Covid-19 ကာကွယ်ဆေး ဘယ်သူထုတ်လာနိုင်မလဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

TimeofIndia

သုံး၊လေး နှစ်အတွင်း မြန်မာပြည်မှာ Covid-19 vaccine ကို သုံးခွင့် ရချင်မှရနိုင်ပါလိမ့်မယ်။ ဒါဆိုရင် …

မြန်မာပြည်မှာ တိကုဆရာဝန် တစ်ယောက်က Covid-19 ကာကွယ်ဆေးထုတ်နိုင်မယ့် နည်းလမ်း ရှိပါတယ်၊ နိုင်ငံတော်အတွက် ကူညီလုပ်ကိုင်ပေးချင်ပါတယ်လို့ ပြောဆိုခဲ့တဲ့အတွက် အားပေးထောက်ခံသူတွေ ရှိသလို လှောင်ပြောင် ရှုတ်ချတာတွေလဲ တွေ့ရ တယ်။

ကာကွယ်ဆေး ကုသဆေးတွေ ဘယ်လိုသုံးရမယ်ဆိုတာ ဆရာဝန်တွေ သိကြပါတယ်။ ဆေးတွေကို ဘယ်လို ထုတ်လုပ်တယ် ဆိုတာတော့ (လက်တွေ့မထုတ်ဖူးရင်) စာတွေ့အသိ ရှိနိုင်ပါတယ်။ ကာကွယ်ဆေးတွေထုတ်တဲ့ နည်းပညာ (Vaccinology) ဆိုတာ ဆေး/တိကု တက္ကသိုလ် တွေရဲ့ သင်ရိုးထဲမှာမပါတဲ့ သီးခြား ပညာရပ်တစ်ခု ဖြစ်ပါတယ်။

စစ်တမ်းတစ်ခုအရ၊ ကာကွယ်ဆေးဖြစ်လာနိုင်မယ့်စာရင်းမှာပါနေတဲ့ ကာကွယ်ဆေးလောင်း တွေရဲ့ ၇၂% ကို…

သာမန်အားဖြင့် ဆေးပညာဘွဲ့၊ တိကုဘွဲ့ ဒါမှမဟုတ် Biology နဲ့ဆက်နွယ်တဲ့ ဘာသာရပ် တစ်ခုခု ကျွမ်းကျင် တတ်မြောက် ထားသူဖြစ်ရင် Vaccinology ကို လေ့လာသင်ယူလို့ရပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးသစ် ဒါမှ မဟုတ် ထုတ်လုပ်မှု နည်းပညာသစ်တစ်ခုကို ဖော်ထုတ်ဖို့ အတွက်တော့ ဒီဘာသာရပ်မှာ အတွေ့အကြုံ ရှိတဲ့အပြင် သမားရိုးကျ ဘောင်ကို ဖောက်ထွက်ပြီး ကြည့်တတ်တဲ့ အမြင်ရှိဖို့လည်း လိုပါလိမ့်မယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အခု Covid-19 ရောဂါကာကွယ်ဆေးထုတ်ဖို့ နိုင်ငံတကာမှာ နည်းလမ်းပေါင်းစုံနဲ့ လုပ်နေကြတယ် ဆိုတာ လေ့လာကြည့်ရင် မြန်မာကကော ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဘာကြောင့် ကာကွယ်ဆေး လုပ်လို့မရနိုင်မှာလဲ ဆိုတာ သိနိုင်ပါလိမ့်မယ်။

Covid-19 က ပိုးကို ထိမိလို့ဖြစ်ဖြစ် လေထဲကတဆင့် မျက်စေ့၊ နှာခေါင်းပေါက် ၊ပါးစပ်ပေါက် ထဲဖြစ်ဖြစ် ဝင်ပြီး ကူးစက်နိုင်လို့ ကူးစက်ဖို့လွယ်တဲ့ ရောဂါတစ်ခုပါ။

