COVID-19 ပိုးတွေ့လူနာများ သွားလာနေထိုင်ခဲ့သော ခရီးနေရာများ (C – 17 to C – 23 )

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Adam Nieścioruk

C – 17, 18, 19, 20 ဓာတ်ခွဲအတည်ပြုလူနာများ

ဓာတ်ခွဲအတည်ပြုလူနာ (C-17, C-18, C-19,C-20) တို့သည် ဓာတ်ခွဲအတည်ပြု လူနာ (C-15) အသက် (၄၅)နှစ် အမျိုးသမီး၏ မိသားစုဝင်များဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာ(C-17) သည် ဓာတ်ခွဲအတည်ပြုလူနာ (C-15) ၏ အမျိုးသား အသက် (၄၇) နှစ်၊

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဓာတ်ခွဲအတည်ပြုလူနာ(C-18) သည် ဓာတ်ခွဲအတည်ပြုလူနာ (C-15) ၏ သား အသက် (၁၀) နှစ်၊

ဓာတ်ခွဲအတည်ပြုလူနာ(C-19)သည် ဓာတ်ခွဲအတည်ပြုလူနာ (C-15) ၏သမီး အသက် (၈) နှစ်၊

ဓာတ်ခွဲအတည်ပြုလူနာ(C-20)သည် ဓာတ်ခွဲအတည်ပြုလူနာ (C-15) ၏ တူမ အသက် (၁၈) နှစ်၊

ဓာတ်ခွဲအတည်ပြုလူနာ (C-15) သည် နိုင်ငံခြားသားများကျန်းမာရေးစစ်ဆေးပေးသည့် ဆေးခန်းတွင် အလုပ်လုပ်ကိုင်သော သူနာပြုဆရာမ တစ်ဦးဖြစ်ပါသည်။

၄င်းသည် (၂၆-၃-၂၀၂၀) ရက်နေ့တွင်ဖျားခြင်း၊ လည်ချောင်းနာခြင်းတို့ကို စတင်ခံခဲ့ရပြီး အတူနေ သား၊ သမီးနှင့် တူမတို့အားခေါ်ယူရန် လူနာ၏ခင်ပွန်းဖြစ်သူသည် (၂၆-၃-၂၀၂၀)ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်နေအိမ်သို့ ရောက်ရှိခဲ့ပြီး တာဝန်ကျရာ ပေါက်ခေါင်းမြို့ရှိ ဝန်ထမ်းအိမ်ရာရှိ ၎င်း၏နေအိမ်သို့ ကိုယ်တိုင်ကားမောင်း၍ (၂၇-၃-၂၀၂၀) တွင် ခေါ်ဆောင်ခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့ နေ့လည်ပိုင်း၌ ပြည်မြို့ရှိ စတိုးဆိုင်တွင်လိုအပ်သောပစ္စည်း၀ယ်ယူ၍ ပေါက်ခေါင်းမြို့ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာ(C-17)သည် (၂၈-၃-၂၀၂၀) ရက်နေ့နှင့် (၂၉-၃-၂၀၂၀) ရက်နေ့တို့တွင် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ၄င်း၏ဇနီး (ဓာတ်ခွဲအတည်ပြုလူနာ C-15)အား (၃၀-၃-၂၀၂၀)ရက်နေ့တွင် စောင့်ကြည့်လူနာအဖြစ် ရန်ကုန်အနောက်ပိုင်းဆေးရုံတွင် သီးခြားထားရှိ စောင့်ကြပ်ကြည့်ရှုခဲ့သည့် (၃၀-၃-၂၀၂၀) ရက်နေ့မှစတင်၍ ၄င်းတို့ မိသားစုအား ပေါက်ခေါင်းမြို့နေအိမ်တွင် အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုခဲ့ပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဓာတ်ခွဲအတည်ပြုလူနာ (C-15) ဓာတ်ခွဲအတည်ပြုလူနာအဖြစ် သိရှိရပြီးနောက်သည့် (၁-၄-၂၀၂၀)ရက်နေ့ တွင် အဆိုပါမိသားစုဝင်များထံမှ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ပြီး (၂-၄-၂၀၂၀)ရက်နေ့ တွင် ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း သိရှိခဲ့ရသဖြင့် ၎င်းတို့(၄)ဦးအား ပြည်မြို့ ခုတင် (၅၀၀)အထွထွေရောဂါကုဆေးရုံကြီးသို့ စနစ်တကျလွှဲပြောင်း၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပါသည်။

