COVID-19 ပိုးတွေ့လူနာများ သွားလာနေထိုင်ခဲ့သော ခရီးနေရာများ (C-10 to C – 16 )

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Dhaya Eddine Bentaleb

C-10 ဓာတ်ခွဲအတည်ပြုလူနာ

အဆိုပါလူနာသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05) နှင့် အနီးကပ် ထိတွေ့ ခဲ့သည့် ရာဇဝင်ရှိသည့်အတွက် (၂၈-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံကြီး၌ အသွားအလာ ကန့်သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာရယူပြီး ပေးပို့ စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါလူနာအား ဓာတ်ခွဲအတည်ပြုစစ်ဆေးတွေ့ရှိပြီးချိန်မှစ၍ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှုပေးလျက်ရှိပါသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဆိုပါလူနာသည် (၂၅-၃-၂၀၂၀) ရက်နေ့မှစ၍ ၎င်း၏ဖခင်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လိုက်ပါ ပြုစုခဲ့ကြောင်း သိရှိရပါသည်။

C – 11, 12, 13 ဓာတ်ခွဲအတည်ပြုလူနာများ

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများသည် ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်သူများဖြစ်ပြီး ဓာတ်ခွဲ အတည်ပြုလူနာ Case – 08 နှင့်အတူ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ ပုဂံ၊ အင်းလေး၊ ပင်းတယသို့ သွားရောက် လည်ပတ်ခဲ့ကြောင်းသိရှိရသဖြင့် ၎င်းတို့ထံမှ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးခဲ့ရာ (၃၀-၃-၂၀၂၀) ရက်နေ့ တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများသည် ရန်ကုန်မြို့သို့ SQ-918 လေယာဉ်ဖြင့် (၁၄-၃-၂၀၂၀) ရက်နေ့တွင် ရောက်ရှိလာခဲ့ပါသည်။

(၁၄-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၁:၃၀) နာရီတွင် ရန်ကုန်မှ မန္တလေးသို့ Air-KBZ (K76221) လေယာဉ်ဖြင့် ထွက်ခွာခဲ့ပါသည်။

မန္တလေးမြို့တွင် (၁၄-၃-၂၀၂၀) ရက်နေ့မှ (၁၆-၃-၂၀၂၀)ရက်နေ့အထိ တည်းခို နေထိုင်ခဲ့ပြီး (၁၆-၃-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့သို့ လည်းကောင်း၊ (၁၇-၃-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့မှ ပခုက္ကူမြို့သို့လည်းကောင်း၊ (၁၈-၃-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့မှ ပုဂံသို့ လည်းကောင်း၊ (၂၀-၃-၂၀၂၀) ရက်နေ့တွင် အင်းလေး၊ ပင်းတယသို့ ကားဖြင့်ထွက်ခွာခဲ့ပါသည်၊

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

(၂၂-၃-၂၀၂၀) ရက်နေ့တွင် ငပလီသို့ 7Y-161 လေကြောင်းဖြင့် သွားရောက်ခဲ့ပါသည်။

(၂၅-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်သို့ 7Y-161 လေကြောင်းဖြင့် ပြန်လည် ရောက်ရှိလာပြီး တာမွေမြို့နယ်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ခဲ့ကြောင်းသိရှိရပါသည်။

(၂၆-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့တွင်းရှိ လေယာဉ်လက်မှတ်အရောင်းဌာနများသို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

(၂၈-၃-၂၀၂၀) ရက်နေ့တွင် Case – 08 တွင် COVID-19 ရောဂါပိုးဓာတ်ခွဲ အတည်ပြု တွေ့ရှိသဖြင့် ၎င်းတို့ တည်းခို နေထိုင်သည့် ဟိုတယ်တွင် အသွားအလာကန့်သတ်ခြင်းပြုလုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

၎င်းတို့တွင် သံသယရောဂါလက္ခဏာတစ်စုံတစ်ရာမရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံ ကြီးသို့ ပြောင်းရွှေ့ကုသမှုခံယူစေ၍ သီးခြားထားရှိ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

C – 14 ဓာတ်ခွဲအတည်ပြုလူနာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဆိုပါလူနာသည် ထိုင်းငံတွင်နေစဉ် အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ များခံစားရသဖြင့် ဘန်ကောက်မြို့မှ တာချီလိတ်မြို့ အငှားယာဉ်ဖြင့် ပြန်လာပြီး တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုနေထိုင်ခဲ့ပါသည်။

(၂၇-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၁:၃၀) တွင် ဟိုတယ်မှ တာချီလိတ်လေဆိပ်သို့ Taxi ဖြင့်သွားရောက်ခဲ့ပါသည်။

လေဆိပ်အပေါ်ထပ်တွင်နေ့လည်စာ စားသုံးခဲ့ပြီး ညနေ (၅:၃၀)နာရီ အချိန်တွင် Air KBZ လေကြောင်းလိုင်းဖြင့် မန္တလေးမြို့သို့ထွက်ခွာခဲ့ပါသည်။

မန္တလေးမြို့တွင် ၎င်း၏သူငယ်ချင်းဖြစ်သူများမှ ကိုယ်ပိုင်ကားဖြင့် လာရောက် ကြိုဆိုခဲ့ပြီး ကျောက်မဲမြို့သို့ဆက်လက်ထွက်ခွာခဲ့ပါသည်။