Covid-19 ကာကွယ်ဆေး ကုသဆေး မရှိသေးလို့၊ ရောဂါပိုးရှိသူကို ခွဲခြားထား၊ သူနဲ့ထိတွေ့ခဲ့သူတွေကို စောင့်ကြည့်၊ မြို့ရွာတွေကြား အသွားအလာ ထိန်းချုပ်၊ နှာခေါင်းစည်းတပ်၊ တစ်ဦးချင်း ခွာပြီးနေ၊ စတဲ့ နည်းလမ်းတွေကို ဒီရောဂါကာကွယ်ဖို့ အကောင်းဆုံး နည်းအနေနဲ့ ကျင့်သုံးနေကြပါတယ်။

Covid-19 ထိန်းချုပ်တဲ့လုပ်ငန်းတွေကြောင့် ကုန်ကျစရိတ်များသလို ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်တာ ရပ်နား ထားရတာတွေကြောင့် စီးပွားရေးထိခိုက်မှုလဲကြုံနေကြပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ ကြုံနေရတဲ့ ဒီကိစ္စတွေ ပုံမှန်ပြန်ဖြစ်ဖို့ နှစ် နှစ်လောက်အထိ ကြာနိုင်တယ်လို့ ခန့်မှန်းပြောဆိုတာမျိုးလဲ တွေ့ရတယ်။

ကာကွယ်ဆေးရမလာပဲ ပုံမှန်လူနေမှုဘဝကို ပြန်မရနိုင်ဘူး ဆိုတဲ့ အခြေအနေ ဆိုးကြောင့်၊ တာဝန် ရှိသူတွေက …

Covid-19 ရောဂါကို ကိုယ်တိုင် ခံစားလိုက်ရတဲ့ London School of Hygiene & Tropical Medicineရဲ ညွှန်ကြားရေးမှူး Peter Piot က သူ Ebola ရောဂါသုတေသနလုပ်ခဲ့တာတွေ၊ UN မှာ HIV/AIDS အစီအစဉ်တွေ ဦးဆောင်လုပ်ခဲ့ပြီး အခု European Commission (EC) ဥက္ကဌရဲ့ Coronavirus အကြံပေးလုပ်နေပေမယ့်၊ ဒီ coronavirus အသစ်နဲ့ ကိုယ်တိုင် ရင်ဆိုင်လိုက်ရတာက life-changing experience တစ်ခုပဲလို့ ဆိုတယ်။

Covid-19 ရောဂါစဖြစ်ပြီး ခုနှစ်ပတ် အကြာမှ Covid-19 R&D အထူးအကြံပေးတာဝန် ပြန်စလုပ်နိုင်တယ်။ EC က ကာကွယ်ဆေး ထုတ်နိုင်ဖို့ အရမ်းအားပေးတယ်။ တကယ်တော့ ကာကွယ်ဆေးရမလာပဲ ပုံမှန်လူနေမှုဘဝကို ဘယ်တော့မှပြန်မရနိုင်ဘူး။ ပြီးတော့ ဘယ်လောက်ကြိုးစားပြီး လုပ်ကိုင်ကြပေမယ့် Covid-19 ကာကွယ်ဆေး ထုတ်လို့ ရနိုင်မယ်ဆိုတာလဲ ခုထိမသေချာသေးဘူးလို့ မေးခွန်းထုတ်သူကို Piot ကဖြေသွားတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Covid-19 ကာကွယ်ဆေး ရှိလာမှ လူနေမှုပုံစံ ပုံမှန်ပြန်ဖြစ်နိုင်မယ်လို့ သဘောပေါက်ကြပြီး၊ ကာကွယ်ဆေးကို အမြန်ထုတ်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားလာခဲ့ကြတယ်။ အရင်က SARS နဲ့ MERS လို ရောဂါတွေ အတွက် ကာကွယ်ဆေးထုတ်မယ့် သုတေသန လုပ်ပြီး ရရှိထားခဲ့တဲ့ နည်းပညာတွေကို အခြေခံပြီး ထုတ်လုပ်သူတွေ ရှိသလို၊ အခြားကာကွယ်ဆေးတွေကို ထုတ်တဲ့သမားရိုးကျ နည်း ရော၊ ကာကွယ်ဆေးထုတ်တဲ့နေရာမှာ တစ်ခါမှ မသုံးဖူး သေးတဲ့ နည်းလမ်းသစ်တွေကိုရော သုံးပြီး Covid-19 ကာကွယ်ဆေး ထုတ်ဖို့ ကြိုးစားလာကြတယ်။

