Case – 144 လူနာကို ဆေးကုပေးဖို့ “ပြောင်းရွေ့တဲ့မူ” ကို ကန့်ကွက်တာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

FDF /ကချင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာMကောန်လ

မိုးညှင်းလူနာ Case – 144 ကို မြစ်ကြီးနားကိုခေါ်ပြီးကုတာ ကျနော်တို့လက်မခံဘူး။ ဒါကကျန်းမာရေးဆိုင်ရာမူဝါဒပဲ။ Case – 144 လူနာကို …

ချင်းရီစက်ရုံ၌ စကားပြန်အဖြစ်လုပ်ကိုင်ခဲ့သော COVID – 19 လူနာအမှတ် (၁၄၄) နှင့်ပတ်သက်ပြီး ကချင်အမျိုးသား ကွန်ဂရက် ပါတီ (KNC) က သဘောထားထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ခဲ့ရာ ၎င်းကိစ္စများနှင့်စပ်လျဉ်းပြီး KNC ပါတီ ဥက္ကဌ ဒေါက်တာ M ကောန်လကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားသည်။

ခရိုင်ဆေးရုံကြီးတွေမှာ Isolation Ward ကိုထူထောင်ပြီးတော့ ကုလို့မရဘူးလား။ အဲဒီလို မူဝါဒလွဲတာ။ တစ်ခုခုဆို မြစ်ကြီးနားပဲခေါ်ပြီးကုမယ်ဆိုတာက …

ငြမ်းမီဒီယာ – ဧပြီ (၂၆) ရက်နေ့က ကချင်အမျိုးသားကွန်ဂရက်ပါတီက COVID – 19 လူနာနဲ့ပတ်သက်ပြီး သဘောထား ထုတ်ပြန်ချက် တစ်စောင် ထုတ်ခဲ့တာသတိပြုမိပါတယ်။ အဲဒီလိုထုတ်ပြန်ရတဲ့ရည်ရွယ်ချက်ကို ပြောပြပေးပါ။

Dr.MKL – ရည်ရွယ်ချက်ကတော့ ကျနော်တို့ KNC မှာ ဒီ COVID – 19 နဲ့ပတ်သက်ပြီး Policy သုံးရပ် ချမှတ်ထားတာ ရှိတယ်။ နံပါတ်တစ်ကတော့ အစိုးရရဲ့ကျန်းမာရေးဆိုင်ရာမူဝါဒအလွဲတွေတွေ့ရင် ထောက်ပြမယ်။ နံပါတ်နှစ်က ကျနော်တို့မှာ ကောင်းမွန်တဲ့ အမြင်ရှိရင် အစိုးရကိုအကြံပြုမယ်။ နံပါတ်သုံးကကျတော့ တတ်နိုင်သမျှကူညီမယ်။ COVID ကို ဒီသုံးချက်နဲ့ သွားတာဖြစ်တယ်။ စဖြစ်ပြီဆိုကတည်းက ကျနော်တို့မှာ Plan တွေရှိပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ KNC က Policy နံပါတ်သုံးအချက်ဖြစ်တဲ့ တတ်နိုင်သမျှအကူအညီပေးရေးဆိုတဲ့အချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ ဧပြီလ (၈) ရက်နေ့မှာ ပမ္မတီးနဲ့ ကြက်ပေါင်ခြံမှာအိမ်ထောင်စု (၂၅၀) ကျော်ကို ပေးပြီးပြီ။ အဲဒါကချင်တွေ မဟုတ်ဘူး။ ဂေါ်ရခါးအမျိုးသားတွေပဲ။ အဲဒါအပြင် ကြားဖေါက်လည်း တကယ်လိုအပ်နေတာတွေကို ကျနော်တို့ကူညီနေ တာတွေရှိတယ်။ အဲဒါက ကျနော်တို့ ဘယ်ကမှအလှူခံတာ မဟုတ်ဘူး။ ကျနော်တို့ပါတီဝင်တွေရဲ့ ချွေးနှဲစာတွေနဲ့ ရိက္ခာတွေစုပြီးပေးတာဖြစ်တယ်။ ဒီ COVID ကိစ္စက ကပ်ရောဖြစ်တဲ့ အတွက်၊ ကျန်းမာရေးဆိုင်ရာကိစ္စဖြစ်တဲ့အတွက် တတ်ကျွမ်းနားလည်းတဲ့ သူတွေလုပ်တာ အကောင်းဆုံးပဲဆိုပြီး Volunteer တို့ Quarantine Center တွေမှာကူတာတို့ မလုပ်ဘူး။ ဒီဟာက စီးပွားပျက်ကပ်ရောက်လာရင် အရေးကြီးတာက ငတ်ကြမှာဆိုတော့ အဲဒီအတွက် ကျနော်တို့တတ်နိုင် တဲ့ဟာကို ကောင်းကောင်းမွန်မွန်နဲ့ တစ်တပ်တစ်အားဖြစ်နိုင်တယ်ဆိုပြီး နီးစပ်ရာနီးစပ်ရာကို ကူမယ်ဆိုပြီးလုပ်ကြတာ။ ဒါက နံပါတ်သုံးအချက်။ မနေ့က Statement ကကျတော့ ကျနော်တို့ နံပါတ်တစ်နဲ့ နှစ်အချက်ကို အကောင်အထည် ဖော်တာဖြစ်တယ်။ ကျနော်တို့က ကချင်ပါတီဖြစ်တဲ့အတွက် ကချင်ပြည်နယ်အစိုးရကိုပဲ အဓိကထားပြီးပြောတာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Case – 144 လူနာကို ဆေးကုပေးဖို့ “ပြောင်းရွေ့တဲ့မူ” ကို ကန့်ကွက်တာပဲဖြစ်တယ်။ အဲဒါကို ရှင်းပြတ်သားစွာ သိနားလည်ကြဖို့ လိုတယ်။ သူဟာလူသားတစ်ဦး၊…

