COVID-19 နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့သတင်းစကား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO

COVID-19 ရောဂါကူးစက် ထားသူ (၈၅) ဦး တွေ့ရှိထား။

♦  ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ဖို့ အတွက် လိုအပ်ချက်တွေလည်း ပိုမို ထင်ရှား၊ တိကျစွာ ပေါ်လွင်လာ။

♦  အရေးကြီးဆုံး က အခြေအနေတွေကို အားလုံးရှင်းလင်းစွာ နားလည်ဖို့ လိုအပ် ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

  COVID-19 နဲ့ပတ်သက်လို့ ဥပဒေအရ အရေးယူခြင်းနဲ့ စမယ်။

♦  ဘယ်ဥပဒေအရ၊ ဘာလုပ်သူကို ဘယ်လို အရေးယူမယ်ဆိုတာ ဒီညထုတ်ပြန်မယ်။ အားလုံး အတွက် တစ်ပြေးညီ၊ မှန်ကန်မျှတ စေဖို့ ဖြစ်ပါတယ်။

  ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ ကိုလည်း ရပ်ရွာထဲမှာ တစ်နေ့ (၅) ကြိမ် လှည့် အော်ပါမယ်။ သေသေချာချာ နားထောင်၊ လိုက်နာ စေချင်။

  Quarantine ထားတာ အခြားသူတွေ (ကိုယ့်ရဲ့မိသားစုအပါအဝင်) ကို မကူးအောင်လို့နဲ့၊ ရောဂါလက္ခဏာတွေ့တာနဲ့ ကုသမှု ပေးနိုင်ဖို့ပါ။

♦  Quarantine ကထွက်ပြေးတဲ့နောက် COVID-19 က တန်းလန်း ပါလာရင် ဘယ့်လောက် ဆိုးမလဲ စဉ်းစားကြည့်ပါ။

♦  လွတ်လွတ်လပ်လပ် မသွားမလာရခြင်းနဲ့ပတ်သက်လို့ အတွေ့အကြုံ ရှိဖူးသူ တစ်ယောက် အနေနဲ့ အားပေးစကားလေးပါးပါရစေ။ ဒါတွေဟာပြီးသွားတာပဲ။ ပြန်ကြည့် လိုက်ရင်၊ “ခံနိုင်ခဲ့တယ်”ဆိုတဲ့ အင်အားကတော့ကျန်ခဲ့ပါတယ်။ သုံးပတ်ကို သည်းခံလိုက်ပါ။ နောင်အတွက် အင်အားဖြစ်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အရေးကြီး အင်အားတွေ ဖြစ်တဲ့ ရှေ့တန်းက ကျန်းမာရေး ဝန်ထမ်းတွေ၊ quarantine volunteer တွေရဲ့ ဆောင်ရွက်ချ က်တွေကို လက်တွေ့ကျကျ အသိအမှတ်ပြု၊ ပံ့ပိုးဖို့ အစီအစဉ် တွေလည်း ရက်ပိုင်းအတွင်း အကောင်အထည် ဖော်ပါမယ်။

♦  ဒီင်္သကြန်အတက်နေ့မှာ စိတ်မွန်းကြပ် နေတဲ့ ကျွန်မတို့ ပြည်သူ တွေ အမြန်ဆုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ ကောင်းကျိုး လိုအင်ဆန္ဒ အဝဝနဲ့ ပြည့်စုံနိုင်ကြ ပါ စေ။

ဧပြီ၊(၁၆)၊၂၀၂၀
ဒေါ်အောင်ဆန်းစုကြည်

မှတ်ချက် ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ဖေ့စ်ဘွတ်တွင်ဖော်ပြထားချက်အား ပြန်လည်ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,