စစ်တမ်းတစ်ခုအရ၊ ကာကွယ်ဆေးဖြစ်လာနိုင်မယ့်စာရင်းမှာပါနေတဲ့ ကာကွယ်ဆေးလောင်း တွေရဲ့ ၇၂% ကို ပုဂ္ဂလိက ဆေးကုမ္ပဏီတွေ ဖော်ထုတ်တာဖြစ်ပြီး၊ ကျန်တာကို တက္ကသိုလ်၊ အစိုးရဌာန နဲ့ အကျိုးအမြတ်မလိုတဲ့ အဖွဲ့အစည်းတွေက သုတေသန လုပ်ထားတာလို့ ဆိုတယ်။ ဒီ ဒုတိယအုပ်စုရဲ့ ဆေးက အောင်မြင်သွားခဲ့ရင် ကာကွယ်ဆေးထုတ်ဖို့အတွက် ဆေးကုမ္ပဏီကြီးတွေကိုပဲ အပ်ကြရမှာ။

ကာကွယ်ဆေးသစ် တစ်ခုထွက်ဖို့ အရင်က ၁၀-၁၅ နှစ် ကြာတယ်။ ဆေးထွက်တာ အမြန်ဆုံးလို့ဆိုရမယ့် Ebola vaccine ကို ၅ နှစ်နဲ့ ထုတ်ခဲ့တယ်။ အခု Covid-19 ကာကွယ်ဆေးကို တစ်နှစ်-တစ်နှစ်ခွဲလောက်နဲ့ ထွက်အောင် တွန်းလုပ်နေကြတာ တွေ့ရတယ်။

လူကိုထိုးစမ်းတဲ့ Phase I အဆင့်ကို အဦးဆုံးလုပ်နိုင်ခဲ့တဲ့ US က Moderna ရဲ့ mRNA vaccine နဲ့ပတ်သက်ပြီး၊ မကြာခင်က လုပ်ခဲ့ တဲ့ interview တစ်ခုမှာ၊ ဆေးက ဘယ်တော့ ရလာနိုင်မလဲ ဆိုတဲ့မေးခွန်းကို၊ ကုမ္ပဏီရဲ့ ဆေးပညာအရာရှိချုပ် Tal Zaks ပြန်ဖြေထားတာ တော်တော် ရှင်းတယ်။

ကာကွယ်ဆေး ရလာရင်တောင် ဆေးထုတ်တဲ့ နိုင်ငံရဲ့ လိုအပ်ချက် အတွက်တောင် ပထမတစ်နှစ်လောက်မှာ ထုတ်ပေးနိုင်မှာ မဟုတ်တဲ့ အတွက် …

Tal Zaks က mRNA vaccine ဟာ ဒီရောဂါကို ကာကွယ်ပေးမလားဆိုတာ သေချာ မသိသေးပေမယ့် မကြာခင် သိလာမှာ ဖြစ်ကြောင်း၊ အန္တရာယ်ရှိ၊ မရှိလဲ မသိသေးကြောင်း အဲဒါအတွက် ဒုတိယအဆင့်မှာ တိုးချဲ့ စမ်းသပ်ဖို့ ရှိတယ်လို့ ဆိုတယ်။ ဆေးထွက်လာဖို့နဲ့ ပတ်သက်ပြီး စမ်းသပ်မှုကို ဘယ်လောက်ကြီးကြီး လုပ်နိုင်မလဲ ဆိုတာနဲ့ ဆေးစမ်းမယ့် လူတွေကြားမှာ ရောဂါ ဖြစ်နှုန်းဘယ်လောက်များလဲ အပေါ်မူတည်လိမ့်မယ်။ ရောဂါအရှိန် တက်နေ မယ်ဆိုရင် အဖြေမြန်မြန်ထွက်နိုင်လိမ့်မယ်။ ဒီနှစ်ကုန်လောက်မှာ သိလာနိုင်စရာ ရှိတယ်လို့ ဖြေသွားတယ်။

