COVID – 19 တိုက်ပွဲဝင် စေတနာ့ဝန်ထမ်း လူငယ်တိုက်စစ်မှူးများ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

STA / ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂဥက္ကဌ ကိုစည်သူအောင်

လက်ရှိဖြစ်ပွားနေသော Covid -19 ရောဂါအတွက် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော စေတနာ့ ဝန်ထမ်းအဖွဲ့တစ်ခုဖြစ်သည့် Volunteer Task Force မှကိုစည်သူအောင်ကိုငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထားသည်။ ကိုစည်သူအောင်သည် ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂ ဥက္ကဌ အဖြစ်ဆောင်ရွက်နေသူလည်းဖြစ်သည်။

ငြမ်းမီဒီယာ – Covid – 19 ရောဂါ ကာကွယ်ကုသထိန်းချုပ်ကုသရေးအတွက် ကိုစည်သူအောင်တို့ ဆေးတက္ကသိုလ် (၁) ကကျောင်းသားတွေ စုဖွဲ့ထားတဲ့ Volunteer Task Force အဖွဲ့ ဖွဲ့ဖြစ်တဲ့ရည်ရွယ်ချက်နဲ့ဆောင်ရွက်နေတဲ့လုပ် ငန်းစဉ်တွေ အကြောင်းကို ပထမဦးဆုံး ပြောပြပေးပါခင်ဗျား။

KSTA – ကျနော်တို့ဖွဲ့လိုက်ရတဲ့အဓိကအကြောင်းကတော့ ကျနော်တို့နိုင်ငံက ဘာပဲပြောပြော ကျန်းမာရေးဝန်ထမ်း အင်အားနည်း တယ်။ နောက်တစ်ခါ ဒီကိစ္စကလည်း ပြောမယ်ဆိုရင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စဖြစ်နေတာကြောင့် ကျနော်တို့ဆေးဖက် ဆိုင်ရာ က ကျောင်းသားတွေ၊ ဆရာဆရာမတွေမှ ရှေ့ကိုမထွက်ရင် တခြားသော Medical Field ကမဟုတ်ဘဲလာကူမယ့်သူတွေ၊ ပြည်သူတွေအနေနဲ့ ပိုပြီးစိုးရိမ်စိတ်ဖြစ်လာနိုင်တယ်။ နောက်ပြီးတော့ ဒီလိုမျိုး ကျနော်တို့ထွက်ပြီးလုပ်ပေးခြင်းအားဖြင့် အစိုးရရော၊  ဝိုင်းဝန်း လုပ်ဆောင်နေကြသူတွေရော၊ပံ့ပိုး ကူညီနေကြ သူတွေ အတွက်ရော တစ်တပ်တစ်အားဖြစ်စေမှာပါ။ ဒီကိစ္စကတကယ် လည်း အခုလိုဝိုင်းဝန်းလုပ်ဆောင်ဖို့လိုအပ်တဲ့ကိစ္စတစ် ခုလို့ကျနော်မြင်ပါတယ်။ အဲဒါကြောင့်မို့ Volunteer Task Force ကိုဖွဲ့ရ တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပြည်သူတွေကိုပေးချင်တဲ့ Message က အခုအချိန်မှာ မလိုအပ်ရင်တော့အပြင်သိပ်မထွက်တာကောင်းတယ်။ ဒါပေမယ့် အဲဒီလိုပြောလို့ …

