IDP Camp တွေအတွက်သူတို့ ဘာမှလုပ်မပေးဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

TPHeinz

IDP Camp ကလူတွေအများစုက အလုပ်ထွက်လုပ်နေကြတာ။ ဒီအတိုင်းအထောက်အပံ့နဲ့ရပ်တည်လို့မရတော့ အလုပ်လုပ်နိုင်တဲ့လူမှန်သမျှ ထွက်လုပ်နေကြတာဆိုတော့ …

လတ်တလော ကပ်ရောရာအသွင်ဆောင်နေသည့် Covid -19 virus အခြေအနေ၊ ၎င်းကိစ္စအပေါ်မူတည်ပြီးဖြစ်လာနိုင်သည့် ကမ္ဘာ့အရေး မြန်မာ့အရေးတို့ကို ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာ M ကောန်လကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

MKL / ကချင်အမျိုးသားကွန်ဂရက်ပါတီဥက္ကဌ ဒေါက်တာ M ကောန်လ

ငြမ်းမီဒီယာ – ကချင်ပြည်နယ်ထဲကို တရုတ်လူမျိုးတွေ ဝင်ရောက်နေကြတာကို တားဆီးပေးဖို့ ကချင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးက သမ္မတထံစာပို့တောင်းဆိုထားပါတယ်။ ဒီကိစ္စအပေါ်သုံးသပ်မှတ်ချက်ပြုပေးပါဦး။

Dr. MKL – သူတို့ လုပ်သင့်လုပ်ထိုက်တာကိုလုပ်တယ် လို့ပဲ ကျနော်ပြောချင်တယ်။ NLD ပါတီကဆိုပေမယ့် ကချင် အမျိုးသား တွေ ဖြစ်လို့ ကချင်ပြည်နယ်အတွက် စိုးရိမ်ကြောင့်ကြမှုနဲ့ ဆောင်ရွက်တာကို ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျေးဇူး တင်စကား ပြောချင်တယ်။ ဒါပေမယ့် နည်းနည်းတော့နောက်ကျတယ်။ အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ ဒီလိုပြောရဲဆိုရဲတဲ့ သတ္တိတွေ ကို အစောကြီးကတည်းက မွေးသင့်တယ်။ ကျနော်တို့ကဖက်ဒရယ်ဒီမိုကရေစီကို သွားနေတာဆိုတော့ မည်သည့် ပါတီက မဆို ဖက်ဒရယ်စိတ်ပဲထားရမယ်၊ ကျနော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက် Vision ကိုတည် ဆောက်ထားရမယ်။ အဲဒါကို ကျနော် တိုက်တွန်းချင်တယ်။ NLD ပါတီကဆိုပေမယ့် ကချင်အမျိုးသားက ကချင်ပြည်နယ် ရဲ့အကျိုးကျေးဇူးအတွက် ဖက်ဒရယ် စိတ်နဲ့ စတင်ခြေလှမ်း လှမ်းတာကို ကျနော်တို့ကကြိုဆိုတယ်။ ကချင်ပြည်နယ်ရဲ့ ကောင်းကျိုးအတွက်လုပ်တဲ့အတွက်ကြောင့် နောက်ကျပေမယ့် ကြိုဆိုပါတယ်။ နောက်တစ်ချက် ကျနော်ပြောချင်တာက ဒီဟာက ဗဟိုချုပ်ကိုင်မှု Centralization ရဲ့ပြယုဂ်ပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ IDP Camp တွေအတွက် ဗဟိုအစိုးရ၊ ပြည်မအစိုးရက ဘာမှလုပ်ပေးထားတာမတွေ့သေးဘူး။ သူတို့ …