BioNTech နဲ့ CureVac (German biotech companies) တွေကလဲ mRNA ကိုသုံးပြီး Covid-19 ကာကွယ်ဆေး စမ်းသပ်မှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့၊ ခုချိန်အထိ mRNA ကိုသုံးတဲ့ တခြား ကာကွယ်ဆေး တစ်ခုမှ မထွက်ရှိဖူး တာကြောင့်၊ နောက်ဆုံး စမ်းသပ်မှုတွေပြီးမှ ကာကွယ်ဆေး တကယ် ဖြစ်၊မဖြစ်ကို သိနိုင်လိမ့်မယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

နောက်တစ်မျိုးက Inovio Pharmaceuticals ရဲ့ DNA plasmid vaccine ၊ ရေခဲဘူး မလိုဘဲ သယ်နိုင်၊ သိမ်းနိုင်တဲ့ ဆေးအမျိုးအစား၊ electroporation device သုံးပြီး ဆေးထိုးပေးရမှာ။ သူလဲ Phase I trial လုပ်နေတယ်။

အလားတူ ရှေ့တန်းရောက်နေတာက Adenovirus vectored recombinant vaccine အုပ်စုပါ။ (GMO လို့ နာမည်တပ်နိုင်ပါတယ်) Oxford University က မျောက်ရဲ့ Adenovirus ကိုသုံးပြီး ကာကွယ်ဆေး စမ်းထုတ် သလို၊ CanSino Biologicals Inc. က human adenovirus 5 ကို သုံးပြီးဆေးစမ်းထုတ်ထားတယ်။ နောက်ထပ် (GMO) vectored recombinant vaccine နှစ်ခုကို တရုတ်နိုင်ငံ Shenzen Geno-Immune Medical Institute က Lentiviral vector သုံးပြီးထုတ်ထားသေးတယ်။ လေးခုလုံးက Phase I trial ဝင်နေတဲ့ ကာကွယ်ဆေးတွေပါ။

သမားရိုးကျနည်းလို့ ပြောလို့ရတဲ့ Inactivated virus သုံးတဲ့ ပိုးသေ Covid-19 ကာကွယ်ဆေးကို တရုတ်နိုင်ငံက Sinopharm နဲ့ Wuhan Institute of Virology တို့ ပေါင်းပြီးထုတ်လုပ်ခဲ့တာ Phase II clinical trial ဝင်နေပါပြီ။

COVID -19 ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာပြည်က ဆရာဝန်တစ်ဦး – အပိုင်း(၁)

အားဖျော့ထားတဲ့ ပိုးအရှင်သုံးပြီး Covid-19 ကာကွယ်ဆေးထုတ်ဖို့ လုပ်နေသူတွေလဲရှိပါတယ်။ Codagenix ဆိုတဲ့ American biotech company နဲ့ Pune အခြေစိုက် Serum Institute of India တို့ပူးပေါင်းပြီး ထုတ်လုပ် မှာပါ။

ကမ္ဘာတလွှား ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတဲ့ သုတေသနလုပ်ငန်း ၁၂၀ ကျော်မှာ ဘယ်ဟာအောင်မြင်မယ် လို့ မခန့်မှန်း နိုင်တာကြောင့်၊ အားလုံးကို ကနဦး သုတေသန လုပ်နေတဲ့အဆင့်ကစပြီး နောက်ဆုံး မဖြစ်တော့ဘူးလို့ သိရတဲ့အချိန်အထိ စစ်ဆေး သွားမယ်လို့ WHO က ပြောထားတာ တွေ့ရတယ်။

ဒေါ်လာ သန်းပေါင်းများစွာ ရင်းပြီး လုပ်နေတဲ့ နိုင်ငံတကာက Covid-19 ကာကွယ်ဆေး ဖော်ထုတ်မယ့် လုပ်ငန်း တွေကို ကြည့်ရင်၊ သမားရိုးကျနည်းသုံးတဲ့ SARS-CoV-2 ပိုးသေ နဲ့ အားဖျော့ထားတဲ့ ပိုးအရှင် ကာကွယ်ဆေး နှစ်ခုကလွဲရင် ကျန်တဲ့အများစုက နောက်ဆုံးပေါ် Genetic engineering နည်းတွေသုံးပြီး ထုတ်လုပ်မှုပုံစံကိုလဲ အသစ်တွေ သုံးလာတာ တွေ့ပါလိမ့်မယ်။

