto နဲ့ de jure government ပေါ့ဗျာ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတ ဟူဂျင်တောင်း နဲ့ ဂျာကာတာမှာ တွေ့ပြီး သဘောတူခဲ့တာဗျ။ အဲဒီသဘောတူလာတဲ့ အချက်ကို ဆက် ပြီးလုပ်တာဆိုတော့ စာချုပ်ကို လက်မှတ်ထိုးတဲ့ အချိန်မှာတော့ dictator government ဖြစ်တဲ့ စစ်အစိုးရ လက်ထက်မှာ ထိုးတာဆိုရင် တော့ ဖျက်လို့ရတယ်ဗျ။ ဒါပေမဲ့လို့ de jure government ၊ ဦးသိန်းစိန်လက်ထက်မှာ ထိုးတာဆိုရင်တော့ ဦးသိန်းစိန်က elected ဖြစ်သွားပြီ။ အဲဒီနှစ်ခုကိုတော့ ကျွန်တော်တို့ ခွဲခြားရမယ်။ de facto ဖြစ်တဲ့ စစ်အာဏာရှင် အစိုးရလက်ထက်မှာ ထိုးတာဆိုရင်တော့ ဖျက်လို့ရပါတယ်။

ငြမ်းမီဒီယာ – အခြေခံဥပဒေ ပုဒ်မ ၄၅၆ နဲ့ ၄၅၇ မှာ ၂၀၀၈ အခြေခံဥပဒေ မတိုင်ခင်က ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေနဲ့ ပတ်သက်ပြီး အရင်အစိုးရကို တရားစွဲဆိုဖို့ အကြောင်းရှိရင် လက်ရှိအစိုးရက တရားစွဲနိုင်တဲ့ ပြ ဌာန်းချက် ရှိပါတယ်။ အဲဒီ ပြဌာန်းချက်အရရော လက်ရှိပြသနာကို ဘယ်လို ဖြေရှင်းနိုင်မလဲ။

UKM – အဲဒါကတော့ဗျာ၊ ကျွန်တော်တို့ အသွင်ကူးပြောင်းရေး ကာလတွေကို ဖြတ်နေတဲ့အခါကျတာ့၊ ရင်ကြားစေ့ရေးတွေ ဖြတ်နေ ရတော့ အဲဒီလောက်ကြီး မတိုက်တွန်းပါဘူး။ ဒါပေမဲ့ ပြည်သူတင် မြှောက်ထားတဲ့ အစိုးရအနေနဲ့ သတ္တိရှိပါ၊ ခင်ဗျားတို့နောက်မှာ ပြည်သူတွေရှိပါတယ်။ အပြည်ပြည်ဆိုင်ရာရှိပါတယ်။ ဒီလိုတော့ အားပေးချင်တယ်ဗျာ။ အဲဒီလိုကြီး လုပ်ဖို့ကျတော့သတ်သတ် ကဏ္ဍ တစ်ရပ်သွားရမှာပေါ့။

ငြမ်းမီဒီယာ – တရုတ်က မြစ်ဆုံနဲ့ပတ်သက်ပြီး ပြန်လည် စတင်နိုင်ဖို့ ကြိုးစား နေတယ်။ ဘယ်လိုနည်းလမ်းနဲ့ ဒါကို ပြန်စဖို့လုပ်လိမ့်မယ်လို့ ခန့်မှန်း ပါသလဲ။