ဒီဟာက ၂၀၀၈ အခြေခံဥပဒေ ဇယား (၁) ရဲ့လုပ်ပိုင်ခွင့်ထဲမှာပါနေတယ်။ ဇယား (၂) အရဆိုရင် ပြည်နယ်အစိုးရက နယ်စပ် ကူးသန်းဆက်ဆံမှုတွေ၊ လူဝင်မှုကြီးကြပ်ရေးတွေ၊ နယ်စပ် ကုန် သွယ်ရေးတွေကို လုပ်လို့မရဘူး။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရဆိုရင် ဇယား (၁) ကပဲလုပ်ပိုင်ခွင့်ရှိတယ်။ ဇယား (၁) ကလုပ်ရမယ့်အလုပ်ဆိုတော့ ဗဟိုအစိုးရက ကျနော်တို့ ပြည်နယ် လူမျိုးစုတွေဆက်စပ်မှု၊ခံစားရမယ့် အန္တရာယ်၊ (ဒါကတော့ Out Break ဖြစ်နေတာကိုး) နောက်တစ် ခါ စစ်ရေး နိုင်ငံရေး စီးပွားရေး တွေအပေါ်မှာ သူတို့ဘယ်လောက် စီမံခန့်ခွဲနိုင်သလဲဆိုတာနဲ့ ဘယ်လောက်ဖက်ဒရယ် အရေးကိုရွှေ့သလဲဆိုတာ သက်သေပြတဲ့ အချက်တွေပဲ။ အလုပ်တစ်ခုဆိုတာက အလုပ်လုပ်ရင်းနဲ့မှပေါ်တာလေ။ ပါးစပ်ကပြောနေလို့မရဘူး။ အလုပ်လုပ်ရင်းနဲ့ သူ ဘယ်လောက် ကျင့်သုံးသလဲဆိုတဲ့အပေါ်မှာ တန်ဖိုးဖြတ်ရတာ။ ဖက်ဒရယ် အရေးကို ဗဟိုအစိုးရပြောခဲ့တယ်။ ပြည်မပါတီ ကြီးတွေအဆက်ဆက်လည်းပြောခဲ့တယ်။ ပါးစပ်ကတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဆိုတာကိုပြောခဲ့တယ်။ အိုကေ။

ကျနော်က ဆရာဝန် ဆိုတော့သိတယ်။ Antibiotic Drug တွေနဲ့ရမ်းကုတာ ပျောက်တဲ့လူကပျောက်ပေါ့၊ Resistance ကောင်းတဲ့လူက …

ဒါပေမယ့် တကယ့်အရေးအခင်းတွေမှာ သူတို့ဘယ်လိုကျင့်သုံးသလဲဆို တာက လက်တွေ့အဖြေပဲ။ ကျနော်ပြောလိုတာက ဒါဟာ မဖြစ်မနေ Shut Down လုပ်ရမှာ။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုဘက်မှာတကယ့်အကြီးကြီးဖြစ်နေပြီ။ နောက် World Wide လည်းဖြစ်နေပြီ။ Pandemic Disease လို့လည်းကြေငြာထားပြီ။ Pandemic ၊ Endemic ဆိုတာ Pandemic ဆိုတာ ကမ္ဘာ တစ်ဝန်း ဖြစ်တာ၊ Endemic ဆိုတာ ဒေသတွင်းဖြစ်တာပေါ့။ Pandemic တောင်ဖြစ်နေတဲ့ဟာကို ဘာဖြစ်လို့ Centralization ကိုကျင့်သုံးသလဲ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့က Distributed Nation နဲ့ကပ်နေတယ်လေ။ အဲဒီတော့ ကျနော်တို့က မရှိသေးဘူးဆိုပြီး ရပ်နေလို့မရဘူး။ Area Scope ပါကျဉ်းသွားပြီ။ နောက်ဆုံး (၆) နိုင်ငံကျန်တဲ့အထဲမှာ တချို့ကပြောနေပြီ၊ လာအိုနဲ့ မြန်မာပဲကျန်တော့ တယ် ဆိုပြီး။ ထားပါတော့။ အဲဒီ Scope က သိပ်ကျဉ်းလာတဲ့အနေအထားမှာ အဲဒီကျဉ်းလာတာနဲ့ ဆန့်ကျင်ဘက် က Burst ဖြစ်ဖို့ ဖြစ်လာတယ်။ ပေါက်ကွဲဖို့ပေါ့။ ကျဉ်းလာတာ အကောင်းတော့မဟုတ်ဘူး၊ ပေါက်ကွဲဖို့ဖြစ်တာ။ အဲဒီဟာက တဖြေးဖြေး ကျုံ့လာလေလေ ကျနော်တို့အတွက် အန္တရာယ် ကြီးလေလေဆိုတာမှာ အစိုးရက Shut Down တွေလုပ်ပြီးပိတ်ရမှာ။ ဒီရောဂါကူး စက်မှုအတွက် အဓိကကျတာက ရောဂါ ကူးစက်မှုဧရိယာ (Infectious Area) တွေနဲ့ ကန့်သတ်မှုက သိပ်အရေးကြီးတယ်။ ဒါကြောင့် Quarantine ဆိုတဲ့ ထိန်းချုပ်မှု တွေလုပ်တာလေ။ မထိမတွေ့ဘူးဆိုရင်ရပြီ။ Virus က ရက် (၂၀) ကျော်သွားရင် သူ့ဟာသူသေသွားမှာပေါ့။

World Wide ဖြစ်သွားတဲ့အခါ တခြားလူတွေကို သူက အကူအညီတွေ ပြန်ပေးတယ်။ အဲဒါအပြင် သူ့ဆီမှာစက်ရုံတွေပြန်လည် ပတ်ဖို့အတွက် ရှီကျင်းဖျင် က အားချင်းပြန်ပြင်ဆင်နေတယ်။ အဲဒါက …