အများစုက သူတို့သတ်မှတ်ရွေးချယ်ထားတဲ့ SARS-CoV-2 ရဲ့ protein အစိတ်အပိုင်းတစ်ခုကို ရောဂါကာကွယ် ပေးမယ့် အဓိက ပစ္စည်း (vaccinal antigen) အနေနဲ့ ပါဝင်အောင် ထုတ်လုပ်ကြပါတယ်။ mRNA နဲ့ DNA plasmid တွေသုံးပြီးထုတ်တဲ့ ကာကွယ်ဆေး တွေက လူကိုယ်ထဲရောက်ရင် mRNA ဒါမှမဟုတ် DNA က ဆဲလ်တွေကို လိုချင်တဲ့ antigen တွေ ထုတ်လုပ် အောင် စီမံပေးထားတာပါ။ Adenovirus vectored vaccine တွေက ပိုးအရှင်ဖြစ်လို့ လူကိုယ်ထဲရောက်သွားရင် Adenovirus တွေပွားများပြီး SARS-CoV-2 ရဲ့ လိုချင်တဲ့ protein အစိတ်အပိုင်းကို ထုတ်လုပ်ပေးကြဖို့ဖြစ်ပါတယ်။

နှိုင်းယှဉ်ကြည့်ရအောင်။

မြန်မာပြည်မှာ Covid-19 ကာကွယ်ဆေးထုတ်မယ်ဆိုတဲ့ နည်းလမ်းက Adenovirus နေရာမှာ Pasteurella multocida ကို vector အနေနဲ့ သုံးတယ်။ လိုချင်တဲ့ antigen ကို virus အစား bacteria ကို ထုတ်ခိုင်းမယ်။

Pasteurella multocida ကို virus တွေရဲ့ antigen တွေ ထုတ်ပေးလာအောင် မျိုးဗီဇပြောင်းလဲ ပေးတဲ့နည်းက ကိုယ်ပိုင် တီထွင် ရရှိထားပြီး မွေးမြူရေးတိရစ္ဆာန်တွေအတွက် ကာကွယ်ဆေး တွေ ဒီနည်းနဲ့ ထုတ်ခဲ့ပြီးဖြစ်လို့ Covid-19 ကာကွယ်ဆေး ထုတ်နိုင် မယ့် နည်းလမ်း ရှိပါတယ် လို့ ပြောခဲ့တာ။ Pasteurella multocida ကို မျိုးဗီဇ ပြောင်းလဲပေးတဲ့အလုပ်ဆိုတဲ့ ကာကွယ်ဆေး မျိုးစေ့ ရအောင်လုပ်တာက အချိန် နှစ်ပတ်၊ သုံးပတ်ပဲ ကြာပါမယ်။

Adenovirus လို ပိုးအရှင်သုံးပြီး လူကိုယ်ထဲမှာ virus ထပ်ပွားပြီးမှ လိုချင်တဲ့ antigen ပမာဏကိုရစေမှာ မဟုတ်ပဲ လိုတဲ့ antigen ပမာဏကို ဆေးမှာပါအောင်ထည့်ပေးပြီး ပိုးသေကာကွယ်ဆေးအနေနဲ့ ထုတ်မှာပါ။ ဒါကြောင့် သူတို့လို လူကိုယ်ထဲမှာ virus လိုအပ်သလောက် ထပ်မပွားလို့ ဆေးအာနိသင်အပြည့်အဝ မရတာမျိုးဖြစ်မလာနိုင်။

ဒီလိုကြန့်ကြာမှာကို ကျော်လွှားပြီး၊ စမ်းသပ်ကာလကို လျှော့ချနိုင်ဖို့အတွက် စမ်းသပ်ခံမယ့် လူတွေကို …

