COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးတွင် လိုအပ် လာပါကတပ်မတော်ထံအကူအညီ တောင်းခံ သွားမည်ဖြစ်ကြောင်း KIA/KIO ကပြောသည်။
တပ်မတော်က KIA/KIO အတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်းမှုတွင် KIA/KIO မှ ကျေးဇူးတင်စကား ပြောကြားခဲ့ရာ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
MWD
KIA/KIO အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တက်နိုင်သရွေ့ဆောင်ရွက် နေသော်လည်း ပြည့်စုံမှုမရှိ သေးဟု KIA/KIO က ပြောသည်။
တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ အရေအတွက်မည်မျှကို ရောဂါပိုးစစ်ဆေးခဲ့သည် မဖော်ပြထားသော်လည်း (၁၀)ရက်အတွင်း အပြီး စစ်ဆေး ပေးနိုင်ခဲ့ …
တပ်မတော်၏ ယခုအကူအညီအား ပြောမပြနိုင်လောက်အောင် ကျေးဇူးတင်ရှိကြောင်းနှင့် တပ်မတော်သည် ခိုင်မာသော Institution တစ်ခုဖြစ်ကြောင်း KIA/KIO က ဆိုသည်။
ယင်းအပြင် ယခုကိစ္စမှစ၍ ငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတို့ကို ပိုမိုဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း KIA/KIO ပြောသည်။
လှူဒါန်းမှုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာလက်ဆောင် စားသောက် ဖွယ်ရာများ နှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူ ပစ္စည်းများ ကို ပေးအပ်လှူဒါန်းခဲ့သည်ဟု တပ်မတော်က သတင်း ထုတ်ပြန် ထားသည်။
MWD
ယခုလှူဒါန်းမှုအား တပ်မတော်မှ လိုင်ဇာ အနီးရှိ မိုင်ဆာပါဒေသသို့ သွားရောက် ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီးKIO/ KIA (အဖွဲ့) ဒုတိယဥက္ကဌ ဦးအက်စ်ဂွမ်မော်၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် တို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ ကိုဗစ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကိုလုပ်ဆောင် နေသည်။ ယင်းအပြင် တပ်မတော် သတင်းထုတ်ပြန်ချက်အရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ အရာရှိ၊စစ်သည်၊မိသားစု များ အားလုံးကို COVID-19 ရောဂါပိုး စစ်ဆေးပေးနိုင်ခဲ့ပြီး ရောဂါပိုး တွေ့ရှိသူ မရှိ (မရှိ)ပေ။
တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်းရှိ အရေအတွက်မည်မျှကို ရောဂါပိုးစစ်ဆေးခဲ့သည် မဖော်ပြထားသော်လည်း (၁၀)ရက်အတွင်း အပြီး စစ်ဆေး ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ငြမ်းမီဒီယာ