ဒီ Volunteer Task Force ဖွဲ့ရတာ ရိုးရိုး Volunteer နဲ့မတူပါဘူး။ ဒီဟာမှာ ကိုယ့်ကိုယ်လည်းပိုပြီးဂရုစိုက်ရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ တခြားကနေ Infection ကူးလာမယ့်ဟာတွေလည်းရှိနိုင်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ပိုဂရုစိုက်ရတယ်။ ကိုယ်ကိုယ်တိုင်က Medical Field ထဲကဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ဒါမှလည်း Procedure တွေကိုလိုက်နာနိုင်မှာပေါ့။ အဲဒီအချက်တွေကြောင့် ကျနော်တို့ Medical Field ထဲကလူတွေလုပ်တာပိုသင့်တော်မယ်လို့ယူဆပြီးဒီလိုဖွဲ့လိုက်တာပါ။ အခုလောလောဆယ်မှာ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနဲ့ပူးပေါင်းပြီး ကျနော် တို့လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ လုပ်ရင်းနဲ့ ပိုပြီးသိလာတာပေါ့။ သူတို့ပေးတဲ့ Training ကို လည်း ကျနော်တို့ယူတယ်။ ပြီးတော့ Volunteer တွေအတွက်ဆောင်ရန်ရှောင်ရန်တွေကို ဂရုစိုက်ရတယ်။ နောက် နေဖို့နေရာတွေကအစပေါ့။ အခုလောလောဆယ်ဆို Quarantine ထားတဲ့လူတွေကို ကျနော်တို့စစ်ဆေးရတာတွေရှိတယ်။ ဥပမာ အပူချိန်တိုင်းတဲ့ကိစ္စပေါ့။ ဘာပဲပြောပြော ကျနော်တို့က Contact ရှိမှာပဲ။ Contact က Direct မဟုတ်ရင်တောင် Indirectly တော့ရှိနေမှာပဲ။ အဲဒါတွေကိုတော့ ကျနော်တို့ကာကွယ်နိုင်ပါတယ်။ နောက်တစ်ခုရှိတာက ကျနော်တို့ Medical ပိုင်းကလူတွေက ဒီရောဂါကို သိပ်ပြီးမစိုးရိမ်ဘူးပေါ့နော်။ ကူးစက်ဖို့ကိုပေါ့။ ဒီဟာကိုသေသေချာချာ Preventive Measure နဲ့ ကာကွယ်နိုင်ရင် မကူးနိုင် ပါဘူး။ တချို့ထင်နေကြတာက လေထဲကနေထိလိုက်ရင်ကို ကူးနေပြီဆိုတဲ့ပုံစံမျိုးဖြစ်နေတော့ အဲဒီလိုမျိုး အသိအမှားတွေနဲ့ မထိတ်လန့် စေချင်ဘူး။ အဲဒါကြောင့်အခုလို ကျနော်တို့ Volunteer Task Force ကိုဖွဲ့ပြီးလုပ်တော့ သူတို့စိတ်ထဲမှာ ကျောင်းသားတွေတောင် ဝိုင်းလုပ်နေကြတာပဲဆိုပြီး သတင်းအမှား၊ အယူအဆအမှားတွေကြောင့်ဖြစ်နေတဲ့ စိုးရိမ်ထိတ်လန့်မှုတွေ လျော့ကျနိုင်တာပေါ့။

အကုန်လုံးကကြောက်လန့်ပြီးဖြစ်နေမယ်ဆိုရင် အကုန်လုံးအတွက် ကူရာကယ်ရာမဲ့တွေ ဖြစ်လာနိုင်တယ်ပေါ့နော်။ အဲဒါကြောင့် …