ဒါပေမယ့် နိုင်ငံတော် အစိုးရလည်းပါပါတယ်။ နံပါတ်တစ်အချက်က အစိုးရရဲ့အလွဲတွေကို ပြောဖို့လိုတယ်။ အဲဒါက Check and Balance ပဲ။ ကျနော်တို့က အပြစ်ပြောတာမဟုတ်ဘူး။ တကယ်လုပ်နေတဲ့သူက ပူထူနေတော့ တစ်ခါတလေ ဘေးက မပြောရင် မသိပြန်ဘူး။ ဒါက တစ်တိုင်းပြည်လုံးကို လွှမ်းခြုံတဲ့အစိုးရတွေမှာတောင် ဒီဟာတွေရှိတာပဲ။ အဲဒါကြောင့် ကျနော်တို့သုံးသပ်တာက ဒီမိုးညှင်းလူနာ Case – 144 ကို မြစ်ကြီးနားကိုခေါ်ပြီးကုတာ ကျနော်တို့လက်မခံဘူး။ ဒါကကျန်းမာရေးဆိုင်ရာမူဝါဒပဲ။ Case – 144 လူနာကို ဆေးကုပေးတာကို ကန့်ကွက်တာ မဟုတ်ဘူး။ အဲဒါ နားလည်မှုလွဲနေကြတာ။ Case – 144 လူနာကို ဆေးကုပေးဖို့ “ပြောင်းရွေ့တဲ့မူ” ကို ကန့်ကွက်တာပဲဖြစ်တယ်။ အဲဒါကို ရှင်းပြတ်သားစွာ သိနားလည်ကြဖို့ လိုတယ်။ သူဟာလူသားတစ်ဦး၊ ကျနော်တို့နိုင်ငံသားတစ်ဦးဖြစ်တဲ့အတွက် ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုကို ပေးကိုပေးရမှာဖြစ်တယ်။ ဥပဒေ ချိုးဖောက်မှုအပိုင်းက တစ်ပိုင်း၊ ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကတစ်ပိုင်း။ သီးခြားစီခွဲရမယ်။ အဲဒီကဏ္ဍတွေကို ကျနော်တို့ Statement ရဲ့ နံပါတ်သုံး အချက်မှာပြောထားပြီးသားဖြစ်တယ်။ အဲဒီတော့ Statement ရဲ့ နံပါတ်လေးအချက်ကို အခုပြောနေကြတဲ့၊ ဝေဖန်နေကြ တဲ့အထဲမှာ အထူးသဖြင့် မြန်မာတိုင်းရင်းသားဆိုတဲ့ခေါင်းစဉ်က အလွဲကြီးဖြစ်တယ်။ ဒါမျိုးတွေကို ကျနော်တို့တွေ့နေရ တယ်။ နားလည်မှုလွဲတာက ပြောင်းရွေ့တဲ့မူကို ကျနော်တို့ကပြောတာ။ အဓိက ‘မူ’ မှားနေတာ။ ဘာကြောင့် ဒီလိုပြောရ သလဲဆိုတော့ ကချင်ပြည်နယ်မှာ ခရိုင်ကြီး (၄) ခုရှိတယ်။ မိုးညှင်းခရိုင်၊ မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်နဲ့ ဗန်းမော် ခရိုင်။ ဆိုတော့ ဒီခရိုင်ကြီးတွေက ခရိုင်ဆေးရုံကြီးတွေမှာ Isolation Ward ကိုထူထောင်ပြီးတော့ ကုလို့မရဘူးလား။ အဲဒီလို မူဝါဒလွဲတာ။ တစ်ခုခုဆို မြစ်ကြီးနားပဲခေါ်ပြီးကုမယ်ဆိုတာက အခက်အခဲဖြစ်စေတယ်။ ရေရှည်မှာ ဒါကမဖြစ်နိုင်ဘူးလေ။ ဒါကြောင့်ကျနော်တို့ပြောတာက အစိုးရလုပ်တဲ့သူဟာ Bird’s – eye view အပေါ်စီးကကြည့်ဖို့လိုတယ်။ Vision ရှိဖို့လိုတယ်။ ခဏတဖြုတ်လုပ်လိုက်တာ တစ်မျိုးပေါ့။ ဒါပေမယ့်ဖြစ်လေ့ဖြစ်ထရှိတာက ကျနော်တို့ဆီကလူတွေရဲ့ အကျင့် ကလည်း အလွယ် တကူကောက်လုပ်လိုက်ပြီး အဲဒီကဆင့်ပွားပြီး အမှားတွေများတတ်တယ်။ ဒီဟာမှာတော့ နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ အစိုးရရဲ့ Policy အလွဲကို ထောက်ပြဖို့တာဝန်ရှိလို့ ကျနော်တို့ပြောတာဖြစ်တယ်။ အဓိကက မရွှေ့သင့်ဘူး။ ခရိုင်ဆေးရုံကြီးတွေမှာ Isolation Ward ထူထောင်ဖို့အကူအညီပေးရမှာ။ အဲဒီမှာပဲထားပြီး အဲဒီမှာပဲကုရမှာ။ ဒါကို ကျနော် ဘာလို့ပြောရတာလဲဆိုတော့ Infection Case တွေမှာ၊ အထူးသဖြင့် ကူးစက်မြန်တွေမှာ သူ့ရဲ့ဖြစ်ပွားရာနေရာနဲ့ ဒေသမှာ ပဲအပြီးအပြတ်လုပ်ရတယ်။ အဲဒါတွေကို လျောက်မရွှေ့ရဘူး။ ဒါဟာ သူ့ရဲ့ Basic Criteria Line ဖြစ်တယ်။ အခုက အဲဒီ Basic Criteria ကိုချိုးဖောက်တာ ဖြစ်နေတယ်။ ဒါက အကြောင်း အမျိုးမျိုးကြောင့် အဲဒီလူနာကိုရွှေ့လိုက်တယ်၊ နောက် လူနာတွေကိုလည်း