NLD ပါတီ ထောက်ခံသူကို ပုံဖျက်ထားတဲ့ သတင်းအမှား နဲ့ဘယ်လို တိုက်ခိုက်လဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ခြိမ်းခြောက်တဲ့ အဆင့်ရောက်နေတယ်။ ဒီလိုမျိုးဖြစ်ရင် အန္တရာယ်ကြီးပါတယ်။ ဒီလိုသာဖြစ်ကြရင် တစ်ယောက်ကိုတစ်ယောက် တစ်ယောက်ချင်းစီတိုင်းမှာ အဲဒီလိုနိုင်ငံရေးအရ ဘာသာရေး အရေခြုံ ကြမယ်ဆိုရင် …

NLD ပါတီ ထောက်ခံသူကို ဘာသာရေးနဲ့ ပုံဖျက်ထားတဲ့ သတင်းအမှား ဖြန့်ချိ ထားတဲ့ အကြောင်း ပြောပြလိုပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ရှိ ” ပြည်ဟိန်းကျော် တာယာဆိုင်နဲ့ နိုက်ထရိုဂျင်” ဆိုင်ပိုင်ရှင် ဖြစ်သူ ဦးသန်းဦး ဟာ သြဂုတ်လ (၁၈) ရက်နေ့က U Than Oo အမည်ရတဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့် ကနေ” ပြည်ဟိန်းကျော် တာယာဆိုင် မိသားစုကလည်း NLD ” စာသားနဲ့ ဓာတ်ပုံ ခုနှစ်ပုံ ကို တင်ခဲ့ပါတယ်။

သည် ဓာတ်ပုံမှာ ဦးသန်းဦး အပါအဝင် လေးဦးဟာ NLD အမှတ်တံဆိပ်ပါ တီရှပ် အင်္ကျီတွေ ဝတ်ဆင်ပြီး ဆိုင် ကို နောက်ခံထားတဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သတင်းအမှား ဖြန့်ချိသူတွေဟာ သည် ဓာတ်ပုံတွေ ကို အသုံးပြုပြီး ” ကဲ ပြည်ဟိန်းကျော် တာယာဆိုင်ကလည်း NLD တံဆိပ်မပါတဲ့ ဘယ်ကားမှ ကားတာယာ မရောင်းနိုင်သလို ဘုန်းကြီးကား ဖြစ်နေရင်တောင် NLD တံဆိပ် မပါရင် တာယာ မရောင်းနိုင်ပါဘူးတဲ့ဗျာ။ ပေါင်းတည်မှာ ရှိတဲ့ ဆိုင်ပါတဲ့ ဗျို့ ။ ဆိုင်ရှင်ထမင်းအိုး ကို ကျုပ်ခွဲတာ မဟုတ်ဘူးနော်။ သူတို့ဟာ သူတို့ ရိုက်ခွဲလိုက်တာပါ ” လို့ရေးသားထားပါတယ်။ သည်သတင်းအမှားကို ရေးသားသူနေရာမှာ ဖိုးတုတ်(လပ) လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

ဘာသာရေးအရ လုပ်ကြံတိုက်ခိုက်ထားတဲ့ သတင်းအမှား ကို ဂရုတွေထဲ ဖြန့်ဝေခဲ့တာတွေ့ ရသလို လူမှုအဖွဲ့အစည်းအတွင်း ဘာသာရေးကို အကြောင်း ပြုပြီး ပဋိပက တွေ ဖြစ်ပေါ်လာအောင် လံှူ့ဆော်ရေးသား မျှဝေမှုတွေ၊ မှတ်ချက်ပြုမှု တွေကို လည်း တွေ့ရပါတယ်။

” ကျနော့်ဓာတ်ပုံတွေကို ယူသုံးပြီး ပြည်ဟိန်းကျော်တာယာဆိုင်ကနေ NLD တံဆိပ်မပါရင်ဘုန်းကြီးကားတောင်ပဲ တာယာမရောင်းပေးဘူး။တာယာဖာ မပေးဘူး။မလုပ်ပေးဘူးဆိုပြိး သတင်းမှားတွေကို ရေးပြီး တင်တာပေါ့။ကျနော်တို့ ပေါင်းတည်မြို့နယ်၊ ပြည်သူ့ဂရုဟစ်တိုင်ဆိုပြီး သူတို့ဖွဲ့ထားတဲ့ ဂရုရှိတယ်။အဲဒီ ဂရုကနေ စပြီးတင်တာ ” လို့ သတင်းအမှားနဲ့ ပုံဖျက်တိုက်ခိုက်ခံရတဲ့ ” ပြည်ဟိန်းကျော် တာယာဆိုင်နဲ့ နိုက်ထရိုဂျင်” ဆိုင်ပိုင်ရှင် ဦးသန်းဦး က ငြမ်းမီဒီယာ ကို ပြောပါတယ်။