နောက် တစ်ခုက ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ဝင်ရောက်အားဖြည့်ပေးတာလည်းပါတာပေါ့။ ပြီးတော့ ကျနော်တို့ ဆေးပညာ သင်ယူနေကြတဲ့ ကျောင်းသားတွေက စာသင်ခန်းထဲမှာချည်းမဟုတ်ဘဲ တကယ်အရေးကြုံလာရင် မြေပြင်ကိုဆင်းပြီး ရှေ့ကနေ ဆောင်ရွက်ရမယ်ဆိုတဲ့ ဆရာဝန်စိတ်ဓာတ်ကို ပျိုးထောင်ပြသရာလည်းရောက်ပါတယ်။ ဒါကလည်း Motivate တစ်ခုအနေနဲ့ သက်ရောက်မှာပါ။ တကယ်ဆောင် ရန်ရှောင်ရန်တွေကိုလည်းပြောပြကြပါတယ်။ Volunteer Task Force ကိုဖွဲ့ဖို့ အကြံရ တာ က ဒီလိုပါ။ ကျနော်တို့လည်း ဒီအချိန်မှာစာဖတ်ရပါတယ်။ အဲဒီမှာ Guide Line တစ်ခုကိုဖတ်ရပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ Out Break ဖြစ်သွားပြီဆိုရင် ပထမအဆင့်အနေနဲ့ GP တွေ၊ OPT က ဆရာတွေရှေ့ကိုထွက်ရပါတယ်။ ဒုတိယအနေနဲ့ကကျတော့ OH တွေပေါ့။ အသက်ကြီးသွားတဲ့ဆရာဝန်ဟောင်းတွေ၊ ပင်စင်ယူသွားတဲ့ဆရာဝန်ဟောင်းတွေထွက်ရတယ်ပေါ့။ တတိယအဆင့် အနေနဲ့ကတော့ ဆေးကျောင်းက ဆရာဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေထွက်ရတယ်။ အဲဒီတော့ ကျနော်တို့ကလည်း Tertiary Line အနေနဲ့ပါဝင်ဖို့ သင့်တော်ပါတယ်ပေါ့။ အခုလို ဘာမှမဖြစ်ခင်အချိန်မှာပါဝင်ထားမှ ပိုမဆိုးအောင် လုပ်ကိုင် ဆောင်ရွက်တဲ့ နေရာမှာ ကူညီနိုင်မှာဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲ အစကတည်းက အကုန်လုံးကကြောက်လန့်ပြီးဖြစ်နေမယ်ဆိုရင် အကုန်လုံးအတွက် ကူရာကယ်ရာမဲ့တွေ ဖြစ်လာနိုင်တယ်ပေါ့နော်။ အဲဒါကြောင့်မို့ ကျနော်တို့ကျောင်းသားတွေအနေနဲ့ ဒီရောဂါရဲ့ Microbiology ရောဂါဗေဒအရရော၊ ကာကွယ်ရေးနည်းပညာတွေကိုရော အကုန် သိ နေတဲ့အတွက် သိပ်တော့မကြောက်ဘူး။ အဲဒါကြောင့် ကျနော်တို့ရှေ့ကနေ initiate လုပ်တယ်ပေါ့။ ဒီလို initiate လုပ် မှပဲ ကျန်တဲ့ကျောင်းတွေရော၊ ကျောင်းသားတွေရော၊ အင် အားတွေရောရလာမှာ။ အဲဒီအချက်တွေကြောင့်၊ နောက်တခြားသော Guide Line Principle တွေကြောင့် ဒါတွေက အသုံးဝင် တယ်ဆိုတာသိလာတဲ့အတွက် ကျနော်တို့ Volunteer Task Force ကိုစဖွဲ့ပြီးလုပ်ကိုင်ကြတာပါ။

ငြမ်းမီဒီယာ – ကိုစည်သူအောင်တို့ အခုလို Volunteer Task Force ကိုဖွဲ့စည်းလုပ်ကိုင်တဲ့နေရာမှာ ဆေးတက္ကသိုလ် (၁) က ကျောင်းသားတွေချည်းပဲ စုပြီးလုပ်တာလား။ တခြားဆေးတက္ကသိုလ်တွေ၊ တခြားတက္ကသိုလ်တွေက ကျောင်းသူ ကျောင်းသား တွေ ရော ပါသေးလား။

KSTA – ကျနော်တို့က ခုမှစပြီး initiate လုပ်တာဖြစ်ပါတယ်။ ကျနော်တို့ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂကနေ စပြီးဦး ဆောင်လုပ်တာပါ။ ကျနော်ဆိုရင်လည်း သမဂ္ဂဥက္ကဌပါ။ ဆိုတော့ ကျနော်တို့ကျောင်းသားသမဂ္ဂမှာရှိတဲ့ အင်အားကနေ Command တွေလုပ်တာပေါ့။ ဘယ်လိုဖွဲ့စည်း ကြမယ်၊ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုတဲ့ Policy တွေသတ်မှတ်တယ်။

ဆေးဘက် ဆိုင်ရာဖြစ်နေတော့ ဆေးပညာနဲ့ဆိုင်တဲ့၊ နှီးနွယ်တဲ့လူတွေတော့စုထားတာရှိတယ်။ နောက် ပိုင်းလိုအပ်လာရင်တော့ …

အခု လောလောဆယ်မှာတော့ ဆေးတက္ကသိုလ် (၁) ကိုပဲ ပထမဆုံး Only Manage လုပ်ထားပါတယ်။ ဒါပေမယ့် အခုကျတော်တို့ လုပ်နေတုန်းမှာပဲ ကျနော် တို့ကို လိုအပ်ရင်ကူညီမယ့် ကျောင်းတွေအဆင်သင့်ရှိနေပါပြီ။ Back up ပေါ့။ Medical မှမဟုတ်ဘူး၊ Non Medical ဘက်ကလူတွေလည်း Back up အနေနဲ့ရှိတယ်။ ဒီရောဂါ ဘယ်လောက်ထိကြာမလဲ၊ သေချာတာကတော့ (၂) ပတ် လောက်နဲ့တော့ မပြီးနိုင်ဘူးပေါ့။ အဲဒါကြောင့် ရေရှည် Sustainable ဖြစ်ဖို့အတွက်ဆိုရင်တော့ ကျနော်တို့ Task Force အနေနဲ့ လိုအပ် တဲ့ အင်အားတွေအကုန်လုံးကိုစုထားရတာပေါ့။ ကျနော်တို့ အခုစီစဉ်ထားတာကတော့ ဒီ Task Force ကို ဆေး (၁) နဲ့ပဲ သွား မယ်။ နောက်အချိန်ကြာလာလို့ လူတွေပင်ပန်းပြီး လူအင်အားနည်းလာရင်တော့ တခြားကျောင်းကအင်အားတွေနဲ့ ကျနော်တို့ Task Force ကိုအားဖြည့်ပြီး Youth Volunteer Task Force ဆိုပြီး လူငယ်တွေအင်အားနဲ့ Task Force အကြီးကြီးဖွဲ့ပြီး ဒီဘက်က ကျန်းမာရေး ဦးစီးဌာနနဲ့ ပေါင်းပြီး စုစုစည်းစည်းနဲ့လုပ်ဖို့တော့စဉ်းစားထားတယ်။ အခုလည်း Quarantine ထားတဲ့လူတွေကို ဟိုတယ် တွေကနေ အကုန်လုံးအကူအညီပေးနေတာတွေလည်းရှိတယ်။ ဒါကလည်းတော်တော်ကောင်းပါတယ်။ အဲဒါမျိုးတွေ ကျနော်တို့ စီစဉ်ထားတယ်။ နောက်ပိုင်းကျရင်တော့ အကုန် လုံးကပါဝင်လာမှာပါ။ အခုလည်း ဖားအံတက္ကသိုလ်က ပါ ဝင်နေပြီ။ ကျနော်တို့ ဆီက ပုံစံမျိုး သူတို့လည်းလုပ်နေပါပြီ။ အဲဒီဘက်က ကျနော်တို့နဲ့အချိတ်အဆက်လည်းရှိတော့ သူတို့လည်း Students Union တို့ ဘာတို့က နေဦးဆောင်ပြီးလုပ်ကြတာပေါ့။