ရွှေ့ရမယ်ဆိုရင်တော့ မဖြစ်ဘူး။ အဲဒါကြောင့် ကျနော်တို့က ကြိုပြီးပြင်းပြင်းထန်ထန်ပြောလိုက်တာ။ မိုးညှင်းကခရိုင်ဆိုတော့ ခရိုင်ဆေးရုံကြီးဆိုတာ အနည်းဆုံး အထူးကု (၆) ယောက်ရှိရတယ်။ ဝန်ထမ်းစာရင်းဇယားအရဆို AS တွေ MO တွေလိုမျိုးက အနည်းဆုံး အယောက် (၂၀) ရှိရမယ်။ အဲဒီတော့ ဒီဟာ Isolation Ward တစ်ခု ဘာလို့မလုပ်နိုင် ရမှာလဲ။ မလုပ်နိုင်ဘူးဆိုရင် တခြားကလုပ်နိုင်တဲ့ဆေးဝန်ထမ်းတွေကို အဲဒီကိုလွှတ်ပြီးကုပေးရမယ်လေ။ အဲဒီ Policy ကိုကျင့်သုံးရမှာဖြစ်တယ်။ ဥပမာအနေနဲ့ ဝူဟန်ကိုကျနော်ပြောမယ်။ ဒါဥပမာ အနေနဲ့ပြတာနော်၊ ကောင်းတယ်လို့ကျနော် ပြောတာမဟုတ်ဘူး။ ဝူဟန်မှာဆို Lock down လုပ်တယ်၊ တရုတ်တပြည်လုံးက ဆရာဝန်တွေ၊ သူနာပြုတွေကို အဲဒီကိုလွှတ်ပြီး ဝိုင်းကူခိုင်းလိုက်တာ။ အဲဒါ Policy အမှန်ပဲ။ ဝူဟန်မှာမပြည့်စုံလို့၊ ဆေးရုံကြီး မရှိလို့ဆိုပြီး လူနာတွေကို ပီကင်းမပို့ဘူးလေ၊ ရှန်ဟိုင်းလဲမပို့ဘူးလေ။ အဲဒီဟာက Policy ပဲ။ ကျနော်တို့မှာ မူဝါဒတွေနဲ့ လူကို ခွဲခြားပြီးမမြင်နိုင်ကြ တာဆိုးတယ်။ အဲဒါက လူထုကို ကျနော်ဒီကနေတစ်ခါတည်း ပြောလိုက်ချင်တယ်။ ကျနော်တို့ထောက်ပြနေတာ ‘မူ’ ကိုထောက်ပြနေတာ။ လူကို ကျနော်တို့မပြောဘူး။ လူကို ပြောစရာမလိုဘူး။ လူက ရောဂါဖြစ်နေတာ။ ဆိုတော့ ဒီဟာကို စီမံခန့်ခွဲ နေတဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှု ကောင်းတယ်ဆိုးတယ်က ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကို သူကအကောင်အထည် ဖော်နေတာ။ သူမူဒါဒလွဲတာနဲ့ တလွဲတွေဖြစ်ပြီး အကုန်ဆိုးဆိုးရွားရွားဖြစ်တာ။ မူဝါဒကောင်းရင်သက်သာမယ်။ ဒါပဲ။ အဲဒါကို အရေးကြီးလို့ ကျနော်တို့ ကပြောနေတာ။ ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောသင့်ပြောထိုက်လို့ပြောတာ။ အလကားနေရင်းနဲ့လည်း လျောက်ပြီးကန့်ကွက်နေစရာ အကြောင်းမရှိဘူး။ ဥပမာ တရုတ်ကနေအလုပ်သမား တစ်သောင်းရှစ်ထောင် လွယ်ဂျယ် ကနေဝင်လာတယ်။ သူတို့စီမံခန့်ခွဲတာကောင်းတယ်။ ကျနော်တစ်ခွန်းမှမပြောဘူး။ သူတို့ ဗန်းမော်ခရိုင်နဲ့ မြစ်ကြီးနား ခရိုင်ခွဲ လိုက်တယ်၊ နောက်တစ်ခါ အောက်ပြည်အောက်ရွာ သပ်သပ်ခွဲလိုက်တယ်။ Quarantine Center ထားပြီးသူတို့ ကုစရာရှိ တာကုတယ်။ OK ဒါကျနော်တို့ပြောစရာမလိုဘူး။ ကောင်းနေတယ်လေ။ အဲဒီတုန်းကလည်း ဒါကိုကျနော်တို့ အသေးစိတ် လေ့လာတယ်။ ဒါဟာဘာပဲပြောပြော နိုင်ငံရေးပါတီတွေရဲ့တာဝန်ပဲ။ အခုဒီကိစ္စမှာ ကျနော်တို့ထုတ်လိုက်တဲ့ Statement က နံပါတ်လေးအချက်နဲ့ပတ်သက်ပြီး တချို့ကပြောတယ် ကိုယ်ချင်းစာတရားမရှိဘူးတို့ ဘာတို့၊ ကလေး Case နဲ့ ဥပမာပေးတယ်။ ကလေး Case နဲ့မတူဘူး။ တီးတိန်နဲ့ ကလေးမှာ တီးတိန်ကမြို့နယ်ဆေးရုံ၊ ကလေးကခရိုင်ဆေးရုံ။ တီးတိန်မှာမပြည့်စုံလို့ ကလေးကိုပို့တာ။ အခုဟာမှာ မိုးညှင်းက ခရိုင်ဆေးရုံ၊ မြစ်ကြီးနားက ခရိုင်ဆေးရုံ၊ ပြည်နယ်ဆေးရုံ။ အတူတူပဲ အဲဒီမှာ Isolation Ward ကိုတည်ဆောက်ရမှာ။ ဆိုတော့အဲဒီဟာကို ဘာလို့ မလုပ်တာလဲ။ ဒါကတော့ ကျနော်တို့ ကချင်ပြည်နယ်အစိုးရကို ပိုပြီးဖိဖိစီးစီး ပြောရတာပေါ့။ ဒါမျိုးတွေ ပြောဖို့လိုလို့ ကျနော်တို့က Statement ထုတ်တာ။

