COVID – 19 ရောဂါအတွက် ဆေးဝါးသစ်တစ်မျိုးဖြင့် စမ်းသပ်ကုသအောင်မြင်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Cleveland

COVID – 19 ရောဂါကူးစက်ခံလူနာများကို Remdesivir ဟူသောဆေးဖြင့် စမ်းသပ်ကုသမှု ပြုလုပ်ခဲ့ရာ လျင်မြန်စွာ ပျောက်ကင်း ခဲ့သည်ကိုတွေ့ရကြောင်း STAT News သတင်းက ဖော်ပြခဲ့သည် ။

အဆိုပါသတင်းတွင် စမ်းသပ်ဆေးဝါးအသစ် Remdesivir ဖြင့် ကုသခံခဲ့သည့်လူနာများနှင့် ဆွေးနွေးခန်းဗီဒီယိုဖိုင်ထဲတွင် လူနာများသည် တပတ်မကြာမီအချိန်အတွင်းမှာပင် ဆေးရုံမှဆင်းနိုင်ခဲ့ကြောင်း၊ စမ်းသပ်ကုသခံခဲ့သည့်လူနာများမှာ ပြင်းထန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့်အဖျားရောဂါခံစားခဲ့ရသူများဖြစ်ကြောင်း ဖော်ပြထားသည်။

“သတင်းကောင်းကတော့ ကျမတို့လူနာတွေအများစုဟာ ဆေးရုံကပြန်ဆင်းနိုင်ခဲ့ကြတာပါပဲ။ လူနာနှစ်ဦးပဲ ဆုံးပါးခဲ့ရတာပါ” ဟု ချီကာဂိုတက္ကသိုလ်မှ ကူးစက်ရောဂါကျွမ်းကျင် ပညာရှင် ဒေါက်တာကတ်သလင်းမာလိန်းက ဗီဒီယိုထဲတွင် ပြောကြားသည်။ သို့သော် စီအဲန်အန်သတင်းက စုံစမ်းမှုကိုမူ ဒေါက်တာမာလိန်းဘက်က တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ချီကာဂိုတက္ကသိုလ်ကလည်း ဆေးအသစ်ကို စမ်းသပ်မှုမှ တရားဝင်ရလဒ်များ အဆင်သင့်ရရှိမှသာ ထုတ်ပြန်မည်ဖြစ်ကြောင်း ဆိုထားသည်။

လက်ရှိတွင် COVID -19 ခေါ် ကိုရိုနာဗိုင်းရပ်စ် ဝေဒနာရှင် များအား အမျိုးသားကျန်းမာရေးအင်စတီကျုများဌာန (National Institutes of Health) တွင်ဆေးဝါးပေါင်းစုံဖြင့်စမ်းသပ်ကုသနေပြီး အထက်ပါ remdesivir ဆေးဝါးလည်း အပါအဝင်ဖြစ်သည်။

Gilead Sciences ဆေးသုတေသနကုမ္ပဏီမှ စမ်းသပ်နေသည့်ဤဆေးကို အီဘိုလာရောဂါကုသမှုတွင် စမ်းသပ်ခဲ့ရာ အနည်းငယ်သာ အောင်မြင်မှုရခဲ့ဖူးသည်။

သို့သော် တိရစ္ဆာန်များနှင့် စမ်းသပ်ကုသမှုများတွင် ဆေးသည် ကိုရိုနာဗိုင်းရပ်စ်နှင့် ဆားစ် SARS ၊ မားစ် MERS ရောဂါကဲ့သို့သော အသက်ရှုလမ်းကြောင်းဆိုင်ရာဗိုင်းရပ်စ်များကို ကာကွယ်နိုင်ပြီး၊ ကုသနိုင်ကြောင်းလည်းသိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း remdesivir ဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကုသရေးအတွက် အလားအလာရှိကြောင်း ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ဖူးသည် ။

Gilead ကုမ္ပဏီသည် ရောဂါပြင်းထန်အဆင့်ရှိ လူနာပေါင်း (၂,၄၀၀) ခန့်ကို ဤဆေးဖြင့်စမ်းသပ်နေပြီး၊ ကမ္ဘာအနှံ့ရှိ ဆေးရုံ (၁၆၉) ခုတွင်လည်း လူနာ (၁,၆၀၀) ကို စမ်းသပ်ကုသနေကြောင်း စီအန်အန်သတင်းကဖော်ပြသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Gilead သည် Remdesivir ဆေးဖြင့် စမ်းသပ်ကုသမှုရလဒ် များကို ယခုလကုန်ပိုင်းတွင် ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်းသိရသည်။

Source – CNN


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,