ငြမ်းမီဒီယာ – ကိုစည်သူအောင်တို့ရဲ့ Volunteer Task Forceကအခုလို ကျန်းမာရေး ဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ကြတဲ့ ပုံစံမျိုးကို နယ်တွေမှာရော ကွန်ရက်ဖြန့်ပြီး ဆောင်ရွက်သွားဖို့အစီအစဉ်ရှိပါသလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KSTA – နယ်တွေဘက်ကတော့ Positive ဖြစ်သွားတဲ့နေရာရှားတယ်။ အခု ချင်းပြည်နယ်မှာ တစ်ယောက်ဖြစ်သွားတာ တော့ ရှိတယ်။ ဒါပေမယ့် အဲဒီမှာသူတို့လည်း ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ လုံလောက်အောင်လုပ်နေကြတယ်။ ဆိုတော့ လောလော ဆယ် မှာနယ်ဘက်တွေအတွက် တက္ကသိုလ်အနေနဲ့ ချိတ်ဆက်ထားတာတော့ မရှိသေးဘူး။ ဒါပေမယ့် ကျနော်တို့က ဆေးဘက် ဆိုင်ရာဖြစ်နေတော့ ဆေးပညာနဲ့ဆိုင်တဲ့၊ နှီးနွယ်တဲ့လူတွေတော့စုထားတာရှိတယ်။ နောက် ပိုင်းလိုအပ်လာရင်တော့ ကျနော်တို့ က အကြံပြုပေးမယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်လည်းနားလည်ကြပါတယ်။ အခုလက်ရှိမှာတော့ Positive ဖြစ်ပြီး လာနေတဲ့နေရာက ရန်ကုန်ဖြစ်နေတယ်ပေါ့။ နောက်ပြီးအဝေးပြေး ကားဂိတ်တွေ ဘာတွေကနေ တစ်ဆင့် ဝင်လာနိုင်ချေအများဆုံးရှိတာကလည်း ရန် ကုန်ပဲဖြစ်နေတော့ အဓိကအင်အားလိုတာ ရန်ကုန်ဖြစ်နေတာပေါ့။ အဲဒါကြောင့် လောလောဆယ်မှာနယ်ဘက်တွေအတွက်တော့ အစီအစဉ်မရှိသေးဘူးပေါ့။ ဒါကလည်းကျနော် တို့က ကျနော်တို့ကျောင်းတစ်ခုတည်းအနေနဲ့ စလုပ်နေတာဆိုတော့လေ။

ငြမ်းမီဒီယာ – ကိုစည်သူအောင်တို့အခုလို Volunteer Task Force အနေနဲ့လုပ်ကိုင်ဆောင်ရွက်ကြတာမှာ လိုအပ်တဲ့ပစ္စည်းတွေ လုံလုံလောက်ရှိရဲ့လား။ ဒီအတွက် ထောက်ပံ့လှူဒါန်းမှုတွေရောရှိပါသလား။

KSTA – အခုအချိန်ထိတော့ ကျနော်တို့မှာ လုံလောက်မှုရှိပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှ မဟုတ်ဘူး၊တခြား နိုင်ငံတွေမှာ လည်း အချိန် ကြာလာရင် ဒီ Source တွေက တဖြေးဖြေး ပြတ်လာမှာပဲ။ အခု က တော့ လူကနည်းသေးလို့ သိပ် မသိသာ သေးဘူး ပေါ့။ အဲဒါကြောင့် ကျနော်တို့က ခုအချိန်မှာ ပွင့်ပွင့်လင်းလင်းပြောရရင်ပေးတဲ့ဟာ အကုန်ယူ ပါတယ်ပေါ့။ ဒါ ပွင့်ပွင့်လင်းလင်း ပြောတာ ပါ။ အခုကျနော်တို့ ပူးပေါင်းလုပ် ကိုင်တဲ့နေရာမှာ လောလောဆယ် လုံလောက်တယ်ဆိုပေမယ့် ထပ်ပြီး လိုအပ် လာဦး မယ် ဆိုတာ သေချာတယ်။ အဲဒါကြောင့်အလှူရှင်လည်း အများကြီး လိုအပ်တယ်။ အခုအချိန်အတိုင်းအတာလေးနဲ့ မလိုဘူးလို့ ပြောလို့ မရပါဘူး။ နောက်နေ့ နောက်နေ့တွေအတွက် အလှူရှင်တွေအများကြီးလိုအပ်နေပါသေးတယ်။ ဒါက ရေရှည် သွားရမယ့် ကိစ္စ ဆိုတော့ လိုအပ် တဲ့ပစ္စည်းတွေကို ကျနော်တို့အနေနဲ့ ရေရှည်အတွက်အလှူရှင်တွေ လိုအပ်နေသေးတယ်လို့ပဲ ပြောချင်ပါ တယ်။ အဲဒါ ကိုလည်း ဒီကနေတဆင့်ပြောချင်ပါတယ်။ ကာကွယ်မှုအတွက်သုံးရတဲ့ပစ္စည်းတွေက တချိန်ကျရင်ပြတ်သွားနိုင်တဲ့ အတွက် ထောက်ပံ့ လှူဒါန်းမှုတွေ အများကြီး လိုအပ်နေပါသေးတယ်။ အခု လောလောဆယ်မှာ Students Union ဘက်ကရော တခြား လက် လှမ်း မီရာ အဆက်အသွယ်တွေကနေတဆင့် လှူဒါန်းမှုတချို့ရှိတယ်ဆိုပေမယ့် ရေရှည်အတွက် အများကြီး လိုအပ် ပါတယ်လို့ ပြောချင် ပါတယ်။