UKM – ကျွန်တော်ကတော့ ရှင်းရှင်းပြောရရင် လာဘ်ထိုးတဲ့နည်း ရယ်။ အရင်စစ်အာဏာရှင်တွေကို ကြောက်ပြီးတော့ အာဏာပြန်သိမ်းခံရမှာ စိုးပြီးတော့ အကျပ်အတည်းကြားမှာ ကြောက်ကြောက်နဲ့ လုပ်နေတယ်လို့ ထင်တယ်။ သြဇာစွက်ဖက်ခံရတာတွေ၊ ကြောက်လို့ လုပ်တာတွေက တရားမဝင်ဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ကျွန်တော် အကြံပေးချင်တာကတော့ဗျာ၊ ခင်ဗျားတို့ အဲဒီလို ကြောက် ပြီး လျောက်လုပ်မနေပါနဲ့၊ မှန်တာကို လုပ်ရဲပါ၊ အားမွေးပါ။ ပြည်သူ့ ဆန္ဒခံယူပွဲကြီး လုပ်လိုက်ပါ။ ပြည်သူတစ်ရပ်လုံးက မြစ်ဆုံကို လုပ် သင့်တယ်၊ လျော်ကြေးတွေ ပေးရမှာစိုးလို့၊ နိုင်ငံနစ်နာမှာစိုးလို့ လုပ် သင့်တယ်လို့ တစ်ဝက်ကျော်က ထောက်ခံတယ်ဆိုရင် ကျွန်တော် တို့လည်း ဝမ်းမြောက်ဝမ်းသာ ဝိုင်း ထောက်ခံပေးမှာပဲ။

လူထုကို အထင်သေးတဲ့ ဝါဒကို သဘောမတူဘူး။ ကိုယ်လိုချင်ရင် လူထုကို တစ်မျိုးပြော၊ ကိုယ်မလို ချင်တဲ့ အခါကျတော့ လူထုကို တစ်မျိုးပြော။ အဲဒါတော့ ကျွန်တော် မကြိုက်ဘူး …

အဲဒီလို မဟုတ်ဘဲ ပြည်သူတွေက မလုပ်နဲ့၊ မလုပ်သင့်ဘူး၊ လျော်စရာရှိ လည်း ဝိုင်းလျော်မယ် ဆိုတဲ့စိတ်နဲ့ မဲပေးလိုက်ရင်လည်း အဲဒီဘက်ကို လိုက်လျောစေချင်တယ်။ ကျွန်တော်ကတော့ ပြည်သူ့ဆန္ဒခံယူပွဲကြီးနဲ့ ရောပြီးတော့ ထွက်ပေါက်ယူတဲ့နည်းနဲ့ လုပ်စေချင်တယ်။ အဲဒီနည်း က ပထမနည်းပေါ့ဗျာ။ ဒုတိယ နည်းကတော့ ကျွန်တော်တို့ ပညာရှင် တွေ စုစည်းလိုက်ပါ။ စုစည်းပြီးတော့ အပြည်ပြည်ဆိုင်ရာ ခုံရုံးရှိတယ် ဗျာ။ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဖြစ်တုန်းကလည်း ခုံရုံးတက်ရ တာပဲလေ၊ ရေကြောင်းကိစ္စ။ အခုလည်း အပြည်ပြည်ဆိုင်ရာ ခုံရုံး တက်မယ်ဗျာ။ အဲဒီစာချုပ်ကို လျော်သင့် မလျော်သင့်။ ပြီးရော။ ခုံရုံး တက်မယ်လို့ ပြောလိုက်၊ တစ်ခွန်းပဲ။

ငြမ်းမီဒီယာ – တကယ်လို့ NLD အစိုးရကလည်း ဦးသိန်းစိန်အစိုးရ တုန်းက လိုပဲ ယာယီရပ်ဆိုင်းတဲ့ နည်းလမ်း ကိုပဲ ဆက်သုံးရင်ရော ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်လဲ။

UKM – အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အင်မတန် ပါးနပ်ဖို့တော့ လိုတာပေါ့ဗျာ။ သူ မနိုင်တဲ့ ဟာကြီးကို အတင်းလုပ်ပြီး တော့ သူ့ဘဝကို အသေခံမလား၊ သမိုင်းမှာ အဆိုးခံ မလား။ အဲဒီ လိုပဲ ယာယီရပ်ဆိုင်းပြီးတော့ နောက်ထပ် တော်တဲ့သူတွေ တက်လာ လိမ့်မယ်၊ သူ့ထက် လုပ်ရဲတဲ့သူတွေ တက်လာလိမ့်မယ်။ အဲဒီလူတွေ ကို စောင့်ပြီးတော့ လက်ထဲကို လွှဲလိုက်မလား၊ အဲဒီ နည်း (၃) နည်း ကို ကြိုက်တဲ့နည်း သုံးပေါ့ဗျာ။

