COVID -19 ကပ်ရောဂါ ရိုက်ခတ်မှု ၊ရန်ကုန်၊လမ်းများ၊ဘဝများ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Ko Letyar Tun

မြန်မာနိုင်ငံသည် ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာအလွန်များနေသည်ဟုကျန်းမာရေး ဝန်ကြီးဌာနက မတ်လ(၂၉) ရက်နေ့ ည ဆယ့်တစ်နာရီခန့်တွင် သတင်းထုတ်ပြန်ထားသည်။မတ်လ(၂၉)။ရွှေတိဂုံစေတီအနီး တွင် ဘုရားရုပ်ပွားတော်အား မွမ်းမံပူဇော်နေသူတစ်ဦး။

Ko Letyar Tun

မတ်လ(၂၉)ရက်နေ့ ည ၁၀း၃၀ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်တွင် COVID -19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၁၀) ဦး ရှိပြီဖြစ်သည်။ အဆိုပါ (၁၀) ဦး တွင် တစ်ဦးမှာ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့သူဖြစ်သည်။ မတ်လ(၂၆)ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်သို့ ရောက်ရှိခဲ့သူဖြစ်သည်။ရန်ကုန်မြို့တစ်နေရာတွင်တွေ့မြင်ရသည့် ခရီးသွား ပြည်သူတစ်ဦး။

Ko Letyar Tun

ရောဂါကူးစက်နိုင်မှု ကာကွယ်နိုင်ရန် မလိုအပ်ပါက အပြင်မထွက်ဘဲ မိမိတို့၏ နေအိမ်များ၌သာ နေထိုင်ကြရန် ကျန်းမာရေး ဝန်ကြီး ဌာနက နှိုးဆော်တိုက်တွန်းထားသည်။ရန်ကုန်မြို့၏ မတ်လ(၂၉) ရက်နေ့ အခြေအနေအား တွေ့မြင်ရစဉ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Ko Letyar Tun

ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သတင်းထုတ်ပြန်ချက်အရ မြဝတီ-မဲဆောက်တံတားမှ တစ်ဆင့် မတ်လ၊၁၉ ရက်နေ့မှ မတ်လ၊၂၈ ရက်နေ့အထိ တရားဝင် ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်းမှာ (၂၃,၀၀၀) ဦးကျော် ရှိသည်။ မတ်လ(၂၉)။နွေအရှိန်ပြင်းပြင်းမှာ ခြောက်သွေ့နေသည့် အအေးစုံအရောင်းဆိုင်တစ်ဆိုင်။

Ko Letyar Tun

မတ်လ(၂၉)ရက်နေ့ ကရန်ကုန်မြို့၊ရွှေတိဂုံစေတီအနီးတွင်တွေ့မြင်ရသည့် သီလရှင်ဆရာလေးများ။ COVID -19 ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် မြို့နယ်အချို့တွင် အိမ်ဆွမ်းကြွသည့် သံဃာတော်အချို့အား ကန်တော့ဆွမ်း လျောက်သည့် အိမ် အရေအတွက်မှာ လည်း တိုးလာနေသည်။

Ko Letyar Tun

ရန်ကုန်မြို့တွင် လူဦးရေး ခြောက်သန်းခန့် နေထိုင်ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက် အလုပ်လုပ်ကိုင်သည့် စက်မှုဇုန် အလုပ်သမားများ၊ကျပန်း အလုပ်သမားအများအပြား ရှိသည်။ COVID -19 ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် အခြေခံ အလုပ်သမား များ၏ စားဝတ်နေရေးမှာ များစွာ အခက်အခဲ ရှိနေသည်။

Ko Letyar Tun

ပုံမှန်စည်ကားလျက် ရှိနေသည့် ရန်ကုန်မြို့မှာ COVID -19 ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် လူခြေပြတ်သွားပြီး အသွားအလာ နည်းပါးသွာသည်။ ယင်းအခြေအနေများကြောင့် အငှားယာဉ်မောင်းများ၊ အနှေးယာဉ်လုပ်သားများ၏ ဝင်ငွေမှာလည်း များစွာ ကျဆင်းသွာသည်။

Ko Letyar Tun

မတ်လ(၂၉)။ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရသည့် ပိုင်ရှင်မဲ့ ခွေးတစ်ကောင်။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မေတ္တာဖြင့် ဓာတ်ပုံများကို အသုံပြုခွင့်ပေးသော ကိုလကျာ်ထွန်း အား ကျေးဇူး။

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,