‘ လူတစ်ယောက်ချင်းစီအထိကို အဲဒီလိုသတင်းအမှားနဲ့ ပုံဖျက်တယ်။ အဲဒီလိုတိုက်ခိုက်တယ်ဆိုတာ နိုင်ငံရေးရည်မှန်းချက် သိပ်ကြီးလွန်းလို့ ဒီအဆင့်ထိကိုလိုက်ပြီးတိုက်ခိုက်နေတယ်လို့ မြင်တယ်။ လူထုကို လွတ်လွတ်လပ်လပ် ကိုယ်ယုံကြည်ရာကို ထုတ်ဖော်ပြောလို့မရအောင် ဒီဟာကို ထုတ်ပြီး မဲပေးလို့မရအောင် ခြိမ်းခြောက်တဲ့ အဆင့်ရောက်နေတယ်။ ဒီလိုမျိုးဖြစ်ရင် အန္တရာယ်ကြီးပါတယ်။ ဒီလိုသာဖြစ်ကြရင် တစ်ယောက်ကိုတစ်ယောက် တစ်ယောက်ချင်းစီတိုင်းမှာ အဲဒီလိုနိုင်ငံရေးအရ ဘာသာရေး အရေခြုံ ကြမယ်ဆိုရင် အန္တရာယ်များတာအမှန်ပဲ ” လို့ စာရေးဆရာမ မသီတာ( စမ်းချောင်း) က ငြမ်းမီဒီယာ ကို ပြောပါတယ်။

” ပြည်ဟိန်းကျော် က တင်လိုက်တဲ့ Post ကို ယူလိုက်ပြီး ဒီလိုမျိုးမဟုတ်မမှန်သတင်းဖြန့်တဲ့ အခါမှာ သူတို့က ပိုပြီးကြီးကျယ်အောင် ဘုန်းကြီးကားတွေဆိုလည်း NLD အလံမပါရင် လေမထိုးပေးဘူး။ ဘာလုပ်မပေးဘူးလို့ ဒါက တမင်သက်သက် သူများယုံကြည်မှုနဲ့ခံယူချက်ကိုတိုက်ခိုက်တာပဲ ” လို့ ပြည်သူ့အကျိုးဆောင်ကွန်ရက် (ပေါင်းတည်) အဖွဲ့ဝင် ဦးကျော်ကျော်လွင် က ပြောပါတယ်။

ပြည်သူ့အကျိုးဆောင် ကွန်ရက် (ပေါင်းတည်) ဟာ မြို့မှာ ဘာသာရေးလူမျိုးရေးနဲ့ပတ်သက်တာ မဖြစ်အောင်၊ လံှု့ဆော်မှုတွေဖြစ်လာရင်ဘာတွေလုပ်မယ်။ဘာတွေ ကာကွယ်မလဲ အဲဒီလိုမျိုး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပေါင်းပြီးဆောင်ရွက်တဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်တယ်လို့ အဖွဲ့ဝင် ဦးကျော်ကျော်လွင် က ငြမ်းမီဒီယာ ကို ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဆရာတော်တွေလည်း ကြွစရာရှိရင် သူကိုယ်တိုင်ကားနဲ့ လိုက်မောင်းပြီးပို့ပေးတယ်။ ဒါသူ့ရဲ့နဂိုကတည်းက ဘာသာရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေပေါ့။ကျနော်တို့ သိသလောက် ပြည်ဟိန်းကျော်မိသားစု က …

သည်လို ဘာသာရေးနဲ့ ဆက်နွယ်ပြီး မဟုတ်မမှန် လုပ်ကြံတိုက်ခိုက်ထားတဲ့ သတင်းအမှား ဖြန့်ဝေနေသူတွေကို ဖော်ထုတ်လို့ရရင် တရားဥပဒေနဲ့ အရေးယူဆောင်ရွက်တာမျိုး လုပ်ချင်တယ်လို့ လည်း လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားနဲ့ တိုက်ခိုက်ခံရသူ ကာယကံရှင် ဖြစ်တဲ့ ဦးသန်းဦး က ဆိုပါတယ်။

မဟုတ်မမှန် သတင်းဖြန့်သူတွေ ကို တရားဥပဒေအရ အရေးယူမယ်ဆိုတဲ့ ဦးသန်းဦး ရဲ့ သတိပေးပြောကြားချက် ကြောင့် သည် မမှန်သတင်းကို ဂရုတွေထဲ မျှဝေသူ တချို့ ပြန်လည် ဖျက်သိမ်းလိုက်တာကို လည်း တွေ့ရပါတယ်။