ငြမ်းမီဒီယာ – Statement မှာ Case – 144 ဟာ သင်္ကြန်ပိတ်ရက် (Home Stay) ကာလအတွင်းဖြစ်တဲ့ ဧပြီ (၁၅) ရက်နေ့မှာ ပြန်လာခဲ့တယ်၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူနေမကောင်းတာကို စက်ရုံကတာဝန်ရှိသူတွေသိရှိခဲ့ခြင်းရှိမရှိ သက်ဆိုင်ရာက စစ်ဆေးပေးဖို့တောင်းဆိုတာတာ၊ သဘောရိုးမဟုတ်ခဲ့ရင် တည်ဆဲဥပဒေတွေနဲ့အရေးယူပေးဖို့ ပြောထားတာတွေပါတော့ အဲဒီအချက်ကို ရှင်းပြပေးလို့ရမလား။

Dr.MKL – ဒီဟာရိုးရိုးသားသားဖြစ်စဉ်ဟုတ်သလား၊မဟုတ်သလားဆိုတာကိုကို အစိုးရကစစ်ဆေးရမယ့် တာဝန်ရှိတယ်။ ဘာကြောင့်လဲဆို ခုနကကျနော်ပြောသလိုပဲ လူအများထိခိုက်နိုင်တဲ့ကပ်ဘေးဖြစ်လို့ပဲ။ ကမ္ဘာမှာလည်း ဒီရောဂါကြောင့်သေ နေကြတယ်လေ။ ကျနော်တို့ဆီမှာတော့ အဲဒီလောက်မဖြစ်သေးဘူးပေါ့။ အဲဒါကြောင့် အစိုးရဒါကို ပြင်းပြင်းထန်ထန် စိစစ် ရမယ်။ ဘာကြောင့်လဲဆို မသင်္ကာစရာအချက်တွေ မြောက်များစွာရှိတယ်။ ဖြစ်စဉ်က BBC မှာပြောသွားတာအရဆို လူနာက ဧပြီ (၄) ရက်နေ့ကတည်းကဖျားနေတာ။ သူ့ရဲ့ Sign က COVID ရဲ့ Sign ပဲ။ သူက အဲဒီစက်ရုံဆေးခန်းမှာ ပြနေတယ်။ ပြီးတော့ အပြင် ဆေးခန်းမှာပြတယ်။ သူ (၂) နေရာပြထားတယ်။ သူမသက်သာဘူး။ နောက်တစ်ခုသုံးသပ် ချက်က သူကစကားပြန်။ စကားပြန်တွ အေများကြီးပဲ၊ လစာက အလယ်အလတ်လစာ။ အဲဒီစကားပြန်တွေကို ခန့်ခွဲရတဲ့ မန်နေဂျာဆိုတာရှိကိုရှိရမယ်။ ဆိုတော့ မန်နေဂျာက သိကိုသိရမယ်။ မသိဘူးဆိုတာအဓိပ္ပါယ်မရှိဘူး။ သူခွင့်ယူတာသိရ မယ်၊ ဆေးခန်းတောင်ပြနေရတာ၊ ချောင်းတွေဆိုနေတာဆို။