အဲဒီနည်းနဲ့ တော့သွားနေတယ်။ ဘာဖြစ်လို့လည်းဆိုဆေးဝါး က မထွက်သေးဘူး။ ကာကွယ်ဆေးလည်းမထွက်သေးသ လို ကုသဆေးလည်း မထွက်သေးဘူး။ အဲဒီမှာ ရမ်းကုနေကြတာတွေလည်းရှိတယ်။ Antibiotic Drug တွေနဲ့။ ကျနော်က ဆရာဝန် ဆိုတော့သိတယ်။ Antibiotic Drug တွေနဲ့ရမ်းကုတာ ပျောက်တဲ့လူကပျောက်ပေါ့၊ Resistance ကောင်းတဲ့လူကပျောက်ပေါ့၊ Resistance မကောင်းတဲ့ လူကကျတော့ အသက်ရှုလမ်းကြောင်း (Respiratory System) ဆိုင်ရာမှာ Defect ရတော့ Resistance မကောင်းတဲ့လူအတွက် ပိုဆိုးတာပေါ့။ ပြောလိုတာက ဒီရောဂါအတွက် ကုသဆေးမရှိ သေးဘူး၊ ကာကွယ်ဆေးမရှိသေးဘူး။ Quarantine ကအရေး အကြီးဆုံး။ Quarantine ဆိုတဲ့ Base က Localize ဆိုရင် သက်ဆိုင်ရာမြို့နယ်တွေကစပြီး နောက်ဆုံး မိသားစုတွေအထိ။ ချုံ့လိုက်ရင် နောက်ဆုံး မိသားစုတွေပေါ့။ ကျယ်လာရင် မြို့နယ်၊ ခရိုင်၊ နောက်ဆုံး Border တွေအထိပေါ့။ Nation တွေ၊ Country တွေရဲ့ Border တွေပေါ့။ Territory လို့ခေါ်တယ်။ နယ်စပ်ဒေသပေါ့။ အဲဒီဟာက Block လုပ်ကိုလုပ်ရမှာ။ မလုပ်လို့ မရဘူး။ နောက်တစ်ခါ Migration တွေကို လုံး ဝလုပ်ရမှာ။ အခုကမ္ဘာမှာလည်း ဒီအတိုင်းကျင့်သုံးနေတယ်လေ။ နောက် ဝင်လာ တဲ့ သူတွေက Covid – 19 မရှိဘူးဆိုတဲ့ အာမခံချက်လိုတယ်။ Quarantine လုပ်ကိုလုပ်ရမယ်ဆိုတဲ့ဟာရှိပြီးသား။ ဒီ တစ်သျှူး ငှက်ပျောကားကြီးတွေ တဝေါဝေါ နဲ့သွားနေတာ။ အဲဒီအပေါ်မှာ တရုတ်တွေက (၅) ယောက်လောက်ပါတာ။ အနည်းဆုံး ယာဉ်မောင်းနဲ့ စပါယ်ယာ နှစ်ယောက်တော့ပါတယ်။ တစ်စီးကို (၂) ယောက်ဆို အစီး (၅၀၀) ဆို လူ (၁၀၀၀) ပဲ။ အဲဒါတွေရှိတယ်။ နောက်တစ်ခါ ဒီ Virus ရဲ့ Action က အသက်ရှူလမ်းကြောင်းကနေဝင်ရုံမကဘူး၊ အဓိက Body မှာလည်းကပ်ပါလာနိုင်တာ။ သူက သတ္တုမျက်နှာပြင် တွေမှာလည်းနေနိုင်တယ်လေ။ ပလတ်စတစ်တွေ၊ နောက် စက္ကူတွေပေါ်မှာ ဘယ်လောက်နေနိုင်တယ် ဆိုတာ သူ့ ကန့်သတ်ချက် တွေရှိတယ်။ အဲဒီဟာအတိုင်းပါလာတာ။ ဆိုတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာမှမဟုတ်ဘူး၊ သွားထိတာနဲ့ အရေပြားမှာကပ်ပြီးပါလာနိုင်တယ်။ အဲဒီလိုမျိုးပျံ့နှံ့တာ။ သိပ်အရေးကြီးတယ်။ ဒီအပေါ်မှာ ဗဟိုချုပ်ကိုင်မှုက ဇယား (၁) က ဇယား (၂) ကို ဘာဖြစ်လို့ ကောင်းမွန်သောအရွေ့ကို မတည်ဆောက်သလဲဆိုတဲ့ ဒီမေးခွန်းကို ကျနော်မေးချင်တယ်။

