COVID-19 ပိုးတွေ့လူနာများ သွားလာနေထိုင်ခဲ့သော ခရီးနေရာများ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Mish Vizesi

C – 24 ဓာတ်ခွဲအတည်ပြုလူနာ

အသက် (၃၂) နှစ်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်း‌ဒေသကြီး

ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော အဆိုပါလူနာသည် စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

(၁၉-၃-၂၀၂၀)ရက်နေ့တွင် Silk Air လေကြောင်း လိုင်းဖြင့် စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

ရန်ကုန်သို့ ပြန်ရောက်ပြီးနောက် ၆ မိုင်ခွဲ City Mart (Marketplace) သို့ ငါးကြိမ်ခန့် သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

(၁-၄-၂၀၂၀)ရက်နေ့မှစ၍ ဖျားခြင်း၊ မောပန်းခြင်း၊ ခံစားခဲ့ရကာ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသခြင်းမရှိဘဲ သက်သာသွားခဲ့ပါသည်။

(၆-၄-၂၀၂၀)ရက်နေ့တွင် လည်ချောင်းနာခြင်းနှင့် ချောင်းဆိုး ခြင်းများ ဆက်လက်ဖြစ်ပွားခဲ့သဖြင့် (၈-၄-၂၀၂၀)ရက်နေ့၊ နေ့လယ်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ဒေသန္တရကျန်းမာရေးဌာနသို့ သွားရောက်ပြသခဲ့ရာ ထိုမှတစ်ဆင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့၍ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ကာ သီးခြားထားရှိကုသမှု‌ ဆောင်ရွက်ခဲ့ပြီး လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါအမျိုးသားမှာလွန်ခဲ့သော (၁၄) ရက်အတွင်း ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိပါ။

၎င်းသည် ရန်ကုန်မြို့ရှိ နေအိမ်တွင် အတူနေသည့် မိသားစုဝင် (၄) ဦး၊ အလုပ်သမား (၃) ဦးတို့ ရှိကြောင်းသိရှိရပြီး ၎င်းတို့အား အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

C – 25 ဓာတ်ခွဲအတည်ပြုလူနာ

အသက် (၅၅) နှစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

ဓာတ်ခွဲအတည်ပြုလူနာ Case 25 သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် နေထိုင်သူဖြစ်ပြီး (၂-၄-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၉-၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာ အဖြစ်သတ်မှတ်၍ ဓာတ်ခွဲနမူနာ ရယူခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါအမျိုးသားမှာ လွန်ခဲ့သော (၁၄) ရက်အတွင်း COVID-19 ရောဂါဖြစ်ပွားလျက်ရှိသည့် ဒေသများသို့ ခရီးသွားရောက်ခဲ့သည့် ရာဇဝင်နှင့် ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိပါ။

(၂၃-၃-၂၀၂၀) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ ရန်ကုန်လေဆိပ်မှ MNA လေကြောင်းလိုင်း၊ လေယာဉ်အမှတ် (UB-303) ဖြင့် စီးနင်းလိုက်ပါခဲ့ကြောင်း သိရှိရပါသည်။

(၂၅-၃-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ MNA လေကြောင်းလိုင်း၊ လေယာဉ်အမှတ် (UB-386) ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

၎င်းတွင် သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိသဖြင့် အထူးကြပ်မတ် ကုသမှုပေးလျက်ရှိပါသည်။

အတူနေမိသားစုဝင် (၆) ဦးရှိပြီး ၎င်းတို့အား အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

C – 26 ဓာတ်ခွဲအတည်ပြုလူနာ

အသက် (၅၆) နှစ်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်း‌ဒေသကြီး

ဓာတ်ခွဲအတည်ပြုလူနာ Case-026 သည် ရန်ကုန်တိုင်း‌ဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး (၁-၄-၂၀၂၀) ရက်နေ့ မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် (၈-၄-၂၀၂၀) ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိပြီး ကုသမှု‌ပေးခဲ့ပြီး ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါအမျိုးသမီးမှာ လွန်ခဲ့သော (၁၄) ရက်အတွင်း COVID-19 ရောဂါဖြစ်ပွားလျက်ရှိသည့် ဒေသများသို့ ခရီးသွားရောက်ခဲ့သည့် ရာဇဝင်နှင့် ဓာတ်ခွဲအတည်ပြု လူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိပါ။

အဆိုပါလူနာသည် လေဖြတ်ထားသူ တစ်ဦးဖြစ်ပြီး သွေးတိုးရောဂါနှင့် ဆီးချိုရောဂါအခံရှိကြောင်း သိရှိရပါသည်။

၎င်း၏ခင်ပွန်းဖြစ်သူမှာ (၂၀-၃-၂၀၂၀) ရက်နေ့တွင် စင်ကာပူနိုင်ငံမှ ပြန်လာသူ တစ်ဦးနှင့် (၃) နာရီခန့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိပြီး၊ (၂၉-၃-၂၀၂၀) ရက်နေ့မှစ၍ အဖျားရောဂါ စတင်ခံစားခဲ့ရကြောင်းနှင့် ယခုအခါ အဖျားရောဂါသက်သာ ပျောက်ကင်းသွားပြီ ဖြစ်ကြောင်း သိရှိရပါသည်။

လူနာနှင့်အတူနေမိသားစုဝင် (၆) ဦး၊ ယာဉ်မောင် (၂) ဦးနှင့် ၎င်းယာဉ်မောင်းများ၏ မိသားစုဝင်များအား အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

C – 27 ဓာတ်ခွဲအတည်ပြုလူနာ

အသက် (၂၄) နှစ်၊ ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ်

ဓာတ်ခွဲအတည်ပြုလူနာ Case-027 သည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သော တစ်လခန့်က ထိုင်းနိုင်ငံ၊ လျပူရီခရိုင်သို့ အလုပ်အကိုင်ရှာဖွေရန် သွားရောက်နေထိုင်ခဲ့စဉ် ဗိုက်အောင့်ဝေဒနာ ခံစားခဲ့ရ သဖြင့် ထိုင်းနိုင်ငံ၌ (၁) လခန့်ကြာ ဆေးရုံတက် ရောက်ကုသမှုခဲ့ယူခဲ့ကြောင်း သိရှိရပါသည်။

(၂၀-၃-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့မှတစ်ဆင့် ၎င်းနေထိုင်ရာ ကျိုက်မရောမြို့နယ်ရှိ ကျေးရွာသို့ ပြန်လည် ရောက်ရှိခဲ့ကာ နေအိမ်တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံနေရာမှ (၂၉-၃-၂၀၂၀) ရက်နေ့တွင် ကျိုက်မရောမြို့နယ်ရှိ အထက်တန်းကျောင်း တစ်ခုသို့ ပို့ဆောင်၍ အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း (Facility Quarantine) အဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ပါသည်‌။

ထိုသို့ဆောင်ရွက်ထားရှိစဉ် ဗိုက်အောင့်ဝေဒနာ ထပ်မံခံစားခဲ့ရသဖြင့် (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပြည်သူ့ဆေးရုံ၊ ကျိုက်မရောမြို့သို့ ပို့ဆောင်ကာ ဆေးရုံတွင်အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုကုသမှု (Hospital Quarantine) ဆောင်ရွက်ခဲ့ပြီး (၈-၄-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။

၎င်းတွင် အတူနေမိသားစုဝင် (၄) ဦးရှိကြောင်းသိရှိရပြီး ၎င်းတို့အားအသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

Source – MOHS


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: ,