ဒါကိုစုံစမ်းစစ်ဆေး ရမှာ။ ဘာလို့လည်း ဆို တင်ကူးကြံရွယ်ပြီးစီစဉ်ဆောင်ရွက်တယ်ဆိုရင် ဒါက လူအများအပြားကို ရောဂါ ကူးစက်နိုင်စေတဲ့ အပြစ်ဖြစ်တယ်။ ဒါကြောင့် …

အဲဒီတော့ သူတို့အထက်အဆင့် မန်နေဂျာမှာ ပထမတာဝန် ရှိတယ်။ ဒီမန်နေဂျာကနေ စက်ရုံမှူး (သို့) စက်ရုံပိုင်ရှင်ကို သတင်းပို့မပို့ဆိုတာ ကွင်းဆက်ရှိရမယ်။ ဒါကွင်းဆက်တစ်ချက် ပေါ့။ နောက်တစ်ချက်ရှိတာက သူဟာရိုးရိုးသားသားဆို (၁၀) ရက်နေ့မတိုင်ခင် ကားလိုင်းတွေမပိတ်ခင်ကတည်းက သူပြန်ရမယ်။ မပြန်ဘူး။ သင်္ကြန်တွင်းအလယ်လောက်ကျခါမှ ကားစင်းလုံ ငှားပြီး PPE ဝတ်စုံကြီးတွေဝတ်ပြီးပေါက်ချလာ တယ်။ သဘောက PPE ဝတ်စုံဝတ်တယ်ဆိုကတည်းက သူက Positive ဖြစ်နိုင်ချေ ရာခိုင်နှုန်း (၈၀) လောက်အထိ သူဟာသူ အစောကြီးကတည်းက သိလို့ဝတ်တာ။ ယဉ်မောင်းကအစဝတ်တယ်ဆိုတာ အကြောင်း ရှိတယ်။ ဒီလိုအနေ အထားမျိုးမှာ ဒီလူနာတစ်ယောက်က သူ့ဆုံးဖြတ်ချက်နဲ့သူပြန်လာရင်လည်း အပြစ်ရှိတယ်။ ရောဂါ ကပ်ဘေး ဆိုင်ရာ ကာကွယ်ထိန်းချုပ်မှုဥပဒေအရဆိုရင် မလုပ်ရဘူး။ သူက သက်ဆိုင်ရာနေရာမှာပြရမယ်။ OK ဒီအထိက ကျနော်တို့ လူမှုရေးအရခွင့်ပြုလို့ရတယ်။ ဒါပေမယ့် ကြားရတဲ့သတင်းတွေအပေါ်မူတည်ပြီး သုံးသပ်ချက်အရဆိုရင် သူ့လိုအနေ အထားမျိုးနဲ့ ဆိုရင် ဒီလိုပြန်လာဖို့မလွယ်ဘူး။ ဘာကြောင့်လည်းဆို ကားခတွေဘာတွေ သိန်းဆယ်နဲ့ချီပြီးကုန်ကျတာ ဆိုတော့ ဒီလို အနေအထားမျိုး  က ဒီလို ဝန်ထမ်းတစ်ယောက် အတွက် မဖြစ်နိုင်ဘူး။ ဒါကျနော်တို့ သုံးသပ်ကြည့်တာ။ ဒါကို ကျနော်တို့ စဉ်းစားသလို အစိုးရကလည်းစဉ်းစားသင့်တယ်။ ဒါဟာ ကူးစက်ပျံ့ပွားပြီး လူတွေအသက်အန္တရာယ် ထိခိုက် နိုင်တဲ့ကိစ္စမို့လို့ပဲ။

အလုပ်သမားဦးစီးဌာနနဲ့ ကျန်းမာရေး ဦးစီးဌာနကစစ်တယ်။ စစ်တယ်ဆိုတဲ့အခါကျတော့ ဒီစစ်တာအောင်ဖို့ဆိုရင် သူ့ဆီမှာလူနာမရှိမှရမယ်။ ဝန်ထမ်း …

