NLD ပါတီ ဖျက်သိမ်းခံလိုက်ရပြီ၊ UEC က NLD ကို ဝေဖန် စတဲ့ သတင်းအမှားတွေ ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သတင်းအမှားဖြန့်သူတွေ ဟာ တစ်ရက်မှ မနားဘဲ ရှုပ်ထွေးအောင် လုပ်နေတယ်လို့ မုံရွာအောင်ရှင် မှတ်ချက် ပြုသလိုပဲ  ရွေးကောက်ပွဲပြီး ရက်အတန်ကြာသည်အထိ သတင်းအတု၊ သတင်းအမှားတွေ ဖြန့်ချိနေတုန်းပါ။

သည်တစ်ခါ ပြောပြလိုတာက NLD ပါတီ ဖျက်သိမ်းခံလိုက်ရပြီ၊ NLD ဟာ စကောလောက်မှ ဇောက်မနက် လို့ UEC က ပြောတယ် ဆိုတဲ့ အကြောင်း အရာတွေပဲ ဖြစ်ပါတယ်။  သည်နေရာ   နဲ့ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာ နဲ့ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

NLD ပါတီ ဖျက်သိမ်းခံလိုက်ရပြီ ဆိုတဲ့ အကြောင်းအရာကို Shein Myint အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဒီဇင်ဘာ (၂၇) ရက်နေ့မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Shein Myint အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိထားတဲ့ NLD ပါတီ ဖျက်သိမ်းခံလိုက်ရပြီ ဆိုတဲ့ အကြောင်းအရာမျိုးကို လည်း သတင်းအတု၊ သတင်းအမှား ဖန်တီးသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း က ဖြန့်ချိခဲ့တာ ရှိပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

NLD ပါတီ ဖျက်သိမ်း ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ဖြန့်ချိနေမှုတွေဟာ သတင်းအတု၊သတင်းအမှားတွေ သာ ဖြစ်တယ်လို့ NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ ၊ အတွင်းရေးမှူး မုံရွာအောင်ရှင် က အတည်ပြု ပြောကြားထားပါတယ်။

သည် အကြောင်းအရာတွေ ကို ကြည့်ခြင်းအားဖြင့် Shein Myint အမည်ရ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိထားတဲ့ NLD ပါတီ ဖျက်သိမ်းခံလိုက်ရပြီ ဆိုတဲ့ အကြောင်းအရာ ဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု၊ သတင်းအမှား တစ်ခုသာ ဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

နောက်ထပ်ပြောပြလိုတဲ့ အကြောင်းအရာကတော့ Kyaw Kyaw Win Htein အမည်ရ ဖေ့စ်ဘွတ်အကောင့် က ဖြန့်ချိထားတဲ့ ” NLD ကိုစကောလောက်မှ ဇောက်မနက်ဟု UEC ဆို ” ဆိုတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။

သည်အကြောင်းအရာကို Kyaw Kyaw Win Htein အမည်ရ ဖေ့စ်ဘွတ်အကောင့် က We Love U Khin Yi ဖေ့စ်ဘွတ်ဂရုထဲ မှာ ဖြန့်ချိထားတာ ဖြစ်ပါတယ်။

SS / သတင်းဌာန အယောင်ဆောင်ပြီး သတင်းအမှားတွေ ဖြန့် ချိနေတဲ့ RFM

Kyaw Kyaw Win Htein ဖြန့်ချိထားတဲ့ RFM ဟာ သတင်းဌာန အယောင်ဆောင်ပြီး အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်အောင် သတင်းအတု ၊ သတင်းအမှား တွေ ရေးသားဖြန့်ဝေလေ့ ရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

NLD ကိုစကောလောက်မှ ဇောက်မနက်ဟု UEC ဆို ” ဆိုတဲ့ အကြောင်းအရာဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု၊ သတင်းအမှား သာဖြစ်ပြီး UEC အနေနဲ့ သည်လို ပြောဆို မှတ်ချက်ပေးထားတာမျိုးလည်း မရှိပါဘူး။

” အတုပါ။ ကြည့်ရတာ ဟိုဘက်ကနေ ဖွင့်ထားတဲ့ ဟာတွေနေမှာပါ။ ဒါတွေက နေပြည်တော်မှာ အခြေစိုက်တဲ့ ဟာတွေပါ ” လို့ သတင်းဌာန အယောင်ဆောင်ထားပြီး သတင်းအတု၊ သတင်းအမှား တွေ ဖြန့်ချိလေ့ရှိတဲ့ RFM ပါ အကြောင်းအရာတွေ နဲ့ ပတ်သက်ပြီး မုံရွာအောင်ရှင် က မှတ်ချက်ပြုပါတယ်။

သတင်းအတု၊ သတင်းအမှား ဖြန့်ချိနေသူတွေဟာ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ပြောကြားချက်ကို လိုအပ်သလို ပုံဖျက်ပြီး အများပြည်သူထင်ယောင်ထင်မှား ဖြစ်အောင် သတင်းအတု၊သတင်းအမှား တွေ ဖြန့်ချိတတ်ပါတယ်။

ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး NLD က UEC ကို အပြစ် ပုံချတယ်ဆိုတဲ့ အကြောင်းအရာတွေ ကို လည်း ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖြန့် ချိနေမှုတွေ ရှိပါတယ်။

UEC နဲ့ NLD က တစ်ကယ်ကတော့ တခြားစီပဲ။ အပြစ်ပုံ ချစရာလည်း အကြောင်းမရှိဘူး။ UEC က သမ္မတ ကနေ ရွေးခဲ့တာ။ တနည်းအားဖြင့် အစိုးရမှာတောင် တာဝန်ရှိတယ်လို့ပြောလို့ရတယ်။ UEC ဆိုတာ NLD နဲ့ ဘာမှမဆိုင်ဘူး။ အဲ့ဒါကိုတော့ သိဖို့လိုတယ် လို့ မုံရွာအောင်ရှင် က ပြောပါတယ်။

နောက်တစ်ခုက ခုကိစ္စတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရရော ရွေးကောက်ပွဲကော်မရှင်ဥပဒေအရရော အားလုံးက UEC ရဲ့ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်။ ဒါဘာမှ ပုံချစရာ အကြောင်းမရှိဘူး။ UEC က သူ့မှာ ဖြေရှင်းနိုင်တဲ့ အခွင့်အလမ်း ရှိတယ်။ မဖြေရှင်းဘဲနဲ့ နေလို့ရတယ်။ နောက်တစ်ခုက ဖြေရှင်းနိုင်မယ်ဆိုလည်း ဖြေရှင်းနိုင်မယ့် အချက်အလက် အပြည့်အစုံ ရှိတယ်။ အဲ့ဒါကြောင့် ကျနော်တို့ ပြောတာက UEC တာဝန်။ UEC က ဖြေရှင်းနိုင်ပါတယ်လို့ပြောတာ။ UEC ကို ပုံချတာ မဟုတ်ဘူး။ UEC ကို တရားခံရှာတာ မဟုတ်ဘူး။ UEC က သူ့တာဝန် သူ လုပ်နိုင်တယ် လို့ မုံရွာအောင်ရှင် က မှတ်ချက်ပြုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,