AA ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျန်းမာရေးမှူး အမြန်ဆုံး ပြန်လွှတ်ရန် တောင်းဆို

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Aljazeera / အေအေတပ်ဖွဲ့ဝင်များ

AA ဖမ်းဆီးခေါ်ဆောင်သွားသည့် အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားဟောင်း ၊ကျန်းမာရေးမှူး ဦးစိုးသူဝင်း အား အမြန်ဆုံး လွှတ်ပေးရန် အခြေခံကျန်းမာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ မှ တောင်းဆိုလိုက်သည်။

ကျန်းမာရေးမှူး ဦးစိုးသူဝင်း အား ၂၀၂၀၊မေလ(၁၆) ရက်နေ့တွင် AA (Arakan Army) က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။

ကျန်းမာရေးမှူး ဦးစိုးသူဝင်း သည် ကျေးလက်နေပြည်သူများအတွက် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော ကျန်းမာရေးမှူး တစ်ဦး ဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြည်သူလူထု၏ အကျိုးကိုရှေးရှု၍ အခြေခံကျန်းမာရေးတက္ကသိုလ် ကျန်းမာရေးမှူး ဦးစိုးသူဝင်း အား အမြန်ဆုံးလွှတ်ပေးရန် အခြေခံ ကျန်းမာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ က AA (Arakan Army) ကို တိုက်တွန်းထားသည်။

“ သူက ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူ ဖြစ်တဲ့အတွက် ပြည်သူတွေအတွက်လိုအပ်တဲ့ အတွက်ကြောင့်မို့ အမြန်ဆုံး ပြန်ပြီး လွှတ်ပေးဖို့အတွက် တောင်းဆိုတယ် ″ဟု အခြေခံ ကျန်းမာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ တာဝန်ရှိသူ တစ်ဦး က ငြမ်းမီဒီယာ သို့ပြောသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,