ငြမ်းမီဒီယာ – ဒီမြစ်ဆုံပြဿနာကို ဖြေရှင်းရာမှာ ဘယ်လိုမျိုး အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိတယ်လို့ ဥပဒေပညာရှင်တစ်ယောက် အနေနဲ့ ဥပဒေရှုထောင့်ကနေ မြင်ပါသလဲ။

UKM – (၁) အချက်ကတော့ ပြည်သူ့ဆန္ဒခံယူပွဲ ခံယူပါ။ (၂) အချက် ကတော့ အပြည်ပြည် ဆိုင်ရာ ခုံရုံး တင်မယ်။ (၃) အချက်ကတော့ နောက်အစိုးရလက်ထက်ကို စောင့်ပါ ဆိုတဲ့ နည်း (၃) နည်းကို ကျွန်တော်တော့ မြင်ပါတယ်။

ငြမ်းမီဒီယာ – ဘယ်နည်းလမ်းက အကောင်းဆုံးနဲ့ အသင့်တော်ဆုံးလို့ မြင်ပါသလဲ။

UKM – ကျွန်တော်ကတော့ နံပါတ် (၁) နည်းလမ်းကတော့ တရုတ် အစိုးရလည်း လက်ခံနိုင်တဲ့ နည်းလမ်း ဖြစ်တယ်။ လက်ရှိ သူတို့လည်း ထွက်ပေါက်ရမယ့် အကောင်းဆုံး နည်းလမ်း ဖြစ်တယ်။ ခုံရုံးကို တက်ရမယ်ဆိုရင်တော့ တရုတ်ကလည်း သူနိုင်တာနဲ့ ပြန် ကိုင်မယ်ဆိုရင် သူတို့ ရင်ဆိုင်နိုင်ပါ့မလား၊ စစ်တပ်ကရော ကြိုက်ပါ့ မလား၊ အဲဒါမျိုးကို စိုးရိမ်တာပေါ့။ ကျွန်တော်ကတော့ ဒုတိယနည်းကိုလည်း ကြိုက်ပါတယ်။ ထပ်တူကြိုက်တယ်။ ပထမနည်းသုံးသုံး၊ ဒုတိယနည်းသုံးသုံး။ (၁)၊ (၂) တောင် မခွဲချင်ဘူး။

ငြမ်းမီဒီယာ – ထပ်ပြီး ဖြည့်စွက် ပြောချင်တာရှိရင် ပြောပါဦးဆရာ။

UKM – တချို့က ပြောတယ်၊ ပြည်သူ့ဆန္ဒခံယူတော့ လူထုက ဘာ အသိဉာဏ်ရှိလို့လဲ၊ ဘာများသိလို့လဲ တဲ့၊ လူထုကို သွားပြီး အထင် ကြီးနေရအောင်တဲ့။ Facebook မှာ တက်တာလည်း ရှိတယ်။ ကျွန်တော်တော့ အဲဒါကို သဘောမတူဘူးဗျာ။ လူထုကို အထင်သေးတဲ့ ဝါဒကို သဘောမတူဘူး။ ကိုယ်လိုချင်ရင် လူထုကို တစ်မျိုးပြော၊ ကိုယ်မလို ချင်တဲ့ အခါကျတော့ လူထုကို တစ်မျိုးပြော။ အဲဒါတော့ ကျွန်တော် မကြိုက်ဘူးဗျာ။ အဲဒါ ပြောချင်တယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , ,