COVID-19 ကာကွယ်ဆေး သုံးစွဲနိုင်ပါက ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ပစ္စည်း သတ်မှတ်မည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

The Hindu

တရုတ်နိုင်ငံ အနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး သုတေသနပြုလုပ်မှု ပြီးမြောက်၍ စတင်သုံးစွဲနိုင်ပါက ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ပစ္စည်းအဖြစ် သတ်မှတ်မည်ဟုဆိုသည်။

ကိုဗစ်ကာကွယ်ဆေးအား ဖွံ့ဖြိုးဆဲနိုင်ငံများ ကာကွယ်ဆေးလက်လှမ်း မီရေးအတွက် အကျိုးပြု ပေးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်သမ္မတ ရှီကျင်ဖျင့် က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်း ထုတ်ပြန်ထားသည်။

မေလ(၁၈) ရက်နေ့က Video conference ပုံစံဖြင့် ကျင်းပသည့် (၇၃) ကြိမ်မြောက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ညီလာခံ ဖွင့်ပွဲ အခမ်းအနားတွင် တရုတ်သမ္မတရှီကျင့်ဖျင် က တရုတ်နိုင်ငံ အနေဖြင့် တစ်ကမ္ဘာလုံး ရောဂါတိုက်ဖျက် ပူးပေါင်း ဆောင်ရွက် ရေး ကို တွန်းအားပေးသည့် အစီအမံငါးရပ်အား ကြေညာခဲ့ပြီး ကိုဗစ်ရောဂါကာကွယ်ဆေး ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ပစ္စည်း အဖြစ် သတ်မှတ်မည်ဟူသည့် အချက်လည်း ပါဝင်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တရုတ်နိုင်ငံ၏ အစီအမံ ငါးရပ်တွင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ထောက်ပံ့ ပေးအပ်မည့် အစီအစဉ်လည်း ပါဝင်ပေသည်။

အဆိုပါထောက်ပံ့မှု အစီအစဉ်သည် COVID-19 ရောဂါ၏ အကျိုးသက်ရောက်မှု ခံရသော နိုင်ငံများ၊အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ၏ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအပေါ် ထောက်ခံ အားပေးရန်နှင့် စီးပွားရေး၊ လူမှုရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဖြစ်သည် ဟုဆိုသည်။

COVID -19 ရောဂါ သည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့ပြီး ရောဂါကူးစက်ခံရသူ ရှစ်သောင်းကျော် ရှိပြီး သေဆုံးသူ လေးထောင့်ခြောက်ရာကျော် ရှိသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,