COVID-19 နှင့် ပတ်သက်၍ ဥပဒေဖြင့် အရေးယူခြင်း စတင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO / နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

COVID-19 နှင့်ပတ်သက်၍ ဥပဒေဖြင့် အရေးယူခြင်းအား စတင်တော့မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

” COVID-19 နဲ့ပတ်သက်လို့ ဥပဒေအရ အရေးယူခြင်းနဲ့ စပါမယ်။ ဘယ်ဥပဒေအရ၊ ဘာလုပ်သူကို ဘယ်လို အရေးယူမယ်ဆိုတာ ဒီညထုတ်ပြန် ပါမယ်။ အားလုံး အတွက် တစ်ပြေးညီ၊ မှန်ကန် မျှတစေဖို့ ဖြစ်ပါတယ် ” ဟု ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင်ရေးသားထားသည်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် လိုအပ်ချက် များမှာလည်း ပိုမို ထင်ရှား၊ တိကျစွာ ပေါ်လွင် လာသည် ဟု ၎င်းက ဆိုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Quarantine ဝင်ရန် အချို့အနေဖြင့် သိပ်ကြောက်နေပြီး၊ စိုးရိမ် ပူပန်မှုများကိုလည်း တွေ့ရပြီး Quarantine ထားခြင်းသည် အခြား သူများ(မိမိ၏သားစုများ အပါအ ဝင်) ကို မကူးရန် နှင့် ရောဂါလက္ခဏာများတွေ့ရှိပါက ကုသမှုပေးနိုင်ရန် ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။။

“ Quarantine ကထွက်ပြေးတဲ့နောက် COVID-19 က တန်းလန်း ပါလာရင် ဘယ့်လောက် ဆိုးမ လဲ စဉ်းစားကြည့်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည် က ဆိုသည်။

“ ဒါတွေဟာပြီးသွားတာပဲ။ ပြန်ကြည့် လိုက်ရင်၊ “ခံနိုင်ခဲ့တယ်”ဆိုတဲ့ အင်အားကတော့ ကျန်ခဲ့ပါတယ်။ သုံးပတ်ကို သည်းခံလိုက်ပါ။ နောင်အတွက် အင်အားဖြစ်နိုင်ပါတယ်။ ” ဟု Quarantine ကြောင့် လွတ်လွတ်လပ်လပ် မသွားရသူများကို စစ်အစိုးရခေတ်တွင် နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည့် အတွေ့အကြုံကို အခြေခံ၍ ဒေါ်အောင်ဆန်းစုကြည် က အားပေးစကား ဆိုခဲ့သည်။

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးတွင် ရှေ့တန်း က ဆောင်ရွက်နေသည့် ကျန်းမာရေး ဝန်ထမ်း များ၊ quarantine volunteer များ ကို လက်တွေ့ကျကျ အသိ အမှတ်ပြု၊ ပံ့ပိုးရန် အစီအစဉ်များကို ရက်ပိုင်းအတွင်း အကောင် အထည် ဖော်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဧပြီလ၊(၁၆)ရက်နေ့ ၃:၀၀ AM စာရင်းအရ မြန်မာနိုင်ငံတွင် COVID – 19 ရောဂါပိုးတွေ့ရှိသူ (၈၅) ဦး ရှိပြီဖြစ်သည်။

လာမည့် ရက်သတ္တပတ်များသည် ခက်ခဲမည့် အချိန်ကာလများ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားကြရန် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,