ပိုးသတ်ထားပြီး ဖြစ်တဲ့အတွက်၊ vector ဒါမှမဟုတ် အားဖျော့ထားတဲ့ပိုးရှင်ပါတဲ့ ကာကွယ်ဆေးတွေ မှာလို ပိုးတွေ မျိုးပြောင်း သွားပြီး အန္တရာယ် ဖြစ်စေမလားလို့ စိုးရိမ်စရာလဲ ကင်းရှင်းတယ်။

ရှေ့ကပြေးနေတဲ့ နိုင်ငံတကာမှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေးလောင်းတွေက သုတေသန လုပ်ချိန်မှာ ငွေကြေးအမြောက်အမြား ကုန်ကျသလို တကယ်အောင်မြင်သွားလို့၊ ထုတ်လုပ်မယ်ဆိုရင်ဘဲ စရိတ်က များလိမ့်မယ်။ ဆေးတန်ဖိုးလဲ သိပ်သက်သာမှာ မဟုတ်။ မြန်မာကထုတ်မယ့်ဆေးက စရိတ် သက်သက်သာသာနဲ့ ထုတ်နိုင်တဲ့ ဆေးမျိုးပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒီကိစ္စကို စိတ်ဝင်စားရင်တော့ …

အခု clinical trial စဝင်နေတဲ့ Oxford ကဆေးလို ဆေးတစ်ချို့က သုတေသနသာလုပ်ပေမဲ့ ကိုယ်တိုင်ထုတ်လုပ် နိုင်မယ့် စက် ကိရိယာ/စက်ရုံ မရှိတဲ့အတွက် ကာကွယ်ဆေး အမြောက်အမြား ထုတ်နိုင်တဲ့ ကုမ္ပဏီ တစ်ခုခုနဲ့ တွဲပြီး ထုတ်ကြရလိမ့်မယ်။ မြန်မာမှာ စမ်းတာလဲ သုတေသနဓာတ်ခွဲခန်းမှာ ဆေးစမ်းထုတ်ပြီး clinical trial အထိ လုပ်နိုင်ပေမဲ့၊ စမ်းသပ်လို့အောင်မြင်ရင် BPI ဒါမှမဟုတ် ရွာသာကြီးက Hepatitis B vaccine factory လို စက်ရုံတွေနဲ့ ညှိနှိုင်း ပူးပေါင်းပြီး လုပ်မှ ကာကွယ်ဆေး အလုံအလောက် ထုတ်ပေးနိုင်ပါလိမ့်မယ်။

အားလုံးအတွက် တူညီတဲ့အချက်က၊ ရှေ့မှာ Moderna ကုမ္ပဏီက Tal Zaks ပြောသွားတဲ့၊ ဆေးအာနိသင် အကဲဖြတ်တာက ဆေးစမ်း မယ့် လူတွေကြားမှာ ရောဂါဖြစ်နှုန်း ဘယ်လောက် များသလဲ ဆိုတဲ့အပေါ် မူတည်ပါ လိမ့်မယ်။ ရောဂါ အရှိန် ကောင်းနေ တုန်း စမ်းမယ်ဆိုရင် အဖြေမြန်မြန်ထွက်နိုင်လိမ့်မယ် ဆိုတဲ့အချက်ပါ။ ရောဂါအရှိန်လျော့သွားရင် ‌ဆေးအာနိသင် အကဲဖြတ်တဲ့ အလုပ် လုပ်ဖို့ ခက်ခဲ(ကြန့်ကြာ)သွားမှာဖြစ်တယ်။

ဒီလိုကြန့်ကြာမှာကို ကျော်လွှားပြီး၊ စမ်းသပ်ကာလကို လျှော့ချနိုင်ဖို့အတွက် စမ်းသပ်ခံမယ့် လူတွေကို (လူလတ်ပိုင်း၊ ကျန်းမာရေး ကောင်းတဲ့ သူတွေကို) SARS-CoV-2 ပိုး ကူးစက်အောင် လုပ်ပြီးစမ်းတဲ့ challenge trial နည်းနဲ့ စမ်းဖို့ ပြောလာတယ်။