ငြမ်းမီဒီယာ – ဒီ Covid – 19 ပြသနာကြောင့် တရုတ်ရဲ့ စီးပွားရေးထိခိုက်နိုင်တယ်ဆိုတဲ့အချက်ကို သတင်းတွေမှာတွေ့ရပါတယ်။ ဒီအခြေအနေကို သုံးသပ်ပြောပြပေးပါဦး။

Dr.MKL – တရုတ်ကတော့ World Factory ပဲ။ သူကထုတ်လုပ်မှုလည်းမြန်တယ်။ နောက်သူက Infrastructure တွေ အကုန် တည်ဆောက်ထားတယ်။ ဒါကြောင့်မို့ ရှီကျင်းဖျင် လက်ထက်မှာ ၂၀၂၅ ခုနှစ်ကို Made in China ဆိုတဲ့ကြွေးကြော်သံ တည်ဆောက် နေတာ။ အဲဒီတော့ သူက သူ့ရဲ့ World Factory ဆိုတဲ့ Base ကိုတည် ဆောက်ထားတယ်။ ဆိုတော့ ဒီ Virus ကိစ္စဖြစ်တာနဲ့ သူက Quarantine တွေလုပ်တယ်။ နောက် စက်ရုံအလုပ် သမားတွေကို ခဏအနား ပေးတယ်။ အဲဒီလိုမျိုးတွေ စနစ်တကျလုပ်တယ်။ သူက World Factory ဖြစ်သလို World Supplier လည်းဖြစ်တယ်။ မော်တော်ကားဆို မော်တော်ကား ဆက်စပ်ပစည်းတွေ၊ ဖုန်းဆိုရင်လည်း i Phone ကအစ ဆက်စပ်ပစ္စည်းတွေ သူကထုတ်လုပ်ပေးနေတာ။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး Quarantine လုပ်လိုက်တာနဲ့ စက်ရုံထုတ်လုပ်မှုက ချက်ချင်းရပ်သွားတာ။ ဒါပေမယ့် တရုတ်မှာအခု Well Control ဖြစ် သွားပြီ။ Infection Control ဖြစ်သွားတဲ့အပြင် Death Person ကမရှိတော့ဘူးလို့ မနေ့ကတည်းက သူကြေငြာနေတယ်။ အဲဒီတော့ Mortality Rate ကလည်း အရမ်းနည်းသွားပြီ။ ဒီဟာစဖြစ်တာ ဒီဇင်ဘာကဆို တော့ အခုမတ်လမကုန်မီ၊ (၃) လနီးပါး လောက်မှာ သူက Control လုပ်နိုင်တယ်။ နောက်တစ်ခုက တော်တော်လေးစဉ်းစားစရာကောင်းတဲ့အချက်တစ်ခုရှိတယ်။ အဲဒါက သူ Control လုပ်နိုင်တာ သိပ်မြန်တဲ့အပြင် သေဆုံးမှုနှုန်း Mortality Rate ကလည်း အီတလီထက်စာရင် အရမ်းနည်း နေတယ်။ အခုဆိုသူ့ရဲ့ Factory တွေလည်း ပြန်စဖို့ပြင်နေပြီ။ ငြိမ်ပြီဆိုတော့ ထုတ် လုပ်မှုတွေပြန်စဖို့ ပြင်ဆင်နေပြီ။ ပြန်သုံးသပ် ကြည့်တဲ့အခါ မူလပထမသတင်းနဲ့ သူတို့ပြင်ဆင်ချက်တွေက သံသယဖြစ် စရာအလွန်ကောင်းတယ်။ ကမ္ဘာမှာတော့သူက ကမ္ဘာ့ပစ္စည်း တွေရဲ့ထုတ်လုပ်မှု အလုပ်ရုံလိုလုပ်ထားတာကြောင့် သူရပ် ရင် အကုန်ရပ်တာပဲ။ တော်တော်များများ ရပ်သွား တာပေါ့။ ဒါပေမယ့် အဲဒီအပေါ်မှာသူက အသာစီးယူထားတယ်။ ဒီအပေါ်မှာ အများကြီးစဉ်းစားရမယ်လို့မြင်တယ်။ ဒါနိုင်ငံရေးကို စိတ်ဝင်စားတဲ့လူတွေ၊ ကမ္ဘာ့အရေးအခင်းတွေကို လေ့လာတဲ့လူတွေအပြင် အားလုံးကို ဒီ Message ပေးချင်ပါတယ်။ ဆိုတော့ Trade War ကမပြီးသေးဘူး။ US နဲ့ China ရဲ့ Trade War ကမပြီးသေးဘူးလို့ ကျနော်ပြောချင်ပါတယ်။ သူ့မှာအကြောင်းအချက်တွေရှိတယ်။