၎င်းတို့ (၄)ဦး၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။

၄င်းတို့ထံမှ ဓာတ်ခွဲ နမူနာရယူစစ်ဆေးခဲ့ရာ လူနာအမှတ် (၂၂) ၏ ဓာတ်ခွဲအဖြေ၌ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပါသည်။ ၄င်း၏သားတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။ လူနာ၏ လက်ရှိအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။

လေဆိပ်မှ ဗိုလ်တစ်ထောင်မြို့နယ်ရှိ သတ်မှတ်ထားဟိုတယ်တွင် အသွားအလာကန့်သတ်ထားရှိရန် ဘတ်စ်ကားဖြင့် ပို့ဆောင်ခဲ့ရာ ကားပေါ်တွင် ကျန်ခရီးသည် (၁၈) ဦးနှင့်အတူ စီးနင်းခဲ့ပါသည်။ ၄င်းတို့အား ဆက်လက်စောင့်ကြပ်ကြည့်ရှု လျက်ရှိပါသည်။

C-21 ဓာတ်ခွဲအတည်ပြုလူနာ

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှ (၂၄-၃-၂၀၂၀)ရက်နေ့တွင် KE-082 (ခုံမှတ်-62) ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀)နာရီ အချိန်တွင် ရောက်ရှိခဲ့ပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

(၂၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအချိန်တွင် KE-659 (ခုံမှတ်-40) ဖြင့် ကိုရီးယားသမ္မတ နိုင်ငံ၊ ဆိုးလ်မြို့ မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ပါသည်။

(၂၆-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ MAI 8M-336 (ခုံမှတ်-18F) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။

လေဆိပ်မှ ဗိုလ်တစ်ထောင်မြို့နယ်ရှိ သတ်မှတ်ထားဟိုတယ်တွင် အသွားအလာကန့်သတ် ထားရှိရန် ဘတ်စ်ကားဖြင့် ပို့ဆောင်ခဲ့ရာ ကားပေါ်တွင် ကျန်ခရီးသည် (၁၈) ဦးခန့် နှင့်အတူ စီး နင်းခဲ့ပါသည်။ ၄င်းတို့အား ဆက်လက်စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာနှင့်၎င်း၏အမေ၊ အသက် (၅၁)နှစ်မှာ ဟိုတယ်တွင် တစ်ခန်းတည်း အတူတူနေထိုင်ခဲ့ပြီး ၎င်း၏ မောင်ဖြစ်သူ၊ အသက် (၁၉)နှစ် မှာ အခြားအခန်းတွင် နေထိုင်ခဲ့ ပါသည်။

လူနာ၏မောင်နှင့်မိခင်အား ဝေဘာဂီအထူးကုဆေးရုံကြီး အသွားအလာကန့်သတ်ပြီး စောင့် ကြပ်ကြည့်ရှုထားရှိပါသည်။ ၄င်းတို့၏လက်ရှိအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက် ရှိပါသည်။

C-22 ဓာတ်ခွဲအတည်ပြုလူနာ

အဆိုပါလူနာသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော အသက် (၅၁) နှစ် အရွယ် အမျိုးသမီးဖြစ်ပြီး သမီး (လူနာ-၂၁) နှင့် သားဖြစ်သူတို့နှင့်အတူ (၇-၃-၂၀၂၀)ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့သို့ အလည်သွားရောက်ခဲ့ပြီး အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှ (၂၄-၃-၂၀၂၀) ရက်နေ့တွင် KE-082 (ခုံမှတ်-62) ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ (၂၅-၃-၂၀၂၀) ရက်နေ့၊ ညနေ (၄:၀၀)နာရီ အချိန်တွင် ရောက်ရှိခဲ့ပါသည်။

