Mask မတပ်လျင် ဒဏ်ငွေ ၅၀၀၀ ကျပ်နှင့် ညီမျှသော Mask များ ဝယ်ရမည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သရုပ်ဖော်ဓာတ်ပုံ / Freepik

အများပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်သည့်အခါတွင် နှာခေါင်းစည်းမတပ်ပါက ဒဏ်ငွေ ၅၀၀၀ ကျပ်နှင့်ညီမျှသော Mask များ ကို ဝယ်ယူရမည် ဟု တနင်္သာရီတိုင်းဒေသကြီး COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ က ယနေ့ (မေ၊၇) ကြေညာချက် ထုတ်ပြန် လိုက်သည်။

အဆိုပါ ဒဏ်ရိုက်မှုသည် မေလ (၈) ရက်နေ့တွင် စတင်မည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်မှု များ ရှိပါ က ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေနှင့် အညီ အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ က ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ မေလ(၇) ရက်နေ့ ၊နံနက်(၇)နာရီ ထုတ်ပြန်ကြေညာချက်အရ တနင်္သာရီတိုင်းဒေသကြီးတွင် COVID -19 ရောဂါပိုး ရှိသူမတွေ့ ရှိသေးပေ။ သို့သော် ရောဂါလက္ခဏာရှိ စောင့်ကြည့် (၁၀)ဦး နှင့် ဆေးရုံတွင် အသွားအလာ ကန့်သတ် ထားသူ (၁) ဦးရှိသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တနင်္သာရီတိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် (၅)ခုနှင့် မြို့နယ် (၂၈၄) မြို့နယ်တွင် COVID -19 ရောဂါပိုးတွေ့ လူနာ မရှိသေးပေ။

ကျန်းမာရေးဝန်ကြီးဌာန၏ မေလ(၇)ရက်နေ့၊ည၊(၈:၀၀) နာရီ သတင်းထုတ်ပြန်ချက်အရ ယနေ့ စစ်ဆေးခဲ့သည့် ဓာတ်ခွဲ စစ်ဆေးမှု (၁၈၅) ခုတွင် COVID -19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၄) ဦး ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် COVID -19 ရောဂါ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၁၇၆) ဦး ရှိပြီဖြစ်သည်။

အဆိုပါ COVID -19 ရောဂါပိုးတွေ့ရှိသူ လူနာသစ်စာရင်း ထုတ်ပြန်မှုမတိုင်ခင် ယနေ့ ညနေပိုင်း အချိန်တွင် ပြည်သူအချို့၏ သွားလာ နေထိုင်မှု များသည် COVID -19 ရောဂါ ကူးစက် ပျံ့ပွားမှု များ ကို ပိုမို ဖြစ်စေနိုင်သည့် အတွက် စိုးရိမ်စရာ ဖြစ်နေသည် ဟု ကျန်းမာရေးဝန်ကြီး က သတိပေးနှိုးဆော်ထားသည်။

မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက နှာခေါင်းစည်း စနစ်တကျ တပ်ရန် ကျန်းမာရေးဝန်ကြီး က ပြည်သူများအား တိုက်တွန်းထားသည်။

COVID -19 ကူးစက်မှုရောဂါ အများဆုံး တွေ့ထားသည့် ရန်ကုန်မြို့တွင်အသွားအလာ များ လာပြီး ကျန်းမာရေးဆိုင်ရာ စည်းကမ်း များ ကို လိုက်နာရန် လိုသည် ဟု ဒေါ်အောင်ဆန်းစုကြည် က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဧပြီလ (၆) ရက်နေ့က ရေးသား သတိပေးထားသည်။

ပြည်သူအချို့အနေဖြင့် COVID -19 ကူးစက်မှုရောဂါ ကာကွယ်တိုက်ဖျက်ရေးတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန် သတိပေး ချက်များအား စနစ်တကျ လိုက်နာမှု မရှိသည်ကို တွေ့ရသည့် အပြင် မြို့နယ်အချို့နှင့်ရပ်ကွက်အချို့တွင် COVID -19 ကူးစက်မှု ရောဂါ ကာကွယ် တိုက်ဖျက်ရေး လမ်းညွှန်ချက်များနှင့် သတိပေးနှိုးဆော်မှုများ သည်လည်း ဧပြီလ နောက်ဆုံးအပတ် ခန့် မှ စ၍ ပြုလုပ်ခြင်း မရှိတော့ သည်ကို တွေ့ရသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,