Mask မတပ်သူများကို ထိထိရောက်ရောက် အရေးယူမည် ၊မတတ်နိုင်သူများ ကို အခမဲ့ ပေးမည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကိုလကျာ်ထွန်း / ဧပြီ၊(၂)၊ရန်ကုန်။ နှာခေါင်းစည်းတပ်ထားသည့် ပြည်သူတစ်ဦး

မန္တလေးတွင် နှစ်ဆန်းတစ်ရက်နေ့ နောက်ပိုင်း Mask မတပ်ပဲ သွားလာသူများ အားလုံးကို ထိထိရောက်ရောက် အရေးယူမည် ဖြစ်ကြောင်း မန်းမြို့တော်ဝန် ဒေါက်တာရဲလွင် က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ပြည်သူများအားလုံး ညီညွတ် လိုက်နာကြမှသာလျင် COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်မှာဖြစ် …

“ Mask ဖိုးမတတ်နိုင်လို့ မတပ်ကြသူတွေအတွက် အခမဲ့ပေးဝေဖို့ homemade mask တွေ အရှိန်အဟုန်နဲ့ ထုတ်လုပ်နေပါတယ်” ဟု မန်းမြို့တော်ဝန်ဒေါက်တာရဲလွင် ကဆိုသည်။

ပြည်သူများအနေဖြင့် အစိုးရအဖွဲ့၏ ညွှန်ကြားချက်များကို လိုက်နာကြ ရန်လည်း ၎င်းက တိုက်တွန်းထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဧပြီလ ၁၃ ရက်နေ့ကတည်းကပင် မန္တလေးမြို့ဝင်ဂိတ်များတွင် ခရီးသည်များ အား အဖျားတိုင်းခြင်း၊ အမည်၊ အဘအမည်၊ အသက်၊ သွားရောက်နေထိုင်မည့်လိပ်စာ၊ ဆက်သွယ်ရန် တယ်လီဖုန်း နံပါတ်၊မှတ်ချက်အနေဖြင့် ခရီးထွက်ရခြင်းအကြောင်းရင်းများကိုပါ မှတ်တမ်းတင်ထားသည် ဟု ဒေါက်တာရဲလွင် က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။

ပြည်သူများအားလုံး ညီညွတ် လိုက်နာကြမှသာလျင် COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်မှာဖြစ်ပြီး ပြည်သူများအနေဖြင့် အိမ်မှာနေကြရန်၎င်းက တိုက်တွန်းထားသည်။

ကျန်းမာရေးနှင့်အာကစားဝန်ကြီး ဌာန၏ထုတ်ပြန်ချက်အရ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် COVID-19 ရောဂါပိုး ရှိသူ တစ်ဦးတွေ့ရှိထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး တွေ့ရှိသူ (၆၃) ဦးရှိပြီး၊ ပိုးတွေ့သေဆုံးလူနာ (၄) ဦး၊ ပိုးတွေ့ပြန်လည်သက်သာ (၂) ဦး ၊စောင့်ကြည့်လူနာ ( ၁၃၉၄) ဦး ရှိသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,