(၂၅-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအချိန်တွင် KE-659 (ခုံမှတ်-40) ဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ထွက်ခွာခဲ့ပါသည်။ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ MAI 8M-336 (ခုံမှတ်-18) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ ၄င်းနေ့မှစတင်၍ အဆိုပါလူနာ၊ ၄င်း၏သမီးနှင့်သားတို့အား ဗိုလ်တထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခဲ့ပါသည်။

(၄-၄-၂၀၂၀) ရက်နေ့တွင် ၄င်း၏သမီးဖြစ်သူ လူနာ (၂၁)၏ ဓာတ်ခွဲအဖြေ၌ COVID-19 ရောဂါပိုးတွေ့ရှိခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုသို့ ခရီးအတူသွားရောက်ခဲ့သည့် လူနာ (၂၂) နှင့် ၄င်း၏သားတို့အား (၅-၄-၂၀၂၀)ရက်နေ့မှ စတင်၍ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် အသွားအလာကန့်သတ်ပြီး စောင့်ကြပ်ကြည့်ရှုထားရှိခဲ့ပါသည်။

C – 23 ဓာတ်ခွဲအတည်ပြုလူနာ

အသက် (၅၈) နှစ်၊ တီးတိန်မြို့နယ်၊ ချင်းပြည်နယ်

ဓာတ်ခွဲအတည်ပြုလူနာ Case–023 သည် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာ (Case–001)၏ မိခင်ဖြစ်ပါသည်။

အဆိုပါလူနာသည် သားဖြစ်သူ Case-001 နှင့် အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှ (၁၃-၃-၂၀၂၀) ရက်နေ့တွင် “ American Airways (AA3269)” ဖြင့် Chicago မြို့သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် Doha သို့ “ Qatar Airways(QR726)” ဖြင့်လည်းကောင်းထွက်ခွာခဲ့ပါသည်။

(၁၄-၃-၂၀၂၀) ရက်နေ့တွင် Doha မြို့မှ “ Qatar Airways (QR918)” ဖြင့် ထွက်ခွာလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၅-၃-၂၀၂၀) ရက်နေ့၊ နံနက် (၅:၃၅)နာရီအချိန်တွင် ရောက်ရှိခဲ့ပါသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ လေဆိပ်သို့ “ Myanmar National Airways (UB503)” ဖြင့် ထွက်ခွာလာခဲ့ရာ (၁၅-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၂:၃၀) အချိန်တွင် ရောက်ရှိခဲ့ပါသည်။

(၁၇-၃-၂၀၂၀) ရက်နေ့တွင် ကလေးမြို့မှ တီးတိန်မြို့သို့ ပြည်ချစ်သားလိုင်းကားဖြင့် ထွက်ခွာ ခဲ့ပြီး၊ (၁၈-၃-၂၀၂၀)ရက်နေ့တွင် ကပ်တဲလ်ကျေးရွာသို့ ရောက်ရှိခဲ့ပါသည်။

Case-001 သည် (၁၉-၃-၂၀၂၀) ရက်နေ့တွင် စတင်ဖျားနာခဲ့သဖြင့် အိမ်တွင် စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်စဉ် Case-023 အားလည်း အလားတူ အိမ်၌ပင် စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပါသည်။

Case-001 အား ဓာတ်ခွဲအတည်ပြုပြီးချိန်တွင် အဆိုပါ အမျိုးသမီးအား ရွာအတွင်းရှိ သီးသန့်အိမ်တစ်လုံးတွင် သီးခြားခွဲခြား စောင့်ကြပ်ကြည့်ရှုလျက်ထားရှိခဲ့ပါသည်။ စောင့်ကြပ်ကြည့်ရှုခြင်း ပြီးမြောက်ခါနီးဖြစ်၍ (၇-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။

ယနေ့အထိ အဆိုပါ အမျိုးသမီးတွင် သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာ တွေ့ရှိရခြင်း မရှိပါ။

အဆိုပါ လူနာအား တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သော ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

Source – MOHS


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: ,