ငြမ်းမီဒီယာ – သံသယဖြစ်စရာကောင်းတယ်ဆိုတဲ့အချက်ကို ဖြစ်နိုင်ရင် အကျယ်ရှင်းပြပေးပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr.MKL – ကျနော်တို့ကလည်း interest ဖြစ်တော့ ဒီဟာကို Emphasise လုပ်ပြီးကြည့်တယ်။ ကြားထဲမှာ တော့ကျနော် သုံးသပ် တာတွေဘာတွေဘာမှမလုပ်ဘူး။ မလုပ်ဘူးဆိုတာ ဇာတ်လမ်းမပြီးသေးလို့ကြည့်နေတာ။ အခုကျတော့ ဇာတ်လမ်းကို ကောက်လို့ ရသွားပြီ။ ကောက်ကြောင်းတော့ပေါ်လာပြီ။ ပထမဆုံး ဝူဟန်မှာဖြစ် တယ်ဆိုတာ ဝူဟန် Bio Lab က Military Lab နဲ့ချိတ်ဆက် တာကို ဒီဘက်က US ကထကြေငြာတယ်။ အဲဒီအချိန်ဟာ သမ္မတထရန့်နဲ့ တရုတ်ရဲ့ ကုန်သွယ်မှု Mission က အခွန်ကောက်ခံမှု လျော့ချဖို့ သဘောတူညီချက်လုပ်ပြီးခါစဖြစ်တယ်။ အချိန်ကိုက်လိုဖြစ်နေတာကိုပြောတာ။ အဲဒီသဘောတူညီချက်ရေးထိုးမှုမှာ တရုတ်က တော်တော်လေးဆုံးရှုံးသွားတယ်။ သူက အနှက်ခံလိုက်ရတဲ့သဘောဖြစ်သွားတယ်။ Trade War နဲ့ပတ် သက်ပြီး စိတ်ဝင်စားလို့ မနှစ်က ကျနော်သုံးသပ်ချက်တွေ တော်တော် ရေးခဲ့ပါတယ်။ ဆိုတော့ US ကဒီကိစ္စကို ဖိဖိစီးစီး ကောင်းကောင်း ကိုင်တွယ်ထားတယ်။ အဓိကက Dollarization ကို Prevent လုပ်တာ။ Protect and Prevent လုပ်တာ။ ကာကွယ်တာပေါ့။ ကမ္ဘာကိုစိုးမိုးချင်ရင် ပိုက်ဆံနဲ့စိုးမိုးတယ်။ ဒါကရှင်းတယ်။ British တွေ နေမဝင် အင်ပါယာတည်ဆောက်တာက ပေါင်စတာ လင်နဲ့ တည်ဆောက်တာ။ ကမ္ဘာ့စီပွားရေးကို သူ့ငွေကြေးစနစ်နဲ့ အဲဒီလိုတည်ဆောက်တာ။ ပေါင်စတာလင် ပြိုကွဲတဲ့ အချိန်မှာ British Empire က လုံးဝကျဆုံးသွားတာပဲ။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်မှာ ပေါင်စတာလင်မကျဆုံးသေးဘူး။ တကယ်တမ်း US ရဲ့ Dollarization က ကမ္ဘာကို World Wide လွှမ်းမိုးနိုင်တာ ၁၉၈၀ Silicon Valley တည်ဆောက်ပြီးနောက်ပိုင်း သူ့ရဲ့ IT Advance နောက်ပိုင်းမှလွှမ်းမိုးနိုင်တာ။ ဒါပေမယ့် အဓိကက Dollarization ကိုတည်ဆောက်တာ။ Currency ပေါ့။ အခု Trade War ဟာ Currency War ပဲ။ Dollarization ကို ယွမ်ကတိုက်တာ။ အဲဒါကြောင့် တရုတ်က OBOR တည်ဆောက်တယ်၊ BRI စီမံကိန်းတွေလုပ်တယ်။ ဆိုတော့ ဇာတ်ကြောင်းကိုပြန်ကောက်မယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောရင် ဒီ Trade War/Currency War မှာတရုတ်ကရှုံးသွားပြီ။ အဲဒီတော့ သူ့ရဲ့ BRI Project တွေကလည်း ခရိုးခယိုင်ဖြစ်လာတယ်။ အဲဒီတော့နောက်ဆုံးမှာ Saving လုပ်တာ ကျနော်တို့မြန်မာနိုင်ငံ၊ ကျောက်ဖြူကနေ Saving လုပ်တယ်။ South East Asia ကိုဖြတ်မယ်။ အဲဒီလိုမျိုးပေါ့။ အဓိက ရုရှား ရယ်၊ တူရကီရယ်၊ အီရန်ရယ်ကနေ Base Line သူတည်ဆောက် တယ်ပေါ့။ အဲဒီကနေ ဗဟိုအာရှကိုဖြတ်မယ်ပေါ့။ နှစ်လမ်း ပေါ့။ အဲဒီတော့ သူရှုံးတဲ့အချိန်မှာ ပြန်ပြီး Cover လုပ်ဖို့ဆိုရင် ကျနော်သာ ရှီကျင်းဖျင်နေရာမှာဆိုရင်လည်း သူ့လိုပဲစဉ်းစားမယ်။ အဲဒီဟာက အရေးကြီးတယ်။ သူရှုံးသွားပြီ ဆိုတော့ သူနိုင်ဖို့ဘာလုပ်မလဲ။ ရှင်းရှင်းပြောရင် သူက World Factory နေရာကကိုင် ထားတာလေ။ အဲဒီအရင်းအမြစ်ကို သူအသုံးချရမှာလေ။ ဒီနေရာမှာ တိုင်းပြည်ကိုဦးဆောင်တဲ့ Leader တွေရဲ့ Ideology က အရေးပါလာပြီ။ သူတို့ ဘယ်လောက် Advance ဖြစ်လဲဆိုတာက ကမ္ဘာကိုဦးဆောင် တာပဲ။ ကျနော့်စဉ်းစားချက်မှာ ဘာတွေ့လဲ ဆိုတော့ World Factory ဖြစ်တာက တရုတ်ရဲ့အားသာချက်ဖြစ်နေတယ်။ ဒါကြောင့် ဒီဟာနဲ့ကိုင်တွယ်ဖို့ဆိုရင် တခြားလူတွေကျ ဆုံးနေချိန်မှာ သူထုတ်လုပ်နိုင်ရင် သူ့ရဲ့ Trade ကပြန်ကောင်းလာ နိုင်မယ်။ အဲဒီအတွက်ကစားမယ်ဆိုရင် Bioweapon ကို သူသုံးနိုင်တယ်။ Bioweapon သုံးတယ်ဆိုတဲ့အချက်အတွက် သံသယဖြစ်ဖွယ်လမ်းစက ဝူဟန် Bio Technology lab ကပေါက်တယ်ဆိုပြီး US က ချက်ချင်းစွပ်စွဲတယ်လေ။ ပေါ်လာပြီးတစ်ပတ်အတွင်းမှာစွပ်စွဲတယ်။ စွပ်စွဲတဲ့ဟာမှာ အကြောင်းအရင်းတွေ အများကြီးရှိတယ်။ Technician တစ်ယောက်ကို ဖမ်းတယ်။ Technology ကို Transfer လုပ်တယ်ဆိုတဲ့ သံသယမှုနဲ့ အဲဒီ Technician ကို FBI ကဖမ်းလိုက်တယ်။ အဲဒီဇာတ်လမ်း အဆက်အစပ်တွေကို ဇယားကွက်ချကြည့်လိုက်တဲ့အခါ ဒီ Covid – 19 က လူလုပ် Virus ပဲ။ ဒါသဘာဝဟာ မဟုတ်ဘူး။ ကိုရိုနာ Virus အုပ်စုထဲမှာပါတယ်။ ဒါပေမယ့် သူက တမင်တကာ ဖန်တီးထားတဲ့အတွက်ကြောင့် သူ့အစွမ်းအစက အားကောင်းနေတယ်။ Mutation ကြောင့် အားကောင်းတာမဟုတ်ဘူး။ Mutation ဆိုတာက Virus တွေနှစ်မျိုးသုံးမျိုးပေါင်းပြီး စွမ်းအားထက်လာတာမျိုးမဟုတ် ဘူး။ နည်းပညာရှုထောင့်ကကြည့်မယ်ဆိုရင် နဂိုကတည်းက သူကအစွမ်းထက်နေတာ။ Nature ဖြစ်တဲ့ Virus တစ်ခုဟာ ဒီလောက်အစွမ်းထက်တာမျိုး၊ နှိမ်နင်းရ ခက်တာမျိုး မရှိတတ်တော့ ဒါကိုလူလုပ် Virus ဆိုပြီး အကုန်လုံးသတ်မှတ် ထားတယ်။ ဆရာဝန်တွေရော၊ နိုင်ငံရေးသမားတွေရော၊ WHO ကရောပေါ့။ ဒါကြောင့်မို့ သူ့ကိုခြေရာခံဖို့လည်းခက် တယ်။ သူ့ရဲ့လက္ခဏာမပြဘဲ အောင်းနေနိုင်တဲ့အချိန်ကလည်း ခန့်မှန်းရ ခက်တယ်။ ပထမ (၁၄) ရက်ပြောတယ်၊ အခု (၂၀) ကျော်မှလို့ပြောတယ်။ ဒါပေမယ့် အဲဒီလိုလည်းမဟုတ်ပြန်ဘူး။ သူက ကိုယ်ခံ စွမ်းအားကောင်းတဲ့လူတွေမှာ လက္ခဏာမပေါ်အောင်ဖန်တီးထားတာ။ အဲဒါက ကျနော်တို့ဆေးပညာရှု ထောင့်ကကြည့်မယ် ဆိုရင် အလွန်ထူးခြားတယ်။ အမှန်က ဒီလောက်အစွမ်းထက်တဲ့ Virus တစ်ခုက မည်သူ့ကို မဆိုဝင်တာနဲ့ ထိခိုက်မှုရှိရမယ်။ ဒါပေမယ့်သူက အဲဒီလိုမသွားဘူး။ မသွားဘဲ Resistance ကောင်းတဲ့လူမှာ Carrier အနေနဲ့ဖြစ်နေအောင် တမင် Create လုပ်ထားတာ။ အဲဒီလိုဖန်တီးထားမှ သူက Out Break ဖြစ်မှာ။ သူ့ကို Control လုပ်ရခက်မယ်။ Resistance မကောင်းတဲ့လူကျ ချက်ချင်းပေါ်တာ။ အဲဒီတော့ Ideology က ဘာလဲဆိုတော့ Carrier အဖြစ် သယ်ဆောင်သူများဖို့ တမင်ရည်ရွယ်ထားတယ်။ အဲဒီတော့ တိုင်းပြည်တစ်ခုကို ဒုက္ခပေးချင်ရင် Bio weapon အနေနဲ့ဒါကိုသုံးမယ်ဆိုတဲ့ အလွန်စနစ်ကျတဲ့ တိုက်ခိုက်မှုတစ်ခုလို့ မြင်ရတယ်။ ပထမ ကျနော်တို့သုံးသပ်ချက်က US ကနေ China ကိုဒုက္ခရောက်အောင် တမင်လုပ်သလားပေါ့။ ဆိုတော့ အဲဒါမဟုတ်ဘူး။ ဒါပေမယ့် ခုနောက်ဆုံး ပြန်သုံးသပ်ကြည့်တော့ ကျနော့်အမြင်ပေါ့။ China က သူ့ဆီက မတော် တဆထွက် သွားပေမယ့် ဒီမတော်တဆထွက်သွားတဲ့အကျိုး ကျေးဇူးကို သူချက်ချင်းပြန်သုံးတယ်။ သူ့ဆီကထွက်တာ၊ သူ မွေးထားတဲ့ Virus ဖြစ်တဲ့အတွက် ဘယ်လို Control လုပ်ရမလဲဆိုတာသူသိတယ်။ ဒါကြောင့်မို့ သူ့ဆီမှာသေဆုံးမှုနှုန်းက ကျနော်သေသေချာချာ Countable လုပ်ထားတာအရဆိုရင် လူတစ်ရာကျော်စီသေတာက (၃) ရက်မကျော်ဘူး။ ပထမ (၅၀) (၆၀) (၇၀) ကနေတက်လာတာ တစ်ရာကျော် တာက (၃) ရက်မကျော်ဘူး။ (၃) ရက်ပဲ။ ပြီးတာနဲ့ လုံးဝငြိမ် သွားတာ။ သူ့ဆီမှာစဖြစ်ပြီး လွတ်သွားတဲ့အတွက်ကြောင့် သေဆုံးမှုနှုန်းကတော့ ထောင်ဂဏန်းရောက်သွားတယ်။ ဒါပေမယ့် အီတလီမှာကြည့်လိုက်၊ မနေ့ကအထိ (၈၀၀) ကျော် တယ်။