” ကိုသန်းဦးဆိုတာ ပြည်ဟိန်းကျော်ဆိုင်ကပေါ့။ ပေါင်းတည်မြို့ရဲ့လူတော်တော်များများသိတဲ့ အကြီးဆုံး ကျောင်းတိုက်တွေက ဆရာတော်တွေလည်း ကြွစရာရှိရင် သူကိုယ်တိုင်ကားနဲ့ လိုက်မောင်းပြီးပို့ပေးတယ်။ ဒါသူ့ရဲ့နဂိုကတည်းက ဘာသာရေးပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေပေါ့။ကျနော်တို့ သိသလောက် ပြည်ဟိန်းကျော်မိသားစု က NLD ပဲဆိုတာမျိုး တင်လိုက်တယ်။အဲဒီမှာ ဒီပုံတွေကိုယူပြီးတော့ ဒီလိုမျိုးတိုက်ခိုက်လာတာ ” လို့ ပြည်သူ့အကျိုးဆောင်ကွန်ရက် (ပေါင်းတည်) အဖွဲ့ဝင် ဦးကျော်ကျော်လွင် က မှတ်ချက်ပြုပါတယ်။

ရွေးကောက်ပွဲ နီးလာချိန်မှာ ပါတီ တစ်ခုခု ကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံရေးသမားတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ ထင်ရှားကျော်ကြားသူတွေ ကို သတင်းအမှားတွေနဲ့ ပုံဖျက်တိုက်ခိုက်တာအပြင် ကိုယ်ရဲ့ ယုံကြည်ချက်၊ ကိုယ်ထောက်ခံတဲ့ နိုင်ငံရေးပါတီ ဖော်ထုတ်ပြောဆိုရေးသားကြတဲ့ သာမာန်ပြည်သူတွေ ကို လည်း ထိရှလွယ်တဲ့ ဘာသာရေးဆိုင်ရာ အခြေအနေတွေနဲ့ ရောစပ်ဖန်တီးတဲ့ လုပ်ကြံသတင်းအမှား တွေကို လည်း တွေ့လာရပါတယ်။ သည် လို လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေ ကို ယုံကြည်ပြီး ကိုယ်၊စိတ် နှစ်ပါး မတုံ့ပြန် မိဖို့ သတိကြီးကြီး ထားသင့်ပါတယ်။ အန္တရာယ်ကြီးပါတယ်။

“ သတင်းတုတွေနဲ့ ပတ်သက်လို့ကတော့ ဒီကနေ့ နိုင်ငံသူ၊နိုင်ငံသား တွေက ဘာသတင်းပဲကြားကြား စိတ်လိုက်မာန်ပါ ရမ်းပြီး မဆုံးဖြတ်ဖို့၊ ရမ်းပြီး မယုံကြဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေး၊လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်အောင် ၊နိုင်ငံတည်ငြိမ်မှုပျက်အောင် ၊အဲဒီတော့ နိုင်ငံတည်ငြိမ်တာကို ၊ဖွံ့ဖြိုးတိုးတက်တာကို မလိုလားတဲ့ ပုဂ္ဂိုလ်တွေ၊ မလိုလားတဲ့ အဖွဲ့အစည်းတွေ၊ မလိုလားတဲ့ အုပ်စုတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ဝါဒမှိုင်းတွေ ဖြန့်နေတာတွေ ၊သတင်းတုတွေ ဖြန့်နေတာတွေ ၊လုပ်နေတာတွေ တွေ့ရပါတယ်။ ဒါကြောင့် ဦးဇင်းတို့ ပြည်သူလူထုအနေနဲ့ သတိဝီရိယ ကြီးကြီး ထားပြီး ဘာသတင်းပဲကြားကြား ရမ်းပြီးတော့ မယုံကြဖို့၊ နောက်ပြီးတော့ သတင်းတစ်ခုကြားတယ်၊တွေ့တယ်ဆိုရင် ခိုင်လုံတဲ့ သတင်းဌာနတွေ၊ ခိုင်လုံတဲ့ ပေ့ချ်တွေ ကနေ တရားဝင်တက်လာပြီဆိုမှ ယုံကြဖို့ ။ ဒါကအရေးကြီးပါတယ် ” လို့ ရန်ကင်းတောင် ဆရာတော်က ငြမ်းမီဒီယာ ကို မိန့်ကြားထားပါတယ်။

” ဒကာကြီး ဦးသန်းဦး က ဘုန်းကြီးကားဆို အလကားတောင်လုပ်ပေးနေတာပဲ။ဘုန်းကြီးတွေဆိုရင် အလကားလုပ်ပေးလိုက်လို့ သူ့သားတွေကို အဲဒီလိုညွန်ကြားနေတာပဲ။ လူမှုရေးရော၊ဘာသာရေးရောသူလိုက်လုပ်နေတာပဲ။အခြားလုပ်စရာရှိတာကိုလိုက်ပြီး လူမှုရေး၊ဘာသာရေး၊ လုပ်စရာရှိတာဦးဆောင်ပြီးလုပ်စရာရှိတာလုပ်နေကြတယ် ” လို့ ရွှေကျောင်းကြီးတိုက်(ဘုရားကြီးတိုက်) ပေါင်းတည်မြို့ မှာသီတင်းသုံးတဲ့ မြို့နယ်သံဃနာယက ဥက္ကဌ ဆရာတော်သတ္တမဇောတိကတဇ ဘဒ္ဒန္တ ပညာဝံသ က ငြမ်းမီဒီယာ ကို မိန့်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , ,