H5N1ဖြစ်တဲ့နေရာကို ချက်ချင်း ကာကွယ်မှုတွေလုပ်ပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

DMMSK / မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဒေါ်မိုးမိုးစုကြည်

တတ်နိုင်တာနဲ့လုပ်ရတာပါ။ ရပ်ကွက်အပြောနဲ့မဟုတ်ဘဲကျွန်မကိုယ်တိုင် တိမွေးကု ဓာတ်ခွဲခန်းကိုဖုန်းဆက်ပြီးမေး ပါတယ်။မေးတဲ့ အခါကျတော့ဟုတ်ပါတယ်။H5N1 Positive ပါ။ဒါသည် အရေးပေါ် …

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဇာတိမာန်လမ်း တွင် ပြင်းထန်ကြက်ငှက် တုပ်ကွေးရောဂါ H5N1 တွေ့ရှိမှုနှင့် ပတ်သက်ပြီး မရမ်းကုန်မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည် အား ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ဒေါ်မိုးမိုးစုကြည်ရဲ့မဲဆန္ဒနယ်မှာကြက်ငှက် တုပ်ကွေးရောဂါ H5N1 ရောဂါပိုးတွေ့တယ်ကြားရ ပါတယ်။ ဘယ်လို အခြေအနေလဲခင်ဗျာ။

DMMSK – ဖြစ်တဲ့နေရာကိုချက်ချင်း ကာကွယ်မှုတွေလုပ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးကိစ္စစောင့်ရှောက်မှုမျိုး ဆိုတာက ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဌာနက တရားဝင်ထုတ်ပြန် ကြေညာရမှာ။တရားဝင်ထုတ်ပြန် ကြေညာခြင်းမရှိတဲ့ အပေါ်မှာ ကျွန်မတို့ ကို အတည်ပြုချက် တောင်းမယ် ဆိုရင်တော့ အတည်ပြုချက်ပေးနိုင်မှာ မဟုတ်ဘူး။ ဖြစ်သလားမဖြစ်ဘူးလား မေးရင်တော့ ကျွန်မ သိထားသလောက် ပြောပြလို့ရတယ်။ ဒါပေမယ့် အတည်ပြုသလား မေးရင် ကျွန်မ အတည်ပြုလို့ မရဘူး။ ဘာကြောင့်လဲ ဆိုရင် ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်ကသာ အဓိကျတာလေ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အဲဒါဆိုရင် အဖြစ်အပျက်ကို ပြောပြလို့ ရမလား။

DMMSK – အဖြစ်အပျက်ကို ပြောလို့ရတယ်။ ကျွန်မကိုယ်တိုင်ပါဝင်ဆောင်ရွက်ခဲ့တယ် ။နေ့လည် (၁)နာရီ ခွဲမှာ ကြက်သေတယ် ဆိုပြီး သတင်းစရတယ်။ဒါပေမယ့် ဖြစ်တဲ့အချိန်မှာ လွှတ်တော်ကော်မတီတာဝန်နဲ့ ကျွန်မက ထန်းတပင်နယ်မြေကို ကွင်းဆင်း နေတဲ့ အချိန်ပါ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ ပူးပေါင်းဆောင်ရွက်မှု အရမ်းကောင်းပါတယ်။ကြက်သေတာ ကို သံသယ ဖြစ်တယ် ဆိုပြီး ချက်ခြင်းပဲ တိမွေးကု ဓာတ်ခွဲခန်းကို ပို့ပါတယ်။ညနေ(၄)နာရီ လောက်မှာ အဖြေရတယ်။ H5N1Positive အဖြေ ထွက်ပါတယ်။ အဲဒီ အဖြေမထွက်ခင်အုပ်ချုပ်ရေးမှူးအပါအဝင်NLD ပါတီဝင်တွေ ရပ်မိရပ်ဖတွေ စုပေါင်းပြီး အဲဒီ ပတ်ဝန်းကျင်ကို
ထုံးဖြူး တယ်။ ဖျားနာမှု ရှိ၊မရှိ စုံစမ်းတယ်။Maskတွေဝေတယ်။ဖျားနာမှုမရှိတဲ့ အတွက် ဆေးရုံ၊ဆေးခန်းတော့ မပို့ရဘူး။ ဒါကတော့ (၄)နာရီ မထိုးခင် လုပ်ဆောင်တဲ့ အပိုင်းပါ။ ကျွန်မက ထန်းတပင်ကနေ ငါးနာရီခွဲ ပြန်ရောက်ပါတယ်။ ခြောက်နာရီ ဆယ့်ငါးမိနစ်မှာ အခင်းဖြစ်တဲ့ နေရာကို ကျွန်မ ရောက်ပါတယ်။

တိမွေးကု ရော ခေတ္တတိုင်းဦးစီးရော လာပြီး အဲ့ဒီမှာ ကာကွယ်ဆေး ပက်ဖြန်းတာ နဲ့ ကြက်တွေကို သုတ်သင် ရှင်းလင်း တာတွေ ကို ညရှစ်နာရီကနေညဆယ်နာရီ လေးဆယ့်ငါးမိနစ် အထိ ဆောင်ရွက်ပေး ပါတယ်။ ဒါကတော့ …

ငြမ်းမီဒီယာ – ဒေါ်မိုးမိုးစုကြည်ရောက်လာတော့ ဘာတွေဆက်လုပ်ပါသလဲ။

DMMSK – ကျွန်မရောက်တော့ ကြိုတင်ပညာပေးနိုင်တဲ့ ဗီနိုင်းတွေ ချိတ်ပေးတယ်။ maskတွေ ဝေတယ်။ကျွန်မတို့ ဝေတဲ့mask တွေက ရောဂါကိုအတိ အကျ ကာကွယ် သလား ဆိုရင်တော့ အားလုံး သိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် တတ်နိုင်တာနဲ့ လုပ်ရတာပါ။ ရပ်ကွက်အပြောနဲ့ မဟုတ်ဘဲကျွန်မကိုယ်တိုင် တိမွေးကု ဓာတ်ခွဲခန်းကို ဖုန်းဆက်ပြီးမေး ပါတယ်။မေးတဲ့ အခါကျတော့ ဟုတ်ပါ တယ်။H5N1 Positive ပါ။ဒါသည် အရေးပေါ် စစ်ဆေးတွေ့ရှိချက်ပါ။ကျွန်တော်၊ကျွန်မတို့ တရားဝင်ထုတ်ပြန်မှု တော့မဖြစ်နိုင်သေး ပါဘူး။ဘာကြောင့်လဲဆိုရင် ကျွန်မတို့ သိချင်တာကိုအမြန် စစ်ပေးရတာမို့ တရားဝင် ထုတ်ပြန်ခြင်း မရှိသေး တဲ့အတွက် နားလည် ပေးပါလို့ ပြောပါတယ်။ကျွန်မတို့ကလည်း နားလည်ပါတယ်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး အလျှင်အမြန်သတင်းတင် ခြင်းသည် ကျွန်မတို့ရဲ့ပြည်သူလူထု ကို စိုးရိမ်စိတ် ပိုဖြစ်စေပါတယ်။အဲ့ဒီလို အဖြစ်မျိုးလည်းမဖြစ်စေ ချင်ပါဘူး။

ငြမ်းမီဒီယာ – အဲဒီတော့ဘာတွေလုပ်လဲ။

DMMSK – တိမွေးကုကလည်း ဘာလုပ်လဲ ဆိုတော့ H5N1 positive ဖြစ်တာတော့ မှန်တယ်။ ဒါကြောင့် ကျွန်တော်တို့၊ကျွန်မတို့က ကြက်မွေးမြူ ရေး ခြံတွေမှာဆိုရင်တော့ ကြက်ခြံကို သီးသန့် ကန့်သတ် နယ်မြေလုပ်မယ် ကြက်ခြံလုပ်သား တွေကို သီးသန့် ကုသ ပေးမယ်။ဒါပေမယ့် အခုက အိမ်မွေးကြက်က ဖြစ်တဲ့အတွက် လူနဲ့ အရမ်းနီးကပ်ပါတယ် ။ဒါကြောင့် ညကတော့တိမွေးကု ရော ခေတ္တတိုင်းဦးစီးရော လာပြီး အဲ့ဒီမှာ ကာကွယ်ဆေး ပက်ဖြန်းတာ နဲ့ ကြက်တွေကို သုတ်သင်ရှင်းလင်း တာတွေ ကို ညရှစ်နာရီ ကနေညဆယ်နာရီ လေးဆယ့်ငါးမိနစ် အထိ ဆောင်ရွက်ပေး ပါတယ်။ ဒါကတော့ ပြည်သူတွေနဲ့ အနီးပတ်ဝန်းကျင် အားလုံး အတွက် ကျွန်မတို့ ကြိုတင် ကာကွယ် ပေးထားပါတယ်။ကျွန်မကိုယ်တိုင် အဲ့ဒီနေရာကို ဆင်းကြည့်တယ်။ ဖြစ်တဲ့နေရာ ရဲ့ကိုက်(၂၀၀) ကိုက်(၃၀၀) အဲဒီပတ်ဝန်းကျင်မှာတော့ လောလောဆယ် ဖျားနာနေတဲ့လူ တစ်ယောက်မှ မတွေ့ပါဘူး။ဒါကတော့ ကိုယ်တိုင် ဆင်းကြည့်တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အဲဒီဖြစ်တဲ့နေရာအနေအထားကရော ဘယ်လိုပုံစံမျိုးလဲ။

DMMSK -ဖြစ်တဲ့နေရာက မရမ်းကုန်း (၆)ရပ်ကွက်၊ဇာတိမာန်လမ်း။ လူနေနည်းနည်းစိပ်တယ်။ကားဝင်ကားထွက်တော့ လုပ်လို့ရပါတယ်။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

 

ငြမ်းမီဒီယာ
ဇူလိုင်(၂၈)၊၂၀၁၇၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,