တစ်ခုခုသာဖြစ်သွားရင်တော့ ဒါ မမျှော်မှန်းနိုင်လောက်အောင်ဖြစ်သွားလိမ့်မယ်။ နောက်တစ်ခု ရှိတာ IDP Camp ကလူတွေအများစုက အလုပ်ထွက်လုပ်နေကြတာ။ ဒီအတိုင်း …

တော်တော်ကြောက်စရာကောင်းတယ်။ (၁၀၀) (၂၀၀) ကနေတောက်လျောက်ထိုးတက် သွားတာ (၄၀၀)ကျော်၊ (၅၀၀)၊ (၆၀၀) ကနေ (၈၀၀) တခါတည်းထိုးတက် သွားတာ။ ဒီနေ့ဆို (၈၀၀) ကျော်တယ်။ အဲဒီနှုန်းက အလွန် ကြောက်ဖို့ကောင်းတယ်။ အဲဒါက ဘာဖြစ်လဲဆိုတော့ သူတို့ လက်ထဲမှာ သူတို့ဖန်တီးထားတာမဟုတ်တဲ့အတွက် ဒီဟာကို ဘယ်လိုကုသရမယ်၊ ဘယ်လို ကာကွယ် ရမယ်၊ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ Technology က အီတလီမှာမရှိဘူး။ US မှာလည်းမရှိဘူး။ ဒါကြောင့်မို့လို့ US မှာလည်း သေနှုန်းက တက်လာတာ။ တကယ်လို့ US ကလွှတ်တယ်ဆိုရင် ဒီနှုန်းက တက်စရာအကြောင်းမရှိဘူး။ ဒါက တရုတ်ရဲ့မူရင်း Origin ဖြစ်တဲ့အတွက် သူ Control လုပ်နိုင်တယ်။ ပထမသူ့ဆီက မတော်တဆပေါက်တယ်။ အဲဒီအပေါ်မှာ သူ Shock တော့ ဖြစ်သွား တယ်။ ဒါပေမယ့် ဒီအပေါ်မှာ World Wide Out Break ဖြစ်သွားတဲ့အခါ အကျိုးရှိအောင် သူပြန် သုံးတယ်။ World Wide ဖြစ်သွားတဲ့အခါ တခြားလူတွေကို သူက အကူအညီတွေ ပြန်ပေးတယ်။ အဲဒါအပြင် သူ့ဆီမှာစက်ရုံတွေပြန်လည်ပတ်ဖို့အတွက် ရှီကျင်းဖျင် က အားချင်းပြန်ပြင်ဆင်နေတယ်။ အဲဒါက အတော်ကြောက်စရာကောင်းတယ်။ အဲဒါဟာ US ကိုအလဲ ထိုးမယ့် ပြင်ဆင်ချက်လို့ ကျနော် မြင်တယ်။ ဒါကတော့ ကျနော် နည်းနည်းလေး Detail ပြောတာပေါ့။ နောက်ဒီထက် Detail ကျတာတွေ လည်း ရှိသေးတယ်။