ကချင်က Negative ဧရိယာ။ လောလောဆယ် Positive မတွေ့သေးဘူး။ ဆိုတော့ အဲဒီလိုအခြေအ နေမှာ ဒီလူက ဧပြီ (၁၅) ရက်နေ့ထွက်လာတယ်၊ (၁၆) ရက်နေ့ ရောက်တယ်။ ရောက်တာနဲ့ အထုပ်အပိုးတွေချပြီး အဲဒီအထုပ်အပိုးတွေအပ်ပြီး Quarantine Center ထဲကိုတန်းဝင်တာ။ ဆိုတော့ သူ့မှာတင်ကူးရည်ရွယ်ချက်ရှိပြီးသား။ သူ့ကိုယ်သူသိတယ်။ သိသိကြီးနဲ့ သူဘာလို့ ပြန်လာ သလဲ ဆိုတာက အစိုးရစုံစမ်းစစ်ဆေးရမယ်။ ဘာကြောင့်လည်းဆို ဒါက သူတစ်ဦးတည်းကိစ္စမဟုတ်ဘူး။ အစိုးရအနေနဲ့ နိုင်ငံသား တစ်ဦးချင်းကို ကြည့်ရမှာထက် ဒေသအစုအဖွဲ့အလိုက်၊ လူမျိုး အစုအဖွဲ့အလိုက်၊ နိုင်ငံသားအစုအဖွဲ့လိုက် အကျိုးစီးပွားကို ကြည့်ရမှာဖြစ်တယ်။ အစိုးရက အဲဒီ Principle တွေ Out လို့မရဘူး။ လူတစ်ဦးချင်းကိုသနားတာက တစ်ကဏ္ဍ၊ လူအများစုကို စောင့်ရှောက်တာက တစ်ကဏ္ဍ။ ဒီဟာကိုကွဲပြားခြား ပြီး သိဖို့လိုတယ်။ ဒါကိုကျနော်တို့က စုံစမ်းစစ်ဆေးဖို့ ထောက်ပြနေတာ ဖြစ်တယ်။ နောက်တစ်ခါ စက်ရုံအဖွင့်အပိတ်နဲ့ လည်း ဒီဟာက ဆက်စပ်နေတယ်။ စက်ရုံက ဧပြီ (၂၂) ရက်နေ့မှာ သူတို့ တရားဝင် ခွင့်ပြုချက်ရတယ်ဆိုပြီး သူတို့ ဆက်ဖွင့်နေတယ်။ (၂၀) ရက်နေ့မှာသူဖွင့်ရမှာဖြစ်ပေမယ့် အလုပ်သမားဦးစီးဌာနနဲ့ ကျန်းမာရေး ဦးစီးဌာနကစစ်တယ်။ စစ်တယ်ဆိုတဲ့အခါကျတော့ ဒီစစ်တာအောင်ဖို့ဆိုရင် သူ့ဆီမှာလူနာမရှိမှရမယ်။ ဝန်ထမ်းစာရင်းနဲ့ လူနာ မရှိတဲ့စာရင်း ကိုက်နေရမယ်။ အဲဒီတော့ စကားပြန်လိုဟာမျိုးက ဖုံးကွယ်ထားလို့မရဘူး။ ဒါကဘာဖြစ်တာလဲ၊ ခွင့်ယူထားလို့ဆို၊ မေးရင်သူဖြေမှရမယ်။ ဒီလူဟာပြန်သွားတယ်ဆိုရင် ခွင့်ယူတာလား၊ အလုပ်ထွက်တာလား။ အဲဒီအတွက် သူစီစဉ် ပေးလိုက် သလားပေါ့။ ဒါက ဒီချိတ်ဆက်တွေစဉ်းစားရမယ်။ ဒီစက်ရုံက အရင်းအနှီးများတယ်၊ အလုပ်သမား ရှစ်ထောင် ကိုးထောင်နဲ့ အလုပ်လုပ်နေတာ။ အဲဒီတော့ သူ့ရဲ့ရည်ရွယ်ချက်ကဘာလဲ။ ဒါတွေသိဖို့လိုအပ်တယ်။ ဒါကိုစုံစမ်းစစ်ဆေး ရမှာ။ ဘာလို့လည်း ဆို တင်ကူးကြံရွယ်ပြီးစီစဉ်ဆောင်ရွက်တယ်ဆိုရင် ဒါက လူအများအပြားကို ရောဂါ ကူးစက်နိုင်စေတဲ့ အပြစ်ဖြစ်တယ်။

ကချင်ပြည်နယ်မှာ ကျန်းမာရေးဆိုင်ရာမူဝါဒကို ဖိဖိစီးစီး အပြောင်းအလဲ လုပ်စေချင်တယ်။ ဒီဟာကိုအစပြုပြီး ပြောင်းလဲသွားရင် …