တကယ်တော့ ကာကွယ်ဆေးရမလာပဲ ပုံမှန်လူနေမှုဘဝကို ပြန်မရနိုင်ဘူး ဆိုတဲ့ အခြေအနေ ဆိုးကြောင့်၊ တာဝန် ရှိသူတွေက အစဉ်အဆက် ကျင့်သုံးလာတဲ့ စစ်ဆေးပုံတွေကို လျှော့ပေါ့ပြီး ခွင့်ပြုပေးလာနေတာဖြစ်ပါတယ်။

ကာကွယ်ဆေး အမြန်ဆုံးရနိုင်ဖို့နဲ့ တစ်ကမ္ဘာလုံးအတွက် လုံလောက်အောင်ထုတ်ပေးနိုင်ဖို့ အတွက် WHO, CEPI နဲ့ အလှူရှင်နိုင်ငံတွေက ကူညီပေးနေ တာပါ။

Oxford ကစမ်းတဲ့ ကာကွယ်ဆေးကို ဗြိတိန်ရဲ့ AstraZeneca ကုမ္ပဏီအပြင် Serum Institute of India ကပါ ထုတ်လုပ်မယ်လို့ ဆိုတယ်။ တရုတ်နိုင်ငံက human adenovirus 5 ကို သုံးတဲ့ ကာကွယ်ဆေးရဲ့ နောက်ပိုင်း clinical trials တွေကို Canada နဲ့ Australia နိုင်ငံတွေမှာ စမ်းပြီး ဆေးထုတ်ကြမယ်လို့ဆိုတယ်။ ပြည်တွင်း မှာ သုံးနိုင်ဖို့ ပြည်တွင်းမှာ ထုတ်နိုင်အောင် လုပ်နေကြတာပါ။

ဒါပေမဲ့ လာမဲ့ တစ်နှစ်၊ တစ်နှစ်ခွဲ လောက်မှာ ကာကွယ်ဆေး ရလာရင်တောင် ဆေးထုတ်တဲ့ နိုင်ငံရဲ့ လိုအပ်ချက် အတွက် တောင် ပထမတစ်နှစ်လောက်မှာ ထုတ်ပေးနိုင်မှာ မဟုတ်တဲ့ အတွက်၊ နောက်ထပ် သုံး၊လေး နှစ်အတွင်း မြန်မာပြည်မှာ Covid-19 vaccine ကို သုံးခွင့် ရချင်မှရနိုင်ပါလိမ့်မယ်။ ဒါဆိုရင် ကာကွယ်ဆေးရမှ ဖြစ်လာမယ့် ပုံမှန် လူနေမှုပုံစံ ပြန်ရောက်မယ်ဆိုတာလည်း သုံး၊လေး နှစ်နဲ့ ဖြစ်နိုင်ဖွယ်မရှိပါ။

Covid-19 ကာကွယ်ဆေးထုတ်နိုင်မဲ့ နည်းလမ်း ရှိပါတယ်၊ နိုင်ငံတော်အတွက် ကူညီလုပ်ကိုင်ပေးချင်ပါတယ်လို့ ပြောဆိုခဲ့တဲ့ တိကုဆရာဝန် တစ်ယောက်ရဲ့ ကမ်းလှမ်းမှုအပေါ် သင့်ရဲ့အမြင်က ဘယ်လိုပါလဲ။

ဒေါက်တာအောင်မြင့်

ဆောင်းပါးရှင် ဒေါက်တာအောင်မြင့်သည် တိကု ဆရာဝန်တစ်ဦးဖြစ်ပြီး ကာကွယ်ဆေး ထုတ်လုပ်မှုလုပ်ငန်းတွင် (၂၇) နှစ်ကြာ လုပ်ကိုင်ခဲ့သည်။ ယင်းအပြင် ကာကွယ်ဆေး အများအပြားကိုလည်း ထုတ်လုပ်ခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံတော်မှ ချီးမြှင့်သည့် လယ်ယာ စီးပွားထူးချွန် ပထမအဆင့်ဆု ကို ၁၉၉၇ ခုနှစ်တွင် ရရှိခဲ့သည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,