NLD က တင်မယ့် သမ္မတ ဒေါက်တာတင်မျိုးဝင်း ဟာ မွတ်စလင် ဆိုပြီး ဖြန့်နေတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

NLD က တင်မယ့် သမ္မတ ဒေါက်တာတင်မျိုးဝင်း ဟာ မွတ် စစ်စစ်ကြီးပါတဲ့။ ကဲ သေနတ်မဖောက်ပဲ မြန်မာကို သိမ်းဖို့ကြံပြီ ဆိုတဲ့ အကြောင်းအရာ ကို Min Zay Yar အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဇန်နဝါရီ (၁၃) ရက်နေ့မှာ ဖြန့်ချိခဲ့ပါတယ်။သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်အကြောင်းအရာမှာ မွတ်စလင်တွေရဲ့ ထိုးဖောက်မှုကြောင့် ထိုင်းဘုရင် မွတ်စလင် ဘာသာ သို့ ကူးပြောင်းသွားတယ်ဆိုတဲ့ လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာ အမှားတွေကို လည်း ထည့်သွင်း ရေးသားထားပါတယ်။

Min Zay Yar ဟာ ဇန်နဝါရီ (၉ ) ရက်နေ့ကလည်း ဗုဒ္ဓဘာသာ ထိုင်းဘုရင်ကြီး ထီးနန်းထိန်းသိမ်းဖို့ မွတ်စလင် ဘာသာ သို့ ကူးပြောင်းဆိုတဲ့ သတင်းအမှားကို ဖြန့်ချိခဲ့ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Min Zay Yar ဖြန့်ချိထားတဲ့ NLD က တင်မယ့် သမ္မတ ဒေါက်တာတင်မျိုးဝင်း ဆိုတဲ့ အကြောင်းအရာဟာ ထင်ကြေး မျှသာ ဖြစ်ပါတယ်။ သမ္မတရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်တွေကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဘယ်လိုမှမဖြစ်နိုင်တဲ့ သတင်းပါ။ကျနော်ထင်တယ် ဒေါက်တာတင်မျိုးဝင်းလည်း သမ္မတဖြစ်ဖို့ အလားအလာ သိပ်မထင်ဘူး လို့ မုံရွာအောင်ရှင် က မှတ်ချက်ပြုပါတယ်။

SS / မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာဝန်ကြီးများ (၂၀၁၅ ခုနှစ်စာရင်း)

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန( NRPC)၊ ဒုတိယဥက္ကဌ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာတင်မျိုးဝင်း ဟာ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံမှာ စေတနာ့ဝန်ထမ်း လုပ်ခဲ့ဖူးတယ်လို့ မုံရွာအောင်ရှင် က ပြောပါတယ်။

ဒေါက်တာတင်မျိုးဝင်း က မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံမှာ စေတနာ့ဝန်ထမ်းလုပ်ပေးတာပေါ့။ အဲဒီလို စေတနာ့ဝန်ထမ်း လုပ်ပေးတာနဲ့ပဲ မွတ်စလင်ဘာသာဝင်ဖြစ်ရောလား။ အဲ့ဒါလည်း တွေးစရာပါပဲ။ ဒေါက်တာတင်မျိုးဝင်းက ဗုဒ္ဓဘာသာစစ်စစ်ပါ။ မွတ်စလင်ဘာသာဝင် မဟုတ်ပါဘူး လို့ NLDပါတီ၊ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က မှတ်ချက်ပြုပါတယ်။

SS / မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာဝန်ကြီးများ (၂၀၁၅ ခုနှစ်စာရင်း)

သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Min Zay Yar ဖြန့်ချိထားတဲ့ ဒေါက်တာတင်မျိုးဝင်း ဟာ မွတ်စလင် ဆိုတဲ့ အကြောင်းအရာဟာ သတင်းအတု၊ သတင်းအမှား သာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ နှင့် ဇိဝိတဒါန အသင်းဟာ ၁၉၃၇ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး လူမျိုး၊ဘာသာ မရွေး အခမဲ့ဆေးကုသမှုပေးနေတဲ့ ဆေးရုံ တစ်ခု ဖြစ်ပါတယ်။ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ အကြောင်း၊ ဌာန နဲ့ ဆရာဝန်တွေ အကြောင်းကို သည်နေရာ နဲ့  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,