ဒါကြောင့် ဒါက ခုနကကျနော်ပြောသလိုပဲ လူတစ်ဦးချင်း ရဲ့အကျိုးစီးပွားကိုကြည့်သလို လူအများစုကို လည်း စောင့်ရှောက်ရမယ့် တာဝန်ရှိလို့ ဒါကိုအစိုးရကစစ်ဆေးပါလို့ ပြောရတာဖြစ်တယ်။ ဒေးဗစ်လား လိုပုံစံမျိုး၊ ဒေးဗစ်လားကို အရေးယူသလို အခု ကိစ္စမှာ လည်း တကယ်လို့ သူတို့တမင်လုပ်တယ်ဆိုရင် အရေးယူ ဆောင်ရွက်ဖို့ လိုတယ်။ မဟုတ်ရင် လူအများကို ကူးစက်ပျံ့ပွား သွားရင် ဘယ်လိုလုပ်မလဲ။ ဒီမေးခွန်းကိုပဲ ကျနော်တို့ပြန်မေးရမယ်။ ဒါက နိုင်ငံကို ကြည့်တာ၊ လူအများကိုကြည့်တာ၊ ဒေသအလိုက် ကိုကြည့် တာ၊ အမြင်ပေါ့။ အစိုးရကို ကျနော်တို့က တိုက်တွန်းပေးတာ။ ကျနော်ကတော့ အဲဒီလိုပြောချင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပြည်နယ်အစိုးရကိုရော ဗဟိုအစိုးရကိုရော အခု Statement ထုတ်ပြီး တိုက်တွန်းလိုက်ပြီ။ ဒီအပေါ်မှာ အစိုးရဘက်က ဘယ်လိုဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ထားပါသလဲ။

Dr. MKL – အမှန်ကတော့ နံပါတ်တစ်အချက်က ကျနော်တို့ ကချင်ပြည်နယ်မှာ ကျန်းမာရေးဆိုင်ရာမူဝါဒကို ဖိဖိစီးစီး အပြောင်းအလဲ လုပ်စေချင်တယ်။ ဒီဟာကိုအစပြုပြီး ပြောင်းလဲသွားရင် အခုကျနော်တို့ အဓိကထောက်ပြတာ ခရိုင် ဆေးရုံကြီး (၄) ခုစလုံးက တပြေးညီဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တယ်၊ ကျနော်တို့ပြည်နယ်သားတွေကို စောင့်ရှောက်နိုင်တဲ့ အစွမ်းအစရှိရမယ်။ အဲဒီလောက်ကိုတော့ ပြင်ဆင်ထားရမယ်။ ဘာကြောင့်လဲဆို COVID – 19 ဘတ်ဂျက်က ရှိပြီးသားဖြစ် တယ်။ သိန်း (၁၀,၀၀၀) ကျော်သုံးမယ်လို့ပြောတယ်။ ဒီ Isolation Ward ကို အဲဒီလောက် မသုံးရဘူးလေ။ ရှိရမယ်။ ဘာဖြစ်လို့လည်းဆို သူတို့အချိန်လည်း ရခဲ့တယ်။ သူတို့ မတ်လ (၂၃) ရက်နေ့မှာ ပိုးတွေ့လူနာ စတွေ့တယ်ဆိုတာ မြန်မာပြည်မှာ ပထမဆုံးစကြေညာတယ်။ အခု ဧပြီ (၂၆) ဆို တစ်လနဲ့သုံးရက် အချိန်ရှိတယ်။ ဒီကြားထဲမှာ ကချင်ပြည်နယ်အစိုးရရဲ့ ကျန်းမာရေးဦးစီးဌာနက ဘာလုပ်နေလဲ။ အစိုးရအဖွဲ့က ဝန်ကြီးချုပ်ကရော ဘာလုပ်နေလဲ။ ရန်ပုံငွေလည်းရှိတယ်ဆိုရင် ဒါကိုမလုပ်ထားသင့်ဘူးလား။ မိုးညှင်းလိုဟာမျိုးက ဝင်လိုက် ထွက်လိုက်နေရာ၊ ဖားကန့်နဲ့ ထိစပ်နေတာ။ ဒီခရိုင်ထဲမှာ ဖားကန့်ရှိတယ်၊ မိုးကောင်းရှိတယ်၊ မိုးညှင်းရှိတယ်။ မိုးညှင်းက စစ်ကိုင်းတိုင်းရဲ့ဝင်ပေါက်ကြီး။ ဒါကိုဘာလို့မလုပ်သလဲဆိုတဲ့ထောက်ပြမှုက နောင်တစ်ချိန် ခရိုင် (၄) ခုမှာ အပြောင်းအလဲ ဖြစ်လာရင် ဒါ အကျိုးကျေးဇူးရှိ တယ်။ ဒီလောက်အထိ ကျနော်တို့မျှော်လင့်ထားပါတယ်။ ဒီလိုမထောက်ပြရင် နောက်လည်း လုပ်ချင်မှလုပ်မှာ။ ဒါစော်ကားတာမဟုတ်ဘူး။ အခုက ရွေးကောက်ပွဲလာတော့မယ်၊ ပြီးရင်အစိုးရပြောင်းမယ်၊ နောက်တက်လာမှာ ဘယ်သူတက်လာမလဲမသိသေးဘူး။ ဘာလုပ်မယ်မသိသေးဘူး။ အဲဒီတော့ ဒီဟာကတော့ပြောရတော့မယ်။ တိုင်းနဲ့ပြည်နယ်တွေမှာ သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးဌာနတွေ အတွက် Infected Covid က ဒါသင်ခန်းစာပဲ။ အစိုးရပိုင်းဆိုင်ရာ နိုင်ငံရေး ခေါင်းဆောင် တွေ စဉ်းစားရမယ့်အချက်ကို ကျနော်တို့ထောက်ပြတာဖြစ်တယ်။ ရေရှည်အတွက်ပါ။ တဒင်္ဂအတွက်မဟုတ်ဘူး။

