RTE / ဗိုင်းရပ်စ်ဗေဒပညာရှင် ပါမောက္ခခရစ်ဝစ်တီ
COVID – 19 သည် ပြီးဆုံးဖို့ ခရီးရှည်ကြီးရှိနေသေးကြောင်း၊ အလွယ်တကူဖြေရှင်းရန် နည်းလမ်းမရှိ သေးသောကြောင့် ဤကပ်ရောဂါ …
ကိုရိုနာဗိုင်းရပ်စ် ပပျောက်ရေးကိစ္စသည် နည်းပညာအရ မဖြစ်နိုင်သေးဘဲ၊ လာမည့်ဆောင်းရာသီကာလတွင် ဒုတိယလှိုင်း ထပ်မံကျရောက်နိုင်ကာ၊ လူအသေအပျောက်လည်း ယခုထက်ပိုများနိုင်သည်ဟု ဗိုင်းရပ်စ်ဗေဒပညာရှင် ပါမောက္ခခရစ်ဝစ်တီက ပြောကြားလိုက်သည်။
အင်္ဂလန်၏ ဆေးဘက်ဆိုင်ရာအကြီးအကဲက ဆောင်းရာ သီကာလသည် နွေရာသီထက်ပိုဆိုးသည်မှာ အမြဲဖြစ်ကြောင်း၊ သတိပေး ထားခဲ့သည်။
လူချင်းမထိကပ်ပဲနေထိုင်ခြင်းနှင့် အခြားကျင့်သုံးလျက်ရှိသောနည်းလမ်းများသည် ကပ်ရောဂါ ပျံ့ပွားနှုန်းကို လျှော့ချ နိုင်ပြီး၊ လာမည့်ဆောင်းရာသီတွင် …
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယမန်နေ့ (ဧပြီ (၃၀) )တွင် ဗြိတိန်သည် ကပ်ဘေးကာလ အရှိန်အမြင့်ဆုံးအချိန် ကို ဖြတ်ကျော်ခဲ့ပြီ ဖြစ်၍ စီးပွားရေးကို ပြန်ဖွင့်မည်ဖြစ်ကြောင်း ဆိုထားခဲ့သည်။
သို့သော် ပါမောက္ခ ဝစ်တီက ဗိုင်းရပ်စ်သည် ပြန်လည်မျိုးပွားနှုန်း (၁) ရာခိုင်နှုန်း အောက်မရှိလျှင်၊ ကူးစက်ပျံ့နှံ့မှု ဆူနာမီ တစ္ခုကို ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည် ။
ပါမောက္ခ ဝစ်တီက COVID – 19 သည် ပြီးဆုံးဖို့ ခရီးရှည်ကြီးရှိနေသေးကြောင်း၊ အလွယ်တကူဖြေရှင်းရန် နည်းလမ်းမရှိ သေးသောကြောင့် ဤကပ်ရောဂါအတွက် နည်းပညာအရ ဖြစ်နိုင်တာမရှိသေးဘူးဟု ပြောခဲ့သည်။
သို့သော် လူချင်းမထိကပ်ပဲနေထိုင်ခြင်းနှင့် အခြားကျင့်သုံးလျက်ရှိသောနည်းလမ်းများသည် ကပ်ရောဂါ ပျံ့ပွားနှုန်းကို လျှော့ချ နိုင်ပြီး၊ လာမည့်ဆောင်းရာသီတွင်လည်း ကူးစက်နှုန်း လျှော့ချနိုင်လိမ့်မည်ဟု မှတ်ချက်ပေးသည်။
ဗြိတိန်သည် မေ (၁) ရက်နေ့စာရင်းများအရ COVID – 19 အတည်ပြူလူနာဦးရေ (၁၇၀,၀၀၀) ကျော် ရှိနေပြီး၊ သေဆုံးသူမှာ (၂၆,၀၀၀) ကျော်ဖြစ်သည်။
ဥရောပတွင် COVID – 19 ကူးစက်ခံရသူဦးရေနှင့် သေဆုံးသူဦးရေ စာရင်းများတွင် ဗြိတိန်မှာ အီတလီနှင့် စပိန်တို့ပြီးနောက် တတိယနေရာတွင်ရှိနေသည်။
သေဆုံးသူစာရင်းတွင်မူ အီတလီက (၂၇,၀၀၀) ကျော်ရှိပြီး၊ ဗြိတိန်က (၂၆,၀၀၀) ကျော်ဖြင့် ဒုတိယနေရာမှ လိုက်နေသည်။
Source: Daily Mail
ငြမ်းမီဒီယာ