ငြမ်းမီဒီယာ – အခုလက်ရှိ ကချင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာရော ဒီကိစ္စအတွက် ဘယ်လိုကာကွယ် ပြင်ဆင်မှုတွေ လုပ်ထားတာတွေ့ရပါသလဲ။

Dr.MKL – ကျနော့်အမြင်အရဆိုရင်တော့ IDP Camp တွေမှာ သူတို့ဘယ်မှမထွက်ရင် သူတို့ဟာသူတို့ Quarantine လုပ်သလို ဖြစ်တာပေါ့။ အပြင်ကလူတွေအဝင်အထွက်လုပ်ရင်သာကူးနိုင်တာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ IDP Camp တွေအတွက် ဗဟိုအစိုးရ၊ ပြည်မအစိုးရက ဘာမှလုပ်ပေးထားတာ မတွေ့သေးဘူး။ သူတို့ကတော့ အားလုံးအတွက်သူတို့စီစဉ်တယ်ပြောတယ်။ ဒါပေမယ့် စစ်ဘေးရှောင် IDP တွေအတွက်ထူးထူးခြားခြား ဘာမှ လုပ်ပေးတာတော့ မတွေ့သေးဘူး။ ကျနော်လည်း အဲဒီကို ရောက်ဖူး ပါတယ်။ တစ်ခန်းနဲ့ တစ်ခန်းကကပ်နေတယ်။ တစ်ခန်းမှာအနည်းဆုံး (၄) ယောက်နေကြတာ။ အရမ်း Close Contact ပဲ။ ဒီကြားထဲမှာ တစ်ခုခုသာဖြစ်သွားရင်တော့ ဒါ မမျှော်မှန်းနိုင်လောက်အောင်ဖြစ်သွားလိမ့်မယ်။ နောက်တစ်ခု ရှိတာ IDP Camp ကလူတွေအများစုက အလုပ်ထွက်လုပ်နေကြတာ။ ဒီအတိုင်းအထောက်အပံ့နဲ့ရပ်တည်လို့မရတော့ အလုပ်လုပ်နိုင်တဲ့လူမှန်သမျှ ထွက်လုပ်နေကြတာဆိုတော့ Contact Area များတယ်။ ထိတွေ့မှုများတယ်။ အဲဒီတော့ ညနေ Camp ထဲပြန်ဝင်လာတဲ့အခါ Out Break ဖြစ်နိုင်တဲ့ အနေအထားမျိုးရှိတယ်။ ဆိုတော့ အဲဒီကိစ္စကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်နယ် အစိုးရ၊ မြို့နယ်ထွေအုပ်တွေကအစ ခုထက်ထိတော့ ဘာမှစီစဉ်ထားတာမရှိသေးဘူး။ နယ်စပ်တောင် မပိတ်ထား တာ ဆိုတော့ သူတို့က ဒီကိစ္စကို ဘာမှမပြောသေးဘူး။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,