ငြမ်းမီဒီယာ – Volunteer Task Force အနေနဲ့ရော၊ ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦးအနေပါ အများပြည်သူကို ပေးချင်တဲ့ သတင်းစကားရှိရင် ဖြည့်စွက်ပြောပေးပါဦးခင် ဗျား။

KSTA – ပြည်သူတွေကိုပေးချင်တဲ့ Message က အခုအချိန်မှာ မလိုအပ်ရင်တော့အပြင်သိပ်မထွက်တာကောင်းတယ်။ ဒါပေမယ့် အဲဒီလိုပြောလို့ စိုးရိမ်စိတ်ဖြစ်ပြီး အိမ်တွင်းအောင်းနေရမယ်ဆိုတဲ့သဘောမျိုးလည်းမဟုတ်ပါဘူး။ ဒါက ကိုယ့်ဟာကိုယ် ကာကွယ်နိုင် တယ်။ ဘာမှအရမ်းကြီးဆိုးရွားတဲ့ရောဂါမဟုတ်ဘူး။ ဒီရောဂါက သေနှုန်းအရမ်းနည်းပါတယ်။ သေဆုံးနှုန်းက (၄) ရာခိုင်နှုန်း လောက်ပဲ ရှိပါတယ်။ အခု လူငယ်တွေဖြစ်တဲ့ Positive Case တွေမှာဆိုရင်လည်း လူငယ်တွေမှာ ပြန်ကောင်းလာပြီး နလန်ပြန် ထူလာတဲ့လူတွေများတယ်။ အရေးကြီးတာက အသက်ကြီးတဲ့လူတွေဆိုရင် ကျနော်တို့တော်တော်ဂရုစိုက်ရပါမယ်။ သူတို့မှာ ကျတော့ ကိုယ်ခံအားက ကျနေတတ်တာရယ်၊ရောဂါအခံ ရှိနေတတ်တာရယ် ကြောင့် သေနှုန်းမြင့်တဲ့ပုံစံဖြစ်သွားနိုင်တယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ စိုးရိမ်စရာမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ တွေ့နေတဲ့ Positive တွေသည် တစ်ဖက် နိုင်ငံက ကူးလာတဲ့ Case တွေဖြစ်တယ်။ ကျနော်တို့ ပြည်တွင်းထဲမှာ Local Transmission လုံးဝမရှိသေးတဲ့အတွက်ကြောင့် ကျနော်တို့ဘက်က ဒါကိုစိုးရိမ်စရာမလိုဘူး။ ဒါပေမယ့် ကိုယ့်ဘက်ကကာကွယ်မှုတွေဖြစ်တဲ့ လက်ဆေးတာ၊ ချောင်းဆိုး နှာချေရင် လက်အုပ်ပြီးဆိုးတာ ချေတာ၊ မျက်နှာကိုလက်နဲ့ ခဏခဏကိုင်တာမျိုးတွေကို သတိထားဆင်ခြင်ဆောင်ရွက်ကြဖို့တော့ အဓိက Message ပေးချင်တယ်။ ခုလောလောဆယ်က အရမ်းကြီးကြောက်အားလန့်အားနဲ့ အိမ်တွင်းမှာပဲအောင်းနေရမယ်ဆိုတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ အဲဒါလေးအသိပေးလိုပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားပေးတာကို ကျေးဇူးတင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,