ကျောက်မဲသို့ရောက်ရှိချိန်တွင် ကျောက်မဲဆေးရုံ၊ ပြင်ပလူနာဌာနသို့ သွားရောက်ပြသခဲသဖြင့် နေအိမ်တွင် အသွားအလာကန့်သတ်ခြင်းပြုလုပ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိရာ (၂၈-၃-၂၀၂၀) ရက်နေ့ ည (၉:၄၅) အချိန်တွင် အန်သဖြင့် ဆေးရုံသို့ ဖုန်းဖြင့်အကြောင်းကြားရာ ဆေးရုံမှ တာဝန်ရှိသူများမှ သီးခြားစမ်းသပ်ခန်းတွင် လာရောက်ပြသစေခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိ ဆေးကုသမှုပေး၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ပါသည်။

(၃၀-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ အဆိုပါလူနာတွင် COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြုတွေ့ရှိခဲ့ပါသည်။

C – 15 ဓာတ်ခွဲအတည်ပြုလူနာ

နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးသော ဆေးခန်းတစ်ခုတွင် အလုပ်လုပ်သူ အသက်(၄၅) အရွယ် သူနာပြုတစ်ဦးသည် (၂၆.၃.၂၀၂၀)ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်းတို့ကို စတင်ခံစားခဲ့ရပြီး (၂၇.၃.၂၀၂၀)ရက်နေ့နှင့် (၂၉.၃.၂၀၂၀)ရက်နေ့တို့ တွင် ၎င်းအလုပ်လုပ်ရာ ဆေးခန်းသို့ ဆေးခန်းမှစီစဉ်ပေးသော ကားဖြင့် သွားရောက်ပြသခဲ့ပါသည်။

အဆိုပါဆေးခန်းတွင်လူနာအား သီးခြားခွဲ၍ Isolation Room တွင်ထား၍ ကုသမှုပေးခဲ့ပြီး (၃၀.၃.၂၀၂၀)ရက်နေ့တွင် ဆေးခန်းမှ ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးသို့သတင်းပို့ကာ ထိုမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနသို့ အကြောင်းကြားခဲ့ရာ လူနာအား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ဆေးခန်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်အနောက်ပိုင်းဆေးရုံသို့ စနစ်တကျ လွှဲပြောင်းကုသမှုခံယူခဲ့ပါသည်။

C – 16 ဓာတ်ခွဲအတည်ပြုလူနာ

အသက် (၆၃) နှစ်အရွယ် အဆိုပါလူနာသည် (၁၅-၃-၂၀၂၀) ရက်နေ့၊ ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဂ) ရပ်ကွက်၊ နီလာ (၁)လမ်းတွင် ခေတ္တတည်းခို နေထိုင်ခဲ့ပါသည်။

ထိုသို့တည်းခိုနေထိုင်စဉ် (၂) ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းများ ခံစားခဲ့ရသဖြင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ပြင်ပဆေးခန်းသို့ သွားရောက်ပြသခဲ့ပြီး (၂၇-၃-၂၀၂၀) ရက်နေ့တွင် ရောဂါမသက်သာဘဲ ကိုယ်အပူချိန်မြင့်တက်လာခြင်းတို့ကြောင့် (၃၁-၃-၂၀၂၀) ရက်နေ့တွင် မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးသို့ ဆိုက်ကားဖြင့် သွားရောက်ပြသခဲ့ရာ အရေးပေါ်ဌာနတွင် ဦးစွာပြသခဲ့ပြီး ဆေးကုသဆောင်သို့ လွှဲပြောင်းပေးခဲ့ပါသည်။

လူနာတွင် ဆီးချိုရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိကြောင်း သိရှိရပါသည်။

ဆေးရုံသို့ရောက်ရှိပြီး(၂)နာရီကြာအထိ ပြည်ပနိုင်ငံသို့ခရီးသွားရာဇဝင်ရှိခြင်း (သို့မဟုတ်) ပြည်ပနိုင်ငံသို့ ခရီးသွားရောက်ခဲ့သူနှင့် ထိတွေ့သည့် ရာဇဝင်ရှိခြင်းကို တိကျစွာ မသိရှိရခြင်းကြောင့် မြောက်ဥက္ကလာပသင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း (၁၇) ဦးတို့သည် အနီးကပ် ထိတွေ့သူများဖြစ်ခဲ့ပါသည်။

ဒူဘိုင်းမှပြန်လာသည့် သားဖြစ်သူနှင့် ထိတွေ့မှုရှိကြောင်း လူနာထံမှ သိရှိရချိန်မှစ၍ လူနာအား စောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ သီးခြားဆောင် (Isolation ward) တွင် သီးခြားထားရှိကုသမှုပေးခဲ့ပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ပါသည်။

အဆိုပါလူနာတွင် (၁-၄-၂၀၂၀) ရက်နေ့၌ ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး ဓာတ်ခွဲ အတည်ပြု တွေ့ရှိခဲ့ပြီးနောက် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ စနစ်တကျလွှဲပြောင်းကုသမှုခံယူစေခဲ့ပါသည်။

(၁၅-၃-၂၀၂၀) ရက်နေ့မှ (၃၀-၃-၂၀၂၀) ရက်နေ့အတွင်း သမိုင်းလမ်းဆုံသို့ ဘတ်စ်ကားဖြင့် တစ်ကြိမ် သွားရောက်ခဲ့ ကြောင်းသိရှိရပါသည်။

သို့ဖြစ်ပါ၍ အဆိုပါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူ စုစုပေါင်း (၅၈) ဦးအား အသွားအလာတားမြစ်ပိတ်ပင် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

Source – MOHS


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,