COVID-19 လူနာ (၈) ဦးနှင့် ထိတွေ့ခဲ့သူ (၄၇၀) ဦးကျော်ကို ကန့်သတ်စောင့်ကြပ်ကြည့်ရှုနေ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Martin Sanchez

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၈) ဦးနှင့် ထိတွေ့ခဲ့ သူများကို ရှာဖွေ ထောက်လှမ်းခဲ့ရာ (၄၇၀) ဦးကျော်ကို တွေ့ရှိခဲ့ ပြီး ၎င်းတို့တွင် ရောဂါကူးစက် ခံထားရခြင်း ရှိ၊ မရှိနှင့် ရှိခဲ့ပါက ၎င်းတို့မှတစ်ဆင့် ထပ်မံ ကူးစက်ပြန့်ပွားခြင်း မရှိ စေရေး အတွက် အသွား အလာ ကန့်သတ် စောင့်ကြပ် ကြည့်ရှုခြင်း များကို ဆောင်ရွက်လျက် ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က ပြောသည်။

နေပြည်တော်တွင် ပြုလုပ်သည့် အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်သော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေး က ပြောကြား သွားခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ မတ်လ(၂၉)ရက်နေ့၊ ည(၈) နာရီ သတင်းထုတ်ပြန်ချက် အရ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၈) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၃) ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကုသမှု ခံယူ လျက် ရှိသော လူနာ (၁) ဦး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး တွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ စုစုပေါင်း (၆) ဦးတို့၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး ဝေဘာဂီ အထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေး လျက်ရှိသည်ဟု သိရသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မတ်လ(၂၈) ရက်နေ့၊ညနေ (၆)နာရီမှ မတ်လ(၂၉)ရက်နေ့ ညနေ (၆)နာရီအထိ စောင့်ကြည့်လူနာ အသစ် (၄၅)ဦး ရှိသည်ဟု ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ၏ သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,