ကျနော်တို့ စေတနာသန့်တယ်။ ဒီကိစ္စကိုကျနော်တို့ ဘာမှမပြောဘူး။ ကုတာကု တာတစ်ကဏ္ဍ၊ ဥပဒေကြောင်းအရ ချိုးဖောက်ရင်တော့ သူဖြေရှင်းရမှာပေါ့။ ဒါက …

KNC / ကချင်အမျိုးသားကွန်ဂရက်ပါတီ၏ထုတ်ပြန်ချက်

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာရှိရင်လည်းပြောပေးပါဦး။

Dr. MKL – ကျနော်တို့ ဒီ Statement နဲ့ပတ်သက်ပြီးပြောရရင် ကျနော်တို့မှာ လူနာကိုစေတနာဆိုးနဲ့ပြောတာ လုံးဝမပါဘူး။ ကျနော်တို့က နိုင်ငံရေးပါတီဖြစ်တဲ့အတွက် နိုင်ငံရေးဆန်ဆန် Policy အရပြောတာပဲဖြစ်တယ်။ လူပုဂ္ဂိုလ်ကို တိုက်ခိုက်စရာ အကြောင်းလဲ မရှိဘူး။ ဆေးကုသပေးမယ် မကုသပေးဘူးဆိုတာကို ဝင်ရောက်စွက်ဖက်ခွင့်လည်းမရှိဘူး။ လုပ်လည်းမလုပ် သင့်တဲ့အရာဖြစ်တယ်။ ဒါက လူထုအားလုံးကို ကျနော် တစ်ခါတည်းပြောလိုက်တာ။ ဒီဟာမှာ အများနဲ့မသက်ဆိုင်ဘဲ ကျနော်တို့ကို တမင်တိုက်ခိုက်နေတဲ့အုပ်စုရှိတယ်။ အဲဒီအုပ်စုကို ပြောချင်တာက ဒီထက်ပိုပြီးဘောင်ကျော်လာမယ် ဆိုရင် တော့ ကျနော်တို့ ဥပဒေကြောင်း အရတရားစွဲမယ်။ အဖွဲ့အစည်းတွေပေါ့။ အဖွဲ့အစည်းလိုက်အသုံးချပြီး ကျနော်တို့ကို ဘောင်ကျော်စည်းကျော် ဖြစ်လာမယ်ဆိုရင်တော့ ကျနော်တို့ဥပဒေအရဆောင်ရွက်ရလိမ့်မယ်။ ကျနော်တို့ပြောတာ မမှား ဘူး။ စကားလုံးလည်းမမှားဘူး။ ဆုံးအောင်ဖတ်စေချင်တယ်။ နံပါတ် (၄) အချက်မှာဆိုရင် Isolation Word တွေ ခရိုင်အား လုံးမှာတည်ဆောက်ဖို့ အကြံပြု ထားတယ်။ အဲဒါကိုချန်လှပ်ထားပြီးရှေ့ကစကားတွေကို ဝေဖန်တယ်။ လူတစ်ဦးချင်းဝေဖန် တာတော့ ဝေဖန်လို့ ရပါတယ်။ ဒါပေမယ့် သိသိနဲ့ Institutional Life တွေက KNC ပုံရိပ်ကိုဖျက်လာမယ် ဆိုရင်တော့ ဥပဒေကြောင်းအရ ကျနော်တို့ လုပ်ရ လိမ့်မယ်။ ဒါကတော့ပွင့်ပွင့်လင်းလင်းပြောတာ။ အဲဒါကိုတော့ သည်းညည်းခံနေမှာ မဟုတ်ဘူး။ ဘာကြောင့်လည်းဆို ကျနော်တို့က နိုင်ငံရေးပါတီဖြစ်နေတယ်၊ ကျနော်တို့မူဝါဒ တည်ဆောက် ထားတာ မှန်မှန်ကန်ကန် တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ကျနော်တို့အပေါ်မှာ လာပြီး အသရေဖျက်လို့တော့မရဘူး။ အဲဒါကို ကျနော်တို့ပြောချင်တယ်။ နောက်တစ်ခု ကျနော်တို့ ပြောချင် တာက လူနာနဲ့ပတ်သက်ပြီး ကျနော်တို့ စေတနာသန့်တယ်။ ဒီကိစ္စကိုကျနော်တို့ ဘာမှမပြောဘူး။ ကုတာကု တာတစ်ကဏ္ဍ၊ ဥပဒေကြောင်းအရချိုးဖောက်ရင်တော့ သူဖြေရှင်းရမှာပေါ့။ ဒါကတော့ရှင်းရှင်းလေးပဲ။ ဒါဟာနိုင်ငံတော်က လုပ်နေတဲ့ကိစ္စတွေပဲ။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,